Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 21, 2015

ဂယက္ထသြားတဲ့ သမိုင္းတြင္မယ့္ ညတည

ဧရာ၀တီ| November 21, 2015 | 

ကာကြယ္ေရးဝန္ၾကီး ဒုတိယဗိုလ္ခ်ဳပ္ၾကီးစိန္ဝင္းနဲ႕ ဓာတ္ပံုတြဲ႐ိုက္ရတာ သေဘာက်ေနတဲ့ ဖိုးလျပည့္ (ဓာတ္ပံု – ေနေရႊေသြးေအာင္ ေဖ့ဘြတ္မွ)
ၿပီးခဲ့တဲ့ ႏို၀င္ဘာလ ၁၉ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ကို သြားေရာက္ ေတြ႕ဆံုခဲ့တဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊရဲ႕ေျမး ေနေရႊေသြးေအာင္ ေခၚ ဖိုးလျပည့္က သူ႔ရဲ႕ ေဖ့ဘုတ္စ္ စာမ်က္ႏွာမွာ“ဒီေန႔ည သမိုင္းတြင္မယ့္ ညတည”လို႔ ေရးလိုက္တာေၾကာင့္ သူတို႔ ၂ ေယာက္ တကယ္ေတြ႕မေတြ႕ဆိုတဲ့ သတင္းနဲ႔ ဘာေၾကာင့္ေတြ႕ရတယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြက လူမႈကြန္ရက္ေတြမွာ က်ယ္က်ယ္ ျပန္႔ျပန္႔ ထြက္ေပၚလာပါတယ္။

ေနာက္ပိုုင္းမွာ သူတို႔ ၂ ေယာက္ တကယ္ေတြ႕ခဲ့တယ္ ဆိုတာကို ဘီဘီစီနဲ႔ The Voice မီဒီယာေတြက အတည္ျပဳေပးခဲ့ပါတယ္။

အဲဒီ ႏို၀င္ဘာလ ၁၉ ရက္ေန႔႔က ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနျပည္ေတာ္ လႊတ္ေတာ္မွာ ႏုိင္ငံတကာက သံတမန္ေတြနဲ႔ ေတြ႕ဆံုခဲ့ၿပီး ေနာက္ပိုင္း ဖိုးလျပည့္ရဲ႕ ခြင့္ေတာင္းမႈအရ သူ႔ရဲ႕ ႏွင္းဆီစံအိမ္မွာ ညပိုင္း လက္ခံေတြ႕ဆံုခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ေတြ႕ဆံုၿပီး ေနာက္ပိုင္းမွာ“ဒီေန႔ည သမိုင္းတြင္မယ့္ ညတည”လို႔ သူ႔ေဖ့ဘုတ္စ္ စာမ်က္ႏွာမွာ တင္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ အဲဒီစာေၾကာင္းကို တင္ၿပီး ျပန္ျဖဳတ္ခဲ့သလို အခုလည္း ျပန္တင္ထားတာ ေတြ႕ရပါတယ္။

သတင္းေထာက္ ေတာ္ေတာ္မ်ားမ်ားဟာလည္း ဒီစာတေၾကာင္းေၾကာင့္ ေတာ္ေတာ္ေလး အလုပ္႐ႈပ္ၾကသလို ႏိုင္ငံေရး သမားေတြဟာလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုၿခံဳေရး အေျခအေနကို စိတ္ပူခဲ့ၾကပါတယ္။
“အဲဒီေန႔ညက သူ႔ (ေနေရႊေသြးေအာင္)က သူဟာသူ ေဖ့ဘုတ္စ္ေလွ်ာက္တင္တာ။ သမိုင္းတြင္မယ္ဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုပဲ တပ္က ထိန္းလိုက္သလိုလိုနဲ႔ အမ်ားစုက စိတ္ပူၿပီး ဖုန္းေတြလည္း ဆက္ၾကတယ္။ တကယ္ေတာ့ ဘာမွမဟုတ္ဘူး။ သူ အ႐ႈးထတာ”လို႔ ေနျပည္ေတာ္က NLD အမတ္တဦးက ေျပာပါတယ္။
အဲဒီလို သူတို႔ ၂ ေယာက္ ေတြ႕ဆံုခဲ့လို႔ ျမန္မာ့ႏုိင္ငံေရးမွာ အာဏာကူးေျပာင္းႏုိင္ဖို႔အတြက္ ႏိုင္ငံေရးအရ အေရးႀကီးလာတယ္လို႔ ဆိုၿပီး လူတခ်ိဳ႕က ထင္ျမင္ၾကသလို တခ်ိဳ႕ကလည္း ဖိုးလျပည့္ကို တပ္မေတာ္ အႀကီးအကဲေဟာင္း ျဖစ္သူ ဦးသန္းေရႊက လႊတ္လိုက္တာလို႔ ထင္ျမင္ေနၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ကမ္းလွမ္းထားတဲ့ ၄ ပြင့္ဆိုင္ မေတြ႕ဆံုႏုိင္ခင္မွာ ဒီလို ေတြ႕ၾကေတာ့ အသက္အရြယ္ ႀကီးရင့္ၿပီျဖစ္ၿပီး သူ႔မိသားစု ေနာင္ေရးကို စိုးရိမ္ေနပံုရတဲ့ ဦးသန္းေရႊဟာ NLD ေရြးေကာက္ပြဲမွာ အႏုိင္ရလာၿပီးေနာက္ပိုင္း လူထုရဲ႕ Mandate ရရွိထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဆီကို ၿငိမ္းခ်မ္းေရး သံလြင္ခက္ ကမ္းလွမ္းလိုက္တာပါလား ဘာလား သို႕ေလာ သို႕ေလာ ေတြးထင္ကုန္ၾကပါတယ္။

တပ္မေတာ္နဲ႔ နီးစပ္သူေတြရဲ႕ ေျပာစကားအရ ဒီကိစၥကို ဦးသန္းေရႊလည္း မခိုင္းသလို တပ္မေတာ္ကလည္း မသိဘူးလို႔ ဆိုပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္ၿပီး စစ္တပ္ဘက္ကို အတည္ျပဳဖိုု႔ ႀကိဳးစားခဲ့တဲ့ ႏုိင္ငံျခား သတင္းေထာက္တဦးကလည္း “တပ္က ေျပာတာက သူ႔တို႔ အတြက္ကေတာ့ မလိုအပ္ဘူးတဲ့။ အေျခခံ ဥပေဒလည္း ရွိေနၿပီ။ သူဟာနဲ႔သူ ေအးေအးေဆးေဆး ျဖစ္လာလိမ့္မယ္လို႔ ေျပာတယ္။ ဆိုလိုတာက သူ႔ကို သူတို႔လႊတ္တာ မဟုတ္ဘူး။ သူစိတ္ကူးနဲ႔သူ ေလွ်ာက္လုပ္ၿပီး အစြန္ထုတ္ေနတဲ့သေဘာပဲ။ ႏုိင္ငံေရး ပိုးထေနတာလား မသိဘူး”လို႔ ဧရာ၀တီကို ေျပာပါတယ္။
ၿပိဳင္ကားေတြကို ႐ူးသြပ္ၿပီး Playboy ဆန္ဆန္ လူငယ္တေယာက္ကို ႏုိင္ငံေရးအရ ေတြ႕ဆံုေဆြးေႏြးမႈေတြအတြက္ ယံုၾကည္စိတ္ခ်စြာနဲ႔ ဘယ္သူကမွ ကိုယ္စားလွယ္အျဖစ္ ေစလႊတ္လိမ့္မယ္လို႔ မထင္ၾကပါဘူး။

ဖိုးလျပည့္လို႕ ေခၚတဲ့ ေနေရႊေသြးေအာင္ဟာ တခ်ိန္တုန္းက တိုင္းျပည္မွာ ဦးေဆာင္ခဲ့သူ တပ္မေတာ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊရဲ႕ အခ်စ္ေတာ္၊ ေမြးေန႔ပြဲေတြကို တခမ္းတနား က်င္းပေလ့ရွိသူ တဦးျဖစ္ၿပီး လက္ရွိမွာေတာ့ တကၠသိုလ္မ်ား ေဘာလုံး ခ်န္ပီယံလိဂ္ရဲ႕ ဥကၠ႒လည္း ျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္တုန္းကလည္း ရန္ကုန္က မီးပိြဳင့္တခုမွာ သူစီးလာတဲ့ ကားကို မီးစိမ္းျပ မေပးလို႔ဆိုၿပီး တာ၀န္က် ယဥ္ထိန္းရဲကို ေခၚယူ ဆံုးမခဲ့လို႔ ဖိုးလျပည့္ဟာ အမ်ားရဲ႕ ေ၀ဖန္မႈ ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီျဖစ္စဥ္ဟာ လံုး၀ မဟုတ္ဘူးဆိုၿပီး ဖိုးလျပည့္က ျပန္ရွင္းခဲ့ပါတယ္။

အာဏာရွင္ေတြရဲ႕ မိသားစုဝင္ေတြကို ျမန္မာျပည္သူေတြက စိတ္ဝင္တစား ေစာင့္ၾကည့္တတ္ၾကပါတယ္။ ဒါကလည္း နာမည္ၾကီးေတြကို စိတ္ဝင္စားတတ္တဲ့ သေဘာသက္သက္မွ်သာ ျဖစ္ပါတယ္။ ႏိႈင္းယွဥ္ရရင္ အာဏာရွင္ေဟာင္း ဦးေန၀င္းရဲ႕ ေျမးျဖစ္သူ ေအးေနဝင္းတို႔ဆိုရင္လည္း လူေတြက စိတ္ဝင္စားပါတယ္။

ဒီမိသားစုေတြဟာ တိုင္းျပည္မွာ စီးပြားေရး လုပ္ငန္းတခ်ိဳ႕ကို ေအးေအးေဆးေဆး လုပ္ကိုင္ၿပီး ေနလို႔ရေနပါတယ္။ ျမန္မာျပည္သူေတြဟာ သမိုင္းအျဖစ္အပ်က္ေတြကို ေမ့မပစ္ တတ္ၾကေပမယ့္ ခြင့္လြတ္တတ္ၾကသူေတြပါ။ အဖိုးျဖစ္သူ ဦးေနဝင္းရဲ့ လုပ္ရပ္ေတြအတြက္ မိသားစုဝင္ေတြအေပၚ ပံုခ်တာမ်ိဳး မလုပ္ၾကသလို တိုင္းျပည္ အာဏာသိမ္းဖို႔ေတာင္ ႀကံစည္ခဲ့ၾကေပမယ့္ အျပစ္ကို လြတ္ျငိမ္းခြင့္ ေပးခဲ့ျပီး လူမႈအသိုင္းအ၀ိုင္းမွာ တရားဥပေဒနဲ႔ အညီ ေနခြင့္ေပးထားပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အခုလို အေရးႀကီးတဲ့ ႏုိင္ငံေရး အကူးအေျပာင္း အေျခအေနမွာ ႏိုင္ငံေရးမွာ တာ၀န္ရွိသူေတြက ထိန္းထိန္း သိမ္းသိမ္းနဲ႔ လုပ္ေဆာင္သြားမယ့္ အေျခအေန ရွိေနပါၿပီ။ ပုဂၢိဳလ္ေရး ေၾကာင္ကြက္ေတြ ထေဖာက္တတ္တာကေတာ့ တခါတေလ ရွိတတ္ပါတယ္။
Irrawaddy
....................
ဂယက်ထသွားတဲ့ “သမိုင်းတွင်မယ့် ညတည”
ဧရာဝတီ| November 21, 2015 | 
 ဒေါ်အောင်ဆန်းစုကြည်, နေရွှေသွေးအောင်, ဖိုးလပြည့်
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ဓာတ်ပုံတွဲရိုက်ရတာ သဘောကျနေတဲ့ ဖိုးလပြည့် (ဓာတ်ပုံ – နေရွှေသွေးအောင် ဖေ့ဘွတ်မှ)
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်က သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာ“ဒီနေ့ည သမိုင်းတွင်မယ့် ညတည”လို့ ရေးလိုက်တာကြောင့် သူတို့ ၂ ယောက် တကယ်တွေ့မတွေ့ဆိုတဲ့ သတင်းနဲ့ ဘာကြောင့်တွေ့ရတယ်ဆိုတဲ့ ခန့်မှန်းချက်တွေက လူမှုကွန်ရက်တွေမှာ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

နောက်ပိုုင်းမှာ သူတို့ ၂ ယောက် တကယ်တွေ့ခဲ့တယ် ဆိုတာကို ဘီဘီစီနဲ့ The Voice မီဒီယာတွေက အတည်ပြုပေးခဲ့ပါတယ်။

အဲဒီ နိုဝင်ဘာလ ၁၉ ရက်နေ့့က ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် လွှတ်တော်မှာ နိုင်ငံတကာက သံတမန်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း ဖိုးလပြည့်ရဲ့ ခွင့်တောင်းမှုအရ သူ့ရဲ့ နှင်းဆီစံအိမ်မှာ ညပိုင်း လက်ခံတွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တွေ့ဆုံပြီး နောက်ပိုင်းမှာ“ဒီနေ့ည သမိုင်းတွင်မယ့် ညတည”လို့ သူ့ဖေ့ဘုတ်စ် စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အဲဒီစာကြောင်းကို တင်ပြီး ပြန်ဖြုတ်ခဲ့သလို အခုလည်း ပြန်တင်ထားတာ တွေ့ရပါတယ်။

သတင်းထောက် တော်တော်များများဟာလည်း ဒီစာတကြောင်းကြောင့် တော်တော်လေး အလုပ်ရှုပ်ကြသလို နိုင်ငံရေး သမားတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အခြေအနေကို စိတ်ပူခဲ့ကြပါတယ်။
“အဲဒီနေ့ညက သူ့ (နေရွှေသွေးအောင်)က သူဟာသူ ဖေ့ဘုတ်စ်လျှောက်တင်တာ။ သမိုင်းတွင်မယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ တပ်က ထိန်းလိုက်သလိုလိုနဲ့ အများစုက စိတ်ပူပြီး ဖုန်းတွေလည်း ဆက်ကြတယ်။ တကယ်တော့ ဘာမှမဟုတ်ဘူး။ သူ အရှုးထတာ”လို့ နေပြည်တော်က NLD အမတ်တဦးက ပြောပါတယ်။
အဲဒီလို သူတို့ ၂ ယောက် တွေ့ဆုံခဲ့လို့ မြန်မာ့နိုင်ငံရေးမှာ အာဏာကူးပြောင်းနိုင်ဖို့အတွက် နိုင်ငံရေးအရ အရေးကြီးလာတယ်လို့ ဆိုပြီး လူတချို့က ထင်မြင်ကြသလို တချို့ကလည်း ဖိုးလပြည့်ကို တပ်မတော် အကြီးအကဲဟောင်း ဖြစ်သူ ဦးသန်းရွှေက လွှတ်လိုက်တာလို့ ထင်မြင်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားတဲ့ ၄ ပွင့်ဆိုင် မတွေ့ဆုံနိုင်ခင်မှာ ဒီလို တွေ့ကြတော့ အသက်အရွယ် ကြီးရင့်ပြီဖြစ်ပြီး သူ့မိသားစု နောင်ရေးကို စိုးရိမ်နေပုံရတဲ့ ဦးသန်းရွှေဟာ NLD ရွေးကောက်ပွဲမှာ အနိုင်ရလာပြီးနောက်ပိုင်း လူထုရဲ့ Mandate ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို ငြိမ်းချမ်းရေး သံလွင်ခက် ကမ်းလှမ်းလိုက်တာပါလား ဘာလား သို့လော သို့လော တွေးထင်ကုန်ကြပါတယ်။

တပ်မတော်နဲ့ နီးစပ်သူတွေရဲ့ ပြောစကားအရ ဒီကိစ္စကို ဦးသန်းရွှေလည်း မခိုင်းသလို တပ်မတော်ကလည်း မသိဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်ကို အတည်ပြုဖိုု့ ကြိုးစားခဲ့တဲ့ နိုင်ငံခြား သတင်းထောက်တဦးကလည်း “တပ်က ပြောတာက သူ့တို့ အတွက်ကတော့ မလိုအပ်ဘူးတဲ့။ အခြေခံ ဥပဒေလည်း ရှိနေပြီ။ သူဟာနဲ့သူ အေးအေးဆေးဆေး ဖြစ်လာလိမ့်မယ်လို့ ပြောတယ်။ ဆိုလိုတာက သူ့ကို သူတို့လွှတ်တာ မဟုတ်ဘူး။ သူစိတ်ကူးနဲ့သူ လျှောက်လုပ်ပြီး အစွန်ထုတ်နေတဲ့သဘောပဲ။ နိုင်ငံရေး ပိုးထနေတာလား မသိဘူး”လို့ ဧရာဝတီကို ပြောပါတယ်။
ပြိုင်ကားတွေကို ရူးသွပ်ပြီး Playboy ဆန်ဆန် လူငယ်တယောက်ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေအတွက် ယုံကြည်စိတ်ချစွာနဲ့ ဘယ်သူကမှ ကိုယ်စားလှယ်အဖြစ် စေလွှတ်လိမ့်မယ်လို့ မထင်ကြပါဘူး။

ဖိုးလပြည့်လို့ ခေါ်တဲ့ နေရွှေသွေးအောင်ဟာ တချိန်တုန်းက တိုင်းပြည်မှာ ဦးဆောင်ခဲ့သူ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ အချစ်တော်၊ မွေးနေ့ပွဲတွေကို တခမ်းတနား ကျင်းပလေ့ရှိသူ တဦးဖြစ်ပြီး လက်ရှိမှာတော့ တက္ကသိုလ်များ ဘောလုံး ချန်ပီယံလိဂ်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း ရန်ကုန်က မီးပွိုင့်တခုမှာ သူစီးလာတဲ့ ကားကို မီးစိမ်းပြ မပေးလို့ဆိုပြီး တာဝန်ကျ ယဉ်ထိန်းရဲကို ခေါ်ယူ ဆုံးမခဲ့လို့ ဖိုးလပြည့်ဟာ အများရဲ့ ဝေဖန်မှု ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီဖြစ်စဉ်ဟာ လုံးဝ မဟုတ်ဘူးဆိုပြီး ဖိုးလပြည့်က ပြန်ရှင်းခဲ့ပါတယ်။

အာဏာရှင်တွေရဲ့ မိသားစုဝင်တွေကို မြန်မာပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်တတ်ကြပါတယ်။ ဒါကလည်း နာမည်ကြီးတွေကို စိတ်ဝင်စားတတ်တဲ့ သဘောသက်သက်မျှသာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ရရင် အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးဖြစ်သူ အေးနေဝင်းတို့ဆိုရင်လည်း လူတွေက စိတ်ဝင်စားပါတယ်။

ဒီမိသားစုတွေဟာ တိုင်းပြည်မှာ စီးပွားရေး လုပ်ငန်းတချို့ကို အေးအေးဆေးဆေး လုပ်ကိုင်ပြီး နေလို့ရနေပါတယ်။ မြန်မာပြည်သူတွေဟာ သမိုင်းအဖြစ်အပျက်တွေကို မေ့မပစ် တတ်ကြပေမယ့် ခွင့်လွတ်တတ်ကြသူတွေပါ။ အဖိုးဖြစ်သူ ဦးနေဝင်းရဲ့ လုပ်ရပ်တွေအတွက် မိသားစုဝင်တွေအပေါ် ပုံချတာမျိုး မလုပ်ကြသလို တိုင်းပြည် အာဏာသိမ်းဖို့တောင် ကြံစည်ခဲ့ကြပေမယ့် အပြစ်ကို လွတ်ငြိမ်းခွင့် ပေးခဲ့ပြီး လူမှုအသိုင်းအဝိုင်းမှာ တရားဥပဒေနဲ့ အညီ နေခွင့်ပေးထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို အရေးကြီးတဲ့ နိုင်ငံရေး အကူးအပြောင်း အခြေအနေမှာ နိုင်ငံရေးမှာ တာဝန်ရှိသူတွေက ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ဆောင်သွားမယ့် အခြေအနေ ရှိနေပါပြီ။ ပုဂ္ဂိုလ်ရေး ကြောင်ကွက်တွေ ထဖောက်တတ်တာကတော့ တခါတလေ ရှိတတ်ပါတယ်။
Irrawaddy

No comments:

Post a Comment