Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 18, 2015
သတင်း  ပြည်တွင်း
ဦးလွင်
Hits: 1 read
ပြည်ပ အကူအညီအထောက်အပံ့ ရရှိမှုအနေဖြင့် ဒုတိယခြောက်လပတ်အတွင်း နိုင်ငံခြားအကူအညီ အထောက်ပံ့ရမှုကို ဝန်ကြီးဌာန၊ နိုင်ငံ၊ အဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက်ခွဲခြားထားပြီး ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လုပ်ငန်းပေါင်း(၉၉)ခုအတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃၁၇.၇၀)သန်းကို ရရှိကြောင်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယ ခြောက်လပတ် အစီအရင်ခံစာ၌ ဖော်ပြထားသည်။
ထို့ပြင် အများဆုံး လက်ခံရရှိသည့် ကဏ္ဍများမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ ဖြိုးရေး၊ပို့ဆောင်ရေး၊ စားနပ်ရိက္ခာပံ့ပိုးမှုနှင့် ပညာရေးတို့ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် စုစုပေါင်း တန်ဖိုး၏ ၁၇ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ(၅၄.၀၁)သန်းကိုခန့် ရရှိကြောင်း ယင်းအစီအရင်ခံစာ၌ဖော် ပြထားသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယ ခြောက်လပတ် အစီအရင်ခံစာအား ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်တင်းထားရှိရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က (စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးက်မှု ပူးပေါင်းကော်မတီ အတွင်းရေးမှူးက) ထောက်ခံဆွေးနွေးခဲ့သည်။
........................
၂၀၁၄ အောက်တိုဘာမှ ၂၀၁၅ မတ်လကုန်ထိ ၆လအတွင်း ပြည်ပအကူအညီ ကန်ဒေါ်လာ သန်း ၃၀၀ကျော်ရ
သတင်း  ပြည်တွင်း
ဦးလွင်
16 seconds ago Wed, 11/18/2015 - 18:52
Hits: 1 read
၂၀၁၅ ခုနှစ် ဇွန်လ ၁၉ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ လယ်သမားများအားတွေရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ)(ရာမည)
နေပြည်တော်၊ နိုဝင်ဘာ ၁၈ ။ ။ ၂၀၁၄ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ခုနှစ် မတ်လကုန်အထိ ခြောက်လတာအတွင်း ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ (၃၁၇.၇၀) သန်းကို  မြန်မာအစိုးရက ထောက်အပံ့ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယ ခြောက်လပါတ် အစီအရင်ခံစာ၌ ဖော်ပြထားသည်။
ပြည်ပ အကူအညီအထောက်အပံ့ ရရှိမှုအနေဖြင့် ဒုတိယခြောက်လပတ်အတွင်း နိုင်ငံခြားအကူအညီ အထောက်ပ့ံရမှုကို ဝန်ကြီးဌာန၊ နိုင်ငံ၊ အဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက်ခွဲခြားထားပြီး ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လုပ်ငန်းပေါင်း(၉၉)ခုအတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃၁၇.၇၀)သန်းကို ရရှိကြောင်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယ ခြောက်လပတ် အစီအရင်ခံစာ၌ ဖော်ပြထားသည်။
ထို့ပြင် အများဆုံး လက်ခံရရှိသည့် ကဏ္ဍများမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ ဖြိုးရေး၊ပို့ဆောင်ရေး၊ စားနပ်ရိက္ခာပ့ံပိုးမှုနှင့် ပညာရေးတို့ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် စုစုပေါင်း တန်ဖိုး၏ ၁၇ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ(၅၄.၀၁)သန်းကိုခန့် ရရှိကြောင်း ယင်းအစီအရင်ခံစာ၌ဖော် ပြထားသည်။
အဆိုပါ အစီအရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့်ဖွဲ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ နိုဝင်ဘာ ၁၈ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံခြင်းဖြစ်သည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယ ခြောက်လပတ် အစီအရင်ခံစာသည် ၂၀၁၄ခု နှစ်အောက်တိုဘာလမှ ၂၀၁၅ခုနှစ် မတ်လကုန်အထိ ခြောက်လတာ အကောင်အထည်ဖော်မှု အခြေအနေ ယာယီစာရင်းကို တင်ပြခြင်း ဖြစ်ပါကြောင်းလည်း ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက လွှတ်တော်တွင်ပြောကြားသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယ ခြောက်လပတ် အစီအရင်ခံစာအား ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်တင်းထားရှိရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က (စီမံကိန်းနှင့်ဘဏ္ဍာရေးဖွ့ံဖြိုးတိုးက်မှု ပူးပေါင်းကော်မတီ အတွင်းရေးမှူးက) ထောက်ခံဆွေးနွေးခဲ့သည်။
- See more at: http://mizzimaburmese.com/article/7601#sthash.4xk155DM.FN9IKwfC.dpuf
No comments:
Post a Comment