Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 6, 2015
Credit : Ayesay.com.mm
....................
ဖခင်အတွက် နွားလို၀တ်ဆင်ကာ လူတွေကိုစီးနင်းစေခဲ့သူလေး
တရုတ်ပြည် Anhui နယ်က ဆယ်ကျော်သက်မိန်းကလေးတစ်ဦးဟာ သူမရဲ့ဖခင်ကို ဆေးကုသဖို့ငွေလိုတဲ့အတွက် ထူးဆန်းတဲ့နည်းနဲ့
ငွေရှာခဲ့ပါတယ်။ နွားတစ်ကောင်ကဲ့သို့ မျက်နှာဖုံးဝတ်ဆင်ကာ စီးနင်းစေခဲ့ခြင်းဖြစ်ပါတယ်။ တစ်ခါစီးရင် ၅ယွန် ပေးရမှာဖြစ်ပါတယ်။ သူမဟာဒီလိုငွေရှာလာတာ လွန်ခဲ့တဲ့ ၃လတည်းက ဖြစ်တာကြောင့် လူအချို့ကလိမ်ညာနေတာလို့ပြောကြပါတယ်။
သူမလိမ်ညာနေတာ မဟုတ်ကြောင်း အကြောသေနေတဲ့ဖခင် ကို တခါ
တရံ သူမနဲ့အတူခေါ်လာတတ်လေ့ရှိပါတယ်။ သူမရဲ့ဖခင်ဆေးကု သ စရိတ်အဖြစ် တစ်လ ယွန် ၅၀၀၀ ကုန်တဲ့အပြင် မောင်နဲ့ညီမ ကျောင်း တက်နိုင်ဖို့အတွက် အခြားနည်းနဲ့လည်း မရှာတတ်တာကြောင့် ခုလိုတောင်းရမ်းစားရတာပါလို့ သူမက ဆိုပါတယ်။
တကယ်တော့ သူမရဲ့ဖခင်ဟာ လယ်သမားတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ်လောက်ကမှ မြို့ပေါ်ကိုတက်ကာ စတိုးဆိုင်အသေးလေး တစ် ဆိုင်ကိုဖွင့်ခဲ့ပါတယ်။ တစ်နေ့မိုဘိုင်းဖုန်း ဆိုင်တစ်ဆိုင်မှာ စျေးဝယ်ရင်း အပိုရမယ့်လက်ဆောင်ကို မရတာကြောင့် အတင်းတောင်းရင်း အရောင်း ၀န်ထမ်း နဲ့ အချင်းများခဲ့ပြီး အရိုက်ခံခဲ့ရပါတယ်။ ဒီလိုအရိုက်ခံရမှုကြောင့်
ကျောရိုးကျိုးသွားသလို လည်ပင်းဒါဏ်ရာလည်း ရခဲ့ကာ ခန္ဓာကိုယ်က
လည်း အကြောသေခဲ့ရပါတယ်။ ဒါပေမယ့် ဆိုင် က လျှော်ကြေးငွေတစ်
ပြားမှ မရခဲ့ပါဘူး။ နေ့စဉ်ဆေးကုသစရိတ်မှာလည်း များပြားလှတာ
aကြာင့် ချွတ်ခြုံကျသွားခဲ့ပါတယ်။ ဖိအားများကို မခံနိုင်တဲ့အဆုံး မိခင် ဖြစ်သူဟာ လွန်ခဲ့တဲ့ ၃ လ က မိသားစုကို စွန့်ခွာသွားခဲ့တာကြောင့် အမကြီးဆုံးဖြစ်သူ Dongdong ပေါ်ကို ဒီတာဝန်တွေရောက်လာ ပါတော့တယ်။ အသက်ကလည်း ၁၅ နှစ် ဘာမှလည်း မလုပ်တတ် တာကြောင့် ကျောင်းထွက်ပြီး ခုလိုတောင်းရမ်းရခြင်း ဖြစ်ပါတယ်။
သူမဟာ နွားတစ်ကောင်လို လေးဘက်ထောက်ကာ တောင်းရမ်းခဲ့ပြီး လူတွေအာရုံစိုက်လာအောင် နွားမျက်နှာဖုံးကို တပ်ဆင်ခဲ့ပါတယ်။ ကရုဏာသက်တဲ့ လူများကြောင့် သူမ တစ်နေ့ကို ယွန် နှစ်ရာ သုံးရာ ခန့်ရရှိတတ်ပါတယ်။ အဖေဖြစ်သူရဲ့ ဆေးကုသစရိတ်များလွန်း လှတာကြောင့် အပျိုလေးတန်မဲ့ ခုလိုတောင်းရမ်းနေရတာဖြစ်ပါတယ်။ လူတွေရဲ့ နှိမ်ခြင်း ၊ ရိုင်းစိုင်းစွာဆဲဆိုခြင်းတို့အပြင် တခါတရံ ရိုက်နှက်ခြင်းကိုပါခံရတယ် လို့ သူမက ဆိုပါတယ်။
Credit : Ayesay.com.mm
No comments:
Post a Comment