Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 12, 2015

ဘယ္ေလာက္ ဝဝ ဇနီးကို ခ်စ္လုိ႔မဝတဲ့ ဂ်ိမ္းစဘြန္း မင္းသားေဟာင္း








ဂ်ိမ္းစဘြန္း မင္းသားေဟာင္း တစ္ဦးျဖစ္တဲ့ Pierce Brosnan ရဲ႕ သူ႔ ဇနီးအေပၚ ခ်စ္တဲ့ အခ်စ္ဟာ အင္မတန္ နာမည္ၾကီးပါတယ္။ Pierce ရဲ႕ ပထမ အိမ္ေထာင္ ခ်စ္သူ Cassandra Harris ဟာ ၁၉၉၁ ခုႏွစ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ပါတယ္။ ပထမ ဇနီးအေပၚ လည္း အင္မတန္ ခ်စ္ခဲ့သူ ျဖစ္ပါတယ္။
Cassandra ကြယ္လြန္ျပီး ဆယ္ႏွစ္ၾကာမွာ Pirece ဟာ သူနဲ႔ က်န္ရွိတဲ့ သားသမီး ၃ ဦးအေပၚ နားလည္ေပးႏုိင္တဲ့ Keely Shaye Smith အမည္ရ စာေရးဆရာ၊ ရုပ္သံလိုင္း တင္ဆက္သူ နဲ႔ ၂၀၀၁ ခုႏွစ္မွာ အိမ္ေထာင္က်ပါတယ္။ Pierce ဟာ ယေန႔မွာ အသက္ ၆၂ ႏွစ္ ရွိျပီျဖစ္ျပီး Keely ကေတာ့ သူ႔ထက္ ၁၀ ႏွစ္ငယ္ ပါတယ္။ Keely နဲ႔လည္း သားသမီး ၂ ဦးထြန္းကား ပါတယ္။
Keely ဟာ ကေလး မိခင္ ျဖစ္လာျပီးေနာက္ ကိုယ္အေလးခ်ိန္ဟာ သိသိသာသာ တုိးတက္လာျပီး ယခင္က ေမာ္ဒယ္ ကိုယ္လံုး ေပ်ာက္ဆံုးသြားပါတယ္။ ဂ်ိမ္းစဘြန္း မင္းသားေဟာင္းၾကီးကေတာ့ အသက္ ၾကီးလာေသာ္ျငားလည္း ရုပ္ရည္ က်န္ေနေသးသူ ျဖစ္တာေၾကာင့္ အတူ ယွဥ္သြားရင္ေတာင္ သူမ ေပ်ာက္ကြယ္သြားမွာကို တိတ္တဆိတ္ အားငယ္ သိမ္ငယ္တတ္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အဆီပုိမ်ားကို ဖယ္ရွားတဲ့ ခြဲစိတ္မွု ေအာ္ပေရးရွင္း ဝင္ဖို႔ အတြက္ ခင္ပြန္း Pierce ကို ေတာင္းဆုိပါတယ္။ Peirce ဟာ အကယ္၍သာ အဲ့ဒီလို ေအာ္ပေရးရွင္း ဝင္ရင္ ကြာရွင္း ျပတ္ဆဲမယ္လုိ႔ ျခိမ္းေျခာက္ပါတယ္။
ဘာေၾကာင့္လဲလို႔ သူမက ေမးတဲ့အခါ မင္းသား Peirce က ယခုလို ေျဖပါတယ္။ "I love every curve of your body".
"မင္းရဲ႕ ဘယ္လို အလွအပ ေကာက္ေၾကာင္းတိုင္းကို မဆုိ ငါခ်စ္တယ္"
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com
(Unicode version)
ဘယ်လောက် ဝဝ ဇနီးကို ချစ်လို့မဝတဲ့ ဂျိမ်းစဘွန်း မင်းသားဟောင်း
ဂျိမ်းစဘွန်း မင်းသားဟောင်း တစ်ဦးဖြစ်တဲ့ Pierce Brosnan ရဲ့ သူ့ ဇနီးအပေါ် ချစ်တဲ့ အချစ်ဟာ အင်မတန် နာမည်ကြီးပါတယ်။ Pierce ရဲ့ ပထမ အိမ်ထောင် ချစ်သူ Cassandra Harris ဟာ ၁၉၉၁ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ပါတယ်။ ပထမ ဇနီးအပေါ် လည်း အင်မတန် ချစ်ခဲ့သူ ဖြစ်ပါတယ်။
Cassandra ကွယ်လွန်ပြီး ဆယ်နှစ်ကြာမှာ Pirece ဟာ သူနဲ့ ကျန်ရှိတဲ့ သားသမီး ၃ ဦးအပေါ် နားလည်ပေးနိုင်တဲ့ Keely Shaye Smith အမည်ရ စာရေးဆရာ၊ ရုပ်သံလိုင်း တင်ဆက်သူ နဲ့ ၂၀၀၁ ခုနှစ်မှာ အိမ်ထောင်ကျပါတယ်။ Pierce ဟာ ယနေ့မှာ အသက် ၆၂ နှစ် ရှိပြီဖြစ်ပြီး Keely ကတော့ သူ့ထက် ၁၀ နှစ်ငယ် ပါတယ်။ Keely နဲ့လည်း သားသမီး ၂ ဦးထွန်းကား ပါတယ်။
Keely ဟာ ကလေး မိခင် ဖြစ်လာပြီးနောက် ကိုယ်အလေးချိန်ဟာ သိသိသာသာ တိုးတက်လာပြီး ယခင်က မော်ဒယ် ကိုယ်လုံး ပျောက်ဆုံးသွားပါတယ်။ ဂျိမ်းစဘွန်း မင်းသားဟောင်းကြီးကတော့ အသက် ကြီးလာသော်ငြားလည်း ရုပ်ရည် ကျန်နေသေးသူ ဖြစ်တာကြောင့် အတူ ယှဉ်သွားရင်တောင် သူမ ပျောက်ကွယ်သွားမှာကို တိတ်တဆိတ် အားငယ် သိမ်ငယ်တတ်သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဆီပိုများကို ဖယ်ရှားတဲ့ ခွဲစိတ်မှု အော်ပရေးရှင်း ဝင်ဖို့ အတွက် ခင်ပွန်း Pierce ကို တောင်းဆိုပါတယ်။ Peirce ဟာ အကယ်၍သာ အဲ့ဒီလို အော်ပရေးရှင်း ဝင်ရင် ကွာရှင်း ပြတ်ဆဲမယ်လို့ ခြိမ်းခြောက်ပါတယ်။
ဘာကြောင့်လဲလို့ သူမက မေးတဲ့အခါ မင်းသား Peirce က ယခုလို ဖြေပါတယ်။ "I love every curve of your body".
"မင်းရဲ့ ဘယ်လို အလှအပ ကောက်ကြောင်းတိုင်းကို မဆို ငါချစ်တယ်"
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment