Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 2, 2015

မြစ်သာပေါက်တံတား ကွေးညွတ်ကျသဖြင့် ဒေသခံများ သွားလာရေးခက်ခဲ


 မိုးညို နိုဝင်ဘာ ၂

 ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ထိန်တော-မိုးညို-တာပွန်-နတ်တလင်းလမ်းပေါ်ရှိ တံတား အမှတ်(၁/၄၇) မြစ်သာပေါက်တံတားသည် အောက်တို ဘာ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ချောင်းအတွင်း သို့ ကွေးညွှတ်ကျဆင်းသွားခဲ့ရာ ဒေသခံပြည်သူများ သွားလာ ရေး ခက်ခဲနေကြကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် တံတား ချဉ်းကပ်လမ်းမှာ နှစ်ပေခန့်ကျဆင်းသွားခဲ့ပြီး မြေပြိုကျမှု ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ တံတားကမ်းကပ်ခုံ A1 မှာ လေးပေခန့် ကျွံကျပြီး ချောင်းဘက်သို့ ၁၅ပေခန့် ရွေ့သွား သဖြင့် ရေလယ်တိုင် P2 မှာလည်း ၁၅ ပေခန့် တိမ်း စောင်းသွားခဲ့သည့်အတွက် တာဝန်ရှိသူများက တံတား ပေါ်မှ ဖြတ်သန်းသွားလာခွင့်မပြုဘဲ တားမြစ်ခဲ့သည်။

ယင်းနောက် အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် တိမ်းစောင်းနေသည့် တံတားရေလယ်တိုင် P2 မှာ လဲကျသွားခဲ့ပြီး သံပေါင်အစွန်းနှစ်ဖက်မှာ ကမ်း ကပ်ခုံပေါ်တွင်ရှိနေသော်လည်း ဘေလီသံပေါင်များမှာ ချောင်းအတွင်းသို့ ကွေးညွှတ်ကျဆင်းသွားခဲ့ခြင်း ဖြစ် သည်။

သြဂုတ်လအတွင်းက မိုးညိုမြို့နယ်၌ ရေကြီးရေလျှံ မှုများကြောင့် အဆိုပါ ဘေလီသံပေါင်တံတား၏ ရေလယ် တိုင်ပြိုကျခဲ့သဖြင့် ပြန်လည်ပြုပြင်မှုများကို တံတားအထူး အဖွဲ့(၁ဝ)က သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာ ၁၁ ရက်အထိ ဆောင်ရွက်ခဲ့ပြီး တံတား သံပေါင်ဖြောင့်ခြင်း၊ ကြမ်းခင်းများပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ အောက်တိုဘာ ၂၃ ရက်တွင် တံတားကို ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။

မြစ်သာပေါက်တံတားပြုပြင်ချိန်နှင့် တံတားကွေးညွှတ်ကျဆင်းနေချိန် များတွင် မြစ်ကိုဖြတ်ကူးရမည့် ခရီးသွားပြည်သူများနှင့် နိုင်ငံဝန်ထမ်းများ မှာ စက်တပ်ရေယာဉ်ဖြင့် ချောင်းကိုဖြတ်ကူးကြရပြီး ဆိုင်ကယ်တစ်စီးနှင့် လူတစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၁၄ဝဝ ဖြင့် ချောင်းကိုဖြတ်ကူးနေ ရကြောင်း ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးမြင့်ရွှေက ပြောသည်။

မြစ်သာပေါက်ချောင်းသည် မိုးရာသီကာလတွင် ရေစီးသန်သောကြောင့် ပိုမိုခိုင်ခံ့သည့် တံတားဖြစ်စေရန်နှင့် ခရီးသွားပြည်သူများလည်း ငွေကုန် အချိန်ကုန်မဖြစ်ရလေအောင် တံတားကို အမြန်ဆုံးပြုပြင်ပေးရန် ဒေသခံ ပြည်သူများက ဆန္ဒရှိနေကြကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ခင်လတ်(မိုးညို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

.......................................

မစ်သာပေါက္တံတား ကြေးညြတ္က်သျဖင့် ဒေသခံမ်ား သြားလာရေးခက္ခဲ

 မိုးညို နိုဝင္ဘာ ၂

 ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ထိန်တော-မိုးညို-တာပြန်-နတ္တလင်းလမ်းပေါ်ရွိ တံတား အမွတ်(၁/၄၇)ျမစ်သာပေါက္တံတားသည် အောက္တို ဘာ ၂၉ ရက် ညေန ၅ နာရီခန့်တြင် ခော်င်းအတြင်း သို့ ကြေးညွှတ္က်ဆင်းသြားခဲ့ရာ ဒေသချံပည်သူမ်ား သြားလာ ရေး ခက္ခဲနေကြေကြာင်း သိရသည်။
အောက္တိုဘာ ၂၈ ရက် နံနက္ပိုင်းတြင် တံတား ခ်ဉ်းကပ္လမ်းမွာ နွစ်ပေခန့်က်ဆင်းသြားခဲ့ပြီးျေမပြိုက်မှု ဆက္လက်ျဖစ်ပေါ်ခဲ့သည်။ တံတားကမ်းကပ္ခုံ A1 မွာ လေးပေခန့် ကျြံက်ပြီး ခော်င်းဘက်သို့ ၁၅ပေခန့် ရြေ့သြား သျဖင့် ရေလယ္တိုင် P2 မွာလည်း ၁၅ ပေခန့် တိမ်း စောင်းသြားခဲ့သည့်အတြက် တာဝန်ရွိသူမ်ားက တံတား ပေါ်မျွဖတ်သန်းသြားလာခြင့်မျပုဘဲ တာျးမစ္ခဲ့သည်။

ယင်းနောက် အောက္တိုဘာ ၂၉ ရက် ညေန ၅ နာရီခန့်တြင် တိမ်းစောင်းနေသည့် တံတားရေလယ္တိုင် P2 မွာ လဲက်သြားခဲ့ပြီး သံပေါင်အစြန်းနွစ္ဖက္မွာ ကမ်း ကပ္ခုံပေါ်တြင်ရွိနေသ္လာည်း ဘေလီသံပေါင္မ်ားမွာ ခော်င်းအတြင်းသို့ ကြေးညွှတ္က်ဆင်းသြားချဲ့ခင်ျးဖစ် သည်။

သြဂုတ္လအတြင်းက မိုးညိုမြို့နယ်၌ ရေကြီးရေလွ်ံ မှုမ်ားကြောင့် အဆိုပါ ဘေလီသံပေါင္တံတား၏ ရေလယ် တိုင်ပြိုက်ခဲ့သျဖင့်ျပန္လည်ျပျုပင္မှုမ်ားကို တံတားအထူး အဖြဲ့(၁ဝ)က သြဂုတ္လကုန္ပိုင်းမွ စက္တင္ဘာ ၁၁ ရက်အထိ ဆောင်ြရက္ခဲ့ပြီး တံတား သံပေါင်ျေဖာင့်ျခင်း၊ ကြမ်းခင်းမ်ာျးပန္လည်ျပျုပင်ျခင်းတို့ကို ဆောင်ြရက္ခဲ့ကာ အောက္တိုဘာ ၂၃ ရက္တြင် တံတားကျိုဖတ်သန်းသြားလာနိုင္ခဲ့ကြောင်း သိရသည်။

ျမစ်သာပေါက္တံတာျးပျုပင္ခိန်နွင့် တံတားကြေးညွှတ္က်ဆင်းနေခိန် မ်ားတြင်ျမစ္ကျိုဖတ္ကူးရမည့် ခရီးသြာျးပည်သူမ်ားနွင့် နိုင်ငံဝန္ထမ်းမ်ား မွာ စက္တပ်ရေယာဉ်ျဖင့် ခော်င်းကျိုဖတ္ကူးကြရပြီး ဆိုင္ကယ္တစ္စီးနွင့် လူတစ်ဦးလ်ွင် အသြားအျပန် ငြေက်ပ် ၁၄ဝဝျဖင့် ခော်င်းကျိုဖတ္ကူးနေ ရေကြာင်း ဒေသချံပည်သူတစ်ဦျးဖစ်သူ ဦျးမင့်ရွှေကျေပာသည်။

ျမစ်သာပေါက်ခော်င်းသည် မိုးရာသီကာလတြင် ရေစီးသန်သောကြောင့် ပိုမိုခိုင္ခံ့သည့် တံတာျးဖစ်စေရန်နွင့် ခရီးသြာျးပည်သူမ်ားလည်း ငြေကုန် အခိန္ကုန္မျဖစ်ေရလေအာင် တံတားကို အျမန္ဆုံျးပျုပင်ပေးရန် ဒေသချံပည်သူမ်ားက ဆန္ဒရွိနေကြေကြာင်း သိရသည်။

သတင်းနွင့်ဓာတ္ပုံ-ခင္လတ်(မိုးညို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment