Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 14, 2015

ေဒၚလာအေဟာင္းအႏြမ္းေတြကို လက္ခံေပးဖို႔ ပုဂၢလိကဘဏ္ေတြကို ဗဟိုဘဏ္က ညႊန္ၾကားထား

သီဟကိုကို
ရန္ကုန္၊ ႏို၀င္ဘာ ၁၃
ေဒၚလာအေဟာင္းအႏြမ္းေတြနဲ႔ ဘဏ္မွာ ေငြလဲပါက အခက္အခဲေတြျဖစ္ေပၚေနတယ္လို႔ လုပ္ငန္းရွင္ေတြက ဗဟိုဘဏ္၊ တာ၀န္ရွိသူေတြနဲ႔ေတြ႕ဆံုခ်ိန္မွာ ေမးျမန္းခဲ့ရာမွာ ေဒၚလာအေဟာင္းအႏြမ္းေတြကို
လက္ခံေပးဖို႔ ဘဏ္ေတြကို ေျပာထားၿပီ ျဖစ္တယ္လို႔ ဗဟိုဘဏ္ဘက္ကျပန္လည္ေျဖၾကားခဲ့ပါတယ္။
ႏုိင္ငံတြင္းမွာ ေရာင္းခ်၀ယ္ယူေနတဲ့ ကုန္ပစၥည္းေတြနဲ႔၀န္ေဆာင္မႈေတြအတြက္ က်သင့္တဲ့ ေငြကို ႏိုင္ငံျခားေငြနဲ႔ ေပးေခ်သံုးစြဲေနတာေၾကာင့္ ေဒၚလာသံုးစြဲမႈ ျမင့္တက္မႈေတြ
ျဖစ္ေပၚျခင္း၊ ေဒၚလာ လိုအပ္ခ်က္ျမင့္တက္လာျခင္း၊ျပည္တြင္းသံုးက်ပ္ေငြေလ်ာ့က်လာကာ ႏိုင္ငံျခားေငြ
လဲႏႈန္းမတည္မၿငိမ္ျဖစ္လာတာေတြ ေပၚေပါက္လာခဲ့တယ္။
ယင္းအခက္အခဲေတြကို ေျဖရွင္းတဲ့အေနနဲ႔ စီးပြားေရးလုပ္ငန္းေတြကို
ႏုိင္ငံျခားေငြလက္ခံကိုင္ေဆာင္ခြင့္ လိုင္စင္႐ုတ္သိမ္းလိုက္ၿပီး ျဖစ္ပါတယ္။
ႏုိင္ငံျခားေငြကိုင္ေဆာင္ခြင့္လိုင္စင္ကို ႐ုတ္သိမ္းၿပီးေနာက္မွာလုပ္ငန္းရွင္ေတြအေနနဲ႔ ဘဏ္ေတြကို ေဒၚလာေငြသြင္းရာမွာဘဏ္ေတြဘက္က အေဟာင္းအႏြမ္းေတြကို လက္မခံတဲ့
အေျခအေနမ်ိဳးေတြ ျဖစ္ေပၚလ်က္ရွိတာ ျဖစ္ပါတယ္။
ဗဟိုဘဏ္က ႏုိင္ငံျခားေငြလက္ခံကိုင္ေဆာင္ခြင့္လိုင္စင္႐ုတ္သိမ္းတာနဲ႔
ပက္သက္ၿပီး လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆံု ေျဖရွင္းလ်က္ရွိရာ
လုပ္ငန္းရွင္ေတြဘက္က ေဒၚလာအေဟာင္းအႏြမ္းေတြကို
ဘဏ္သို႔ သြင္းတဲ့အခ်ိန္မွာ အခက္အခဲေတြ ျဖစ္ေပၚေနတယ္လုိ႔
ေျပာဆိုခဲ့ၾကပါတယ္။
“ ဒါက ဘဏ္တစ္ခုစီနဲ႔ ဆိုင္ပါတယ္။ ဗဟိုဘဏ္က လက္မခံခိုင္းတာမရွိပါဘူး။
ဘဏ္ေတြကို လက္ခံေပးဖို႔ကိုလည္း ဗဟုိဘဏ္က ေျပာထားၿပီ ျဖစ္ပါတယ္”
လို႔ ဗဟိုဘဏ္တာ၀န္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ဓာတ္ပံု-myanmarbusinessnews.com
SFJ Strategy First Journal
...................
ဒေါ်လာအဟောင်းအနွမ်းတွေကို လက်ခံပေးဖို့ ပုဂ္ဂလိကဘဏ်တွေကို
ဗဟိုဘဏ်က ညွှန်ကြားထား
သီဟကိုကို
ရန်ကုန်၊ နိုဝင်ဘာ ၁၃
ဒေါ်လာအဟောင်းအနွမ်းတွေနဲ့ ဘဏ်မှာ ငွေလဲပါက အခက်အခဲတွေ
ဖြစ်ပေါ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဗဟိုဘဏ်၊ တာဝန်ရှိသူတွေနဲ့
တွေ့ဆုံချိန်မှာ မေးမြန်းခဲ့ရာမှာ ဒေါ်လာအဟောင်းအနွမ်းတွေကို
လက်ခံပေးဖို့ ဘဏ်တွေကို ပြောထားပြီ ဖြစ်တယ်လို့ ဗဟိုဘဏ်ဘက်က
ပြန်လည်ဖြေကြားခဲ့ပါတယ်။
နိုင်ငံတွင်းမှာ ရောင်းချဝယ်ယူနေတဲ့ ကုန်ပစ္စည်းတွေနဲ့
၀န်ဆောင်မှုတွေအတွက် ကျသင့်တဲ့ ငွေကို နိုင်ငံခြားငွေနဲ့ ေ
ပးချေသုံးစွဲနေတာကြောင့် ဒေါ်လာသုံးစွဲမှု မြင့်တက်မှုတွေ
ဖြစ်ပေါ်ခြင်း၊ ဒေါ်လာ လိုအပ်ချက်မြင့်တက်လာခြင်း၊
ပြည်တွင်းသုံးကျပ်ငွေလျော့ကျလာကာ နိုင်ငံခြားငွေလဲနှုန်း
မတည်မငြိမ်ဖြစ်လာတာတွေ ပေါ်ပေါက်လာခဲ့တယ်။
ယင်းအခက်အခဲတွေကို ဖြေရှင်းတဲ့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို
နိုင်ငံခြားငွေလက်ခံကိုင်ဆောင်ခွင့် လိုင်စင်ရုတ်သိမ်းလိုက်ပြီး ဖြစ်ပါတယ်။
နိုင်ငံခြားငွေကိုင်ဆောင်ခွင့်လိုင်စင်ကို ရုတ်သိမ်းပြီးနောက်မှာ
လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်တွေကို ဒေါ်လာငွေသွင်းရာမှာ
ဘဏ်တွေဘက်က အဟောင်းအနွမ်းတွေကို လက်မခံတဲ့
အခြေအနေမျိုးတွေ ဖြစ်ပေါ်လျက်ရှိတာ ဖြစ်ပါတယ်။
ဗဟိုဘဏ်က နိုင်ငံခြားငွေလက်ခံကိုင်ဆောင်ခွင့်လိုင်စင်ရုတ်သိမ်းတာနဲ့
ပက်သက်ပြီး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဖြေရှင်းလျက်ရှိရာ
လုပ်ငန်းရှင်တွေဘက်က ဒေါ်လာအဟောင်းအနွမ်းတွေကို
ဘဏ်သို့ သွင်းတဲ့အချိန်မှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့
ပြောဆိုခဲ့ကြပါတယ်။
“ ဒါက ဘဏ်တစ်ခုစီနဲ့ ဆိုင်ပါတယ်။ ဗဟိုဘဏ်က လက်မခံခိုင်းတာမရှိပါဘူး။
ဘဏ်တွေကို လက်ခံပေးဖို့ကိုလည်း ဗဟိုဘဏ်က ပြောထားပြီ ဖြစ်ပါတယ်”
လို့ ဗဟိုဘဏ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ-myanmarbusinessnews.com
SFJ Strategy First Journal

No comments:

Post a Comment