Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

ဓာတ္ပံုဆရာရဲ႕ ကင္မရာသံုးေခ်ာင္းေထာက္ကို စက္ေသနတ္နဲ႔မွားလို႔ ရဲေတြအလုပ္ရႈပ္



လူတစ္ေယာက္ဟာ သတင္းဓာတ္ပံုသမားရဲ႕ ကင္မရာ သံုးေခ်ာင္းေထာက္ကို ေသနတ္နဲ႔မွားၿပီး Pennsylvania ဗဟိုရဲတပ္ဖြဲ႔ရံုးကို ဖုန္းေခၚဆိုခဲ႔ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ႏိုဝင္ဘာလ ၁၈ရက္ေန႔ နံနက္ ၁၁နာရီအခ်ိန္ Lancaster ၿမိဳ႕မွာရွိတဲ႔ အေဆာက္အဦးတစ္ခုမွာ  ျဖစ္ပြားခဲ႔တာ ျဖစ္တယ္လို႔ သတင္းရရွိပါတယ္။ အေဆာက္အဦးထဲကိုေတာ႔ျဖင္႔ စက္ေသနတ္ႀကီးသယ္လာတယ္ဆိုၿပီး ရဲစခန္းကိုဖုန္းေခၚတဲ႔သူက ထင္သြားခဲ႔တာပါ။

အဲ႔ဒီ႔ေနာက္ေတာ႔ ရဲတပ္ဖြဲ႔ဟာေရာက္လာခဲ႔ၿပီး အေဆာက္အဦးတစ္ခုလံုးကို တစ္ထပ္ခ်င္း ပိုက္စိပ္တိုက္ရွာပါေတာ႔တယ္။ ရဲေတြေနာက္ဆံုး ရွာေဖြေတြ႔ရွိခဲ႔တာကေတာ႔ သတင္းဓာတ္ပံုဆရာမ တစ္ဦးနဲ႔ သူ႔ရဲ႕ ကင္မရာသံုးေခ်ာင္းေထာက္ပါပဲ။

ရဲစခန္းကို ဖုန္းဆက္တဲ႔သူဟာ မွန္ကန္တဲ႔လုပ္ရပ္ကိုလုပ္ခဲ႔တာျဖစ္ေၾကာင္း၊ ဒီလိုေခၚဆိုမႈမ်ိဳးကို အေရးတယူေဆာင္ရြက္မွာျဖစ္ေၾကာင္းနဲ႔ တစ္ေယာက္ေယာက္မွာ တကယ္႔တကယ္ေသနတ္ရွိေနၿပီး ဘယ္သူမွဖုန္းမဆက္တာမ်ိဳးထက္ေတာ႔ ပိုေကာင္းေၾကာင္း Lancaster ရဲတပ္ဖြဲ႕မွ အရာခံဗိုလ္ Todd Umstead ကေျပာၾကားခဲ႔ပါတယ္။

( Skyler )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)

#knowledge.thithtoolwin.com

Ref: AP

....................................


ဓာတ်ပုံဆရာရဲ့ ကင်မရာသုံးချောင်းထောက်ကို စက်သေနတ်နဲ့မှားလို့ ရဲတွေအလုပ်ရှုပ်

လူတစ်ယောက်ဟာ သတင်းဓာတ်ပုံသမားရဲ့ ကင်မရာ သုံးချောင်းထောက်ကို သေနတ်နဲ့မှားပြီး Pennsylvania ဗဟိုရဲတပ်ဖွဲ့ရုံးကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာလ ၁၈ရက်နေ့ နံနက် ၁၁နာရီအချိန် Lancaster မြို့မှာရှိတဲ့ အဆောက်အဦးတစ်ခုမှာ  ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အဆောက်အဦးထဲကိုတော့ဖြင့် စက်သေနတ်ကြီးသယ်လာတယ်ဆိုပြီး ရဲစခန်းကိုဖုန်းခေါ်တဲ့သူက ထင်သွားခဲ့တာပါ။

အဲ့ဒီ့နောက်တော့ ရဲတပ်ဖွဲ့ဟာရောက်လာခဲ့ပြီး အဆောက်အဦးတစ်ခုလုံးကို တစ်ထပ်ချင်း ပိုက်စိပ်တိုက်ရှာပါတော့တယ်။ ရဲတွေနောက်ဆုံး ရှာဖွေတွေ့ရှိခဲ့တာကတော့ သတင်းဓာတ်ပုံဆရာမ တစ်ဦးနဲ့ သူ့ရဲ့ ကင်မရာသုံးချောင်းထောက်ပါပဲ။

ရဲစခန်းကို ဖုန်းဆက်တဲ့သူဟာ မှန်ကန်တဲ့လုပ်ရပ်ကိုလုပ်ခဲ့တာဖြစ်ကြောင်း၊ ဒီလိုခေါ်ဆိုမှုမျိုးကို အရေးတယူဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ တစ်ယောက်ယောက်မှာ တကယ့်တကယ်သေနတ်ရှိနေပြီး ဘယ်သူမှဖုန်းမဆက်တာမျိုးထက်တော့ ပိုကောင်းကြောင်း Lancaster ရဲတပ်ဖွဲ့မှ အရာခံဗိုလ် Todd Umstead ကပြောကြားခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: AP

No comments:

Post a Comment