Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 2, 2015

မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား အချင်းချင်း သတ်ဖြတ်ပြီး မြဝတီဘက် ထွက်ပြေး လာသူများအား ဖမ်းဆီးရမိ

ဓါတ်ပုံ - Police Myawaddy (FB)
မဲဆောက် နိုဝင်ဘာ ၂

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားအချင်းချင်းအတူတူ သောက်စားကြပြီး အချင်းချင်းစကားများကာ လူသတ်ထွက်ပြေးလာသော ညီအစ်ကိုနှစ်ဦးအား မြဝတီမြို့၌ ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ ရက်တွင် မကြည်ဝင်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ စအိုကျေးရွာရှိ နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ထွန်းနိုင်ဦး(၃၈)နှစ်မှာ ဓားဖြင့်အထိုးခံရ၍ သေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် ခင်ပွန်းဖြစ်သူအလုပ်လုပ်ကိုင်သည့် မဲဆောက်မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူမှာ ဆောက်လုပ်ရေးစခန်း အရှေ့ မြေကွက်လပ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး အတူနေထိုင်သည့် စိုးမင်းလတ်(ခ)ကုလားနှင့် ကျော်ဇင်ထွေး(ခ)ကျွဲလေးတို့က ဓားဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်နှက်ပြီး ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသဖြင့် မကြည်ဝင်းက မဲဆောက်ရဲစခန်းသို့တရားလိုပြုလုပ်တိုင်ကြားခဲ့သည်။ ထိုင်း ရဲတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေကြရာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် နိုဝင်ဘာ ၂ ရက်တွင် မြဝတီမြို့မရဲစခန်းသို့ မိမိ၏ခင်ပွန်းအားသတ်၍ ထွက်ပြေးသွားသူများအား ဖမ်းဆီးအရေးယူပေးနိုင်ပါရန် ဆက်လက်၍ အမှုဖွင့်တိုင်ကြားခဲ့သည်။

တိုင်ချက်ဖွင့်ပြီးသည်နှင့်တစ်ပြိုင်နက် မြဝတီမြို့မရဲစခန်းမှ ဒုရဲမှူးကိုကိုနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြတ်စိုးလင်းပါ ပူးပေါင်းအဖွဲ့တို့နှင့်အတူ မြို့အတွင်း၊ အပြင် ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြရာ မြဝတီမြို့ မင်းလက်ပံကျေးရွာ တွင် နိုဝင်ဘာ ၂ ရက် နံနက် ၁၁ နာရီခွဲတွင် ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေး မေးမြန်းခဲ့ရာ အရက်သေစာသောက်စားမူးယစ်ပြီး အချင်းချင်းစကားများ ငြင်းခုံရာမှ ဒေါသအလျောက် လူသတ်မှုကျူးလွန်မိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ရာ စိုးမင်းလတ်(ခ)ကုလား(၃၂)နှစ်နှင့် ကျော်ဇင်ထွေး(ခ)ကျွဲလေး(၂၉)နှစ် ဆားမလောက်ကျေးရွာ ညောင်တုန်းမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေထိုင်သူ ညီအစ်ကိုနှစ်ဦးအား မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်ဝင်းလှိုင်(ကော့ကရိတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

........................................................

မဲဆောက်မြို့တြင်ျမန္မာနိုင်ငံသား အခ်င်းခ်င်း သတ်ျဖတ်ပြီျးမဝတီဘက် ထြက်ျေပး လာသူမ်ားအား ဖမ်းဆီးရမိ

မဲဆောက် နိုဝင္ဘာ ၂

ထိုင်းနိုင်ငံ မဲဆောက်မြို့တြင်ျမန္မာနိုင်ငံသားအခ်င်းခ်င်းအတူတူ သောက္စားကြပြီး အခ်င်းခ်င်းစကားမ်ားကာ လူသတ္ထြက်ျေပးလာသော ညီအစ္ကိုနွစ်ဦးအာျးမဝတီမြို့၌ ဖမ်းဆီးနိုင္ခဲ့သည်။

ျဖစ္စဥ္မွာ နိုဝင္ဘာ ၁ ရက္တြင် မကြည်ဝင်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ စအိုကေ်းရြာရွိ နေအိမ္တြင်ရွိနေစဉ် ခင္ပြန်ျးဖစ်သူ ထြန်းနိုင်ဦး(၃၈)နွစ္မွာ ဓာျးဖင့်အထိုးခံရ၍ သေဆုံးနေကြာင်း ဖုန်းဆက်ေအကြာင်းကြားလာသျဖင့် ခင္ပြန်ျးဖစ်သူအလုပ္လုပ္ကိုင်သည့် မဲဆောက်မြို့တြင်းရွိ ဆောက္လုပ်ရေး လုပ်ငန်းခြင်သို့ လာရောက်ကြည့်ရှုရာ ခင္ပြန်ျးဖစ်သူမွာ ဆောက္လုပ်ရေးစခန်း အေရွ့ျေမကြက္လပ်၌ ဒဏ်ရာမ်ာျးဖင့် သေဆုံးနေသည္ကိုတြေ့ရွိခဲ့ရပြီး အတူနေထိုင်သည့် စိုးမင်းလတ်(ခ)ကုလားနွင့် ကေ်္ဇာင်ထြေး(ခ)ကျြဲလေးတို့က ဓာျးဖင့်ထိုး၊ တုတ်ျဖင့်ရိုက်နွက်ပြီး ထြက်ျေပးသြားကြောင်း စုံစမ်းသိရွိရသျဖင့် မကြည်ဝင်းက မဲဆောက်ရဲစခန်းသို့တရားလျိုပုလုပ္တိုင်ကြားခဲ့သည်။ ထိုင်း ရဲတပ္ဖြဲ့ဝင္မ်ားက စုံစမ်းရွာဖြေကြရျာမန္မာနိုင်ငံဘက်သို့ ထြက်ျေပးသြားကြောင်း သိရွိရသျဖင့် နိုဝင္ဘာ ၂ ရက္တြင်ျမဝတီမြို့မရဲစခန်းသို့ မိမိ၏ခင္ပြန်းအားသတ်၍ ထြက်ျေပးသြားသူမ်ားအား ဖမ်းဆီးအေရးယူပေးနိုင္ပါရန် ဆက္လက်၍ အမှုဖြင့်တိုင်ကြားခဲ့သည်။

တိုင္ခ်က္ဖြင့်ပြီးသည်နွင့်တစ်ပြိုင္နက်ျမဝတီမြို့မရဲစခန်းမွ ဒုရဲမွူးကိုကိုနိုင်၊ နယ္ထိန်းခေါင်းဆောင် ဒုရဲအုပ်ျမတ္စိုးလင်းပါ ပူးပေါင်းအဖြဲ့တို့နွင့်အတူ မြို့အတြင်း၊ အျပင် ပိုက္စိပ္တိုက်ရွာဖြေခဲ့ကြရျာမဝတီမြို့ မင်းလက္ပံကေ်းရြာ တြင် နိုဝင္ဘာ ၂ ရက် နံနက် ၁၁ နာရီခြဲတြင် ဖမ်းဆီးနိုင္ခဲ့ပြီး စစ်ဆေး မေျးမန်းခဲ့ရာ အရက်သေစာသောက္စားမူးယစ်ပြီး အခ်င်းခ်င်းစကားမ်ာျးငင်းခုံရာမွ ဒေါသအေလ်ာက် လူသတ္မှုက်ူးလြန္မိခဲ့ကြောင်း ဝန္ခံထြက္ဆိုခဲ့ရာ စိုးမင်းလတ်(ခ)ကုလား(၃၂)နွစ်နွင့် ကေ်္ဇာင်ထြေး(ခ)ကျြဲလေး(၂၉)နွစ် ဆားမေလာက်ကေ်းရြာ ညောင္တုန်းမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေထိုင်သူ ညီအစ္ကိုနွစ်ဦးအာျးမဝတီမြို့မရဲစခန်းက အမှုဖြင့်အေရးယူထားကြောင်း သိရသည်။

တင်ဝင်းလှိုင်(ကော့ကရိတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment