Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 23, 2015

ပါတီဝင်သဘောထားခံယူပြီးမှ ကရင်ပါတီကြီးငါးခု တစ်ပါတီတည်းအဖြစ် ပေါင်းစည်း ရေး စီစဉ်မည်

ကရင်တိုင်းရင်းသားပါတီများ ပေါင်းစည်းရေးအတွက် ပါတီဝင် သဘောထားခံယူပြီးမှ
ကရင်ပါတီကြီးတစ်ခုအဖြစ် ပေါင်းစည်းရေး ကိစ္စများ ဆက်လက် စဉ်းစားသွားရန်
ရှိကြောင်း ကရင်တိုင်းရင်းသားပါတီများ ထံမှ သိရသည်။
ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသော ကရင်နိုင်ငံရေးပါတီ အားလုံး စုပေါင်းပြီး တစ်ခု
တည်းသော ကရင်ပါတီအဖြစ် ထူထောင်ရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး
လက်တွေ့ လုပ်ဆောင်ရန် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ သဘောထားများကို
ခံယူပြီးမှသာ ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကရင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စောရဲဝင်းနိုင်က " ကရင်ပြည်သူတွေရဲ့ ဆန္ဒအရ
ကရင်နိုင်ငံရေး တစ်ပါတီပဲ ရှိစေချင်တယ်။ အရင်က ကျွန်တော်တို့ မဖော်ဆောင်
နိုင်ခဲ့ဘူး။ ကရင်ပြည်သူ့ဆန္ဒအရ၊ တစ်ပါတီချင်းအလိုက် ဆန္ဒအရပါ ပြန်လည်
ပေါင်းစည်းဖို့ စီစဉ်တာဖြစ်တယ်" ဟု ပြောသည်။
ကရင်ပါတီများ ပေါင်းစည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ပါတီဝင်များ၏ ဆန္ဒသဘော
ထားများ ရယူမည်ဖြစ်ပြီး ယင်းသဘောထားများကို ဆွေးနွေးမည် ဖြစ်ကြောင်း၊
အားလုံး သဘောတူမည့် ပါတီမူဝါဒ၊ ပါတီ အမှတ်တံဆိပ်တို့ကို စုပေါင်းရေးဆွဲမည်
ဖြစ်ပြီး နောက်ဆုံးအဆင့်တွင် လက်ရှိပါတီများ ကို ဖျက်သိမ်း၍ တစ်ခုတည်းသော
ကရင်နိုင်ငံရေး ပါတီကို တည်ထောင်သွားရန် ရှိကြောင်း ကရင်တိုင်းရင်းသား
ပါတီခေါင်းဆောင် အချို့က ဆိုသည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက" သဘောတူတယ်လို့
မဟုတ်ဘူး။ နှစ်တော့ နှစ်သက်ကျတာပေါ့။ ဒါပေမဲ့ ကိုယ့်ပါတီက ခေါင်းဆောင်တွေ
ကိုယ့်ပါတီဝင်တွေကို ပြန်လည်ချပြပြီးတော့ သဘောထား ဘယ်လိုရှိလဲ လေ့လာ
သုံးသပ်ပြီးတော့မှ ဆုံးဖြတ်ချက်တွေကို နောက်တစ်ခါ အစည်းအဝေးကျရင်
ပြန်တင်ပြကြရမယ့် အစီအစဉ်ရှိတယ်။ နေရာကတော့ ဘယ်မှာလုပ်မယ် မသိ သေး
ဘူး" ဟု ပြောသည်။
ယင်းက ဆက်လက်ပြီး ကရင်ပါတီများ ပေါင်းစည်းရေးအတွက် ဖလုံ-စဝေါ်
ဒီမိုကရက်တစ်ပါတီ အနေဖြင့် မူအရ သဘောတူ နှစ်သက်သော်လည်း ပါတီ
ဗဟိုကော်မတီဝင်များနှင့် ပါတီဝင်များအား ပြန်လည်ချပြ ဆွေးနွေးမည်ဖြစ်ကြောင်း
ဆိုသည်။
ကရင်ပါတီကြီး တစ်ခုအဖြစ် ပေါင်းစည်းရေး ဆွေးနွေးထားသည့် ကရင်ပါတီကြီး
ငါးခုမှာ ကရင်အမျိုးသားပါတီ (KNP)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ကရင်ဒီမိုကရက်
တစ်ပါတီ (KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)
နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) တို့ဖြစ်ကြောင်း သိရသည်။ ယင်းတို့
အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ လာမည့် ဇန်န၀ါရီလ တတိယအပတ်တွင်
ထပ်မံဆွေးနွေးသွားရန် ရှိကြောင်း ပြောပြချက်များအရ သိရသည်။
သတင်း - စိုင်းဟန်
The Ladies News Journal
..................
ပါတီဝင်ေသဘာထားခံယူပြီးမွ ကရင္ပါတီကြီးငါးခု တစ္ပါတီတည်းအျဖစ် ပေါင်းစည်း
ရေး စီစဥ္မည်
-------- --------- ---------
ကရင္တိုင်းရင်းသားပါတီမ်ား ပေါင်းစည်းရေးအတြက် ပါတီဝင် သေဘာထားခံယူပြီးမွ
ကရင္ပါတီကြီးတစ္ခုအျဖစ် ပေါင်းစည်းရေး ကိစ္စမ်ား ဆက္လက် စဉ်းစားသြားရန်
ရွိကြောင်း ကရင္တိုင်းရင်းသားပါတီမ်ား ထံမွ သိရသည်။
ရြေးကောက္ပြဲတြင် ရှုံးနိမ့်ခဲ့ရေသာ ကရင်နိုင်ငံရေးပါတီ အားလုံး စုပေါင်းပြီး တစ္ခု
တည်းသော ကရင္ပါတီအျဖစ် ထူထောင်ရန် မူအာျးဖင့် သေဘာတူညီမှု ရရွိခဲ့ပြီး
လက်တြေ့ လုပ်ဆောင်ရန် ပါတီခေါင်းဆောင္မ်ား၊ ပါတီဝင္မ်ား သေဘာထားမ်ားကို
ခံယူပြီးမွသာ ဆက္လက် လုပ်ဆောင်နိုင္မည်ျဖစ်ကြောင်း သိရသည်။
ကရင္ဒီမိုကရက္တစ္ပါတီ ဥက္ကဋ္ဌ စောရဲဝင်းနိုင္က " ကရင်ျပည်သူတြေရဲ့ ဆန္ဒအရ
ကရင်နိုင်ငံရေး တစ္ပါတီပဲ ရွိစေခ်င္တယ်။ အရင္က က်ြန်တ္တောို့ မေဖ်ာဆောင်
နိုင္ခဲ့ဘူး။ ကရင်ျပည်သူ့ဆန္ဒအရ၊ တစ္ပါတီခ်င်းအလိုက် ဆန္ဒအရပျါပန္လည်
ပေါင်းစည်းဖို့ စီစဥ္တျာဖစ္တယ်" ဟုျေပာသည်။
ကရင္ပါတီမ်ား ပေါင်းစည်းနိုင်ရေးအတြက် သက္ဆိုင်ရာ ပါတီဝင္မ်ား၏ ဆန္ဒသေဘာ
ထားမ်ား ရယူမည်ျဖစ်ပြီး ယင်းသေဘာထားမ်ားကို ဆြေးနြေးမည်ျဖစ်ကြောင်း၊
အားလုံး သေဘာတူမည့် ပါတီမူဝါဒ၊ ပါတီ အမွတ္တံဆိပ္တို့ကို စုပေါင်းရေးဆြဲမည်
ျဖစ်ပြီး နောက္ဆုံးအဆင့်တြင် လက်ရွိပါတီမ်ား ကို ဖ်က်သိမ်း၍ တစ္ခုတည်းသော
ကရင်နိုင်ငံရေး ပါတီကို တည်ထောင်ြသားရန် ရွိကြောင်း ကရင္တိုင်းရင်းသား
ပါတီခေါင်းဆောင် အခို့က ဆိုသည်။
ဖလုံ-စေ၀ါ် ဒီမိုကရက္တစ္ပါတီ ဒု-ဥက္ကဋ္ဌ မန်းအောင်ျပည္စိုးက" သေဘာတူတယ္လို့
မဟုတ္ဘူး။ နွစ်တော့ နွစ်သက္က်တာပေါ့။ ဒါပေမဲ့ ကိုယ့်ပါတီက ခေါင်းဆောင်တြေ
ကိုယ့္ပါတီဝင်တြေကျိုပန္လည္ခ်ျပပြီးတော့ သေဘာထား ဘယ္လိုရွိလဲ လေ့လာ
သုံးသပ်ပြီးတော့မွ ဆုံျးဖတ္ခ်က်တြေကို နောက္တစ္ခါ အစည်းအေ၀းက်ရင်
ျပန္တင်ျပကြရမယ့် အစီအစဉ်ရွိတယ်။ နေရာကေတာ့ ဘယ္မွာလုပ္မယ် မသိ သေး
ဘူး" ဟုျေပာသည်။
ယင်းက ဆက္လက်ပြီး ကရင္ပါတီမ်ား ပေါင်းစည်းရေးအတြက် ဖလုံ-စေ၀ါ်
ဒီမိုကရက္တစ္ပါတီ အေနျဖင့် မူအရ သေဘာတူ နွစ်သက်သ္လောည်း ပါတီ
ဗဟိုက္မောတီဝင္မ်ားနွင့် ပါတီဝင္မ်ားအာျးပန္လည္ခ်ျပ ဆြေးနြေးမည်ျဖစ်ကြောင်း
ဆိုသည်။
ကရင္ပါတီကြီး တစ္ခုအျဖစ် ပေါင်းစည်းရေး ဆြေးနြေးထားသည့် ကရင္ပါတီကြီး
ငါးခုမွာ ကရင်အမိုးသားပါတီ (KNP)၊ ကရင်ျပည်သူ့ပါတီ (KPP)၊ ကရင္ဒီမိုကရက်
တစ္ပါတီ (KDP)၊ ကရင်ျပည္နယ် ဒီမိုကေရစီနွင့် ဖြံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)
နွင့် ဖလုံ-စေ၀ါ် ဒီမိုကရက္တစ္ပါတီ (PSDP) တိျု့ဖစ်ကြောင်း သိရသည်။ ယင်းတို့
အေနျဖင့် ယင်းကိစ္စနွင့် ပတ်သက်၍ လာမည့် ဇန္န၀ါရီလ တတိယအပတ္တြင်
ထပ္မံဆြေးနြေးသြားရန် ရွိကြောင်းျေပျာပခ်က္မ်ားအရ သိရသည်။
သတင်း - စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment