Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

အရူးေထာင္က လြတ္ၿပီး ၂ ပတ္အၾကာမွာ ၉ ႏွစ္အရြယ္ ေျမးေလးကို ေရႏွစ္သတ္ခဲ့တဲ့ အဖိုးအို


အမ်ိဳးသားတစ္ေယာက္ဟာ စိတ္က်န္းမာေရးဌာန (သို႔) အရူးေထာင္က လြတ္ေျမာက္ၿပီး ၂ ပတ္ခန္႔အၾကာမွာ အထီးက်န္စိတ္ေ၀ဒနာ(Autism) ကိုခံစားေနရတဲ့ သူ႔ရဲ႕ ေျမးေလးကို ေရႏွစ္ၿပီး သတ္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၆၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ Stewart Greene ဆိုသူဟာ ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာ ၂၃ ရက္ေန႔မွာ သူ႔ရဲ႕ သမီးျဖစ္သူ Joanne Green ေစ်း၀ယ္ထြက္ေနစဥ္မွာ အိမ္မွာက်န္ခဲ့တဲ့ အသက္ ၉ ႏွစ္အရြယ္ Alex Robinson ကို သတ္ခဲ့တဲ့အတြက္ အဖမ္းခံခဲ့ရပါတယ္.

Joanne Green ရဲ႕ ေျပာၾကားခ်က္အရ သူမ ေစ်း၀ယ္ၿပီး အိမ္ျပန္အေရာက္မွာ သူမရဲ႕ ဖခင္ျဖစ္သူဟာ စီးကရက္ တစ္လိပ္ကို လိပ္ေသာက္ေနရင္းနဲ႔ "ငါ Alex ကိုေရႏွစ္သတ္လိုက္ၿပီ" လို႔ ေအးေအးေဆးေဆး ေျပာျပခဲ့ပါတယ္တဲ့။ "ေရခ်ိဳးကန္ကေရျပည့္ေနၿပီး Alex ဟာ ေရကန္ထဲမွာေရာက္ေနပါတယ္။ သူ႔မ်က္ႏွာေလးပဲ ေရေပၚေပၚေနၿပီး မ်က္လံုးေတြကေတာ့ ပိတ္ေနပါတယ္။သူေသၿပီလို႔ထင္တဲ့အတြက္ ကၽြန္မ 999 ကို ဖုန္းဆက္ခဲ့ပါတယ္" လို႔ Joanne က ေျပာျပခဲ့ပါတယ္။

Stewart Greene ဟာ လင္ကြန္းၿမိဳ႕မွာရွိတဲ့ Peter Hodgkinson Centre က မလြတ္ေျမာက္ခင္မွာလည္း ေဆးရံု၀န္ထမ္းတစ္ဦးကို တိုက္ခိုက္ခဲ့ပါေသးတယ္။ သမီးျဖစ္သူ Joanne က ေျပာျပခဲ့တာကေတာ့ သူမရဲ႕ ဖခင္ဟာ လူ႔အဖြဲ႕အစည္းရဲ႕ အေ၀းမွာေနလိုတဲ့အတြက္ တစ္ခုခုလုပ္မွာကို သူမ စိုးရိမ္ခဲ့တယ္လို႔ ဆိုပါတယ္။

Stewart ဟာ အရူးေထာင္က လြတ္ေျမာက္ခါနီးမွာ သမီးျဖစ္သူ Joanne နဲ႔အတူေနလိုတယ္လို႔ ေျပာခဲ့ေပမယ့္ Joanne ကေတာ့ ျငင္းပယ္ခဲ့တဲ့အတြက္ Stewart ဟာ ဇနီးေဟာင္းျဖစ္သူ Andrea နဲ႔အတူ ေျပာင္းေရႊ႕ေနထိုင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာ ၂၃ ရက္မွာ Joanne ရဲ႕ အိမ္ကိုသြားေရာက္လည္ပတ္ရာကေန အခုလို အခင္းျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

တရားရံုးက ၾကားနာခဲ့တာကေတာ့ ေသဆံုးသူ Alex ဟာ အထီးက်န္စိတ္ေ၀ဒနာ ကို ခံစားေနရတဲ့အတြက္လည္း ေရကိုေၾကာက္သလို ေရခ်ိဳးဖို႔ကိုလည္း မႏွစ္သက္သူျဖစ္ပါတယ္။ လူသတ္မႈက်ဴးလြန္သူ Stewart ကေတာ့ သူ႔ရဲ႕ ျပစ္မႈ အတြက္ ေထာင္က်မခံခ်င္ပဲ စိတ္က်န္းမာေရး ေဆးရံုကိုသာ ျပန္သြားခ်င္တယ္လို႔ ေတာင္းဆိုခဲ့ေပမယ့္ တရားရံုးကေတာ့ လက္မခံပဲ အမႈကို ဆက္လက္ၾကားနာဦးမယ္လို႔ သိရပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror

..............................................

အရူးထောင်က လွတ်ပြီး ၂ ပတ်အကြာမှာ ၉ နှစ်အရွယ် မြေးလေးကို ရေနှစ်သတ်ခဲ့တဲ့ အဖိုးအို

အမျိုးသားတစ်ယောက်ဟာ စိတ်ကျန်းမာရေးဌာန (သို့) အရူးထောင်က လွတ်မြောက်ပြီး ၂ ပတ်ခန့်အကြာမှာ အထီးကျန်စိတ်ဝေဒနာ(Autism) ကိုခံစားနေရတဲ့ သူ့ရဲ့ မြေးလေးကို ရေနှစ်ပြီး သတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ Stewart Greene ဆိုသူဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သူ့ရဲ့ သမီးဖြစ်သူ Joanne Green စျေးဝယ်ထွက်နေစဉ်မှာ အိမ်မှာကျန်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် Alex Robinson ကို သတ်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်.

Joanne Green ရဲ့ ပြောကြားချက်အရ သူမ စျေးဝယ်ပြီး အိမ်ပြန်အရောက်မှာ သူမရဲ့ ဖခင်ဖြစ်သူဟာ စီးကရက် တစ်လိပ်ကို လိပ်သောက်နေရင်းနဲ့ "ငါ Alex ကိုရေနှစ်သတ်လိုက်ပြီ" လို့ အေးအေးဆေးဆေး ပြောပြခဲ့ပါတယ်တဲ့။ "ရေချိုးကန်ကရေပြည့်နေပြီး Alex ဟာ ရေကန်ထဲမှာရောက်နေပါတယ်။ သူ့မျက်နှာလေးပဲ ရေပေါ်ပေါ်နေပြီး မျက်လုံးတွေကတော့ ပိတ်နေပါတယ်။သူသေပြီလို့ထင်တဲ့အတွက် ကျွန်မ 999 ကို ဖုန်းဆက်ခဲ့ပါတယ်" လို့ Joanne က ပြောပြခဲ့ပါတယ်။

Stewart Greene ဟာ လင်ကွန်းမြို့မှာရှိတဲ့ Peter Hodgkinson Centre က မလွတ်မြောက်ခင်မှာလည်း ဆေးရုံဝန်ထမ်းတစ်ဦးကို တိုက်ခိုက်ခဲ့ပါသေးတယ်။ သမီးဖြစ်သူ Joanne က ပြောပြခဲ့တာကတော့ သူမရဲ့ ဖခင်ဟာ လူ့အဖွဲ့အစည်းရဲ့ အဝေးမှာနေလိုတဲ့အတွက် တစ်ခုခုလုပ်မှာကို သူမ စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ်။

Stewart ဟာ အရူးထောင်က လွတ်မြောက်ခါနီးမှာ သမီးဖြစ်သူ Joanne နဲ့အတူနေလိုတယ်လို့ ပြောခဲ့ပေမယ့် Joanne ကတော့ ငြင်းပယ်ခဲ့တဲ့အတွက် Stewart ဟာ ဇနီးဟောင်းဖြစ်သူ Andrea နဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ Joanne ရဲ့ အိမ်ကိုသွားရောက်လည်ပတ်ရာကနေ အခုလို အခင်းဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တရားရုံးက ကြားနာခဲ့တာကတော့ သေဆုံးသူ Alex ဟာ အထီးကျန်စိတ်ဝေဒနာ ကို ခံစားနေရတဲ့အတွက်လည်း ရေကိုကြောက်သလို ရေချိုးဖို့ကိုလည်း မနှစ်သက်သူဖြစ်ပါတယ်။ လူသတ်မှုကျူးလွန်သူ Stewart ကတော့ သူ့ရဲ့ ပြစ်မှု အတွက် ထောင်ကျမခံချင်ပဲ စိတ်ကျန်းမာရေး ဆေးရုံကိုသာ ပြန်သွားချင်တယ်လို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးကတော့ လက်မခံပဲ အမှုကို ဆက်လက်ကြားနာဦးမယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment