Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 24, 2015

ဂ်ပန္ႏိုင္ငံ တိုက်ဳိၿမိဳ႕ရွိ ယာဆူကူနီဂူဗိမာန္ တြင္ ေပါက္ကြဲမႈျဖစ္ပြား



တုိက်ိဳ ၊ ၂၄-၁၁-၂ဝ၁၅

ဂ်ပန္ႏိုင္ငံ တိုက်ဳိၿမိဳ႕ရွိ ယာဆူကူနီ ဂူဗိမာန္ တစ္ခုတြင္ ႏိုဝင္ဘာ ၂၃ ရက္က ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသတြင္း သတင္းဌာန တစ္ခုက ထုတ္ျပန္ ထားေၾကာင္း ABC သတင္းဌာနက ေဖာ္ျပ ထားသည္။

အဆိုပါ ေပါက္ကြဲမႈသည္ စစ္ပြဲအတြင္း က်ဆံုးသြား ခဲ့သည့္ ဂ်ပန္စစ္သည္ မ်ားအတြက္ ေဆာက္လုပ္ ထားေသာ ယာဆူကူနီ ဂူဗိမာန္ တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး ေပါက္ကြဲ မႈေၾကာင့္ အေဆာက္အအံု၏ မ်က္ႏွာၾကက္ ႏွင့္ ေတာင္ဘက္ ဝင္ေပါက္ အနီးရွိ အမ်ားသံုး သန္႔စင္ခန္းနံရံ ပ်က္စီး သြားခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ ရဲတပ္ဖြဲ႕ သည္ အခင္းျဖစ္ပြားရာ ေနရာ၌ ဓာတ္ခဲမ်ားႏွင့္ ေပါက္ကြဲခဲ့ျခင္း မရွိသည့္ ေဖာက္ခြဲေရး ပစၥည္းမ်ားကို ရွာေဖြေတြ႕ရွိ ခဲ့သည္။ ယင္း ျဖစ္ရပ္ႏွင့္ စပ္လ်ဥ္း၍ တာဝန္ရွိ သူမ်ားက စံုစမ္း စစ္ေဆးလ်က္ ရွိေၾကာင္းႏွင့္ အဆိုပါ ေပါက္ကြဲမႈ အတြင္း တစ္ဦး တစ္ေယာက္မွ် ဒဏ္ရာရရွိခဲ့ျခင္း မရွိေၾကာင္း သိရသည္။

ယာဆူကူနီ နတ္ကြန္းသည္ ကြပ္မ်က္ခံရသူမ်ား အပါအ၀င္ စစ္ပဲြမ်ားအတြင္း ေသဆံုးခဲ့သည့္ ဂ်ပန္စစ္သည္ ႏွစ္သန္းခဲြ အတြက္ ရည္စူး ေဆာက္လုပ္ ထားျခင္းျဖစ္ ေသာေၾကာင့္ ဒုတိယကမၻာ့စစ္ အတြင္းက ဂ်ပန္တပ္ဖဲြ႕၏ ရက္စက္မႈ မ်ားကုိ ခံခဲ့ရသည့္ တ႐ုတ္ႏွင့္ ေတာင္ကုိရီးယား ႏုိင္ငံမ်ားအတြက္ အျငင္းပြားဖြယ္ နတ္ကၽြန္း တစ္ခုအျဖစ္ သတ္မွတ္ ထားျခင္း ခံထားရသည္။ ေပါက္ကဲြမႈ ျဖစ္ပြားၿပီးေနာက္ အဆုိပါ နတ္ကြန္းကုိ ပိတ္ပစ္ခဲ့ၿပီး ဧည့္သည္မ်ား ၀င္ေရာက္ လည္ပတ္ျခင္း ကုိလည္း သက္ဆုိင္ရာက တားျမစ္ခဲ့ေၾကာင္း သိရသည္။

#PyiChitThar

............................................................

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ယာဆူကူနီဂူဗိမာန် တွင် ပေါက်ကွဲမှုဖြစ်ပွား





တိုကျို ၊ ၂၄-၁၁-၂ဝ၁၅

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ယာဆူကူနီ ဂူဗိမာန် တစ်ခုတွင် နိုဝင်ဘာ ၂၃ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ထုတ်ပြန် ထားကြောင်း ABC သတင်းဌာနက ဖော်ပြ ထားသည်။

အဆိုပါ ပေါက်ကွဲမှုသည် စစ်ပွဲအတွင်း ကျဆုံးသွား ခဲ့သည့် ဂျပန်စစ်သည် များအတွက် ဆောက်လုပ် ထားသော ယာဆူကူနီ ဂူဗိမာန် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲ မှုကြောင့် အဆောက်အအုံ၏ မျက်နှာကြက် နှင့် တောင်ဘက် ဝင်ပေါက် အနီးရှိ အများသုံး သန့်စင်ခန်းနံရံ ပျက်စီး သွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ သည် အခင်းဖြစ်ပွားရာ နေရာ၌ ဓာတ်ခဲများနှင့် ပေါက်ကွဲခဲ့ခြင်း မရှိသည့် ဖောက်ခွဲရေး ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခဲ့သည်။ ယင်း ဖြစ်ရပ်နှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများက စုံစမ်း စစ်ဆေးလျက် ရှိကြောင်းနှင့် အဆိုပါ ပေါက်ကွဲမှု အတွင်း တစ်ဦး တစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ယာဆူကူနီ နတ်ကွန်းသည် ကွပ်မျက်ခံရသူများ အပါအဝင် စစ်ပွဲများအတွင်း သေဆုံးခဲ့သည့် ဂျပန်စစ်သည် နှစ်သန်းခွဲ အတွက် ရည်စူး ဆောက်လုပ် ထားခြင်းဖြစ် သောကြောင့် ဒုတိယကမ္ဘာ့စစ် အတွင်းက ဂျပန်တပ်ဖွဲ့၏ ရက်စက်မှု များကို ခံခဲ့ရသည့် တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံများအတွက် အငြင်းပွားဖွယ် နတ်ကျွန်း တစ်ခုအဖြစ် သတ်မှတ် ထားခြင်း ခံထားရသည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဆိုပါ နတ်ကွန်းကို ပိတ်ပစ်ခဲ့ပြီး ဧည့်သည်များ ၀င်ရောက် လည်ပတ်ခြင်း ကိုလည်း သက်ဆိုင်ရာက တားမြစ်ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment