Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 13, 2015

ေရြးေကာက္ပြဲအထူးရဲမ်ား တာ၀န္ၿပီးဆံုး

Byေဇာ္မင္းထိုက္ဖိုးတုတ္ၿဖိဳးၿဖိဳးေဇာ္On  Sat, 2015-11-14 06:30Location ရန္ကုန္Issue No.No.917 Saturday, November 14, 2015

အထူးရဲမ်ားအား လစာထုတ္ေပးေနစဥ္ (ဓာတ္ပံု - ေဇာ္မင္းထိုက္)
 ေရြးေကာက္ပြဲကာလ တြင္ တာ၀န္ထမ္းေဆာင္ခဲ့သည့္ အထူးရဲေလးေသာင္းေက်ာ္၏ တာ၀န္မ်ား ႏို၀င္ဘာ ၁၃ ရက္တြင္ ၿပီးဆံုးသြားၿပီျဖစ္ၿပီး လစာမ်ားေပးအပ္ခဲ့ေၾကာင္း သက္ဆိုင္ရာၿမိဳ႕နယ္ရဲစခန္းမ်ားမွ သတင္းရရွိသည္။


အထူးရဲတစ္ဦးလွ်င္ လစာ က်ပ္တစ္သိန္းႏွစ္ေသာင္း၊ တစ္ရက္စရိတ္က်ပ္တစ္ေထာင္ျဖင့္ ေရြးေကာက္ပြဲကာလျဖစ္သည့္ ေအာက္တိုဘာ ၂၀ ရက္မွ ႏို၀င္ဘာ ၁၃ ရက္အထိ ခန္႔အပ္ခဲ့ျခင္းျဖစ္ၿပီး ယေန႔တြင္ က်န္ရွိလစာတစ္၀က္ႏွင့္ ျမန္မာႏိုင္ငံရဲခ်ဳပ္၏ ဂုဏ္ျပဳမွတ္တမ္းမ်ားေပးအပ္ခဲ့ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ အႀကီးတန္းရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘က်န္တဲ့လစာတစ္၀က္နဲ႔ ရဲခ်ဳပ္ႀကီးကေပးတဲ့ ဂုဏ္ျပဳမွတ္ တမ္းေတြကို တစ္ဦးခ်င္းေပးအပ္ ခဲ့တယ္။ သူတို႔ကလည္း ရဲယူနီ ေဖာင္းခါးပတ္နဲ႔ ဦးထုပ္ေတြျပန္ အပ္ရပါတယ္။ ရဲထဲ၀င္ခ်င္သူ ေတြရွိေပမယ့္ သတ္မွတ္စည္း ကမ္းအတိုင္းညီတဲ့သူေတြကို ေတာ့ တင္ျပေပးထားပါတယ္’’ဟု မဂၤလာေတာင္ၫြန္႔ရဲစခန္းမွ ရဲမွဴး သိန္းေအာင္က ေျပာသည္။

ေရြးေကာက္ပြဲတာ၀န္ထမ္း ေဆာင္ခဲ့ေသာ အထူးရဲမ်ား အၿမဲတမ္းရဲတပ္ဖြဲ႕၀င္အျဖစ္ တာ၀န္ ထမ္းေဆာင္လိုပါက အသက္ (၁၈)ႏွစ္ျပည့္ၿပီး (၃၀)ႏွစ္ထက္ မေက်ာ္လြန္သူ၊ ကိုယ္လက္အဂၤါ ျပည့္စံုၿပီး အလယ္တန္းအဆင့္ ေအာင္ျမင္ရမည္ျဖစ္ကာ အရည္ အခ်င္းျပည့္သူမ်ားသည္ ရဲတပ္ဖြဲ႕ သင္တန္းေက်ာင္းတြင္ တက္ ေရာက္ရမည္ ျဖစ္ေၾကာင္း ျပည္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးျမင့္ဦးက ေျပာသည္။

‘‘တပ္ဖြဲ႕ထဲ၀င္ဖို႔အတြက္ ဆႏၵရွိတဲ့သူေတြကို ၀င္ခြင့္ျပဳမယ္။ ဒါေပမဲ့ သတ္မွတ္ထားတဲ့ အ တိုင္း အခ်က္အလက္ေတြနဲ႔ ကိုက္ညီမႈရွိဖို႔ လိုတယ္။ ရဲထဲ၀င္လာ မယ့္သူတို႔ေတြကိုလည္း ႀကိဳဆိုပါ တယ္’’ဟု မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ အႀကီးတန္းရဲအရာရွိ တစ္ဦးက ေျပာသည္။

ျမန္မာတစ္ႏိုင္ငံလံုးတြင္ အ ထူးရဲအင္အား ၄၀,၃၀၄ ဦး ခန္႔ အပ္ခဲ့ၿပီး အထူးရဲမ်ား၌ ဘြဲ႕ရရွိ သူ ၄ ရာခိုင္ႏႈန္း၊ တကၠသိုလ္၀င္တန္း ေအာင္ျမင္သူ ၉ ရာခိုင္ႏႈန္း၊ အ ထက္တန္းအဆင့္ ၆၀ရာခိုင္ႏႈန္း၊ အလယ္တန္းအဆင့္ ၂၇ ရာခိုင္ႏႈန္းပါ၀င္ၿပီး တိုင္းရင္းသားပါ၀င္မႈ ကခ်င္ ၄၀၀၊ ကယား ၆၂ ဦး၊ ကရင္ ၁,၂၀၇ ဦး၊ ခ်င္း ၁,၃၀၈ ဦး၊မြန္ ၂၆၉ ဦး၊ ရခိုင္ ၂,၅၇၇ ဦးႏွင့္ရွမ္းလူမ်ဳိး ၁,၁၃၉ ဦးပါ၀င္ခဲ့ေၾကာင္း သိရသည္။
http://www.7daydaily.com/story/50891
..........................
ရွေးကောက်ပွဲအထူးရဲများ တာဝန်ပြီးဆုံး

Byဇော်မင်းထိုက်ဖိုးတုတ်ဖြိုးဖြိုးဇော်On  Sat, 2015-11-14 06:30Location ရန်ကုန်Issue No.No.917 Saturday, November 14, 2015

အထူးရဲများအား လစာထုတ်ပေးနေစဉ် (ဓာတ်ပုံ - ဇော်မင်းထိုက်)
 ရွေးကောက်ပွဲကာလ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲလေးသောင်းကျော်၏ တာဝန်များ နိုဝင်ဘာ ၁၃ ရက်တွင် ပြီးဆုံးသွားပြီဖြစ်ပြီး လစာများပေးအပ်ခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်းများမှ သတင်းရရှိသည်။


အထူးရဲတစ်ဦးလျှင် လစာ ကျပ်တစ်သိန်းနှစ်သောင်း၊ တစ်ရက်စရိတ်ကျပ်တစ်ထောင်ဖြင့် ရွေးကောက်ပွဲကာလဖြစ်သည့် အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကျန်ရှိလစာတစ်ဝက်နှင့် မြန်မာနိုင်ငံရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကျန်တဲ့လစာတစ်ဝက်နဲ့ ရဲချုပ်ကြီးကပေးတဲ့ ဂုဏ်ပြုမှတ် တမ်းတွေကို တစ်ဦးချင်းပေးအပ် ခဲ့တယ်။ သူတို့ကလည်း ရဲယူနီ ဖောင်းခါးပတ်နဲ့ ဦးထုပ်တွေပြန် အပ်ရပါတယ်။ ရဲထဲဝင်ချင်သူ တွေရှိပေမယ့် သတ်မှတ်စည်း ကမ်းအတိုင်းညီတဲ့သူတွေကို တော့ တင်ပြပေးထားပါတယ်’’ဟု မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရဲမှူး သိန်းအောင်က ပြောသည်။

ရွေးကောက်ပွဲတာဝန်ထမ်း ဆောင်ခဲ့သော အထူးရဲများ အမြဲတမ်းရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်လိုပါက အသက် (၁၈)နှစ်ပြည့်ပြီး (၃၀)နှစ်ထက် မကျော်လွန်သူ၊ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး အလယ်တန်းအဆင့် အောင်မြင်ရမည်ဖြစ်ကာ အရည် အချင်းပြည့်သူများသည် ရဲတပ်ဖွဲ့ သင်တန်းကျောင်းတွင် တက် ရောက်ရမည် ဖြစ်ကြောင်း ပြည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးက ပြောသည်။

‘‘တပ်ဖွဲ့ထဲဝင်ဖို့အတွက် ဆန္ဒရှိတဲ့သူတွေကို ၀င်ခွင့်ပြုမယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အ တိုင်း အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိဖို့ လိုတယ်။ ရဲထဲဝင်လာ မယ့်သူတို့တွေကိုလည်း ကြိုဆိုပါ တယ်’’ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိ တစ်ဦးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အ ထူးရဲအင်အား ၄၀,၃၀၄ ဦး ခန့် အပ်ခဲ့ပြီး အထူးရဲများ၌ ဘွဲ့ရရှိ သူ ၄ ရာခိုင်နှုန်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၉ ရာခိုင်နှုန်း၊ အ ထက်တန်းအဆင့် ၆၀ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၂၇ ရာခိုင်နှုန်းပါ၀င်ပြီး တိုင်းရင်းသားပါ၀င်မှု ကချင် ၄၀၀၊ ကယား ၆၂ ဦး၊ ကရင် ၁,၂၀၇ ဦး၊ ချင်း ၁,၃၀၈ ဦး၊မွန် ၂၆၉ ဦး၊ ရခိုင် ၂,၅၇၇ ဦးနှင့်ရှမ်းလူမျိုး ၁,၁၃၉ ဦးပါ၀င်ခဲ့ကြောင်း သိရသည်။
http://www.7daydaily.com/story/50891

No comments:

Post a Comment