Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 24, 2015

ၿခိမ္းေျခာက္မႈကို အံတုမည့္ ေမစီ၏ စီတန္းလွည့္လည္ပြဲေတာ္


နယူးေယာက္ၿမိဳ႕တြင္ Macy's Thanksgiving Day Parade ေခၚ ေမစီကုန္တိုက္မွ ႀကီးမႉးေသာ ေက်းဇူးေတာ္ေန႔ စီတန္းလွည့္လည္ပြဲႀကီးကို အၾကမ္းသမားမ်ား၏ ၿခိမ္းေျခာက္မႈ အႏၲရာယ္မ်ားၾကားမွ မေၾကာက္မ႐ြံ႕ စည္ကားသိုက္ၿမိဳက္စြာ က်င္းပရန္ စီစဥ္ေနၾကပါသည္။

အိုင္စစ္စ္ အၾကမ္းဖက္အဖြဲ႕သည္ လူ ၁၃၀ ေသဆံုးေသာ ပဲရစ္ တိုက္ခိုက္မႈ က်ဴးလြန္ၿပီးေနာက္ အေမရိကန္ႏိုင္ငံမွ ဝါရွင္တန္ဒီစီႏွင့္ နယူးေယာက္ၿမိဳ႕တြင္ ေသြးေခ်ာင္းစီး တိုက္ခိုက္မည္ဟု ၿခိမ္းေျခာက္ထားသည့္ ဗီဒီယိုကို ယခင္ ရက္အနည္းငယ္ကပင္ ထုတ္ျပန္ထားသည္။

မိုးပ်ံအ႐ုပ္ႀကီးမ်ား၊ အလွျပယာဥ္မ်ား၊ ဘင္ခရာတပ္ဖြဲ႕မ်ား၊ အဆိုအက ေဖ်ာ္ေျဖမႈမ်ားျဖင့္ ႐ႈမၿငီးစရာ ဆန္းျပား စည္ကားလွေသာ ေမစီ၏ ေက်းဇူးေတာ္ေန႔ စီတန္းလွည့္လည္ပြဲႀကီး ျဖစ္ပါသည္။ (ပံုႀကီးၾကည့္ရန္ ကလစ္ခ္ လုပ္ပါ။)မိုးပ်ံအ႐ုပ္ႀကီးမ်ား၊ အလွျပယာဥ္မ်ား၊ ဘင္ခရာတပ္ဖြဲ႕မ်ား၊ အဆိုအက ေဖ်ာ္ေျဖမႈမ်ားျဖင့္ ႐ႈမၿငီးစရာ ဆန္းျပား စည္ကားလွေသာ ေမစီ၏ ေက်းဇူးေတာ္ေန႔ စီတန္းလွည့္လည္ပြဲႀကီး ျဖစ္ပါသည္။ (ပံုႀကီးၾကည့္ရန္ ကလစ္ခ္ လုပ္ပါ။)နယူးေယာက္ၿမိဳ႕တြင္ လာမည့္ ႏိုဝင္ဘာ ၂၆ ရက္၊ ၾကာသပေတးေန႔မွာ က်င္းပမည့္ ကမၻာေက်ာ္ ေမစီ၏ စီတန္းလွည့္လည္ပြဲႀကီးကို ပရိသတ္ ၃ သန္းခြဲေက်ာ္ ႀကိတ္ႀကိတ္တိုး လာေရာက္ ၾကည့္႐ႈၾကေသာေၾကာင့္ အၾကမ္းဖက္အဖြဲ႕မ်ားအႀကိဳက္ေတြ႕သည့္ ပစ္မွတ္ႀကီး ျဖစ္ေနသည္။

သို႔ေသာ္၊ နယူးေယာက္ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္သူမ်ားက ထီမထင္ဘဲ အံတုမည္ ျဖစ္၏။ "မေၾကာက္ၾကနဲ႔" ဟူ၍သာ ခပ္ရွင္းရွင္း ေျပာၾကသည္။

နယူးေယာက္ၿမိဳ႕ေတာ္ဝန္ ဘီလ္ ဒီ ဘလာဆီယိုက "သူတို႔ ေျပာသလိုလုပ္ၾကမွာလား၊ သူတို႔ကို အေလွ်ာ့ေပးၾကေတာ့မလား" ဟု လူထုအခမ္းအနားတြင္ ေျပာၾကားသည္။ နယူးေယာက္ရဲတပ္ဖြဲ႕ ရဲခ်ဳပ္ႀကီး ဝီလ်မ္ ဘရက္တြန္ကလည္း မင္ဟတ္တန္ၿမိဳ႕လယ္ကို ျဖတ္သန္းမည့္ စီတန္းလွည့္လည္ပြဲႀကီးအတြက္ ရဲတပ္ဖြဲ႕ဝင္ ေထာင္ေသာင္းခ်ီ၍ တာဝန္ခ်ထားမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

အသစ္ဖြဲ႕စည္းထားေသာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးတပ္ဖြဲ႕၊ အေရးႀကီးအေျခအေန တုန္႔ျပန္မႈ ကြပ္ကဲေရးတို႔ အင္အားျဖည့္ထားသည့္အျပင္ လက္နက္အျပည့္အစံု တပ္ဆင္ထားေသာ လံုျခံဳေရးတပ္ဖြဲ႕ဝင္မ်ားလည္း ပြဲေတာ္ကို ကာကြယ္ေစာင့္ေရွာက္ၾကမည္ဟု ရဲခ်ဳပ္က ရွင္းျပသည္။

"ေပ်ာ္ၾကပါ၊ သတိရွိပါ၊ ဒါေပမယ့္ မေၾကာက္ၾကနဲ႔၊ နယူးေယာက္ရဲတပ္ဖြဲ႕က ခင္ဗ်ားတို႔ကို ကာကြယ္မယ္" ဟု ရဲခ်ဳပ္က ေျပာၾကားသည္။

ေမစီ၏ စီတန္းလွည့္လည္ပြဲႀကီးသာမက နယူးေယာက္၏ သယ္ယူပို႔ေဆာင္ေရး အခ်က္အခ်ာေနရာမ်ား ျဖစ္ေသာ ဂရင္းစင္ထရယ္၊ ပင္းစတိတ္ ဘူတာ႐ံုႀကီးမ်ားတြင္လည္း လံုျခံဳေရးတိုးျမႇင့္ထားမည္ ျဖစ္၏။

ေၾကာက္တတ္ရင္ ႏွစ္ခါေသရမည္

၂၀၁၃ ခုႏွစ္က အေမရိကန္ႏိုင္ငံတြင္ ပရိသတ္မ်ားစြာ စုေဝးၾကည့္႐ႈေသာ ေဘာ္စတန္ မာရသြန္ ေျပးပြဲႀကီးတြင္  အစၥလာမ္အစြန္းေရာက္ ညီအစ္ကိုႏွစ္ဦးက လက္လုပ္ဗံုးမ်ားျဖင့္ ေဖာက္ခြဲတိုက္ခိုက္ေသာေၾကာင့္ ၃ ဦး ေသဆံုးကာ ၂၆၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ေသာ အျဖစ္ဆိုးႀကီး ျဖစ္ပြားခဲ့ဖူးသည္။

"အၾကမ္းဖက္ တိုက္ခိုက္မႈေတြရဲ့ ဦးတည္ခ်က္က လူေတြ ေၾကာက္သြားေအာင္ လုပ္ဖို႔ပဲ။ သူတို႔လုပ္တာကို စိတ္ထဲမွာထားရင္ ေပ်ာ္ရေတာ့မွာ မဟုတ္ဖူး" ဟု ဘင္ခရာတပ္ဖြဲ႕တြင္ ပါဝင္ ခ်ီတက္မည့္ သမီးငယ္၏ ဖခင္ျဖစ္သူ ေဒးဗစ္ ဟတ္ဒယ္လ္က ေျပာၾကားသည္။

၁၉၂၄ ခုႏွစ္မွ စတင္ခဲ့ၿပီး သက္တမ္း ၉၁ ႏွစ္ရွိၿပီ ျဖစ္ေသာ ေမစီကုန္တိုက္၏ ေက်းဇူးေတာ္ေန႔ စီတန္းလွည့္လည္ပြဲႀကီးသည္ ျပည္နယ္ေပါင္းစံုမွ ဘင္ခရာတပ္ဖြဲ႕မ်ား၊ အကအဖြဲ႕မ်ား၊ ဧရာမမိုးပ်ံအရုပ္ႀကီးမ်ား၊ အလွျပယာဥ္မ်ားျဖင့္ ထူးျခားဆန္းၾကယ္လွေသာေၾကာင့္ ႏွစ္စဥ္ ပရိသတ္ ၃ သန္းခြဲေက်ာ္ႏွင့္ ႐ုပ္ျမင္သံၾကားမွ ၾကည့္႐ႈသူ သန္း ၅၀ ေက်ာ္ ရွိသည္။ (ဒုတိယ ကမၻာစစ္ႀကီးအတြင္း မက်င္းပျဖစ္ေသာ ႏွစ္မ်ားကို ႏုတ္လွ်င္ ယခု ၈၉ ႀကိမ္ေျမာက္ ျဖစ္၏။)

ယခုႏွစ္တြင္ နာမည္ေက်ာ္ အဆိုေတာ္ ပရင့္စ္႐ြိဳက္စ္၊ မာ႐ိုင္ယာ ကယ္ရီ၊ ၂၀၁၆ မယ္အေမရိကား ဘက္တီ ကန္ထရယ္လ္ စသည့္ ဆူပါစတားမ်ားလည္း ပါဝင္ဆင္ႏႊဲၾကမည္ ျဖစ္သည္။

http://kabarthit.com/index.php?option=com_content&view=article&id=803:2015-11-24-02-22-03&catid=8:2013-10-13-17-09-02&Itemid=214

................................................

ခြိမ်းခြောက်မှုကို အံတုမည့် မေစီ၏ စီတန်းလှည့်လည်ပွဲတော်

နယူးယောက်မြို့တွင် Macy's Thanksgiving Day Parade ခေါ် မေစီကုန်တိုက်မှ ကြီးမှူးသော ကျေးဇူးတော်နေ့ စီတန်းလှည့်လည်ပွဲကြီးကို အကြမ်းသမားများ၏ ခြိမ်းခြောက်မှု အန္တရာယ်များကြားမှ မကြောက်မရွံ့ စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြပါသည်။

အိုင်စစ်စ် အကြမ်းဖက်အဖွဲ့သည် လူ ၁၃၀ သေဆုံးသော ပဲရစ် တိုက်ခိုက်မှု ကျူးလွန်ပြီးနောက် အမေရိကန်နိုင်ငံမှ ဝါရှင်တန်ဒီစီနှင့် နယူးယောက်မြို့တွင် သွေးချောင်းစီး တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုကို ယခင် ရက်အနည်းငယ်ကပင် ထုတ်ပြန်ထားသည်။

မိုးပျံအရုပ်ကြီးများ၊ အလှပြယာဉ်များ၊ ဘင်ခရာတပ်ဖွဲ့များ၊ အဆိုအက ဖျော်ဖြေမှုများဖြင့် ရှုမငြီးစရာ ဆန်းပြား စည်ကားလှသော မေစီ၏ ကျေးဇူးတော်နေ့ စီတန်းလှည့်လည်ပွဲကြီး ဖြစ်ပါသည်။ (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)မိုးပျံအရုပ်ကြီးများ၊ အလှပြယာဉ်များ၊ ဘင်ခရာတပ်ဖွဲ့များ၊ အဆိုအက ဖျော်ဖြေမှုများဖြင့် ရှုမငြီးစရာ ဆန်းပြား စည်ကားလှသော မေစီ၏ ကျေးဇူးတော်နေ့ စီတန်းလှည့်လည်ပွဲကြီး ဖြစ်ပါသည်။ (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)နယူးယောက်မြို့တွင် လာမည့် နိုဝင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့မှာ ကျင်းပမည့် ကမ္ဘာကျော် မေစီ၏ စီတန်းလှည့်လည်ပွဲကြီးကို ပရိသတ် ၃ သန်းခွဲကျော် ကြိတ်ကြိတ်တိုး လာရောက် ကြည့်ရှုကြသောကြောင့် အကြမ်းဖက်အဖွဲ့များအကြိုက်တွေ့သည့် ပစ်မှတ်ကြီး ဖြစ်နေသည်။

သို့သော်၊ နယူးယောက်မြို့တော် အုပ်ချုပ်သူများက ထီမထင်ဘဲ အံတုမည် ဖြစ်၏။ "မကြောက်ကြနဲ့" ဟူ၍သာ ခပ်ရှင်းရှင်း ပြောကြသည်။

နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာဆီယိုက "သူတို့ ပြောသလိုလုပ်ကြမှာလား၊ သူတို့ကို အလျှော့ပေးကြတော့မလား" ဟု လူထုအခမ်းအနားတွင် ပြောကြားသည်။ နယူးယောက်ရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဝီလျမ် ဘရက်တွန်ကလည်း မင်ဟတ်တန်မြို့လယ်ကို ဖြတ်သန်းမည့် စီတန်းလှည့်လည်ပွဲကြီးအတွက် ရဲတပ်ဖွဲ့ဝင် ထောင်သောင်းချီ၍ တာဝန်ချထားမည် ဖြစ်ကြောင်း ပြောကြားသည်။

အသစ်ဖွဲ့စည်းထားသော အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့၊ အရေးကြီးအခြေအနေ တုန့်ပြန်မှု ကွပ်ကဲရေးတို့ အင်အားဖြည့်ထားသည့်အပြင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ပွဲတော်ကို ကာကွယ်စောင့်ရှောက်ကြမည်ဟု ရဲချုပ်က ရှင်းပြသည်။

"ပျော်ကြပါ၊ သတိရှိပါ၊ ဒါပေမယ့် မကြောက်ကြနဲ့၊ နယူးယောက်ရဲတပ်ဖွဲ့က ခင်ဗျားတို့ကို ကာကွယ်မယ်" ဟု ရဲချုပ်က ပြောကြားသည်။

မေစီ၏ စီတန်းလှည့်လည်ပွဲကြီးသာမက နယူးယောက်၏ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာများ ဖြစ်သော ဂရင်းစင်ထရယ်၊ ပင်းစတိတ် ဘူတာရုံကြီးများတွင်လည်း လုံခြံုရေးတိုးမြှင့်ထားမည် ဖြစ်၏။

ကြောက်တတ်ရင် နှစ်ခါသေရမည်

၂၀၁၃ ခုနှစ်က အမေရိကန်နိုင်ငံတွင် ပရိသတ်များစွာ စုဝေးကြည့်ရှုသော ဘော်စတန် မာရသွန် ပြေးပွဲကြီးတွင်  အစ္စလာမ်အစွန်းရောက် ညီအစ်ကိုနှစ်ဦးက လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်သောကြောင့် ၃ ဦး သေဆုံးကာ ၂၆၀ ကျော် ဒဏ်ရာရရှိခဲ့သော အဖြစ်ဆိုးကြီး ဖြစ်ပွားခဲ့ဖူးသည်။

"အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ ဦးတည်ချက်က လူတွေ ကြောက်သွားအောင် လုပ်ဖို့ပဲ။ သူတို့လုပ်တာကို စိတ်ထဲမှာထားရင် ပျော်ရတော့မှာ မဟုတ်ဖူး" ဟု ဘင်ခရာတပ်ဖွဲ့တွင် ပါဝင် ချီတက်မည့် သမီးငယ်၏ ဖခင်ဖြစ်သူ ဒေးဗစ် ဟတ်ဒယ်လ်က ပြောကြားသည်။

၁၉၂၄ ခုနှစ်မှ စတင်ခဲ့ပြီး သက်တမ်း ၉၁ နှစ်ရှိပြီ ဖြစ်သော မေစီကုန်တိုက်၏ ကျေးဇူးတော်နေ့ စီတန်းလှည့်လည်ပွဲကြီးသည် ပြည်နယ်ပေါင်းစုံမှ ဘင်ခရာတပ်ဖွဲ့များ၊ အကအဖွဲ့များ၊ ဧရာမမိုးပျံအရုပ်ကြီးများ၊ အလှပြယာဉ်များဖြင့် ထူးခြားဆန်းကြယ်လှသောကြောင့် နှစ်စဉ် ပရိသတ် ၃ သန်းခွဲကျော်နှင့် ရုပ်မြင်သံကြားမှ ကြည့်ရှုသူ သန်း ၅၀ ကျော် ရှိသည်။ (ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မကျင်းပဖြစ်သော နှစ်များကို နုတ်လျှင် ယခု ၈၉ ကြိမ်မြောက် ဖြစ်၏။)

ယခုနှစ်တွင် နာမည်ကျော် အဆိုတော် ပရင့်စ်ရွိုက်စ်၊ မာရိုင်ယာ ကယ်ရီ၊ ၂၀၁၆ မယ်အမေရိကား ဘက်တီ ကန်ထရယ်လ် စသည့် ဆူပါစတားများလည်း ပါဝင်ဆင်နွှဲကြမည် ဖြစ်သည်။

http://kabarthit.com/index.php?option=com_content&view=article&id=803:2015-11-24-02-22-03&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment