Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 7, 2015

ေနတုိးနဲ႔ ႐ုပ္ရွင္တြဲ႐ိုက္မယ့္ ဗီယက္နမ္ မင္းသမီး

ဗီယက္နမ္ မင္းသမီး ငုရင္ထရန္ဟုရန္ေမႏွင့္ သ႐ုပ္ ေဆာင္ ေနတိုးတို႔ ႐ိုက္ကူးမည့္ ႐ုပ္ရွင္ဇာတ္ကားအေၾကာင္းကို ဒီဇင္ဘာ ၂ ရက္တြင္ ျပဳလုပ္မည့္ မီဒီယာေတြ႕ဆံုပြဲ၌ စတင္မိတ္ ဆက္ေပးမည္ျဖစ္ေၾကာင္း Myanmar Media 7 ဥကၠ႒ ကိုေဝမင္းေမာင္က ေျပာသည္။

‘‘ကိုေနတုိးနဲ႔ ႐ိုက္မွာက ေတာ့ ေသခ်ာသြားၿပီ။ ဇာတ္လမ္း က သံုးခုထဲကေန အလိုက္ဖက္ ဆံုးနဲ႔ အေကာင္းဆံုးျဖစ္မယ့္ဟာ ကို ေရြးေနတယ္။ ဒီဇင္ဘာ ၂ ရက္လုပ္မယ့္ မီဒီယာေတြ႕ဆံုပြဲမွာ ႐ိုက္မယ့္ ႐ုပ္ရွင္ဇာတ္ကားအ ေၾကာင္းကို ေျပာမယ္’’ဟု ၎က ေျပာသည္။

ဗီယက္နမ္ မင္းသမီး ငုရင္ ထရန္ဟုရန္ေမကို ယခင္က ႏိုဝင္ ဘာအတြင္း လာေရာက္ရန္ စီစဥ္ ထားေသာ္လည္း ေရြးေကာက္ပြဲရွိ ေနေသာေၾကာင့္ ဒီဇင္ဘာသို႔ ေရႊ႕ ဆုိင္းခဲ့ျခင္းျဖစ္သည္ဟု ၎က ဆုိသည္။

‘‘ေကာင္မေလးက ဒီဇင္ဘာ ၁ ရက္ ညေနေရာက္မယ္။ ဒီဇင္ ဘာ ၂ ရက္ မနက္မွာ ေရႊတိဂံု ဘုရားနဲ႔ ဗိုလ္တေထာင္ဘုရားကို လိုက္ပို႔မယ္။ ေန႔လယ္ပိုင္းလုပ္တဲ့ မီဒီယာေတြ႕ဆံုပြဲကိုေတာ့ mntv ကေန တုိက္႐ိုက္လႊင့္မယ္’’ဟု ငုရင္ထရန္ဟုရန္ေမ၏ ခရီးစဥ္ အေၾကာင္းကို ကိုေဝမင္းေမာင္က ေျပာသည္။

ငုရင္ထရန္ဟုရန္ေမ၏ ခရီး စဥ္မွာ ႏွစ္ရက္သာၾကာျမင့္မည္ ျဖစ္ၿပီး ဒီဇင္ဘာ ၂ ရက္ညတြင္ ဗီယက္နမ္ႏုိင္ငံသို႔ ျပန္မည္ဟု ၎က ဆုိသည္။

ေနတုိးႏွင့္ ဗီယက္နမ္ မင္း သမီးတုိ႔ ႐ိုက္ကူးမည့္ ႐ုပ္ရွင္ ဇာတ္ကားကို ထိုင္းဒါ႐ိုက္တာက ႐ိုက္ကူးမည္ျဖစ္ၿပီး ၂၀၁၆ အတြင္းစတင္႐ိုက္ကူးမည္ဟု ကိုေဝမင္းေမာင္က ေျပာသည္။

‘‘အခ်စ္ Romance ပံုစံ ဇာတ္ကားေလးပဲျဖစ္ဖို႔ မ်ားပါ တယ္။ ႐ိုက္တာကေတာ့ ျမန္မာ ႏုိင္ငံမွာပဲ ႐ိုက္မွာပါ’’ဟု ၎က ေျပာသည္။
7day daily
....................
နေတိုးနဲ့ ရုပ်ရှင်တွဲရိုက်မယ့် ဗီယက်နမ် မင်းသမီး

ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် သရုပ် ဆောင် နေတိုးတို့ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားအကြောင်းကို ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်မည့် မီဒီယာတွေ့ဆုံပွဲ၌ စတင်မိတ် ဆက်ပေးမည်ဖြစ်ကြောင်း Myanmar Media 7 ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ပြောသည်။

‘‘ကိုနေတိုးနဲ့ ရိုက်မှာက တော့ သေချာသွားပြီ။ ဇာတ်လမ်း က သုံးခုထဲကနေ အလိုက်ဖက် ဆုံးနဲ့ အကောင်းဆုံးဖြစ်မယ့်ဟာ ကို ရွေးနေတယ်။ ဒီဇင်ဘာ ၂ ရက်လုပ်မယ့် မီဒီယာတွေ့ဆုံပွဲမှာ ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားအ ကြောင်းကို ပြောမယ်’’ဟု ၎င်းက ပြောသည်။

ဗီယက်နမ် မင်းသမီး ငုရင် ထရန်ဟုရန်မေကို ယခင်က နိုဝင် ဘာအတွင်း လာရောက်ရန် စီစဉ် ထားသော်လည်း ရွေးကောက်ပွဲရှိ နေသောကြောင့် ဒီဇင်ဘာသို့ ရွှေ့ ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘ကောင်မလေးက ဒီဇင်ဘာ ၁ ရက် ညနေရောက်မယ်။ ဒီဇင် ဘာ ၂ ရက် မနက်မှာ ရွှေတိဂုံ ဘုရားနဲ့ ဗိုလ်တထောင်ဘုရားကို လိုက်ပို့မယ်။ နေ့လယ်ပိုင်းလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲကိုတော့ mntv ကနေ တိုက်ရိုက်လွှင့်မယ်’’ဟု ငုရင်ထရန်ဟုရန်မေ၏ ခရီးစဉ် အကြောင်းကို ကိုဝေမင်းမောင်က ပြောသည်။

ငုရင်ထရန်ဟုရန်မေ၏ ခရီး စဉ်မှာ နှစ်ရက်သာကြာမြင့်မည် ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်ညတွင် ဗီယက်နမ်နိုင်ငံသို့ ပြန်မည်ဟု ၎င်းက ဆိုသည်။

နေတိုးနှင့် ဗီယက်နမ် မင်း သမီးတို့ ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကားကို ထိုင်းဒါရိုက်တာက ရိုက်ကူးမည်ဖြစ်ပြီး ၂၀၁၆ အတွင်းစတင်ရိုက်ကူးမည်ဟု ကိုဝေမင်းမောင်က ပြောသည်။

‘‘အချစ် Romance ပုံစံ ဇာတ်ကားလေးပဲဖြစ်ဖို့ များပါ တယ်။ ရိုက်တာကတော့ မြန်မာ နိုင်ငံမှာပဲ ရိုက်မှာပါ’’ဟု ၎င်းက ပြောသည်။
7day daily

No comments:

Post a Comment