Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 3, 2015

မဘသတို႕ကို ဘာေၾကာင့္ မိမိတိ႕ုဆန္႕က်င္ရသလဲ (ဆုံးေအာင္ ဖတ္ေစခ်င္ပါတယ္)

U Ravika
မဘသတို႕ကို ဘာေၾကာင့္ မိမိတိ႕ုဆန္႕က်င္ရသလဲ
(ဆုံးေအာင္ ဖတ္ေစခ်င္ပါတယ္)

ဦးဝီရသူက သားဆက္ျခားတဲ့ကိစၥ ဒကာေတြနဲ႕ ေဆြးေႏြးၿပီး ကြန္ဒုံးကို လက္ေဆာင္ေပးတယ္ဆိုတဲ့ သတင္း တက္လာတယ္။ ဟုတ္မဟုတ္ေတာ့ မသိပါ။ ေဆးပညာအရ ကိုယ္ဝန္တားေဆးေတြဟာ အႏၲရာယ္မ်ားတာမို႕ တကယ္လို႕ သူက အဲ့လိုပညာေပးေဟာေျပာခဲ့ရင္ အျပစ္မတင္ပါ။ ကြန္ဒုံးေဝတာေတာ့ မေကာင္းပါ။ ကိုယ့္မွာလည္း ကြန္ဒုံးေဆာင္ထားတယ္ဆိုရာေရာက္တာမို႕ အစြန္းမလြတ္ဘူးေပါ့။ ေကာင္းပါၿပီ။ ဒီမွာ ကြန္ဒုံးကိစၥ ေျပာဖို႕မဟုတ္ဘူး။ အမ်ဳိး၊ ဘာသာ၊ သာသနာကို ကာကြယ္ေစာင့္ေရွာက္ထိန္းသိမ္းဖို႕ကိစၥကို ေျပာမွာ။ အမ်ဳိး၊ ဘာသာ၊ သာသနာကိစၥေျပာလို႕ မိမိတို႕အားေပးတဲ့ NLD က ျမန္မာဆန္ဆန္ ဝတ္စားဆင္ယင္ၿပီး မဲဆြယ္ခဲ့တာနဲ႕ မဘသတို႕ေထာက္ခံတဲ့ ျပည္ခိုင္ၿဖဳိးက အကုန္ခြၽတ္ျပမတတ္ မဲဆြယ္တဲ့အေၾကာင္းကိုလည္း ဒီမွာ ေျပာမွာမဟုတ္ပါ။

ဒီမွာ မိမိေျပာလုိတဲ့အေၾကာင္းေတြက မဘသေတြ အၿမဲတမ္း စကားထဲ ထည့္ထည့္ေျပာေနတဲ့ အိႏၵိယ၊ အင္ဒို၊ ေတာင္ကိုရီယားတို႕မွာ ဗုဒၶဘာသာကြယ္ေပ်ာက္လာပုံ၊ က်ဆင္းလာပုံတို႕ကို ေဆြးေႏြးပါ့မယ္။ သူတို႕လုံးဝမေဝဖန္တဲ့ တ႐ုတ္ျပည္က ဗုဒၶဘာသာအေၾကာင္းကိုလည္း နည္းနည္းပါးပါး ေရးပါ့မယ္။ ဘယ္ကေန စရမလဲဆိုရင္ ပူပူေႏြးေႏြး ရမၼဝတီဆရာေတာ္က ဗုဒၶဘာသာတည္တံ့ဖိ႕ုအတြက္ အာဏာရွိတဲ့အစိုးရကို ေထာက္ခံရမယ္ဆိုတဲ့စကားကေန စပါ့မယ္။ ဒီေတာ့ အိႏၵိကေန စေျပာၾကည့္ၾကရေအာင္ပါ။

အိႏၵိယနဲ႕ အာရွအလယ္ပိုင္းမွာ ဗုဒၶဘာသာကြယ္ေပ်ာက္ရပုံကို ေျပာတဲ့အခါ မဘသတို႕က ဟိႏၵဴဘုရင္ေတြနဲ႕ မြတ္စလင္ဘုရင္တို႕ကိုပဲ ျပစ္တင္ေဝဖန္ပါတယ္။ ဗုဒၶဘာသာေတြ ပထမဆုံးအတုိက္ခံရတာဟာ ဟိႏၵဴနဲ႕မြတ္စလင္တို႕ေၾကာင့္ မဟုတ္ဘဲ Hindu Kush ေျမာက္ဘက္က ေရြ႕ေျပာင္းလူ႐ိုင္းအုပ္စုမ်ားေၾကာင့္ ျဖစ္တယ္။ သူတို႕ဟာ ေအဒီ(၆)ရာစုဝန္းက်င္မွာ အခုပါကစၥတန္အထိ တုိက္ခုိက္သိမ္းယူၿပီး ဗုဒၶဘာသာဘုရားေက်ာင္းကန္မ်ားကို ဖ်က္ဆီးခဲ့ပါတယ္။ ေအဒီ (၈)ရာစုအစပိုင္း (၇၁၁)ခုႏွစ္မွာ မုိဟာမက္ ဘင္ ကာဇင္က ႏွိပ္စက္မႈကို ခံေနခဲ့ရတဲ့ ဇာတ္နိမ့္ေတြနဲ႕ တိုင္းရင္းသားလူမ်ဳိးမ်ားကို စည္း႐ုံးၿပီး ဗုဒၶဘာသာဘုရင္ ရာဇဒဟိရကို အႏိုင္ယူကာ ဗုဒၶဘာသာေက်ာင္းမ်ားကို ဗလီမ်ားအျဖစ္ အသုံးခ်ခဲ့တယ္။ ေအဒီ (၁၀)ရာစုမွာ ဂါဇနီက မိုဟာမက္ေၾကာင့္ ဗုဒၶဘာသာဝင္ေတြက တိဗက္ကို ေျပးဝင္ခဲ့ရတယ္။ ေအဒီ(၁၁၉၇)ခုႏွစ္မွာ ေဂါရ္က မုိဟာမက္ဆိုသူက ဂူဂ်ရတ္ကို ႏိုင္တယ္။၊ ေအဒီ(၁၂၀၀)မွာ မုိဟာမက္ ဘင္ ဘကၡတီယာရ္ ခီဂ်ီေၾကာင့္ ဝိၾကမသီလတကၠသုိလ္ ပ်က္စီးခဲ့ရၿပီး ဗုဒၶဘာသာဝင္ေတြက နီေပါျပည္ကို ေျပးခဲ့ရတယ္။ ေအဒီ(၁၄)ရာစုမွာ မြန္ဂိုႏြယ္တီမူးက အသက္ငင္ေနတဲ့ ဗုဒၶဘာသာကို ရစရာမရွိေအာင္ ဖ်က္ဆီးခဲ့ျပန္တယ္။ ဒါက မြတ္စလင္ေတြေၾကာင့္ ဗုဒၶဘာသာပ်က္စီးရျခင္းအေၾကာင္းမ်ား ျဖစ္ပါတယ္။

ဟိႏၵဴဘုရင္ေတြရဲ႕ ဖိႏွိပ္မႈေၾကာင့္လည္း ဗုဒၶဘာသာက က်ဆင္းခဲ့ရေၾကာင္း မျငင္းႏိုင္ပါ။ ဟိႏၵဴဘုရင္မ်ားနဲ႕ ဗုဒၶဘာသာဘုရင္မ်ားဟာ အိႏၵိယကို ဘတျပန္က်ားတျပန္ အုပ္ခ်ဳပ္ခဲ့ၾကပါတယ္။ အမ်ားသိတဲ့အတိုင္း ေမာရိယအင္ပါယာလက္ထက္မွာ ကိုးတိုင္းကိုးဌာနသာသနာျပဳမႈေၾကာင့္ လက္ရွိအေရွ႕ေတာင္အာရွကေန ဂရိႏိုင္ငံအထိ ဗုဒၶဘာသာျပန္႕ပြားခဲ့ပါတယ္။ ဒါေပမဲ့ ဂုပၲေခတ္ ေအဒီ(၄)ရာစုနဲ႕ (၅)ရာစုမွာ ဟိႏၵဴတို႕ရဲ႕ ပူးသတ္မႈေၾကာင့္ ေျမာက္ပိုင္းမွာ ဗုဒၶဘာသာက်ဆင္းေနပါၿပီ။ ေအဒီ(၇)ရာစုမွာ ဟာရွဘုရင္ေတြရဲ႕ က်ဆုံးခန္းနဲ႕အတူ ဗုဒၶဘာသာကလည္း အထိနာခဲ့ပါတယ္။ ေအဒီ (၈)ရာစုက စၿပီး ၁၂)ရာစုအထိ ပါလတိုင္းမွာ ဗုဒၶဘာသာထြန္းကားခဲ့ပါတယ္။ ေအဒီ(၁၁)ရာစုမွာ သထုံေရာက္လာတဲ့ ဗ်တ္ဝိဗ်တ္တတို႕ဟာ ဒီပါလတိုင္းက ဗုဒၶဘာသာဝင္မ်ား ျဖစ္ပါတယ္။ ဒီပါလတိုင္းကလည္း ဟိႏၵဴဘုရင္ေတြနဲ႕ မြတ္စလင္ဘုရင္တို႕ေၾကာင့္ ပ်က္စီးခဲ့ရျပန္ပါတယ္။ ေနာက္ဆုံးမွာ ဘကၠတိဟိႏၵဴလႈပ္ရွားမႈေၾကာင့္ ကြယ္ေပ်ာက္သြားရတယ္လို႕ ဆိုပါတယ္။ ဒါေပမဲ့ ပညာရွင္ေတြရဲ႕ သုံးသပ္မႈအရ အဒိရွံကရ၊ မဒၶၽခ်ာရယနဲ႕ ရာမႏုဇဆိုတဲ့ ဟိႏၵဴအဘိဓမၼာဆရာတို႕ရဲ႕ ထိုးႏွက္မႈေၾကာင့္သာ ဗုဒၶဘာသာက်ဆင္းခဲ့ရျခင္းျဖစ္ေၾကာင္း ေျပာၾကပါတယ္။ ဒီထဲမွာ ရွံကရဆိုတာ အင္မတန္ေတာ္တဲ့ ဗုဒၶဘာသာဘုန္းေတာ္ႀကီးတစ္ပါး ျဖစ္ခဲ့ၿပီး မနာလိုတဲ့ ဘုန္းႀကီးေတြက ေခ်ာက္တြန္းမႈေၾကာင့္ ဟိႏၵဴတို႕ဘက္ ေရာက္သြားၿပီး ျပန္တုိက္ခဲ့ေၾကာင္း သိၾကမွာပါ။

ဗုဒၶဘာသာအတြက္ ဒုတိယအလွည့္အေျပာင္းတစ္ခုမွာ (၁၅)ရာစု ျဖစ္တယ္။ ဒါဟာ ရာမညတိုင္း ဟံသာဝတီျပည္ ဓမၼေစတီမင္းလက္ထက္ပါ။ Champa ႏိုင္ငံကို ဗီယက္နာမ္တို႕သိမ္းတယ္။ ျပင္သစ္အကူအညီနဲ႕ပါ။ အမ်ားစုက ခရစ္ယာန္ေတြ ျဖစ္ကုန္ၾကတယ္။ အင္ဒိုနီးရွားမွာေတာ့ အစၥလာမ္ဘာသာဝင္ေတြက ႏွစ္ေပါင္းေထာင္ခ်ီရွိတဲ့ ဗုဒၶဘာသာနဲ႕ဟိႏၵဴဘာသာတို႕ကို အၿပီးအပိုင္ ေအာင္ႏိုင္ခဲ့တယ္။ စစ္္ေရးအရ ႐ႈံးနိမ့္ျခင္းနဲ႕အတူ အရာရာမွာ ယိုးယြင္းခဲ့လို႕ ျဖစ္တယ္။ အမွန္မွာ အစၥလာမ္ေတြက (၁၃)ရာစုကတည္းက အင္ဒိုနီးရွားကို ေရာက္ခဲ့ပါတယ္။ နွစ္ေပါင္း (၄၅၀)ေနာက္ပိုင္းမွာ ဂ်ာဗားနဲ႕စုမၾတာမွာ အစၥလာမ္ေတြခ်ည္းပဲ ရွိပါေတာ့တယ္။ ဒီမွာလည္းပဲ ဗုဒၶဘာသာနဲ႕ဟိႏၵဴဘာသာတို႕ရဲ႕ ဘုရားေက်ာင္းကန္အေတာ္မ်ားမ်ားဟာ ဖ်က္ဆီးခံလုိက္ရပါတယ္။

အက်ဥ္း႐ုံးၿပီး ေျပာရရင္ ဒုတိယကမၻာစစ္ ျဖစ္တဲ့အခါမွာ ကိုရီယားကြၽန္းဆြယ္တစ္ခုလုံးမွာ ဗုဒၶဘာသာပဲ ရွိခဲ့တာပါ။ ဒါေပမဲ့ ဒုတိယကမၻာစစ္ ျဖစ္တဲ့အခါ ဂ်ပန္က ကိုရီးယားကို ရက္ရစက္စက္စက္ တုိက္ခဲ့ပါတယ္။ ကိုရီးယားမွာ ဂ်ပန္ကေန ရတဲ့ ဗုဒၶဘာသာ ရွိတယ္။ အိမ္ေထာင္ျပဳကေလးေမြးတဲ့ ဗုဒၶဘာသာပါ။ ဒီဗုဒၶဘာသာက အာဏာရွိတဲ့ အစိုးရကို ေထာက္ခံရမယ္ဆိုေတာ့ ဂ်ပန္ဘက္ ပါခဲ့တယ္။ ၁၉၅၀ ခုႏွစ္အထိ ကိုရီးယားျပည္ျဖစ္ ဂ်ဳိဂ်ီဂိုဏ္းအတြက္ အႀကီးအက်ယ္ ဒုကၡေရာက္ခဲ့တယ္။ ဂိုဏ္းကြဲေနလို႕ ကိုရီးယားျပည္သူတို႕က ဗုဒၶဘာသာရဟန္းေတာ္မ်ားကို မုန္းတီးစျပဳလာၾကတယ္။ ဒီအခြင့္အေရးကို ခရစ္ယာန္အဖြဲ႕အစည္းေတြက အမိအရ အသုံးခ်ခ့ဲၾကပါတယ္။ စေကာ္လားရွစ္ေပးျခင္း၊ သာသနာျပဳျခင္းမ်ားကို ေဆာင္ရြက္ခဲ့လို႕ အထူးေအာင္ျမင္ခဲ့ပါတယ္။ ၁၉၆၀ ျပည့္ႏွစ္မ်ားမွာ ပရိုတင့္စတန္ခရစ္ယာန္တို႕နည္းကို ယူၿပီး ဗုဒၶဘာသာဝင္တို႕က ႀကဳိးစားၾကရာ ေအာင္ျမင္မႈအခ်ဳိ႕ ရရွိပါတယ္။ ဒါေပမဲ့ ၁၉၇၀ ခုႏွစ္ျပည့္ႏွစ္မ်ားမွာ ဗုဒၶဘာသာဂိုဏ္းႏွစ္ခုက ကြဲျပန္ပါတယ္။ သမၼတပတ္ခ်ဳံဟီးက ေစ့စပ္ေပမဲ့ မရခဲ့ပါ။ ၁၉၈၀ ျပည့္ႏွစ္မ်ားမွာ မက္သိုဒစ္ခရစ္ယာန္ဘာသာဝင္ ျဖစ္တဲ့ သမၼတခြၽန္ဒူးဝွန္က ဗုဒၶဘာသာရဟန္းေတာ္မ်ားကို ကြန္ျမဴနစ္လို႕ စြတ္စြဲၿပီး ဖမ္းဆီးျခင္း၊ ဗုဒၶဘာသာေက်ာင္းကန္မ်ားကို ႏိုင္ငံပိုင္သိမ္းၿပီး ျပတုိက္အျဖစ္ အသုံးျပဳျခင္း၊ ဗုဒၶဘာသာပြဲေတာ္မ်ားကို ကန္႕သတ္ျခင္းမ်ား လုပ္ခဲ့လို႕ ဗုဒၶဘာသာက က်ဆင္းခဲ့ျပန္ပါတယ္။ ၁၉၉၀ ျပည့္ႏွစ္မ်ားမွာ အစိုးရက ဗုဒၶဘာသာဘုန္းေတာ္ႀကီးမ်ားဟာ အက်င့္မေကာင္းဘူးလို႕ စြတ္စြဲလုိက္ၿပီး ခရစ္ယာန္တို႕က ဒါကိုပဲ သုံးၿပီး သာသနာျပဳခဲ့ၾကရာ ဗုဒၶဘာသာနဲ႕အစိုးရတို႕ ထိပ္တုိက္ေတြ႕ခဲ့ၾကျပန္ပါတယ္။ အခုအခ်ိန္မွာ ပ႐ိုတင့္စတန္ခရစ္ယာန္ဘာသာဝင္ေတြက ဗုဒၶဘာသာကို တုိက္ခုိက္လြန္းလို႕ အစြန္းေရာက္တယ္လို႕ ယူဆခံရၿပီး ဗုဒၶဘာသာဝင္အျဖစ္ခံယူသူ မ်ားလာတယ္၊ အခ်ဳိ႕က ကက္သုိလစ္ဘာသာဝင္အျဖစ္ ခံယူလုိက္ၾကတယ္။ ဗုဒၶဘာသာရဟန္းေတာ္မ်ားဟာ သီရိလကာၤ စတဲ့ ႏိုင္ငံမ်ားကို ႂကြေရာက္ၿပီး ပညာသင္ၾကားၾကတယ္၊ ေထရဝါဒႏိုင္ငံက သံဃာေတာ္မ်ားကို ပင့္ဖိတ္တယ္၊ ဂ်ပန္တို႕ရဲ႕ ဇင္ဗုဒၶဘာသာကိုလည္း အသုံးခ်တယ္။ ဒါေၾကာင့္ ဗုဒၶဘာသာျပန္လည္ျပန္႕ပြားေရးအတြက္ ေသြးသစ္ေလာင္းလ်က္ ရွိပါတယ္။ အစြန္းေရာက္သလို ျဖစ္သြားတဲ့ မက္သဒစ္ေတြဟာ ဆုတ္ယုတ္မႈနဲ႕ ၾကဳံေတြ႕လာရပါတယ္။

အခု အိႏၵိယ၊ အင္ဒိုနဲ႕ ေတာင္ကိုရီယားတို႕အေၾကာင္းကို မိမိက နည္းနည္းေလးပဲ အက်ဥ္းခ်ဳံးၿပီး တင္ျပလုိက္ပါတယ္။ ျမန္မာႏိုင္ငံက မဘသဆရာေတာ္မ်ားဟာ အဆိုပါသမိုင္းျဖစ္ရပ္မ်ားကို သင္ခန္းစာယူတဲ့ေနရာမွာ (၁) အာဏာရွိတဲ့ အစိုးရကိုပဲ ေထာက္ခံရမယ္ဆိုတဲ့ မူဝါဒ၊ (၂) အစိုးရအဖြဲ႕ထဲမွာ ဘာသာျခားေတြ မပါဝင္ေစရဘူးဆိုတဲ့ မူဝါဒ၊ (၃) ဘာသာျခားေတြကို ႏွိပ္ကြပ္ၿပီး ဗုဒၶဘာသာကိုပဲ ဦ္းစားေပးေရးမူဝါဒကို က်င့္သုံးေၾကာင္း ေတြ႕ရမွာ ျဖစ္တယ္။ ဒါေၾကာင့္ သူတို႕ဟာ လက္ရွိအစိုးရကို ေထာက္ခံရင္ ဗုဒၶဘာသာကို အကာအကြယ္ေပးႏိုင္မယ္လို႕ ယူဆၾကပါတယ္။ (၁)တိုင္းရင္းသားေတြကို ဖိႏွိပ္ခဲ့လို႕ မြတ္စလင္ဘုရင္ကို စစ္႐ႈံးဖူးတဲ့ ဗုဒၶဘာသာဘုရင္ ဟဒိရကို သူတို႕ေမ့ေနတယ္။ (၂) ဟိႏၵဴနဲ႕ ဗုဒၶဘာသာတို႕က ဘတျပန္က်ားတျပန္ စစ္တုိက္ရင္း မြတ္စလင္ေတြ ေအာင္ပြဲခံသြားတဲ့ အင္ဒိုက အျဖစ္ကို သူတို႕မသိက်ဳိးကြၽံ ျပဳထားၾကတယ္။ (၃) အာဏာရွိတဲ့ ဖက္ဆစ္ဂ်ပန္အားကိုးမိလို႕၊ သံဃာ့ဂိုဏ္းေတြ ကြဲခဲ့လို႕ ျပည္သူေတြက စိတ္ပ်က္ၿပီး ခရစ္ယာန္ဘာသာကို ကူးေျပာင္းခဲ့ရပုံ၊ အဆိုပါခရစ္ယာန္ေတြက အစိုးရအဖြဲ႕မွာ ဗုဒၶဘာသာဝန္ႀကီးတစ္ဦးသာ ခန္႕ၿပီး က်န္သမွ်ကို ခရစ္ယာန္မ်ားသာ ခန္႕ထားပုံကို ေတာင္ကိုရီယားမွာ ေတြ႕ၾကဳံခဲ့ရၿပီျဖစ္သလို အဲဒီလိုအစြန္းေရာက္တိုင္းလည္း ႏွစ္ဘာသာစလုံး ဆုံး႐ႈံးမႈေတြ ရွိခဲ့ေၾကာင္းကိုလည္း သူတို႕မေတြးမိပါ။

လက္ရွိျမန္မာစစ္တပ္ဟာ ဖက္ဆစ္စစ္တပ္ ျဖစ္တယ္။ လက္ရွိအစိုးရဟာ လူ႕အခြင့္အေရးကို ခ်ဳိးေဖာက္ေနတဲ့ အစိုးရ ျဖစ္တယ္။ လက္ရွိစစ္တပ္နဲ႕ လက္ရွိအစိုးရကို ျပည္သူတို႕က မုန္းတီးၾကပါတယ္။ အထူးသျဖင့္ ဘာသာစုံကို ကိုးကြယ္ေနၾကတဲ့ တိုင္းရင္းသားလူမ်ဳိးမ်ားက အင္မတန္မွ မုန္းတီးေနၾကပါတယ္။ ဒီလိုအစိုးရမ်ဳိးကို မဘသတို႕က ေထာက္ခံျပျခင္းဟာ ဗုဒၶဘာသာကို နာမည္ဖ်က္ျခင္းပဲျဖစ္ၿပီး

(၁) ကမၻာ့စာနယ္ဇင္းမွာ အစိုးရကို ပုတ္ခတ္မဲ့အစား ဗုဒၶဘာသာက ဘာသာျခားမ်ားကို သတ္ျဖတ္ေနတယ္လို႕ ဝါဒျဖန္႕ခြင့္ေပးရာ ေရာက္ေနပါတယ္။ ျပည္ပမီဒီယာေတြကလည္း မဘသတို႕ရဲ႕ အလြန္အကြၽံ ေျပာဆိုျပဳမဳခ်က္မ်ားကို အသုံးခ်ၿပီး ဗုဒၶဘာသာကို ပုတ္ခတ္ေနၿပီျဖစ္တယ္။ ဥပမာ-ရခိုင္နဲ႕ ဘဂၤလီတို႕ ပဋိပကၡျဖစ္ရင္ ရခိုင္နဲ႕ ဘဂၤလီလို႕ မေရးဘဲ ဗုဒၶဘာသာနဲ႕ အစၥလာမ္ဘာသာတို႕ ေရးၾကသလိုမ်ဳိး ျဖစ္တယ္။ မဘသနဲ႕ ဘာသာျခားမ်ားအေၾကာင္းကို ေရးရင္လည္း မဘသနဲ႕ ဘယ္သူဘယ္ဝါလို႕ မေရးေတာ့ဘဲ ဗုဒၶဘာသာနဲ႕ ဘာသာျခားမ်ားလိ႕ု ေရးၾကပါတယ္။ မဘသကို အစိုးရက ခိုင္းေနတာကို သိရက္နဲ႕ အစိုးရလို႕ မသုံးဘဲ ဗုဒၶဘာသာလို႕ သုံးျပန္ပါတယ္။ ဒါဟာ သတိထားစရာ ျဖစ္တယ္။

(၂) အဖိႏွိပ္ခံျပည္သူမ်ားဟာ မဘသရဟန္းေတာ္မ်ားကို ေအာ့ေၾကာလန္ေနၿပီျဖစ္သလို တိုင္းရင္းသားလူမ်ဳိးးမ်ားကို ကူညီေပးေနတဲ့ ခရစ္ယာန္အဖြဲ႕အစည္းမ်ားကိုလည္း ကယ္တင္႐ွင္အျဖစ္ သေဘာထားခံရကာ ခရစ္ယာန္တို႕အေနနဲ႕ ေတာင္ကိုရီယားလိုႏိုင္ငံတစ္ခုကို ျမန္မာႏိုင္ငံမွာ ကံေကာင္းေထာက္မစြာ ရွာေဖြေတြ႕ရွိခဲ့ၿပီျဖစ္ပါတယ္။ ဒီစကားကို ေျပာျခင္းမွာ ခရစ္ယာန္ဘာသာကို မုန္းတီးလို႕ မဟုတ္ပါ၊ အျဖစ္မွန္ကို ေဖာ္ျပျခင္းပဲ ျဖစ္တယ္။ ဗုဒၶဘာသာဟာ လူနည္းစုေတြကို ႏွိပ္စက္ေနတဲ့ ဘာသာတရားတစ္ခု၊ ခရစ္ယာန္နဲ႕ အျခားဘာသာမ်ားဟာ အဖိႏွပ္ခံသူတို႕ရဲ႕ အားကိုးရာဘာသာတစ္ခု ျဖစ္ေၾကာင္း မဘသတို႕က ပုံေဖာ္ေပးခဲ့ၿပီျဖစ္ပါတယ္။

(၃) မင္းခန္႕စား မင္းဘုန္းႀကီးအခ်ဳိ႕ရဲ႕ မသင့္ေလ်ာ္တဲ့ ရပ္တည္ခ်က္ေၾကာင့္ ဗုဒၶဘာသာဘုရင္မ်ားဟာ ႏိုင္ငံေရးနဲ႕ စစ္ေရးအရ အားနည္းခဲ့လို႕ ျပည္ပက်ဴးေက်ာ္မႈမ်ား ခံခဲ့ရဖူးရာ အခုျမန္မာႏိုင္ငံမွာလည္း စစ္အာဏာရွင္စနစ္နဲ႕ ႏွစ္ေပါင္း(၅၀)ေက်ာ္ အုပ္ခ်ဳပ္ခဲ့လို႕ ႏိုင္ငံေရးအရ ဂုဏ္သိကၡာမရွိသလို၊ စစ္ေရးအရလည္း လုံးဝအင္အားမရွိပါ။ စီးပြားေရးအရ ခြၽတ္ျခဳံက်လြန္းလို႕ လူမႈေရးေဖာက္ျပန္မႈေတြလည္း ေန႕စဥ္နဲ႕အမွ် ၾကားသိေနရပါတယ္။ ဒီလိုအစိုးရမ်ဳိးဟာ အင္အားႀကီးႏိုင္ငံေတြကို အံတုဖို႕ မေျပာနဲ႕။ အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ကိုေတာင္ ခုခံႏိုင္မယ္မထင္ပါ။ ထိုင္းက လာတုိက္ရင္ ထိုင္းဘက္ပါမဲ့လူမ်ဳိးေတြ၊ တရုတ္လာတိုက္ရင္ တ႐ုတ္ဘက္ ပါမဲ့လူမ်ဳိးေတြ၊ အေမရိကန္လာတုိက္ရင္ေတာင္ အေမရိကန္ဘက္ပါမဲ့လူမ်ဳိးေတြ အမ်ားႀကီးပါပဲ။ ေဒၚလာ ဘီလီယံေပါင္း (၃၁)ဘီလီယံကို ခိုးစားထားတဲ့ ဒီစစ္အာဏာရွင္ေတြကို ကိုးကန္႕ေတြ ကိုင္တဲ့ လက္နက္ေလာက္ေတာင္ မေကာင္းဘူးလို႕ ဆိုပါတယ္။ ဒီလိုအစိုးရမ်ဳိးဟာ ဘယ္ႏိုင္ငံကပဲ လာတုိက္တုိက္ စစ္႐ႈံးဖို႕ပဲ ေသခ်ာေနေတာ့ ဒီအစိုးရသာ ပ်က္သြားရင္ ဗုဒၶဘာသာဝင္ေတြအားလုံး အပ်က္စီးခံလို႕ မျဖစ္ပါ။ အေမရိကန္သာ လာတုိက္ရင္ မဘသဘက္မွာ တ႐ုတ္နဲ႕ ေျမာက္ကိုရီယားတို႕ ရွိတယ္လို႕ ၾကဳံးဝါးတဲ့ မဘသဆရာေတာ္တစ္ပါးလည္း ရွိတယ္။ တ႐ုတ္နဲ႕ေျမာက္ကိုရီယားမွာ ဗုဒၶဘာသာဝင္ဦးေရ ဘယ္ေလာက္က်န္ေသးလဲ သူမသိရွာပါ။

မဘသတို႕ဟာ ဗုဒၶဝါဒကို အေျခမခံဘဲ မိမိရဲ႕ အတၲေနာမတိနဲ႕ က်င့္သုံးၾကရာ လြဲလြဲမွားမွားနဲ႕ မဟုတ္မတရား ေလွ်ာက္လုပ္ေနၾကပါတယ္။ မိမိတို႕ေထရဝါဒရဟန္းေတာ္မ်ားဟာ မဘသကို မေထာက္ခံေၾကာင္း သက္ေသျပႏိုင္မွသာ မဘသကို အသုံးခ်ၿပီး ဝါဒျဖန္႕ေနတဲ့ စစ္အစိုးရနဲ႕ ကမၻာ႕မီဒီယာမ်ားကို တားဆီးႏိုင္မွာျဖစ္တယ္။ ဒါေၾကာင့္ မိမိတို႕က ဗုဒၶဘာသာကို နည္းမွန္လမ္းမွန္နဲ႕ ထြန္းကားျပန္႕ပြားေစဖို႕ မဘသကို ဆန္႕က်င္ရျခင္းျဖစ္တယ္။ မဘသမွာ ပါဝင္ေတာ္မူၾကကုန္ေသာ ဆရာေတာ္မ်ားဘုရား ကန္ေတာ့ပါ။
...................
U Ravika
မဘသတို့ကို ဘာကြောင့် မိမိတို့ဆန့်ကျင်ရသလဲ
(ဆုံးအောင် ဖတ်စေချင်ပါတယ်)

ဦးဝီရသူက သားဆက်ခြားတဲ့ကိစ္စ ဒကာတွေနဲ့ ဆွေးနွေးပြီး ကွန်ဒုံးကို လက်ဆောင်ပေးတယ်ဆိုတဲ့ သတင်း တက်လာတယ်။ ဟုတ်မဟုတ်တော့ မသိပါ။ ဆေးပညာအရ ကိုယ်ဝန်တားဆေးတွေဟာ အန္တရာယ်များတာမို့ တကယ်လို့ သူက အဲ့လိုပညာပေးဟောပြောခဲ့ရင် အပြစ်မတင်ပါ။ ကွန်ဒုံးဝေတာတော့ မကောင်းပါ။ ကိုယ့်မှာလည်း ကွန်ဒုံးဆောင်ထားတယ်ဆိုရာရောက်တာမို့ အစွန်းမလွတ်ဘူးပေါ့။ ကောင်းပါပြီ။ ဒီမှာ ကွန်ဒုံးကိစ္စ ပြောဖို့မဟုတ်ဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ကိစ္စကို ပြောမှာ။ အမျိုး၊ ဘာသာ၊ သာသနာကိစ္စပြောလို့ မိမိတို့အားပေးတဲ့ NLD က မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ပြီး မဲဆွယ်ခဲ့တာနဲ့ မဘသတို့ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးက အကုန်ချွတ်ပြမတတ် မဲဆွယ်တဲ့အကြောင်းကိုလည်း ဒီမှာ ပြောမှာမဟုတ်ပါ။

ဒီမှာ မိမိပြောလိုတဲ့အကြောင်းတွေက မဘသတွေ အမြဲတမ်း စကားထဲ ထည့်ထည့်ပြောနေတဲ့ အိန္ဒိယ၊ အင်ဒို၊ တောင်ကိုရီယားတို့မှာ ဗုဒ္ဓဘာသာကွယ်ပျောက်လာပုံ၊ ကျဆင်းလာပုံတို့ကို ဆွေးနွေးပါ့မယ်။ သူတို့လုံးဝမဝေဖန်တဲ့ တရုတ်ပြည်က ဗုဒ္ဓဘာသာအကြောင်းကိုလည်း နည်းနည်းပါးပါး ရေးပါ့မယ်။ ဘယ်ကနေ စရမလဲဆိုရင် ပူပူနွေးနွေး ရမ္မဝတီဆရာတော်က ဗုဒ္ဓဘာသာတည်တံ့ဖို့အတွက် အာဏာရှိတဲ့အစိုးရကို ထောက်ခံရမယ်ဆိုတဲ့စကားကနေ စပါ့မယ်။ ဒီတော့ အိန္ဒိကနေ စပြောကြည့်ကြရအောင်ပါ။

အိန္ဒိယနဲ့ အာရှအလယ်ပိုင်းမှာ ဗုဒ္ဓဘာသာကွယ်ပျောက်ရပုံကို ပြောတဲ့အခါ မဘသတို့က ဟိန္ဒူဘုရင်တွေနဲ့ မွတ်စလင်ဘုရင်တို့ကိုပဲ ပြစ်တင်ဝေဖန်ပါတယ်။ ဗုဒ္ဓဘာသာတွေ ပထမဆုံးအတိုက်ခံရတာဟာ ဟိန္ဒူနဲ့မွတ်စလင်တို့ကြောင့် မဟုတ်ဘဲ Hindu Kush မြောက်ဘက်က ရွေ့ပြောင်းလူရိုင်းအုပ်စုများကြောင့် ဖြစ်တယ်။ သူတို့ဟာ အေဒီ(၆)ရာစုဝန်းကျင်မှာ အခုပါကစ္စတန်အထိ တိုက်ခိုက်သိမ်းယူပြီး ဗုဒ္ဓဘာသာဘုရားကျောင်းကန်များကို ဖျက်ဆီးခဲ့ပါတယ်။ အေဒီ (၈)ရာစုအစပိုင်း (၇၁၁)ခုနှစ်မှာ မိုဟာမက် ဘင် ကာဇင်က နှိပ်စက်မှုကို ခံနေခဲ့ရတဲ့ ဇာတ်နိမ့်တွေနဲ့ တိုင်းရင်းသားလူမျိုးများကို စည်းရုံးပြီး ဗုဒ္ဓဘာသာဘုရင် ရာဇဒဟိရကို အနိုင်ယူကာ ဗုဒ္ဓဘာသာကျောင်းများကို ဗလီများအဖြစ် အသုံးချခဲ့တယ်။ အေဒီ (၁၀)ရာစုမှာ ဂါဇနီက မိုဟာမက်ကြောင့် ဗုဒ္ဓဘာသာဝင်တွေက တိဗက်ကို ပြေးဝင်ခဲ့ရတယ်။ အေဒီ(၁၁၉၇)ခုနှစ်မှာ ဂေါရ်က မိုဟာမက်ဆိုသူက ဂူဂျရတ်ကို နိုင်တယ်။၊ အေဒီ(၁၂၀၀)မှာ မိုဟာမက် ဘင် ဘက္ခတီယာရ် ခီဂျီကြောင့် ဝိကြမသီလတက္ကသိုလ် ပျက်စီးခဲ့ရပြီး ဗုဒ္ဓဘာသာဝင်တွေက နီပေါပြည်ကို ပြေးခဲ့ရတယ်။ အေဒီ(၁၄)ရာစုမှာ မွန်ဂိုနွယ်တီမူးက အသက်ငင်နေတဲ့ ဗုဒ္ဓဘာသာကို ရစရာမရှိအောင် ဖျက်ဆီးခဲ့ပြန်တယ်။ ဒါက မွတ်စလင်တွေကြောင့် ဗုဒ္ဓဘာသာပျက်စီးရခြင်းအကြောင်းများ ဖြစ်ပါတယ်။

ဟိန္ဒူဘုရင်တွေရဲ့ ဖိနှိပ်မှုကြောင့်လည်း ဗုဒ္ဓဘာသာက ကျဆင်းခဲ့ရကြောင်း မငြင်းနိုင်ပါ။ ဟိန္ဒူဘုရင်များနဲ့ ဗုဒ္ဓဘာသာဘုရင်များဟာ အိန္ဒိယကို ဘတပြန်ကျားတပြန် အုပ်ချုပ်ခဲ့ကြပါတယ်။ အများသိတဲ့အတိုင်း မောရိယအင်ပါယာလက်ထက်မှာ ကိုးတိုင်းကိုးဌာနသာသနာပြုမှုကြောင့် လက်ရှိအရှေ့တောင်အာရှကနေ ဂရိနိုင်ငံအထိ ဗုဒ္ဓဘာသာပြန့်ပွားခဲ့ပါတယ်။ ဒါပေမဲ့ ဂုပ္တခေတ် အေဒီ(၄)ရာစုနဲ့ (၅)ရာစုမှာ ဟိန္ဒူတို့ရဲ့ ပူးသတ်မှုကြောင့် မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာကျဆင်းနေပါပြီ။ အေဒီ(၇)ရာစုမှာ ဟာရှဘုရင်တွေရဲ့ ကျဆုံးခန်းနဲ့အတူ ဗုဒ္ဓဘာသာကလည်း အထိနာခဲ့ပါတယ်။ အေဒီ (၈)ရာစုက စပြီး ၁၂)ရာစုအထိ ပါလတိုင်းမှာ ဗုဒ္ဓဘာသာထွန်းကားခဲ့ပါတယ်။ အေဒီ(၁၁)ရာစုမှာ သထုံရောက်လာတဲ့ ဗျတ်ဝိဗျတ်တတို့ဟာ ဒီပါလတိုင်းက ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါတယ်။ ဒီပါလတိုင်းကလည်း ဟိန္ဒူဘုရင်တွေနဲ့ မွတ်စလင်ဘုရင်တို့ကြောင့် ပျက်စီးခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာ ဘက္ကတိဟိန္ဒူလှုပ်ရှားမှုကြောင့် ကွယ်ပျောက်သွားရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပညာရှင်တွေရဲ့ သုံးသပ်မှုအရ အဒိရှံကရ၊ မဒ္ဓျချာရယနဲ့ ရာမနုဇဆိုတဲ့ ဟိန္ဒူအဘိဓမ္မာဆရာတို့ရဲ့ ထိုးနှက်မှုကြောင့်သာ ဗုဒ္ဓဘာသာကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြပါတယ်။ ဒီထဲမှာ ရှံကရဆိုတာ အင်မတန်တော်တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး ဖြစ်ခဲ့ပြီး မနာလိုတဲ့ ဘုန်းကြီးတွေက ချောက်တွန်းမှုကြောင့် ဟိန္ဒူတို့ဘက် ရောက်သွားပြီး ပြန်တိုက်ခဲ့ကြောင်း သိကြမှာပါ။

ဗုဒ္ဓဘာသာအတွက် ဒုတိယအလှည့်အပြောင်းတစ်ခုမှာ (၁၅)ရာစု ဖြစ်တယ်။ ဒါဟာ ရာမညတိုင်း ဟံသာဝတီပြည် ဓမ္မစေတီမင်းလက်ထက်ပါ။ Champa နိုင်ငံကို ဗီယက်နာမ်တို့သိမ်းတယ်။ ပြင်သစ်အကူအညီနဲ့ပါ။ အများစုက ခရစ်ယာန်တွေ ဖြစ်ကုန်ကြတယ်။ အင်ဒိုနီးရှားမှာတော့ အစ္စလာမ်ဘာသာဝင်တွေက နှစ်ပေါင်းထောင်ချီရှိတဲ့ ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတို့ကို အပြီးအပိုင် အောင်နိုင်ခဲ့တယ်။ စစ််ရေးအရ ရှုံးနိမ့်ခြင်းနဲ့အတူ အရာရာမှာ ယိုးယွင်းခဲ့လို့ ဖြစ်တယ်။ အမှန်မှာ အစ္စလာမ်တွေက (၁၃)ရာစုကတည်းက အင်ဒိုနီးရှားကို ရောက်ခဲ့ပါတယ်။ နှစ်ပေါင်း (၄၅၀)နောက်ပိုင်းမှာ ဂျာဗားနဲ့စုမတြာမှာ အစ္စလာမ်တွေချည်းပဲ ရှိပါတော့တယ်။ ဒီမှာလည်းပဲ ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတို့ရဲ့ ဘုရားကျောင်းကန်အတော်များများဟာ ဖျက်ဆီးခံလိုက်ရပါတယ်။

အကျဉ်းရုံးပြီး ပြောရရင် ဒုတိယကမ္ဘာစစ် ဖြစ်တဲ့အခါမှာ ကိုရီယားကျွန်းဆွယ်တစ်ခုလုံးမှာ ဗုဒ္ဓဘာသာပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ် ဖြစ်တဲ့အခါ ဂျပန်က ကိုရီးယားကို ရက်ရစက်စက်စက် တိုက်ခဲ့ပါတယ်။ ကိုရီးယားမှာ ဂျပန်ကနေ ရတဲ့ ဗုဒ္ဓဘာသာ ရှိတယ်။ အိမ်ထောင်ပြုကလေးမွေးတဲ့ ဗုဒ္ဓဘာသာပါ။ ဒီဗုဒ္ဓဘာသာက အာဏာရှိတဲ့ အစိုးရကို ထောက်ခံရမယ်ဆိုတော့ ဂျပန်ဘက် ပါခဲ့တယ်။ ၁၉၅၀ ခုနှစ်အထိ ကိုရီးယားပြည်ဖြစ် ဂျိုဂျီဂိုဏ်းအတွက် အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်။ ဂိုဏ်းကွဲနေလို့ ကိုရီးယားပြည်သူတို့က ဗုဒ္ဓဘာသာရဟန်းတော်များကို မုန်းတီးစပြုလာကြတယ်။ ဒီအခွင့်အရေးကို ခရစ်ယာန်အဖွဲ့အစည်းတွေက အမိအရ အသုံးချခဲ့ကြပါတယ်။ စကော်လားရှစ်ပေးခြင်း၊ သာသနာပြုခြင်းများကို ဆောင်ရွက်ခဲ့လို့ အထူးအောင်မြင်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်များမှာ ပရိုတင့်စတန်ခရစ်ယာန်တို့နည်းကို ယူပြီး ဗုဒ္ဓဘာသာဝင်တို့က ကြိုးစားကြရာ အောင်မြင်မှုအချို့ ရရှိပါတယ်။ ဒါပေမဲ့ ၁၉၇၀ ခုနှစ်ပြည့်နှစ်များမှာ ဗုဒ္ဓဘာသာဂိုဏ်းနှစ်ခုက ကွဲပြန်ပါတယ်။ သမ္မတပတ်ချုံဟီးက စေ့စပ်ပေမဲ့ မရခဲ့ပါ။ ၁၉၈၀ ပြည့်နှစ်များမှာ မက်သိုဒစ်ခရစ်ယာန်ဘာသာဝင် ဖြစ်တဲ့ သမ္မတချွန်ဒူးဝှန်က ဗုဒ္ဓဘာသာရဟန်းတော်များကို ကွန်မြူနစ်လို့ စွတ်စွဲပြီး ဖမ်းဆီးခြင်း၊ ဗုဒ္ဓဘာသာကျောင်းကန်များကို နိုင်ငံပိုင်သိမ်းပြီး ပြတိုက်အဖြစ် အသုံးပြုခြင်း၊ ဗုဒ္ဓဘာသာပွဲတော်များကို ကန့်သတ်ခြင်းများ လုပ်ခဲ့လို့ ဗုဒ္ဓဘာသာက ကျဆင်းခဲ့ပြန်ပါတယ်။ ၁၉၉၀ ပြည့်နှစ်များမှာ အစိုးရက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဟာ အကျင့်မကောင်းဘူးလို့ စွတ်စွဲလိုက်ပြီး ခရစ်ယာန်တို့က ဒါကိုပဲ သုံးပြီး သာသနာပြုခဲ့ကြရာ ဗုဒ္ဓဘာသာနဲ့အစိုးရတို့ ထိပ်တိုက်တွေ့ခဲ့ကြပြန်ပါတယ်။ အခုအချိန်မှာ ပရိုတင့်စတန်ခရစ်ယာန်ဘာသာဝင်တွေက ဗုဒ္ဓဘာသာကို တိုက်ခိုက်လွန်းလို့ အစွန်းရောက်တယ်လို့ ယူဆခံရပြီး ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသူ များလာတယ်၊ အချို့က ကက်သိုလစ်ဘာသာဝင်အဖြစ် ခံယူလိုက်ကြတယ်။ ဗုဒ္ဓဘာသာရဟန်းတော်များဟာ သီရိလကာင်္ စတဲ့ နိုင်ငံများကို ကြွရောက်ပြီး ပညာသင်ကြားကြတယ်၊ ထေရဝါဒနိုင်ငံက သံဃာတော်များကို ပင့်ဖိတ်တယ်၊ ဂျပန်တို့ရဲ့ ဇင်ဗုဒ္ဓဘာသာကိုလည်း အသုံးချတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာပြန်လည်ပြန့်ပွားရေးအတွက် သွေးသစ်လောင်းလျက် ရှိပါတယ်။ အစွန်းရောက်သလို ဖြစ်သွားတဲ့ မက်သဒစ်တွေဟာ ဆုတ်ယုတ်မှုနဲ့ ကြုံတွေ့လာရပါတယ်။

အခု အိန္ဒိယ၊ အင်ဒိုနဲ့ တောင်ကိုရီယားတို့အကြောင်းကို မိမိက နည်းနည်းလေးပဲ အကျဉ်းချုံးပြီး တင်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံက မဘသဆရာတော်များဟာ အဆိုပါသမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူတဲ့နေရာမှာ (၁) အာဏာရှိတဲ့ အစိုးရကိုပဲ ထောက်ခံရမယ်ဆိုတဲ့ မူဝါဒ၊ (၂) အစိုးရအဖွဲ့ထဲမှာ ဘာသာခြားတွေ မပါဝင်စေရဘူးဆိုတဲ့ မူဝါဒ၊ (၃) ဘာသာခြားတွေကို နှိပ်ကွပ်ပြီး ဗုဒ္ဓဘာသာကိုပဲ ဦ်းစားပေးရေးမူဝါဒကို ကျင့်သုံးကြောင်း တွေ့ရမှာ ဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ လက်ရှိအစိုးရကို ထောက်ခံရင် ဗုဒ္ဓဘာသာကို အကာအကွယ်ပေးနိုင်မယ်လို့ ယူဆကြပါတယ်။ (၁)တိုင်းရင်းသားတွေကို ဖိနှိပ်ခဲ့လို့ မွတ်စလင်ဘုရင်ကို စစ်ရှုံးဖူးတဲ့ ဗုဒ္ဓဘာသာဘုရင် ဟဒိရကို သူတို့မေ့နေတယ်။ (၂) ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာတို့က ဘတပြန်ကျားတပြန် စစ်တိုက်ရင်း မွတ်စလင်တွေ အောင်ပွဲခံသွားတဲ့ အင်ဒိုက အဖြစ်ကို သူတို့မသိကျိုးကျွံ ပြုထားကြတယ်။ (၃) အာဏာရှိတဲ့ ဖက်ဆစ်ဂျပန်အားကိုးမိလို့၊ သံဃာ့ဂိုဏ်းတွေ ကွဲခဲ့လို့ ပြည်သူတွေက စိတ်ပျက်ပြီး ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့ရပုံ၊ အဆိုပါခရစ်ယာန်တွေက အစိုးရအဖွဲ့မှာ ဗုဒ္ဓဘာသာဝန်ကြီးတစ်ဦးသာ ခန့်ပြီး ကျန်သမျှကို ခရစ်ယာန်များသာ ခန့်ထားပုံကို တောင်ကိုရီယားမှာ တွေ့ကြုံခဲ့ရပြီဖြစ်သလို အဲဒီလိုအစွန်းရောက်တိုင်းလည်း နှစ်ဘာသာစလုံး ဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်းကိုလည်း သူတို့မတွေးမိပါ။

လက်ရှိမြန်မာစစ်တပ်ဟာ ဖက်ဆစ်စစ်တပ် ဖြစ်တယ်။ လက်ရှိအစိုးရဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ အစိုးရ ဖြစ်တယ်။ လက်ရှိစစ်တပ်နဲ့ လက်ရှိအစိုးရကို ပြည်သူတို့က မုန်းတီးကြပါတယ်။ အထူးသဖြင့် ဘာသာစုံကို ကိုးကွယ်နေကြတဲ့ တိုင်းရင်းသားလူမျိုးများက အင်မတန်မှ မုန်းတီးနေကြပါတယ်။ ဒီလိုအစိုးရမျိုးကို မဘသတို့က ထောက်ခံပြခြင်းဟာ ဗုဒ္ဓဘာသာကို နာမည်ဖျက်ခြင်းပဲဖြစ်ပြီး

(၁) ကမ္ဘာ့စာနယ်ဇင်းမှာ အစိုးရကို ပုတ်ခတ်မဲ့အစား ဗုဒ္ဓဘာသာက ဘာသာခြားများကို သတ်ဖြတ်နေတယ်လို့ ဝါဒဖြန့်ခွင့်ပေးရာ ရောက်နေပါတယ်။ ပြည်ပမီဒီယာတွေကလည်း မဘသတို့ရဲ့ အလွန်အကျွံ ပြောဆိုပြုမုချက်များကို အသုံးချပြီး ဗုဒ္ဓဘာသာကို ပုတ်ခတ်နေပြီဖြစ်တယ်။ ဥပမာ-ရခိုင်နဲ့ ဘင်္ဂလီတို့ ပဋိပက္ခဖြစ်ရင် ရခိုင်နဲ့ ဘင်္ဂလီလို့ မရေးဘဲ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာတို့ ရေးကြသလိုမျိုး ဖြစ်တယ်။ မဘသနဲ့ ဘာသာခြားများအကြောင်းကို ရေးရင်လည်း မဘသနဲ့ ဘယ်သူဘယ်ဝါလို့ မရေးတော့ဘဲ ဗုဒ္ဓဘာသာနဲ့ ဘာသာခြားများလို့ ရေးကြပါတယ်။ မဘသကို အစိုးရက ခိုင်းနေတာကို သိရက်နဲ့ အစိုးရလို့ မသုံးဘဲ ဗုဒ္ဓဘာသာလို့ သုံးပြန်ပါတယ်။ ဒါဟာ သတိထားစရာ ဖြစ်တယ်။

(၂) အဖိနှိပ်ခံပြည်သူများဟာ မဘသရဟန်းတော်များကို အော့ကြောလန်နေပြီဖြစ်သလို တိုင်းရင်းသားလူမျိုးးများကို ကူညီပေးနေတဲ့ ခရစ်ယာန်အဖွဲ့အစည်းများကိုလည်း ကယ်တင်ရှင်အဖြစ် သဘောထားခံရကာ ခရစ်ယာန်တို့အနေနဲ့ တောင်ကိုရီယားလိုနိုင်ငံတစ်ခုကို မြန်မာနိုင်ငံမှာ ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီစကားကို ပြောခြင်းမှာ ခရစ်ယာန်ဘာသာကို မုန်းတီးလို့ မဟုတ်ပါ၊ အဖြစ်မှန်ကို ဖော်ပြခြင်းပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာဟာ လူနည်းစုတွေကို နှိပ်စက်နေတဲ့ ဘာသာတရားတစ်ခု၊ ခရစ်ယာန်နဲ့ အခြားဘာသာများဟာ အဖိနှပ်ခံသူတို့ရဲ့ အားကိုးရာဘာသာတစ်ခု ဖြစ်ကြောင်း မဘသတို့က ပုံဖော်ပေးခဲ့ပြီဖြစ်ပါတယ်။

(၃) မင်းခန့်စား မင်းဘုန်းကြီးအချို့ရဲ့ မသင့်လျော်တဲ့ ရပ်တည်ချက်ကြောင့် ဗုဒ္ဓဘာသာဘုရင်များဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ အားနည်းခဲ့လို့ ပြည်ပကျူးကျော်မှုများ ခံခဲ့ရဖူးရာ အခုမြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်စနစ်နဲ့ နှစ်ပေါင်း(၅၀)ကျော် အုပ်ချုပ်ခဲ့လို့ နိုင်ငံရေးအရ ဂုဏ်သိက္ခာမရှိသလို၊ စစ်ရေးအရလည်း လုံးဝအင်အားမရှိပါ။ စီးပွားရေးအရ ချွတ်ခြုံကျလွန်းလို့ လူမှုရေးဖောက်ပြန်မှုတွေလည်း နေ့စဉ်နဲ့အမျှ ကြားသိနေရပါတယ်။ ဒီလိုအစိုးရမျိုးဟာ အင်အားကြီးနိုင်ငံတွေကို အံတုဖို့ မပြောနဲ့။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကိုတောင် ခုခံနိုင်မယ်မထင်ပါ။ ထိုင်းက လာတိုက်ရင် ထိုင်းဘက်ပါမဲ့လူမျိုးတွေ၊ တရုတ်လာတိုက်ရင် တရုတ်ဘက် ပါမဲ့လူမျိုးတွေ၊ အမေရိကန်လာတိုက်ရင်တောင် အမေရိကန်ဘက်ပါမဲ့လူမျိုးတွေ အများကြီးပါပဲ။ ဒေါ်လာ ဘီလီယံပေါင်း (၃၁)ဘီလီယံကို ခိုးစားထားတဲ့ ဒီစစ်အာဏာရှင်တွေကို ကိုးကန့်တွေ ကိုင်တဲ့ လက်နက်လောက်တောင် မကောင်းဘူးလို့ ဆိုပါတယ်။ ဒီလိုအစိုးရမျိုးဟာ ဘယ်နိုင်ငံကပဲ လာတိုက်တိုက် စစ်ရှုံးဖို့ပဲ သေချာနေတော့ ဒီအစိုးရသာ ပျက်သွားရင် ဗုဒ္ဓဘာသာဝင်တွေအားလုံး အပျက်စီးခံလို့ မဖြစ်ပါ။ အမေရိကန်သာ လာတိုက်ရင် မဘသဘက်မှာ တရုတ်နဲ့ မြောက်ကိုရီယားတို့ ရှိတယ်လို့ ကြုံးဝါးတဲ့ မဘသဆရာတော်တစ်ပါးလည်း ရှိတယ်။ တရုတ်နဲ့မြောက်ကိုရီယားမှာ ဗုဒ္ဓဘာသာဝင်ဦးရေ ဘယ်လောက်ကျန်သေးလဲ သူမသိရှာပါ။

မဘသတို့ဟာ ဗုဒ္ဓဝါဒကို အခြေမခံဘဲ မိမိရဲ့ အတ္တနောမတိနဲ့ ကျင့်သုံးကြရာ လွဲလွဲမှားမှားနဲ့ မဟုတ်မတရား လျှောက်လုပ်နေကြပါတယ်။ မိမိတို့ထေရဝါဒရဟန်းတော်များဟာ မဘသကို မထောက်ခံကြောင်း သက်သေပြနိုင်မှသာ မဘသကို အသုံးချပြီး ဝါဒဖြန့်နေတဲ့ စစ်အစိုးရနဲ့ ကမ္ဘာ့မီဒီယာများကို တားဆီးနိုင်မှာဖြစ်တယ်။ ဒါကြောင့် မိမိတို့က ဗုဒ္ဓဘာသာကို နည်းမှန်လမ်းမှန်နဲ့ ထွန်းကားပြန့်ပွားစေဖို့ မဘသကို ဆန့်ကျင်ရခြင်းဖြစ်တယ်။ မဘသမှာ ပါဝင်တော်မူကြကုန်သော ဆရာတော်များဘုရား ကန်တော့ပါ။

No comments:

Post a Comment