Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 12, 2015

မိခင္၏ ေပါ့ေလ်ာ့မႈေၾကာင့္ ၈ ႏွစ္သားက ၁ ႏွစ္သမီးကို သတ္ျဖတ္မႈ အေမရိကန္တြင္ ျဖစ္ပြား

အေမရိကန္ ႏိုင္ငံတြင္ မိခင္ျဖစ္သူ ပါတီပြဲသြားေရာက္ေနခ်ိန္၌ ၈ ႏွစ္အရြယ္ သားျဖစ္သူက ႐ိုက္ႏွက္မႈေၾကာင့္ ၁ ႏွစ္အရြယ္သမီးငယ္ ေသဆံုးခဲ့သည့္ ေၾကကြဲစရာ ျဖစ္ရပ္တစ္ခု ေပၚေပါက္ခဲ့ေၾကာင္း သတင္းရရွိသည္။

အလာဘားမားရွိ ဘာမင္ဂမ္ၿမိဳ႕ေနအိမ္တြင္ ကေလးမ်ားကိုသာ မိခင္ျဖစ္သူက ထားသြားခဲ့ၿပီး ယခုလို ျဖစ္ရပ္ဆိုး ႀကံဳခဲ့ျခင္းဟု ႏိုဝင္ဘာ ၁၁ ရက္တြင္ ေဒသဆိုင္ရာရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္လက မိခင္ျဖစ္သူက ညကလပ္တစ္ခုတြင္ ပါတီပြဲသြားေရာက္ေနစဥ္ ကေလးအခ်ိဳ႕ ေနအိမ္၌ က်န္ေနခဲ့ၿပီး တစ္ႏွစ္သမီးေလး ကယ္လ္စီမွာ ငိုယိုေနျခင္းေၾကာင့္ ၈ ႏွစ္သား ကေလးက အငုိတိတ္ရန္ ႐ိုက္ႏွက္ဟန္႔တားရာမွ လက္လြန္
ေသဆံုးသြားျခင္း ျဖစ္သည္။

ရဲတပ္ဖြဲ႕သည္ ကေလးမိခင္ အသက္ ၂၆ ႏွစ္အရြယ္ ကာတာရာလီဝစ္ကို လူေသမႈ၊ ေပါ့ေလ်ာ့မႈမ်ားအတြက္ စြဲခ်က္တင္ထားသည္။ ထုိ႔အျပင္ ၈ ႏွစ္အရြယ္ ကေလးငယ္ကိုပါ လူသတ္မႈျဖင့္ စြဲခ်က္တင္လုိက္ၿပီဟု ႏိုဝင္ဘာ ၁၁ ရက္ ေၾကညာခ်က္တြင္ ထည့္သြင္းေဖာ္ျပခဲ့သည။ ဘာမင္ဝမ္ ရဲတပ္ဖဲြ႕ ေျပာေရးဆိုခြင့္ရအရာရွိ ေရွာင္အက္ဒြပ္စ္က “ကၽြန္ေတာ္ ရဲလုပ္သက္ ၂၂ ႏွစ္ရွိၿပီ။ ဒီျဖစ္ရပ္က ကၽြန္ေတာ္ ႀကံဳဖူးသမွ် ဝမ္းနည္းစရာ အေကာင္းဆံုးပဲ”ဟု ေျပာၾကားခဲ့သည္။ ၎က လီဝစ္သည္ ကေလးမ်ားခ်ည္း ေနအိမ္တြင္ ခ်န္ထားခဲ့သည္မွာ တာဝန္မဲ့လြန္းေၾကာင္းလည္း ေဝဖန္ျပစ္တင္ခဲ့သည္။

အခင္းျဖစ္ခ်ိန္တြင္ အိမ္ထဲ၌ ကယ္လ္စီအျပင္ အသက္ ၂ ႏွစ္မွ ၈ ႏွစ္ထိ ကေလးမ်ား ရွိေနရာ စုစုေပါင္း ကေလး ၆ ဦးမွ်ကို လီဝစ္က ခ်န္ထားခဲ့ျခင္း ျဖစ္သည္။ လီဝစ္သည္ ေဒသစံေတာ္ခ်ိန္ ည ၁၁ နာရီမွ ေနာက္တစ္ေန႔ နံနက္
၂ နာရီမွ်ထိ ကလပ္သို႔ ေရာက္ေနခဲ့ျခင္းဟု သိရသည္။

“အေမရယ္၊ သူ႔သူငယ္ခ်င္းေတြရယ္ ကလပ္ေရာက္ေနခ်ိန္မွာ ၈ ႏွစ္အရြယ္ ကေလးငယ္က ၁ ႏွစ္သမီးေလးကို ၾကမ္းၾကမ္းတမ္းတမ္း တိုက္ခုိက္ခဲ့တယ္လုိ႔ ယံုၾကည္ရပါတယ္။ အဲဒါကလည္း ၁ ႏွစ္သမီးေလးက အငိုမတိတ္ႏုိင္ ျဖစ္ေနလုိ႔ပါ။ ကေလးမေလးက ေခါင္းမွာ ဒဏ္ရာေတြ ရခဲ့သလို ကိုယ္တြင္းကလီစာေတြလည္း ထိခိုက္ပ်က္စီးေနတာေၾကာင့္ အသက္ဆံုး႐ံႈးသြားခဲ့ပါတယ္”ဟု အက္ဒြပ္စ္က ဆိုသည္။

ေအာက္တိုဘာ ၁၁ ရက္တြင္ လီဝစ္သည္ ေနအိမ္ျပန္ေရာက္လာၿပီးေနာက္ သမီးျဖစ္သူ အသက္မ႐ွဴေတာ့သျဖင့္ ရဲမ်ားထံ ဆက္သြယ္အေၾကာင္းၾကားခဲ့ေသာ္လည္း ေဆး႐ံုအေရာက္တြင္ စစ္ေဆးမႈမ်ားအရ ကယ္လ္စီမွာ ေသဆံုးေနခဲ့ၿပီ ျဖစ္သည္။

“မိဘတစ္ေယာက္အေနနဲ႔ အခုလို အမူအက်င့္မ်ိဳး၊ အခုလို တာဝန္မဲ့မႈမ်ိဳး ရွိေနတာ လက္မခံႏုိင္စရာပဲ။ ၈ ႏွစ္အရြယ္ ကေလးငယ္တစ္ေယာက္ အခုလို ဆိုးရြားတဲ့ ရာဇဝတ္မႈမ်ိဳး က်ဴးလြန္မိတဲ့ထိ တာဝန္မဲ့ခဲ့တယ္ဆိုတာမ်ိဳးကို ျပဳျပင္ေပးဖုိ႔ ဘယ္လိုေက်ာင္း၊ ဘယ္လုိေကာလိပ္ ဘယ္လိုသင္ၾကားမႈနဲ႔မွ မျဖစ္ႏုိင္ဘူး”ဟု အက္ဒြပ္စ္က ေဝဖန္ခဲ့သည္။

လတ္တေလာတြင္ လီဝစ္ကို ေဒၚလာ ၁၅၀၀၀ တန္ အာမခံျဖင့္ ျပန္လႊတ္ထားၿပီး ေပါ့ေလ်ာ့မႈ၊ လူေသမႈမ်ားအတြက္ တရားစြဲဆိုထားသလို ၈ ႏွစ္သား ကေလးငယ္ကိုလည္း လူသတ္မႈျဖင့္ စြဲခ်က္တင္ရန္ စီစဥ္လ်က္ရွိသည္။

အေမရိကန္တြင္ ကေလးငယ္မ်ားကို လူသတ္မႈစြဲခ်က္ျဖင့္ အေရးယူျခင္းမ်ိဳးမွာ ရွားပါးသည့္အေျခအေန တစ္ရပ္ျဖစ္သည္။ ၿပီးခဲ့သည့္လက တင္နက္ဆီတြင္ ေခြးေလးတစ္ေကာင္ႏွင့္ ပတ္သက္၍ စကားမ်ားရာမွ အိမ္နီးခ်င္း ၈ ႏွစ္အရြယ္ ကေလးငယ္ကို သတ္ျဖတ္မိခဲ့သည့္ အသက္ ၁၁ ႏွစ္အရြယ္ ကေလးငယ္တစ္ဦးမွာလည္း လတ္တေလာတြင္ လူသတ္မႈျဖင့္ တရားရင္ဆိုင္ေနရေၾကာင္း သိရွိရသည္။

Ref: CNA
7DayNews
...............
မိခင်၏ ပေါ့လျော့မှုကြောင့် ၈ နှစ်သားက ၁ နှစ်သမီးကို သတ်ဖြတ်မှု အမေရိကန်တွင် ဖြစ်ပွား

အမေရိကန် နိုင်ငံတွင် မိခင်ဖြစ်သူ ပါတီပွဲသွားရောက်နေချိန်၌ ၈ နှစ်အရွယ် သားဖြစ်သူက ရိုက်နှက်မှုကြောင့် ၁ နှစ်အရွယ်သမီးငယ် သေဆုံးခဲ့သည့် ကြေကွဲစရာ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။

အလာဘားမားရှိ ဘာမင်ဂမ်မြို့နေအိမ်တွင် ကလေးများကိုသာ မိခင်ဖြစ်သူက ထားသွားခဲ့ပြီး ယခုလို ဖြစ်ရပ်ဆိုး ကြုံခဲ့ခြင်းဟု နိုဝင်ဘာ ၁၁ ရက်တွင် ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက မိခင်ဖြစ်သူက ညကလပ်တစ်ခုတွင် ပါတီပွဲသွားရောက်နေစဉ် ကလေးအချို့ နေအိမ်၌ ကျန်နေခဲ့ပြီး တစ်နှစ်သမီးလေး ကယ်လ်စီမှာ ငိုယိုနေခြင်းကြောင့် ၈ နှစ်သား ကလေးက အငိုတိတ်ရန် ရိုက်နှက်ဟန့်တားရာမှ လက်လွန်
သေဆုံးသွားခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် ကလေးမိခင် အသက် ၂၆ နှစ်အရွယ် ကာတာရာလီဝစ်ကို လူသေမှု၊ ပေါ့လျော့မှုများအတွက် စွဲချက်တင်ထားသည်။ ထို့အပြင် ၈ နှစ်အရွယ် ကလေးငယ်ကိုပါ လူသတ်မှုဖြင့် စွဲချက်တင်လိုက်ပြီဟု နိုဝင်ဘာ ၁၁ ရက် ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည။ ဘာမင်ဝမ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရအရာရှိ ရှောင်အက်ဒွပ်စ်က “ကျွန်တော် ရဲလုပ်သက် ၂၂ နှစ်ရှိပြီ။ ဒီဖြစ်ရပ်က ကျွန်တော် ကြံုဖူးသမျှ ဝမ်းနည်းစရာ အကောင်းဆုံးပဲ”ဟု ပြောကြားခဲ့သည်။ ၎င်းက လီဝစ်သည် ကလေးများချည်း နေအိမ်တွင် ချန်ထားခဲ့သည်မှာ တာဝန်မဲ့လွန်းကြောင်းလည်း ဝေဖန်ပြစ်တင်ခဲ့သည်။

အခင်းဖြစ်ချိန်တွင် အိမ်ထဲ၌ ကယ်လ်စီအပြင် အသက် ၂ နှစ်မှ ၈ နှစ်ထိ ကလေးများ ရှိနေရာ စုစုပေါင်း ကလေး ၆ ဦးမျှကို လီဝစ်က ချန်ထားခဲ့ခြင်း ဖြစ်သည်။ လီဝစ်သည် ဒေသစံတော်ချိန် ည ၁၁ နာရီမှ နောက်တစ်နေ့ နံနက်
၂ နာရီမျှထိ ကလပ်သို့ ရောက်နေခဲ့ခြင်းဟု သိရသည်။

“အမေရယ်၊ သူ့သူငယ်ချင်းတွေရယ် ကလပ်ရောက်နေချိန်မှာ ၈ နှစ်အရွယ် ကလေးငယ်က ၁ နှစ်သမီးလေးကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အဲဒါကလည်း ၁ နှစ်သမီးလေးက အငိုမတိတ်နိုင် ဖြစ်နေလို့ပါ။ ကလေးမလေးက ခေါင်းမှာ ဒဏ်ရာတွေ ရခဲ့သလို ကိုယ်တွင်းကလီစာတွေလည်း ထိခိုက်ပျက်စီးနေတာကြောင့် အသက်ဆုံးရှုံးသွားခဲ့ပါတယ်”ဟု အက်ဒွပ်စ်က ဆိုသည်။

အောက်တိုဘာ ၁၁ ရက်တွင် လီဝစ်သည် နေအိမ်ပြန်ရောက်လာပြီးနောက် သမီးဖြစ်သူ အသက်မရှူတော့သဖြင့် ရဲများထံ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း ဆေးရုံအရောက်တွင် စစ်ဆေးမှုများအရ ကယ်လ်စီမှာ သေဆုံးနေခဲ့ပြီ ဖြစ်သည်။

“မိဘတစ်ယောက်အနေနဲ့ အခုလို အမူအကျင့်မျိုး၊ အခုလို တာဝန်မဲ့မှုမျိုး ရှိနေတာ လက်မခံနိုင်စရာပဲ။ ၈ နှစ်အရွယ် ကလေးငယ်တစ်ယောက် အခုလို ဆိုးရွားတဲ့ ရာဇဝတ်မှုမျိုး ကျူးလွန်မိတဲ့ထိ တာဝန်မဲ့ခဲ့တယ်ဆိုတာမျိုးကို ပြုပြင်ပေးဖို့ ဘယ်လိုကျောင်း၊ ဘယ်လိုကောလိပ် ဘယ်လိုသင်ကြားမှုနဲ့မှ မဖြစ်နိုင်ဘူး”ဟု အက်ဒွပ်စ်က ဝေဖန်ခဲ့သည်။

လတ်တလောတွင် လီဝစ်ကို ဒေါ်လာ ၁၅၀၀၀ တန် အာမခံဖြင့် ပြန်လွှတ်ထားပြီး ပေါ့လျော့မှု၊ လူသေမှုများအတွက် တရားစွဲဆိုထားသလို ၈ နှစ်သား ကလေးငယ်ကိုလည်း လူသတ်မှုဖြင့် စွဲချက်တင်ရန် စီစဉ်လျက်ရှိသည်။

အမေရိကန်တွင် ကလေးငယ်များကို လူသတ်မှုစွဲချက်ဖြင့် အရေးယူခြင်းမျိုးမှာ ရှားပါးသည့်အခြေအနေ တစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်လက တင်နက်ဆီတွင် ခွေးလေးတစ်ကောင်နှင့် ပတ်သက်၍ စကားများရာမှ အိမ်နီးချင်း ၈ နှစ်အရွယ် ကလေးငယ်ကို သတ်ဖြတ်မိခဲ့သည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာလည်း လတ်တလောတွင် လူသတ်မှုဖြင့် တရားရင်ဆိုင်နေရကြောင်း သိရှိရသည်။

Ref: CNA

No comments:

Post a Comment