Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

မာလီႏိုင္ငံ ဘမ္မာကိုၿမိဳ႕ရွိ ဟိုတယ္တိုက္ခိုက္ခံရၿပီး ဓားစာခံ ၁၇၀ ပိတ္မိေန

(Daily Mail)
မာလီႏိုင္ငံၿမိဳ႕ေတာ္ ဘမ္မာကိုၿမိဳ႕လယ္ရွိ ရာဒစ္ဆင္ဘလူးဟိုတယ္ကို ေသနတ္သမားမ်ား တိုက္ခိုက္ၿပီး ဧည့္သည္ ၁၄၀ ဦးႏွင့္ အလုပ္သမား ၃၀ ဦးတို႔ကို ဓားစာခံမ်ားအျဖစ္ ဖမ္းဆီးထားေၾကာင္း ယင္းဟိုတယ္ ပိုင္ရွင္မ်ားက ေၾကညာခ်က္တြင္ ေဖာ္ျပသည္။

ေသနတ္သမားႏွစ္ဦးက ပစ္ခတ္တိုက္ခိုက္ကာ အာရပ္ဘာသာျဖင့္ ဘုရားသခင္သည္ အႀကီးျမတ္ဆံုးဟုေအာ္၍ ၀င္ေရာက္သြားေသာ ဒစ္ဆင္ဘလူဟိုတယ္ကို ရဲတပ္ဖဲြ႕က ၀ိုင္းထားေၾကာင္း လံုၿခံဳေရးသတင္းရင္းျမစ္တစ္ခုက ႐ိုက္တာသတင္းဌာနသို႔ ေျပာၾကားသည္။
အေမရိကန္ပိုင္ ယင္းဟိုတယ္တြင္ မာလီႏိုင္ငံ၌ အလုပ္လုပ္ေနေသာ ႏိုင္ငံျခားသားမ်ားၾကား လူႀကိဳက္မ်ားေသာ ဟိုတယ္ျဖစ္ေၾကာင္း ဘီဘီစီသတင္းေထာက္တစ္ဦးက ေျပာၾကားသည္။
ယင္းဟိုတယ္အတြင္း ဓားစာခံအျဖစ္ ပိတ္မိေနသူမ်ား၌ ၎လည္း ပါ၀င္သည္ဟု တ႐ုတ္ဧည့္သည္တစ္ဦးက မိုဘိုင္းအက္ပလီေကးရွင္းမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံပိုင္ ဆင္ဟြာသတင္းဌာနသို႔ ေျပာၾကားသည္။
ကိုရမ္က်မ္းကို ရြတ္ဆိုျပႏိုင္ေသာ ဓားစာခံမ်ား အပါအ၀င္ လူအခ်ိဳ႕ကို လႊတ္ေပးေနေၾကာင္း လံုၿခံဳေရးသတင္းရင္းျမစ္မ်ားက ေျပာသည္။
မာလီႏုိင္ငံေျမာက္ပိုင္းကို အယ္လ္ကိုင္ဒါအဖဲြ႕ႏွင့္ ဆက္ႏႊယ္သည့္ စစ္ေသြးႂကြမ်ားက သိမ္းပိုက္ၿပီး ဘမ္မာကိုၿမိဳ႕ဆီသို႔ ခ်ီတက္မည္ဟု ၿခိမ္းေျခာက္ေသာေၾကာင့္ ၂၀၁၃ ဇန္န၀ါရီလက ျပင္သစ္တပ္ဖဲြ႕မ်ားက ၾကား၀င္ေျဖရွင္းခဲ့ရသည္။
မာလီႏိုင္ငံသည္ ျပင္သစ္ႏိုင္ငံ၏ ကိုလိုနီနယ္ေဟာင္းတစ္ခု ျဖစ္သည္။
ယင္းဟိုတယ္၏ ခုနစ္လႊာတြင္ ဓားစာခံမ်ား ဖမ္းထားျခင္းျဖစ္ၿပီး စႀကႍလမ္းကို တုိက္ခိုက္ေရးသမားမ်ား ပစ္ခတ္ေနၾကသည္ဟု လံုၿခံဳေရးသတင္းရင္းျမစ္တစ္ခုက ေအအက္ဖ္ပီသတင္းဌာနသို႔ ေျပာၾကားသည္။
—Ref: BBC
7DayDaily
..........................
Fri, 2015-11-20 17:43
Location
ဘမ်မာကို
Issue No.
No.923 Friday, November 20, 2015

(Daily Mail)
မာလီနိုင်ငံမြို့တော် ဘမ်မာကိုမြို့လယ်ရှိ ရာဒစ်ဆင်ဘလူးဟိုတယ်ကို သေနတ်သမားများ တိုက်ခိုက်ပြီး ဧည့်သည် ၁၄၀ ဦးနှင့် အလုပ်သမား ၃၀ ဦးတို့ကို ဓားစာခံများအဖြစ် ဖမ်းဆီးထားကြောင်း ယင်းဟိုတယ် ပိုင်ရှင်များက ကြေညာချက်တွင် ဖော်ပြသည်။

သေနတ်သမားနှစ်ဦးက ပစ်ခတ်တိုက်ခိုက်ကာ အာရပ်ဘာသာဖြင့် ဘုရားသခင်သည် အကြီးမြတ်ဆုံးဟုအော်၍ ၀င်ရောက်သွားသော ဒစ်ဆင်ဘလူဟိုတယ်ကို ရဲတပ်ဖွဲ့က ၀ိုင်းထားကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
အမေရိကန်ပိုင် ယင်းဟိုတယ်တွင် မာလီနိုင်ငံ၌ အလုပ်လုပ်နေသော နိုင်ငံခြားသားများကြား လူကြိုက်များသော ဟိုတယ်ဖြစ်ကြောင်း ဘီဘီစီသတင်းထောက်တစ်ဦးက ပြောကြားသည်။
ယင်းဟိုတယ်အတွင်း ဓားစာခံအဖြစ် ပိတ်မိနေသူများ၌ ၎င်းလည်း ပါ၀င်သည်ဟု တရုတ်ဧည့်သည်တစ်ဦးက မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ကိုရမ်ကျမ်းကို ရွတ်ဆိုပြနိုင်သော ဓားစာခံများ အပါအဝင် လူအချို့ကို လွှတ်ပေးနေကြောင်း လုံခြံုရေးသတင်းရင်းမြစ်များက ပြောသည်။
မာလီနိုင်ငံမြောက်ပိုင်းကို အယ်လ်ကိုင်ဒါအဖွဲ့နှင့် ဆက်နွှယ်သည့် စစ်သွေးကြွများက သိမ်းပိုက်ပြီး ဘမ်မာကိုမြို့ဆီသို့ ချီတက်မည်ဟု ခြိမ်းခြောက်သောကြောင့် ၂၀၁၃ ဇန်နဝါရီလက ပြင်သစ်တပ်ဖွဲ့များက ကြားဝင်ဖြေရှင်းခဲ့ရသည်။
မာလီနိုင်ငံသည် ပြင်သစ်နိုင်ငံ၏ ကိုလိုနီနယ်ဟောင်းတစ်ခု ဖြစ်သည်။
ယင်းဟိုတယ်၏ ခုနစ်လွှာတွင် ဓားစာခံများ ဖမ်းထားခြင်းဖြစ်ပြီး စင်္ကြံလမ်းကို တိုက်ခိုက်ရေးသမားများ ပစ်ခတ်နေကြသည်ဟု လုံခြံုရေးသတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
—Ref: BBC
7DayDaily

No comments:

Post a Comment