Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

ရခိုင္ျပည္နယ္ ျမိဳ႕အ၀င္ ဂိတ္မ်ားတြင္ အထူး ရွာေဖြ စစ္ေဆးမႈမ်ားျပဳလုပ္


စစ္ေတြ၊ ႏို၀င္ဘာ ၁၉

ရခိုင္ျပည္နယ္ ကားလမ္းေပၚရွိ ျမိဳ႕အ၀င္ဂိတ္မ်ားတြင္ အထူးရွာေဖြ စစ္ေဆးမႈမ်ားကို အာဏာပိုင္မ်ားက ယေန႕ ႏို၀င္ဘာလ ၁၉ ရက္ေန႕တြင္ ျပဳလုပ္ခဲ့သည္ဟု သိရသည္။

ထိုသို႕ ျပဳလုပ္သည္ကို သတင္းမီဒီယာသမားမ်ားကို ဖိတ္ေခၚျပီး ျပသခဲ့ေၾကာင္း ယင္းအခမ္းအနားသုိ႕ တက္ေရာက္ခဲ့သူ နိရဥၥရာ လက္ေထာက္ အယ္ဒီတာ ဦးစံေမာင္သန္းက ေျပာသည္။

“ စစ္ေဆးတာက စစ္ေတြျမိဳ႕ျပင္ ေက်ာက္တန္းဂိတ္မွာပါ။ ရန္ကုန္နဲ႕ စစ္ေတြ ကားလမ္းေပၚက ကားေတြအကုန္လံုးကို စစ္ေဆးပါတယ္။ မိူင္းရွာ ကရိယာေတြနဲ႕ ရွာေဖြသလို အနံ႕ခံ ေခြးေတြနဲ႕လည္း ကားေပၚမွာ ပါလာတဲ့ ပစၥည္းေတြ အကုန္လံုးကို ရွာေဖြ စစ္ေဆးတာကို ေတြ႕ရပါတယ္။ လူေတြကိုလည္း ကားေပၚက ဆင္းခိုင္းျပီး ရွာေဖြမႈေတြ လုပ္ပါတယ္” ဟု သူက ေျပာသည္။


ယင္းစစ္ေဆးမႈကို ရခိုင္ျပည္နယ္ လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာ ၀န္ၾကီး အပါအ၀င္ ျပည္နယ္၊ ခရိုင္၊ ျမိဳ႕နယ္ အဆင့္ ရဲမွဴးၾကီးမ်ားက တိုက္ရိုက္ကိုင္တြယ္ ေဆာင္ရြက္ခဲ့ျပီး စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ေပါင္း အင္အား ၃၀ ခန္႕ပါ၀င္သည္ဟု သိရသည္။

မီဒီယာမ်ားကို ေခၚယူ ျပသရျခင္းႏွင့္ ပတ္သက္ျပီး စစ္ေတြ ခရိုင္ ရဲမွဴးၾကီးက “ အဓိကေတာ့ လံုျခံဳေရး၊ လူေမွာင္ခို ႏွိမ္ႏွင္းေရးနဲ႕ မူးယစ္ေဆး၀ါး ႏွိမ္ႏွင္းေရးတို႕ အတြက္ ျပဳလုပ္ျဖစ္ပါတယ္။ ဒီလို လံုျခံဳေရးေဆာင္ရြက္ေနတာကို အမ်ားျပည္သူေတြ သိရွိေစလိုတဲ့ အတြက္ မီဒီယာေတြကို ဖိတ္ေခၚရတာ ျဖစ္ပါတယ္” ဟု ရွင္းလင္း ေျပာဆိုသည္။


ယခုကဲ့သို႕ လံုျခံဳေရး တိုးျမင့္ျပီး စစ္ေဆးရွာေဖြမႈ တိုးျမင့္ လုပ္ေဆာင္ျခင္းႏွင့္ ပတ္သက္ျပီး ရခိုင္ျပည္နယ္ ရဲမွဴးၾကီး ေနမ်ိဳးသို႕ ဆက္သြယ္ေမးျမန္းရာ ေရြးေကာက္ပြဲ အလြန္ အဖ်က္အေမွာင့္မ်ား မျဖစ္ေပၚရန္ ရည္ရြယ္၍ လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း ေျပာဆိုသည္။

“ ခုလို ရွာေဖြ စစ္ေဆးမႈေတြကို စစ္ေတြ- ရန္ကုန္ကားလမ္းတစ္ေလွ်ာက္ရွိ ျမိဳ႕အ၀င္ ဂိတ္ေတြ၊ ကားကိတ္ေတြမွာ ျပဳလုပ္တာ ျဖစ္ပါတယ္။ စစ္ေတြျမိဳ႕အ၀င္ ေက်ာက္တန္းဂိတ္၊ ေက်ာက္ေတာ္မွာလည္း အဲဒီအတိုင္းပါဘဲ။ အမ္းတို႕မွာလည္း ပူးေပါင္းဂိတ္ေတြမွာ ရွာေဖြ စစ္ေဆးမႈေတြ လုပ္ပါတယ္။ အဓိကေတာ့ ေရြးေကာက္ပြဲ အလြန္ မွာ အဖ်က္ အေမွာင့္ေတြ မျဖစ္ေပၚရေအာင္ ေဆာင္ရြက္တာပါဘဲ” ဟု ရဲမွဴးၾကီးကဆိုသည္။

ရခိုင္ျပည္နယ္ တြင္ ဗံုးခြဲရန္ အၾကမ္းဖက္ အဖြဲ႕အစည္းမ်ား ၀င္ေရာက္ေနေသာ သတင္းေၾကာင့္ ယခုလို ရွာေဖြမႈေတြ ျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားအၾကား သတင္းမ်ား ျဖစ္ေပၚေနျခင္းႏွင့္ ပတ္သက္ျပီး ေမးျမန္းရာ ရဲမွဴး ေနမ်ိဳးက “ ဟုိဘက္ေတြမွာလဲ အခု ျပင္သစ္မွာ ျဖစ္တဲ့ ပစ္ခတ္မႈေတြ၊ IS နဲ႕ ျဖစ္ေနတာေတြလည္း ၾကားမွာေပါ့။ ျပင္သစ္တုိ႕ အဲဒါမ်ိဳးေတြကို ျဖစ္ေနတဲ့ အတြက္ ဒီဘက္မွာလည္း လံုျခံဳေရး တိုးျမွင့္ လုပ္တာ ျဖစ္တယ္။ ကမၻာျဖစ္ေနတဲ့ အေနအထားနဲ႕ ဒီမွာ ျဖစ္ေနတာနဲ႕ပိုျပီး ေသခ်ာေအာင္ လုပ္တဲ့ သေဘာပါ” ဟု ေျပာဆိုသည္။

Arakan State
https://www.facebook.com/NarinjaraNews/

.....................................

ရခိုင်ပြည်နယ် မြို့အဝင် ဂိတ်များတွင် အထူး ရှာဖွေ စစ်ဆေးမှုများပြုလုပ်

စစ်တွေ၊ နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ် ကားလမ်းပေါ်ရှိ မြို့အဝင်ဂိတ်များတွင် အထူးရှာဖွေ စစ်ဆေးမှုများကို အာဏာပိုင်များက ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုသို့ ပြုလုပ်သည်ကို သတင်းမီဒီယာသမားများကို ဖိတ်ခေါ်ပြီး ပြသခဲ့ကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သူ နိရဥ္စရာ လက်ထောက် အယ်ဒီတာ ဦးစံမောင်သန်းက ပြောသည်။
“ စစ်ဆေးတာက စစ်တွေမြို့ပြင် ကျောက်တန်းဂိတ်မှာပါ။ ရန်ကုန်နဲ့ စစ်တွေ ကားလမ်းပေါ်က ကားတွေအကုန်လုံးကို စစ်ဆေးပါတယ်။ မိူင်းရှာ ကရိယာတွေနဲ့ ရှာဖွေသလို အနံ့ခံ ခွေးတွေနဲ့လည်း ကားပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေ အကုန်လုံးကို ရှာဖွေ စစ်ဆေးတာကို တွေ့ရပါတယ်။ လူတွေကိုလည်း ကားပေါ်က ဆင်းခိုင်းပြီး ရှာဖွေမှုတွေ လုပ်ပါတယ်” ဟု သူက ပြောသည်။
ယင်းစစ်ဆေးမှုကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး အပါအဝင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ရဲမှူးကြီးများက တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်ခဲ့ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ပေါင်း အင်အား ၃၀ ခန့်ပါ၀င်သည်ဟု သိရသည်။
မီဒီယာများကို ခေါ်ယူ ပြသရခြင်းနှင့် ပတ်သက်ပြီး စစ်တွေ ခရိုင် ရဲမှူးကြီးက “ အဓိကတော့ လုံခြံုရေး၊ လူမှောင်ခို နှိမ်နှင်းရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေးတို့ အတွက် ပြုလုပ်ဖြစ်ပါတယ်။ ဒီလို လုံခြံုရေးဆောင်ရွက်နေတာကို အများပြည်သူတွေ သိရှိစေလိုတဲ့ အတွက် မီဒီယာတွေကို ဖိတ်ခေါ်ရတာ ဖြစ်ပါတယ်” ဟု ရှင်းလင်း ပြောဆိုသည်။
ယခုကဲ့သို့ လုံခြံုရေး တိုးမြင့်ပြီး စစ်ဆေးရှာဖွေမှု တိုးမြင့် လုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲမှူးကြီး နေမျိုးသို့ ဆက်သွယ်မေးမြန်းရာ ရွေးကောက်ပွဲ အလွန် အဖျက်အမှောင့်များ မဖြစ်ပေါ်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ ခုလို ရှာဖွေ စစ်ဆေးမှုတွေကို စစ်တွေ- ရန်ကုန်ကားလမ်းတစ်လျှောက်ရှိ မြို့အဝင် ဂိတ်တွေ၊ ကားကိတ်တွေမှာ ပြုလုပ်တာ ဖြစ်ပါတယ်။ စစ်တွေမြို့အဝင် ကျောက်တန်းဂိတ်၊ ကျောက်တော်မှာလည်း အဲဒီအတိုင်းပါဘဲ။ အမ်းတို့မှာလည်း ပူးပေါင်းဂိတ်တွေမှာ ရှာဖွေ စစ်ဆေးမှုတွေ လုပ်ပါတယ်။ အဓိကတော့ ရွေးကောက်ပွဲ အလွန် မှာ အဖျက် အမှောင့်တွေ မဖြစ်ပေါ်ရအောင် ဆောင်ရွက်တာပါဘဲ” ဟု ရဲမှူးကြီးကဆိုသည်။
ရခိုင်ပြည်နယ် တွင် ဗုံးခွဲရန် အကြမ်းဖက် အဖွဲ့အစည်းများ ၀င်ရောက်နေသော သတင်းကြောင့် ယခုလို ရှာဖွေမှုတွေ ပြုလုပ်နေကြောင်း ဒေသခံများအကြား သတင်းများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ ရဲမှူး နေမျိုးက “ ဟိုဘက်တွေမှာလဲ အခု ပြင်သစ်မှာ ဖြစ်တဲ့ ပစ်ခတ်မှုတွေ၊ IS နဲ့ ဖြစ်နေတာတွေလည်း ကြားမှာပေါ့။ ပြင်သစ်တို့ အဲဒါမျိုးတွေကို ဖြစ်နေတဲ့ အတွက် ဒီဘက်မှာလည်း လုံခြံုရေး တိုးမြှင့် လုပ်တာ ဖြစ်တယ်။ ကမ္ဘာဖြစ်နေတဲ့ အနေအထားနဲ့ ဒီမှာ ဖြစ်နေတာနဲ့ပိုပြီး သေချာအောင် လုပ်တဲ့ သဘောပါ” ဟု ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews/

No comments:

Post a Comment