Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

က်ေနာ္ႏွင့္ ေဒါက္တာေဇာ္ျမင့္ေမာင္

လူခ်စ္လူခင္ မ်ားသေလာက္ကို လူမုန္းလည္း မ်ားတဲ့သူ။
ဒါေပမယ့္ ခ်စ္သူေရာ၊ မုန္းသူေရာက ေလးစားၾကတဲ့သူ … ။
ဆရာဝန္ဆိုေပမယ့္ သူ႔ပံုစံက က်ေနာ္နဲ႔ခပ္ဆင္ဆင္။ "အသားမည္းမည္း၊ဂင္တိုတို၊ပုကြကြ" ဆိုတာ က်ေနာ္တို႔ႏွစ္ေယာက္ကို အနီးစပ္ဆံုးပံုေဖာ္တဲ့ေဝါဟာရျဖစ္မယ္။ မ်က္ႏွာမွာ မွဲ႔ေျခာက္ေပါင္းမ်ားစြာပါတာက က်ေနာ့္ထက္သာေသး။ ဒါေပမဲ့ ဆရာေဇာ္က က်ေနာ့္ထက္ပိုၿပီး ႀကံ့ခိုင္ေတာင့္တင္းပါတယ္။ အက်ဥ္းေထာင္ထဲမွာ ကိုယ္လက္လႈပ္ရွားမႈက်န္းမာေရး အလိုက္စားဆံုးပုဂၢိဳလ္ဟာ ဆရာေဇာ္ပါပဲ။ က်ေနာ္သူ႔ကို လူကိုယ္တိုင္ မျမင္ဖူးခင္ ကတည္းက နာမည္ကို ၾကားဖူးေနတာပါ။ မႏၱေလးအမရပူရသား။ေဒါက္တာမ်ဳိး႐ိုး။ အေဖေဒါက္တာ၊ဇနီးေဒါက္တာ၊ ညီအစ္ကိုေမာင္ႏွမေတြေဒါက္တာ၊
ေယာကၹေဒါက္တာ။ (ေနာက္ပိုင္းမွာဆို သားသမီး သံုးေယာက္စလံုးပါ ေဒါက္တာ)။

ေဒါက္တာေဇာ္ျမင့္ေမာင္ ဆရာဝန္ဘြဲ႔ရေတာ့ မႏၱေလးေဆးတကၠသိုလ္မွာပဲ ဆရာျပန္လုပ္တယ္။ ရွစ္ေလးလံုး အေရးေတာ္ပံုက်ေတာ့ တက္တက္ၾကြၾကြ ပါဝင္လာတယ္။ NLD ပါတီဝင္တယ္။ ၁၉၉၀ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အမရပူရၿမိဳ႕နယ္ကေန အမတ္အျဖစ္ အေ႐ြးခံရတယ္။၁၉၉၀၊ ဂႏၶီညီလာခံေနာက္ပိုင္း နဝတစစ္အစိုးရက လႊတ္ေတာ္ေခၚ ေပးဖို႔ ပ်က္ကြက္တာကေနစၿပီး ႏိုင္ငံေရး တင္းမာမႈေတြ ဆက္တိုက္ျမင့္မားလာတယ္။ ႏိုင္ငံေရးအင္းအားစုေတြ (ဒီမိုကရက္တစ္ေတြ)ကို တစ္စတစ္စ ၿဖိဳခြင္းလာတယ္။ ဒီလုိနဲ႔ပဲ ေဒါက္တာေဇာ္ျမင့္ေမာင္အပါအဝင္ အမတ္တခ်ဳိ႕ကို စင္ၿပိဳင္အစိုးရေထာင္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးေထာင္ခ်တယ္။ အမတ္တခ်ဳိ႕ကို ရရာပုဒ္မေတြနဲ႔အေရးယူတယ္။ ေဒါက္တာစိန္ဝင္းအပါအဝင္ အမတ္တခ်ဳိ႕က နယ္စပ္(ျပည္ပ)ကို တိမ္းေရွာင္သြားၾကတယ္။ တခ်ဳိ႕က ေသြဖည္သြားၾက တယ္။ တခ်ဳိ႕လည္း ေဖာက္ျပန္သြားၾကတယ္။

က်ေနာ္ ဆရာေဇာ့္ကို စျမင္ဖူးတာက သိပ္ေတာ့ ကဗ်ာမဆန္လွပါဘူး။ ေနရာက အင္းစိန္ေထာင္ရဲ႕ စစ္ေခြးတိုက္ ထဲမွာ။ အခ်ိန္က ေဝလီေဝလင္း။ အဲဒီ့ေန႔က မွတ္မွတ္ရရ ဧၿပီလ ၁ရက္ေန႔။ မနက္အေစာႀကီး ၃ နာရီခြဲေလာက္မွာ က်ေနာ္ တို႔အခန္းတံခါးေတြရဲ႕ေသာ့ခေလာက္ေတြကို တေဂ်ာင္းေဂ်ာင္းနဲ႔ လာဆြဲခါရင္း "ေထာင္ေျပာင္းပါတယ္။ ျပင္ထားၾက" လို႔ လာေျပာတယ္။ ဘယ္ေလာက္ စိတ္တိုဖို႔ေကာင္းသလဲဗ်ာ။ အိပ္လို႔ အေကာင္းဆံုးအခ်ိန္ႀကီးမွာ အဓမၼလာႏႈိးတာေလ။ ဒါေပမယ့္ အက်ဥ္းေထာင္မဟုတ္လား။ ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္မွ မဟုတ္တာ။ ဒီလိုနဲ႔ပဲ လာေခၚတဲ့ဝါဒါေနာက္ကိုလိုက္။ စစ္ေခြးတိုက္ေရွ႕မွာ ေျခက်င္းအခတ္ခံ။ စစ္ေခြးတိုက္ထဲက သူတို႔ဝင္ခိုင္းတဲ့ အခန္းထဲကိုဝငရတယ္္။ ကိုယ့္လူေတြခ်င္းလဲ ကြဲကုန္တယ္။ ေျပာင္းေ႐ႊ႕ရမယ့္ ေထာင္အလိုက္ လူေတြျပန္တြဲလိုက္တာကိုး။ က်ေနာ္တို႔အခန္းထဲကို ပါလာတဲ့ တစ္ေယာက္က ကိုၾကည္ေဖေက်ာ္(ဘိုကေလး)။ သူက ေထာင္သက္ရင့္ေနၿပီ။ ေထာင္ထဲမွာေနသားတင္ ၇ႏွစ္ေက်ာ္လို႔ မူလအမႈကလည္း လြတ္ၿပီ။ ဒါေပမယ့္ လြတ္ရက္မေစ့ခင္ ေထာင္ထဲမွာ
ေနာက္အမႈထပ္ျဖစ္လို႔၊ေထာင္ထဲမွာ ေထာင္ထပ္က် ေနသူ။ ေထာင္တြင္း ေနာက္အမႈမွာ ေဒါက္တာေဇာ္ျမင့္ေမာင္က သူ႔အမႈတြဲ။ က်ေနာ္ ၾကားဖူး႐ုံသာ ၾကားဖူးတဲ့
ေဒါက္တာ ေဇာ္ျမင့္ေမာင္ဆိုတာကို သူပဲ ျပတာ။ ေျခက်င္း အခတ္ခံၿပီးတဲ့အခါ က်ေနာ္တို႔ အခန္းေရွ႕ကေန ျဖတ္ျဖတ္ေလွ်ာက္သြား ၾကတဲ့သူေတြထဲက တစ္ေယာက္ကို "အဲဒါေပါ့ ေဒါက္တာေဇာ္ျမင့္ေမာင္" ဆိုၿပီး ညႊန္ျပတာ။ ဒါေပမယ့္ က်ေနာ္က လြဲပါ တယ္။ ဆရာဝန္ဆိုေတာ့ ျဖဴျဖဴသန္႔သန္႔၊ခန္႔ခန္႔ေခ်ာေခ်ာကို လိုက္ရွာၾကည့္ေနတာနဲ႔ ေက်ာ္သြားေတာ့မလို႔။ ဆရာဝန္ဆိုေတာ့ က်ေနာ့္လို အသားမည္းမည္း၊ဂင္တိုတို၊ပုကြကြလို႔ ဘယ္ထင္မွာလဲဗ်ာ။ၿပီးေတာ့ အဲဒီ့ေန႔မွာ ျမင္ေတြ႔ လိုက္ရတဲ့ သူ႔ပံုစံကိုလည္းၾကည့္ဦးေလ။ ေထာင္ကေပးတဲ့ ဖ်င္ၾကမ္းအျဖဴ ပံုစံအကၤ်ီကို လက္ေမာင္းရင္းကေန ဖြာလန္ ႀကဲေအာင္ ျဖတ္ထားတယ္။ ဝါက်င့္က်င့္ျဖစ္ေနတဲ့ ပံုစံပုဆိုးကိုလည္း ဒူးေခါင္းဖံုး႐ုံ တိုတိုေလးဝတ္ထားတယ္။ ၿပီးေတာ့ သူ႔အရပ္နီးပါး ေလာက္ရွိတဲ့ ဆာလာအိတ္ႀကီးကို ေနာက္ေက်ာမွာပိုး၊ သိုင္းႀကိဳးကို နဖူးမွာခ်ိတ္လို႔။ လက္တစ္ဖက္မွာလည္း အထုပ္တစ္ထုပ္က ဆြဲထားေသးတယ္။
က်န္တဲ့လက္တစ္ဖက္က ေျခက်င္းကိုကိုင္။ ျမင္ရတာ ကို႔ယို႔ကားယားဆိုေတာ့ ဘယ္လိုလုပ္ ဆရာဝန္လို႔ ထင္ရက္ပါ့မလဲ။အဲဒီ့ေန႔ ေထာင္ေျပာင္းတာ
ႏိုင္ငံေရးအက်ဥ္းသားေတြခ်ည့္ပါပဲ။ အေရအတြက္လည္း အေတာ္မ်ားပါတယ္။ ေျပာင္းရတဲ့ေထာင္ေတြက ေတာင္ငူ၊မႏၱေလး၊ျမင္းၿခံ၊ျမစ္ႀကီးနား။ ေျပာင္းရတဲ့သူစုစုေပါင္းက တစ္ရာေက်ာ္ေလာက္ရွိမယ္္။ လူေဟာင္းေတြေရာ၊လူသစ္ေတြေရာ၊လူငယ္ေတြေရာ၊လူႀကီးေတြေရာ အေရာေရာအေထြးေထြး။ အထူးတိုက္ကလူေတြကို ဘယ္တုန္းကမွ
ေထာင္ေျပာင္းေလ့ မရွိခဲ့ေပမယ့္၊ဒီတစ္ေခါက္မွာေတာ့ အထူးတိုက္ကေန ဦးဝင္းထိန္(NLD) ေထာင္ေျပာင္း ပါလာလို႔ အားလံုး တအံ့တၾသ ျဖစ္ၾကရတယ္။ ဦးဝင္းထိန္ကိုယ္တိုင္ေတာင္ April Fool အျဖစ္ လာေနာက္တယ္လို႔ ထင္ေနတာတဲ့။ ဒါေပမဲ့ ဘယ္သူက ဘယ္ေထာင္ကိုေျပာင္းရမယ္ဆိုတာေတာ့ ဘယ္သူမွမသိရ။ ႀကိဳေျပာေလ့လည္း မရွိ။ ေခၚတဲ့ေနာက္ကိုသာ တစ္သီတစ္တန္းႀကီး လိုက္သြားရတာ။ အဲဒီ့ေန႔ ေထာင္ေျပာင္းရတဲ့သူေတြ အမ်ားႀကီးထဲမွာ အျပင္ မွာကတည္းက လက္တြဲခဲ့ဖူးသူေတြ၊ ခင္မင္ရင္းႏွီးခဲ့တဲ့သူေတြလည္း အေတာ္မ်ားမ်ားပါလာပါတယ္။ က်ေနာ္တို႔အမႈတြဲ ေက်ာင္းသား ၄ေယာက္စလံုး ပါတယ္။ လႈိင္သာယာက ဦးဖိုးေအးတို႔ သားအဖပါတယ္။ ကိုသားႀကီး၊ကိုမ်ဳိးမင္းႏိုင္ (မ်ဳိးႀကီး/နႏၵ)တို႔အတြဲေတြပါတယ္။
ဘယ္ေထာင္ကို ဘယ္သူေတြေျပာင္းၾကရမယ္ဆိုတာ အတိအက် မသိရေပမယ့္ အရင္ဆံုးသြားရ မယ့္လမ္း ေၾကာင္းက မႏၱေလးေထာင္ဆိုေတာ့၊ မႏၱေလးသား
ေဒါက္တာေဇာ္ျမင့္ေမာင္ အလြန္ေပ်ာ္ေနပါတယ္။ ေထာင္ထဲမွာ ေနလာရတာလည္း ၇ႏွစ္ေလာက္ရွိေနၿပီဆိုေတာ့ အခုလိုအုတ္႐ုိးျပင္ပက ျမင္ကြင္းေတြကို
ျမင္ရ၊ ျပင္ပေလကို ႐ွဴ႐ႈိက္ ခြင့္ရတာေၾကာင့္လည္း ဆရာေဇာ္တစ္ေယာက္ အေတာ္ေလး ႐ႊင္႐ႊင္လန္းလန္း၊တက္တက္ၾကြၾကြျဖစ္ေနပါတယ္။ ဆရာေဇာ့္မွာ တက္ၾကြျဖတ္လတ္တဲ့ ဟန္ပန္ရွိတယ္။ စကားေျပာရင္လည္း မ်က္ႏွာသာမက၊ တစ္ကိုယ္လံုး ပါေအာင္ ေျပာတတ္တယ္။ ဟန္ေဆာင္ပလႊားမႈေတြ လံုးဝမရွိဘဲ ေဟာေဟာဒိုင္းဒိုင္းနဲ႔ အားရပါးရ ေျပာတတ္တယ္။ " ေနာက္ထပ္ ၇ ႏွစ္ေနဖို႔ ခြန္အားေတြ ရွိသြားၿပီ" တဲ့။ (ဒါေပမဲ့ ေနာက္ထပ္ ၁၀ႏွစ္ေက်ာ္ေလာက္ ထပ္ေနရဦးမယ္ဆိုတာကိုေတာ့ ဘယ္သူမွ မထင္ရက္ၾက ဘူးေလ) ရထား အခ်ဳပ္တြဲထဲမွာဆိုလည္းသူ႔အသံခ်ည့္ပါပဲ။က်ေနာ္တို႔စီးရတဲ့ ရထားကလည္း အေတာ္ေႏွး ပါတယ္။လမ္းမွာေတြ႔သမွ် ဘူတာစဥ္ အကုန္ရပ္တယ္။ ဧၿပီလ ၁ရက္ေန႔၊ ေန႔လည္ေလာက္ကတည္းက ရန္ကုန္ဘူတာ ႀကီးကေန ထြက္ခဲ့တဲ့ရထားဟာ ေနာက္တစ္ရက္ ေန႔ခင္းပိုင္းမွ မႏၱေလးကိုေရာက္တယ္။
အဲဒီ့ကာလမွာ မႏၱေလးေထာင္က နန္းတြင္းထဲကေန အိုးဘိုဘက္ ေ႐ႊ႕ၿပီးေနပါၿပီ။ ဒါေပမဲ့ ေဆာက္လက္စေတြလည္း ရွိေနပါေသးတယ္။ အက်ဥ္းေထာင္ရဲ႕ ထံုးစံအတိုင္း၊ က်ေနာ္တို႔ေထာင္ေျပာင္းလူသစ္ေတြ ေရာက္လာတဲ့အခါ ဦးခ်ဳိးဖို႔ ႀကိဳးစားပါတယ္။ ပါလာသမွ် ပစၥည္းေတြ အေတာ္မ်ားမ်ားကို အေၾကာင္းအမ်ဳိးမ်ဳိးျပၿပီး သိမ္းပစ္တယ္။ တစ္ေက်ာင္းတစ္ဂါထာ၊ တစ္႐ြာတစ္ပုဒ္ဆန္းဆိုသလို၊ အင္းစိန္ေထာင္မွာ တရားဝင္တဲ့ပစၥည္းဟာ မႏၱေလးေထာင္ေရာက္မွ တရားမဝင္
ျဖစ္ရတာမ်ဳိးလည္း ရွိတယ္။ က်ေနာ္တို႔ေရာက္လာမွ အေရးေပၚ ထုတ္ျပန္လိုက္တဲ့ စည္းကမ္းအသစ္ေတြလည္း ပါတယ္။ ဖိနပ္လံုးဝမစီးရဘူး၊ ပလပ္စတစ္ခြက္ လံုးဝ မသံုးရဘူး ဆိုတာမ်ဳိးေပါ့။ က်ေနာ္တို႔ကေတာ့ ဒီမႏၱေလးေထာင္မွာ
ေနရမွာမဟုတ္ပါဘူး။ တျခားေထာင္ကို ထပ္ေျပာင္းရဦးမွာပါဆိုၿပီး ဆရာေဇာ္က ျပန္ေတာင္းလို႔ ဖိနပ္ေတြ ျပန္ရခဲ့တယ္။ဘူးဝမွာ တန္းစီလူစစ္ ေနတုန္း၊ ေထာင္အရာရွိေတြ သူတို႔အခ်င္းခ်င္း ေျပာေနသံေတြအရ၊
တခ်ဳိ႕ကို ျမင္းၿခံေထာင္၊ တခ်ဳိ႕ကို ျမစ္ႀကီးနားေထာင္ ေျပာင္းမယ္ဆိုတာေတာ့ သိလိုက္ရတယ္။ က်ေနာ္တို႔အားလံုးကို မႏၱေလးေထာင္ရဲ႕တိုက္ခန္းေတြထဲ
ခြဲထည့္တယ္။ ညေနေစာင္းမွာေတာ့ တခ်ဳိ႕ကို တိုက္႐ုံး ခန္းေခၚၿပီး က်န္းမာေရး စစ္ေဆးတယ္။ က်ေနာ့္အေရွ႕မွာက ဆရာေဇာ္။ ေနာင္မွ သိလိုက္ ရတာက မနက္ျဖန္ျမစ္ႀကီးနား ေထာင္ ဆက္ေျပာင္းရမယ့္သူေတြကို fit for travel ျဖစ္မျဖစ္ စစ္ေဆးတာ တဲ့။ အဲဒီ့မွာ မႏၱေလးေထာင္ေဆး႐ုံအုပ္ႀကီး ေဒါက္တာဦးေအာင္သန္းနဲ႔ ဆရာေဇာ္တို႔ ေတြ႔ၾကတယ္။ ေရွ႕မွာေျပာခဲ့ပါေရာလား။ ဆရာေဇာ္တို႔က
ေဒါက္တာမ်ဳိး႐ုိး ဆိုတာေလ။ ဆရာေဇာ့္အေဖ ေဒါက္တာဦးခ်စ္ေမာင္
ဆိုတာက ေဒါက္တာဦးေအာင္သန္းရဲ႕ဆရာရင္း။ ဆရာေဇာ့္ကို ေဆးစစ္ရင္းနဲ႔ မိသားစုဆီ အက်ဳိးအေၾကာင္း ေျပာေပးပါ့မယ္လို႔ ဂတိေပးတယ္။ နဝတရဲ႕မ်က္ေစာင္း အေၾကာင္းသံုးပါး မေ႐ြးတဲ့ကာလမို႔၊ အမွန္တကယ္အေၾကာင္းၾကားေပးရဲလိမ့္မယ္လို႔ ဘယ္သူမွ မယံုၾကည္ခဲ့ၾကပါဘူး။
ေနာက္တစ္ရက္၊ေန႔လည္မွာေတာ့ ျမစ္ႀကီးနားေထာင္ကို ဆက္ေျပာင္းရမယ့္
က်ေနာ္တို႔(၁၂) ေယာက္ကို လာေခၚထုတ္ပါတယ္။ မႏၱေလးေထာင္ကေန အခ်ဳပ္ကားျပာႀကီးနဲ႔ မႏၱေလးဘူတာႀကီးကို သြားရတယ္။ ျမစ္ႀကီးနားကို ထြက္မယ့္ရထားက အဆင္သင့္မရွိေသးေတာ့ ကားျပာႀကီးေပၚမွာပဲ အေတာ္ၾကာ
ၾကာ ေနေနရတယ္။ အဲဒီ့အခ်ိန္မွာပဲ ဆရာေဇာ့္ရဲ႕ဇနီးေဒါက္တာေဒၚယုယုေမ
ဆိုင္ကယ္ေလးနဲ႔ ေရာက္လာပါတယ္။ေဒါက္တာဦးေအာင္သန္း
အေၾကာင္းၾကား လို႔တဲ့။ က်ေနာ္တို႔မွာ မႏၱေလးေထာင္
ေဆး႐ုံအုပ္ႀကီး ေဒါက္တာဦးေအာင္သန္းကို ၾကည္ညိဳေလးစားလို႔မဆံုး ျဖစ္ခဲ့ရ ပါတယ္။ ရထားေပၚကို တက္ရေတာ့လည္း ရထားက အေတာ္နဲ႔မထြက္ပါဘူး။ ရထားမထြက္သ၍ ဆရာေဇာ့္ဇနီး ေဒါက္တာ ေဒၚယုယုေမလည္း အေတာ္ပင္ပမ္းရွာပါတယ္။ လိုအပ္မယ္ထင္တာေတြ သြားဝယ္ေပးလိုက္၊ ရထားဆီ ျပန္လာလိုက္။ အိမ္လိပ္စာေတြေပး၊ဖုန္းနံပါတ္ေတြေပးၿပီး အိမ္ေတြကို ဆက္သြယ္ခိုင္းတဲ့ သူေတြကလည္း ခိုင္းေပါ့။ ညေနေစာင္းမွာ ရထားထြက္ေတာ့လည္း၊ ရထားလမ္းနဲ႔ယွဥ္လ်က္ ကားလမ္းကေန ဆိုင္ကယ္နဲ႔ လိုက္လာပါေသးတယ္။ ရထားေပၚနဲ႔ ဆိုင္ကယ္ေပၚကေန တစ္ေယာက္နဲ႔တစ္ေယာက္ လက္ျပႏႈတ္ဆက္ ၾကလို႔မဆံုး။ လမ္းခ်င္း ကြာသြားတဲ့အခါ ျမင္ကြင္းကေန ေပ်ာက္သြားလိုက္၊ခနေနေတာ့ ျပန္ေပၚလာလိုက္။ ဒီလိုနဲ႔ ထံုးဖိုဘူတာမွာ ရထားခနကေလးရပ္ေတာ့၊ ႀကိဳတင္အေၾကာင္း ၾကားထားလို႔ထင္ပါရဲ႕ ဆရာေဇာ့္ရဲ႕သားသမီးေတြနဲ႔ မိသားစုေတြ၊ မိတ္ေဆြေတြ လာၿပီးႏႈတ္ဆက္ၾကတယ္။ ဆရာေဇာ္ စတင္အဖမ္းခံရစဥ္ တုန္းက တစ္ႏွစ္သမီးေလးက အခုဆို ၇ႏွစ္ေက်ာ္ေနၿပီ။ ဖခင္ျဖစ္သူကို ပထမဆံုးအႀကိမ္ နီးနီးကပ္ကပ္ ျမင္ခြင့္ရတာဆိုေတာ့ ကေလးက မ်က္ရည္ဝဲေနပါတယ္။ မ်က္ရည္ဥေလးက မ်က္ဝန္းစပ္မွာ တြဲလဲေလး။
" သမီး ေဖေဖက ငိုတာမႀကိဳက္ဘူးေနာ္" လို႔ အေမကလည္း ေျပာလိုက္ေရာ၊ တြဲလဲခိုေနတဲ့ မ်က္ရည္ဥေလး ျပန္ဝင္သြားတာကို က်ေနာ္တို႔ တေတြ တအံ့တၾသ
ျမင္လိုက္ၾကရတယ္။ ဆရာေဇာ္က အေတာ္ေလးကို စိတ္ခိုင္ပါတယ္။ ေဘးက က်ေနာ္တို႔လူငယ္ ေတြေတာင္ မ်က္ရည္မဆယ္ႏိုင္ျဖစ္ၾကရတဲ့ မိသားစုေတြ႔ဆံုပြဲမွာ ဆရာေဇာ္ တစ္ခ်က္မွ မ်က္ႏွာမပ်က္ခဲ့ပါဘူး။ျမစ္ႀကီးနားေထာင္ဟာ
က်ေနာ္တို႔ မေရာက္ခင္အထိက ဂငယ္ေထာင္ပါ။ ေထာင္အေသးေလး။ အက်ဥ္းသားစုစု ေပါင္းမွ(၈၀၀)ေလာက္ရွိတာပါ။ ေထာင္ေဆး႐ုံဆိုတာလည္း မရွိပါဘူး။ က်ေနာ္တို႔ကို အဓမၼ ေျပာင္းေ႐ႊ႕ၿပီး ကႀကီးေထာင္ အျဖစ္ မဟားဒယားသတ္မွတ္လိုက္တာပါ။က်ေနာ္တို႔တေတြ ျမစ္ႀကီးနားေထာင္ကိုေရာက္ေတာ့ ည ၉နာရီထိုးပါၿပီ။ ခပ္မွိန္ မွိန္မီးေရာင္မွာျမင္ေနရတဲ့ တိုက္ေဟာင္းတစ္ခု
ထဲကို ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ ေဒါက္တာခင္ေဇာ္ဝင္းတို႔ကို ေခၚသြားပါ တယ္။ က်န္တဲ့ က်ေနာ္တို႔ ၁၀ေယာက္ ကိုေတာ့ ငါးခန္းတြဲမ်က္ႏွာခ်င္းဆိုင္ အခန္း ၁၀ခန္းရွိတဲ့ တိုက္သစ္ထဲမွာ တစ္ခန္းစီ ထားပါတယ္။ ေရာက္စ မွာ ထံုးစံအတိုင္း အေနနည္းနည္းၾကပ္ေပမယ့္၊ ICRC ေရာက္လာၿပီးေနာက္ပိုင္း မွာေတာ့ အနည္းငယ္သက္ ေတာင့္သက္သာ ျဖစ္လာပါတယ္။ ဆရာေဇာ္ဟာ ကိုယ့္အခ်င္းခ်င္း စည္း႐ုံးေရးထက္၊ ေထာင္ဝန္ထမ္ ေတြကိုစည္း႐ုံးတာ ပိုေအာင္ျမင္ပါတယ္။ ပြင့္ပြင့္လင္းလင္း ေဟာေဟာဒိုင္းဒိုင္းေျပာတတ္တဲ့ သူ႔စ႐ိုက္သဘာဝေၾကာင့္ မလိုမုန္းထားျဖစ္သူေတြလည္း ရွိပါတယ္။ ေထာင္ဝန္ထမ္းေတြအေပၚ စည္း႐ုံးေရးေကာင္းတဲ့ ဆရာေဇာ္ေၾကာင့္ ေထာင္တြင္းႏိုင္ငံေရးလႈပ္ရွားမႈေတြေတာ့ အမ်ားႀကီးလုပ္ႏိုင္ခဲ့ပါတယ္။ အမွတ္တရ စာေစာင္ေတြ၊ လက္ေရးဂ်ာနယ္၊ မဂၢဇင္းေတြ အေတာ္မ်ားမ်ားလည္း ထုတ္ႏိုင္ခဲ့ပါတယ္။ ဆရာေဇာ္က စာလည္း အေတာ္ ဖတ္ပါတယ္။ သိပ္မညံ့လွတဲ့ ကဗ်ာအတိုအစေလးေတြလည္း
ေရးပါတယ္။ ႏိုင္ငံေရး ရပ္တည္ခ်က္ကလည္း အေတာ္ကို ခိုင္မာပါတယ္။ က်ေနာ့္လိုပဲ လူပုစိတ္တို ဆိုေပမယ့္ အခက္အခဲ အၾကပ္အတည္းၾကားထဲ၊ မိုးထဲေရထဲ
ေရာက္တဲ့အခါေတြမွာေတာ့ အလြန္ကို စိတ္ရွည္ သည္းခံႏိုင္စြမ္း ရွိပါတယ္။ သူ႔တစ္ဦးတည္း ရပ္တည္ခ်က္အရ ေခါင္းမာတတ္ေပမယ့္ အမ်ားက်ဳိးနဲ႔ ယွဥ္လာတဲ့အခါမ်ဳိး၊ အထူးသျဖင့္ လူငယ္ေတြနဲ႔ ပတ္သက္လာရင္
ေပ်ာ့ေျပာင္းေလ့ရွိပါတယ္။ ဆရေဇာ့္ဆီကေန က်ေနာ္တို႔ တေတြ အတုယူရ တဲ့ ထူးျခားမႈကေတာ့၊ ေထာင္ထဲမွာေပမယ့္ အခ်ိန္ကို အလဟႆ မျဖစ္ေစတာပါပဲ။ သူ႔ရဲ႕အခ်ိန္အမ်ားစုကိုလည္း စာဖတ္ျခင္း၊ က်န္းမာေရးေလ့က်င္းခန္းလုပ္ျခင္း၊ တရားထိုင္ျခင္းေတြနဲ႔သာ ကုန္လြန္ေစပါတယ္။
၂၀၀၄ခုႏွစ္ေနာက္ပိုင္း၊ ႏိုင္ငံေရးအက်ဥ္းသားတခ်ဳိ႕ကို သာမန္အက်ဥ္းသားေတြ
အမ်ားစုနဲ႔ေရာၿပီး အသုတ္လိုက္၊ အသုတ္လိုက္ ျပန္လႊတ္ေပးတဲ့အခါ အမ်ားနည္းတူပဲ ဆရာေဇာ္လည္း ေမွ်ာ္လင့္ခဲ့မိမွာပါ။ ဒါေပမယ့္ ကိုယ္မပါဘဲ က်န္ေန ရစ္လို႔လည္း ဘယ္ေတာ့မွ အေနအစား ပ်က္ေလ့မရွိပါဘူး။ ဒါကလည္း ထံုးစံပါပဲ။ ေထာင္ထဲမွာ က်န္ေနရစ္ရသူအတြက္က ဆက္လက္ရွင္သန္၊ရပ္တည္ႏိုင္ဖို႔အတြက္ ႐ုန္းကန္ ရင္ဆိုင္ရဦးမွာ မဟုတ္လား။ ထိုင္မႈိင္ေနလို႔မွ မရတာ။ ဒါေပမယ့္ ၂၀၀၅ခုႏွစ္၊ ဇူလိုင္လ က်ေနာ္တို႔တေတြ လြတ္တဲ့အခါမွာေတာ့ ဆရာေဇာ္ အေတာ္ေလး စိတ္မေကာင္းျဖစ္ က်န္ရစ္ခဲ့ပံုရ ပါတယ္။ လြတ္သြားတဲ့သူ ၅ေယာက္က သူနဲ႔အရင္းႏွီးဆံုးသူေတြ
ျဖစ္ယံုမက၊ လူကလည္း မက်န္ေတာ့သေလာက္ ျဖစ္သြား တာကိုး။ စစ္အစိုးရက ဆရာေဇာ့္အေပၚမွာေတာ့ အေတာ္ကို အညႈိးႀကီးခဲ့ပံု ရပါတယ္။ က်ေနာ္တို႔ လြတ္ေျမာက္ၿပီးမွကိုပဲ အႀကိမ္ႀကိမ္ထုတ္ျပန္တဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြမွာလည္း ဆရာေဇာ္မပါပါဘူး။၂၀၁၁ခုႏွစ္၊ႏွစ္ဆန္း ပိုင္းေလာက္မွ ဆရာေဇာ္ ျပန္လြတ္တယ္လို႔ ၾကားပါတယ္။ ေထာင္ထဲမွာ ဆရာေဇာ္ေနခဲ့ရတာ အႏွစ္ ၂၀ေက်ာ္လိမ့္မယ္ ထင္ပါတယ္။ ဆရာေဇာ္ ေထာင္ကလြတ္ေတာ့ ဆရာဝန္လိုင္စင္ ျပန္ေလွ်ာက္တာ မရတဲ့အေၾကာင္း ၾကားရပါတယ္။ ထံုးဖိုဘူတာမွာ မ်က္ရည္ဥေလးေတြ
ျပန္သိမ္းႏိုင္ခဲ့တဲ့ သမီးငယ္ေလးေတာင္ ဆရာဝန္ဘြဲ႔ရသြားၿပီ ဆိုတာလည္း ၾကားရပါတယ္။ ေထာင္ထဲမွာ ကိုယ္ေရာစိတ္ပါ က်န္းက်န္းမာမာနဲ႔ ေနထိုင္ႏိုင္ခဲ့ၿပီး၊ ကိုယ့္ရဲ႕ယံုၾကည္ခ်က္၊ ရပ္တည္ခ်က္ေတြ မယိုင္မလဲ၊ မပြန္းပဲ့ခဲ့တဲ့ ဆရာေဇာ့္အတြက္ က်ေနာ္ဂုဏ္ယူပါတယ္။ ဒါ့အျပင္ မေမ့မေလ်ာ့ ထပ္ဆင့္ဂုဏ္ျပဳသင့္သူ
တစ္ေယာက္ကေတာ့ ဆရာေဇာ့္ရဲ႕ဇနီး ေဒါက္တာေဒၚယုယုေမပါပဲ …. ။ ။
ဇူလိုင္လ(၂၀)ရက္ေန႔ထုတ္ အာရွအလင္းဂ်ာနယ္မွ …. ….
ကိုမာကီ(၈၈မ်ဳိးဆက္)
.................................
"ကျနော်နှင့် ဒေါက်တာဇော်မြင့်မောင် "

လူချစ်လူခင် များသလောက်ကို လူမုန်းလည်း များတဲ့သူ။
ဒါပေမယ့် ချစ်သူရော၊ မုန်းသူရောက လေးစားကြတဲ့သူ … ။
ဆရာဝန်ဆိုပေမယ့် သူ့ပုံစံက ကျနော်နဲ့ခပ်ဆင်ဆင်။ "အသားမည်းမည်း၊ဂင်တိုတို၊ပုကွကွ" ဆိုတာ ကျနော်တို့နှစ်ယောက်ကို အနီးစပ်ဆုံးပုံဖော်တဲ့ဝေါဟာရဖြစ်မယ်။ မျက်နှာမှာ မှဲ့ခြောက်ပေါင်းများစွာပါတာက ကျနော့်ထက်သာသေး။ ဒါပေမဲ့ ဆရာဇော်က ကျနော့်ထက်ပိုပြီး ကြံ့ခိုင်တောင့်တင်းပါတယ်။ အကျဉ်းထောင်ထဲမှာ ကိုယ်လက်လှုပ်ရှားမှုကျန်းမာရေး အလိုက်စားဆုံးပုဂ္ဂိုလ်ဟာ ဆရာဇော်ပါပဲ။ ကျနော်သူ့ကို လူကိုယ်တိုင် မမြင်ဖူးခင် ကတည်းက နာမည်ကို ကြားဖူးနေတာပါ။ မန္တလေးအမရပူရသား။ဒေါက်တာမျိုးရိုး။ အဖေဒေါက်တာ၊ဇနီးဒေါက်တာ၊ ညီအစ်ကိုမောင်နှမတွေဒေါက်တာ၊
ယောက္ဖဒေါက်တာ။ (နောက်ပိုင်းမှာဆို သားသမီး သုံးယောက်စလုံးပါ ဒေါက်တာ)။
ဒေါက်တာဇော်မြင့်မောင် ဆရာဝန်ဘွဲ့ရတော့ မန္တလေးဆေးတက္ကသိုလ်မှာပဲ ဆရာပြန်လုပ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံကျတော့ တက်တက်ကြွကြွ ပါဝင်လာတယ်။ NLD ပါတီဝင်တယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ကနေ အမတ်အဖြစ် အရွေးခံရတယ်။၁၉၉၀၊ ဂန္ဓီညီလာခံနောက်ပိုင်း နဝတစစ်အစိုးရက လွှတ်တော်ခေါ် ပေးဖို့ ပျက်ကွက်တာကနေစပြီး နိုင်ငံရေး တင်းမာမှုတွေ ဆက်တိုက်မြင့်မားလာတယ်။ နိုင်ငံရေးအင်းအားစုတွေ (ဒီမိုကရက်တစ်တွေ)ကို တစ်စတစ်စ ဖြိုခွင်းလာတယ်။ ဒီလိုနဲ့ပဲ ဒေါက်တာဇော်မြင့်မောင်အပါအဝင် အမတ်တချို့ကို စင်ပြိုင်အစိုးရထောင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချတယ်။ အမတ်တချို့ကို ရရာပုဒ်မတွေနဲ့အရေးယူတယ်။ ဒေါက်တာစိန်ဝင်းအပါအဝင် အမတ်တချို့က နယ်စပ်(ပြည်ပ)ကို တိမ်းရှောင်သွားကြတယ်။ တချို့က သွေဖည်သွားကြ တယ်။ တချို့လည်း ဖောက်ပြန်သွားကြတယ်။
ကျနော် ဆရာဇော့်ကို စမြင်ဖူးတာက သိပ်တော့ ကဗျာမဆန်လှပါဘူး။ နေရာက အင်းစိန်ထောင်ရဲ့ စစ်ခွေးတိုက် ထဲမှာ။ အချိန်က ဝေလီဝေလင်း။ အဲဒီ့နေ့က မှတ်မှတ်ရရ ဧပြီလ ၁ရက်နေ့။ မနက်အစောကြီး ၃ နာရီခွဲလောက်မှာ ကျနော် တို့အခန်းတံခါးတွေရဲ့သော့ခလောက်တွေကို တဂျောင်းဂျောင်းနဲ့ လာဆွဲခါရင်း "ထောင်ပြောင်းပါတယ်။ ပြင်ထားကြ" လို့ လာပြောတယ်။ ဘယ်လောက် စိတ်တိုဖို့ကောင်းသလဲဗျာ။ အိပ်လို့ အကောင်းဆုံးအချိန်ကြီးမှာ အဓမ္မလာနှိုးတာလေ။ ဒါပေမယ့် အကျဉ်းထောင်မဟုတ်လား။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်မှ မဟုတ်တာ။ ဒီလိုနဲ့ပဲ လာခေါ်တဲ့ဝါဒါနောက်ကိုလိုက်။ စစ်ခွေးတိုက်ရှေ့မှာ ခြေကျင်းအခတ်ခံ။ စစ်ခွေးတိုက်ထဲက သူတို့ဝင်ခိုင်းတဲ့ အခန်းထဲကိုဝငရတယ််။ ကိုယ့်လူတွေချင်းလဲ ကွဲကုန်တယ်။ ပြောင်းရွှေ့ရမယ့် ထောင်အလိုက် လူတွေပြန်တွဲလိုက်တာကိုး။ ကျနော်တို့အခန်းထဲကို ပါလာတဲ့ တစ်ယောက်က ကိုကြည်ဖေကျော်(ဘိုကလေး)။ သူက ထောင်သက်ရင့်နေပြီ။ ထောင်ထဲမှာနေသားတင် ရနှစ်ကျော်လို့ မူလအမှုကလည်း လွတ်ပြီ။ ဒါပေမယ့် လွတ်ရက်မစေ့ခင် ထောင်ထဲမှာ
နောက်အမှုထပ်ဖြစ်လို့၊ထောင်ထဲမှာ ထောင်ထပ်ကျ နေသူ။ ထောင်တွင်း နောက်အမှုမှာ ဒေါက်တာဇော်မြင့်မောင်က သူ့အမှုတွဲ။ ကျနော် ကြားဖူးရုံသာ ကြားဖူးတဲ့
ဒေါက်တာ ဇော်မြင့်မောင်ဆိုတာကို သူပဲ ပြတာ။ ခြေကျင်း အခတ်ခံပြီးတဲ့အခါ ကျနော်တို့ အခန်းရှေ့ကနေ ဖြတ်ဖြတ်လျှောက်သွား ကြတဲ့သူတွေထဲက တစ်ယောက်ကို "အဲဒါပေါ့ ဒေါက်တာဇော်မြင့်မောင်" ဆိုပြီး ညွှန်ပြတာ။ ဒါပေမယ့် ကျနော်က လွဲပါ တယ်။ ဆရာဝန်ဆိုတော့ ဖြူဖြူသန့်သန့်၊ခန့်ခန့်ချောချောကို လိုက်ရှာကြည့်နေတာနဲ့ ကျော်သွားတော့မလို့။ ဆရာဝန်ဆိုတော့ ကျနော့်လို အသားမည်းမည်း၊ဂင်တိုတို၊ပုကွကွလို့ ဘယ်ထင်မှာလဲဗျာ။ပြီးတော့ အဲဒီ့နေ့မှာ မြင်တွေ့ လိုက်ရတဲ့ သူ့ပုံစံကိုလည်းကြည့်ဦးလေ။ ထောင်ကပေးတဲ့ ဖျင်ကြမ်းအဖြူ ပုံစံအင်္ကျီကို လက်မောင်းရင်းကနေ ဖွာလန် ကြဲအောင် ဖြတ်ထားတယ်။ ဝါကျင့်ကျင့်ဖြစ်နေတဲ့ ပုံစံပုဆိုးကိုလည်း ဒူးခေါင်းဖုံးရုံ တိုတိုလေးဝတ်ထားတယ်။ ပြီးတော့ သူ့အရပ်နီးပါး လောက်ရှိတဲ့ ဆာလာအိတ်ကြီးကို နောက်ကျောမှာပိုး၊ သိုင်းကြိုးကို နဖူးမှာချိတ်လို့။ လက်တစ်ဖက်မှာလည်း အထုပ်တစ်ထုပ်က ဆွဲထားသေးတယ်။
ကျန်တဲ့လက်တစ်ဖက်က ခြေကျင်းကိုကိုင်။ မြင်ရတာ ကို့ယို့ကားယားဆိုတော့ ဘယ်လိုလုပ် ဆရာဝန်လို့ ထင်ရက်ပါ့မလဲ။အဲဒီ့နေ့ ထောင်ပြောင်းတာ
နိုင်ငံရေးအကျဉ်းသားတွေချည့်ပါပဲ။ အရေအတွက်လည်း အတော်များပါတယ်။ ပြောင်းရတဲ့ထောင်တွေက တောင်ငူ၊မန္တလေး၊မြင်းခြံ၊မြစ်ကြီးနား။ ပြောင်းရတဲ့သူစုစုပေါင်းက တစ်ရာကျော်လောက်ရှိမယ််။ လူဟောင်းတွေရော၊လူသစ်တွေရော၊လူငယ်တွေရော၊လူကြီးတွေရော အရောရောအထွေးထွေး။ အထူးတိုက်ကလူတွေကို ဘယ်တုန်းကမှ
ထောင်ပြောင်းလေ့ မရှိခဲ့ပေမယ့်၊ဒီတစ်ခေါက်မှာတော့ အထူးတိုက်ကနေ ဦးဝင်းထိန်(NLD) ထောင်ပြောင်း ပါလာလို့ အားလုံး တအံ့တသြ ဖြစ်ကြရတယ်။ ဦးဝင်းထိန်ကိုယ်တိုင်တောင် April Fool အဖြစ် လာနောက်တယ်လို့ ထင်နေတာတဲ့။ ဒါပေမဲ့ ဘယ်သူက ဘယ်ထောင်ကိုပြောင်းရမယ်ဆိုတာတော့ ဘယ်သူမှမသိရ။ ကြိုပြောလေ့လည်း မရှိ။ ခေါ်တဲ့နောက်ကိုသာ တစ်သီတစ်တန်းကြီး လိုက်သွားရတာ။ အဲဒီ့နေ့ ထောင်ပြောင်းရတဲ့သူတွေ အများကြီးထဲမှာ အပြင် မှာကတည်းက လက်တွဲခဲ့ဖူးသူတွေ၊ ခင်မင်ရင်းနှီးခဲ့တဲ့သူတွေလည်း အတော်များများပါလာပါတယ်။ ကျနော်တို့အမှုတွဲ ကျောင်းသား ၄ယောက်စလုံး ပါတယ်။ လှိုင်သာယာက ဦးဖိုးအေးတို့ သားအဖပါတယ်။ ကိုသားကြီး၊ကိုမျိုးမင်းနိုင် (မျိုးကြီး/နန္ဒ)တို့အတွဲတွေပါတယ်။
ဘယ်ထောင်ကို ဘယ်သူတွေပြောင်းကြရမယ်ဆိုတာ အတိအကျ မသိရပေမယ့် အရင်ဆုံးသွားရ မယ့်လမ်း ကြောင်းက မန္တလေးထောင်ဆိုတော့၊ မန္တလေးသား
ဒေါက်တာဇော်မြင့်မောင် အလွန်ပျော်နေပါတယ်။ ထောင်ထဲမှာ နေလာရတာလည်း ရနှစ်လောက်ရှိနေပြီဆိုတော့ အခုလိုအုတ်ရိုးပြင်ပက မြင်ကွင်းတွေကို
မြင်ရ၊ ပြင်ပလေကို ရှူရှိုက် ခွင့်ရတာကြောင့်လည်း ဆရာဇော်တစ်ယောက် အတော်လေး ရွှင်ရွှင်လန်းလန်း၊တက်တက်ကြွကြွဖြစ်နေပါတယ်။ ဆရာဇော့်မှာ တက်ကြွဖြတ်လတ်တဲ့ ဟန်ပန်ရှိတယ်။ စကားပြောရင်လည်း မျက်နှာသာမက၊ တစ်ကိုယ်လုံး ပါအောင် ပြောတတ်တယ်။ ဟန်ဆောင်ပလွှားမှုတွေ လုံးဝမရှိဘဲ ဟောဟောဒိုင်းဒိုင်းနဲ့ အားရပါးရ ပြောတတ်တယ်။ " နောက်ထပ် ရ နှစ်နေဖို့ ခွန်အားတွေ ရှိသွားပြီ" တဲ့။ (ဒါပေမဲ့ နောက်ထပ် ၁၀နှစ်ကျော်လောက် ထပ်နေရဦးမယ်ဆိုတာကိုတော့ ဘယ်သူမှ မထင်ရက်ကြ ဘူးလေ) ရထား အချုပ်တွဲထဲမှာဆိုလည်းသူ့အသံချည့်ပါပဲ။ကျနော်တို့စီးရတဲ့ ရထားကလည်း အတော်နှေး ပါတယ်။လမ်းမှာတွေ့သမျှ ဘူတာစဉ် အကုန်ရပ်တယ်။ ဧပြီလ ၁ရက်နေ့၊ နေ့လည်လောက်ကတည်းက ရန်ကုန်ဘူတာ ကြီးကနေ ထွက်ခဲ့တဲ့ရထားဟာ နောက်တစ်ရက် နေ့ခင်းပိုင်းမှ မန္တလေးကိုရောက်တယ်။
အဲဒီ့ကာလမှာ မန္တလေးထောင်က နန်းတွင်းထဲကနေ အိုးဘိုဘက် ရွှေ့ပြီးနေပါပြီ။ ဒါပေမဲ့ ဆောက်လက်စတွေလည်း ရှိနေပါသေးတယ်။ အကျဉ်းထောင်ရဲ့ ထုံးစံအတိုင်း၊ ကျနော်တို့ထောင်ပြောင်းလူသစ်တွေ ရောက်လာတဲ့အခါ ဦးချိုးဖို့ ကြိုးစားပါတယ်။ ပါလာသမျှ ပစ္စည်းတွေ အတော်များများကို အကြောင်းအမျိုးမျိုးပြပြီး သိမ်းပစ်တယ်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို၊ အင်းစိန်ထောင်မှာ တရားဝင်တဲ့ပစ္စည်းဟာ မန္တလေးထောင်ရောက်မှ တရားမဝင်
ဖြစ်ရတာမျိုးလည်း ရှိတယ်။ ကျနော်တို့ရောက်လာမှ အရေးပေါ် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းအသစ်တွေလည်း ပါတယ်။ ဖိနပ်လုံးဝမစီးရဘူး၊ ပလပ်စတစ်ခွက် လုံးဝ မသုံးရဘူး ဆိုတာမျိုးပေါ့။ ကျနော်တို့ကတော့ ဒီမန္တလေးထောင်မှာ
နေရမှာမဟုတ်ပါဘူး။ တခြားထောင်ကို ထပ်ပြောင်းရဦးမှာပါဆိုပြီး ဆရာဇော်က ပြန်တောင်းလို့ ဖိနပ်တွေ ပြန်ရခဲ့တယ်။ဘူးဝမှာ တန်းစီလူစစ် နေတုန်း၊ ထောင်အရာရှိတွေ သူတို့အချင်းချင်း ပြောနေသံတွေအရ၊
တချို့ကို မြင်းခြံထောင်၊ တချို့ကို မြစ်ကြီးနားထောင် ပြောင်းမယ်ဆိုတာတော့ သိလိုက်ရတယ်။ ကျနော်တို့အားလုံးကို မန္တလေးထောင်ရဲ့တိုက်ခန်းတွေထဲ
ခွဲထည့်တယ်။ ညနေစောင်းမှာတော့ တချို့ကို တိုက်ရုံး ခန်းခေါ်ပြီး ကျန်းမာရေး စစ်ဆေးတယ်။ ကျနော့်အရှေ့မှာက ဆရာဇော်။ နောင်မှ သိလိုက် ရတာက မနက်ဖြန်မြစ်ကြီးနား ထောင် ဆက်ပြောင်းရမယ့်သူတွေကို fit for travel ဖြစ်မဖြစ် စစ်ဆေးတာ တဲ့။ အဲဒီ့မှာ မန္တလေးထောင်ဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်သန်းနဲ့ ဆရာဇော်တို့ တွေ့ကြတယ်။ ရှေ့မှာပြောခဲ့ပါရောလား။ ဆရာဇော်တို့က
ဒေါက်တာမျိုးရိုး ဆိုတာလေ။ ဆရာဇော့်အဖေ ဒေါက်တာဦးချစ်မောင်
ဆိုတာက ဒေါက်တာဦးအောင်သန်းရဲ့ဆရာရင်း။ ဆရာဇော့်ကို ဆေးစစ်ရင်းနဲ့ မိသားစုဆီ အကျိုးအကြောင်း ပြောပေးပါ့မယ်လို့ ဂတိပေးတယ်။ နဝတရဲ့မျက်စောင်း အကြောင်းသုံးပါး မရွေးတဲ့ကာလမို့၊ အမှန်တကယ်အကြောင်းကြားပေးရဲလိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်ခဲ့ကြပါဘူး။
နောက်တစ်ရက်၊နေ့လည်မှာတော့ မြစ်ကြီးနားထောင်ကို ဆက်ပြောင်းရမယ့်
ကျနော်တို့(၁၂) ယောက်ကို လာခေါ်ထုတ်ပါတယ်။ မန္တလေးထောင်ကနေ အချုပ်ကားပြာကြီးနဲ့ မန္တလေးဘူတာကြီးကို သွားရတယ်။ မြစ်ကြီးနားကို ထွက်မယ့်ရထားက အဆင်သင့်မရှိသေးတော့ ကားပြာကြီးပေါ်မှာပဲ အတော်ကြာ
ကြာ နေနေရတယ်။ အဲဒီ့အချိန်မှာပဲ ဆရာဇော့်ရဲ့ဇနီးဒေါက်တာဒေါ်ယုယုမေ
ဆိုင်ကယ်လေးနဲ့ ရောက်လာပါတယ်။ဒေါက်တာဦးအောင်သန်း
အကြောင်းကြား လို့တဲ့။ ကျနော်တို့မှာ မန္တလေးထောင်
ဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်သန်းကို ကြည်ညိုလေးစားလို့မဆုံး ဖြစ်ခဲ့ရ ပါတယ်။ ရထားပေါ်ကို တက်ရတော့လည်း ရထားက အတော်နဲ့မထွက်ပါဘူး။ ရထားမထွက်သ၍ ဆရာဇော့်ဇနီး ဒေါက်တာ ဒေါ်ယုယုမေလည်း အတော်ပင်ပမ်းရှာပါတယ်။ လိုအပ်မယ်ထင်တာတွေ သွားဝယ်ပေးလိုက်၊ ရထားဆီ ပြန်လာလိုက်။ အိမ်လိပ်စာတွေပေး၊ဖုန်းနံပါတ်တွေပေးပြီး အိမ်တွေကို ဆက်သွယ်ခိုင်းတဲ့ သူတွေကလည်း ခိုင်းပေါ့။ ညနေစောင်းမှာ ရထားထွက်တော့လည်း၊ ရထားလမ်းနဲ့ယှဉ်လျက် ကားလမ်းကနေ ဆိုင်ကယ်နဲ့ လိုက်လာပါသေးတယ်။ ရထားပေါ်နဲ့ ဆိုင်ကယ်ပေါ်ကနေ တစ်ယောက်နဲ့တစ်ယောက် လက်ပြနှုတ်ဆက် ကြလို့မဆုံး။ လမ်းချင်း ကွာသွားတဲ့အခါ မြင်ကွင်းကနေ ပျောက်သွားလိုက်၊ခနနေတော့ ပြန်ပေါ်လာလိုက်။ ဒီလိုနဲ့ ထုံးဖိုဘူတာမှာ ရထားခနကလေးရပ်တော့၊ ကြိုတင်အကြောင်း ကြားထားလို့ထင်ပါရဲ့ ဆရာဇော့်ရဲ့သားသမီးတွေနဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ လာပြီးနှုတ်ဆက်ကြတယ်။ ဆရာဇော် စတင်အဖမ်းခံရစဉ် တုန်းက တစ်နှစ်သမီးလေးက အခုဆို ရနှစ်ကျော်နေပြီ။ ဖခင်ဖြစ်သူကို ပထမဆုံးအကြိမ် နီးနီးကပ်ကပ် မြင်ခွင့်ရတာဆိုတော့ ကလေးက မျက်ရည်ဝဲနေပါတယ်။ မျက်ရည်ဥလေးက မျက်ဝန်းစပ်မှာ တွဲလဲလေး။
" သမီး ဖေဖေက ငိုတာမကြိုက်ဘူးနော်" လို့ အမေကလည်း ပြောလိုက်ရော၊ တွဲလဲခိုနေတဲ့ မျက်ရည်ဥလေး ပြန်ဝင်သွားတာကို ကျနော်တို့ တတွေ တအံ့တသြ
မြင်လိုက်ကြရတယ်။ ဆရာဇော်က အတော်လေးကို စိတ်ခိုင်ပါတယ်။ ဘေးက ကျနော်တို့လူငယ် တွေတောင် မျက်ရည်မဆယ်နိုင်ဖြစ်ကြရတဲ့ မိသားစုတွေ့ဆုံပွဲမှာ ဆရာဇော် တစ်ချက်မှ မျက်နှာမပျက်ခဲ့ပါဘူး။မြစ်ကြီးနားထောင်ဟာ
ကျနော်တို့ မရောက်ခင်အထိက ဂငယ်ထောင်ပါ။ ထောင်အသေးလေး။ အကျဉ်းသားစုစု ပေါင်းမှ(၈၀၀)လောက်ရှိတာပါ။ ထောင်ဆေးရုံဆိုတာလည်း မရှိပါဘူး။ ကျနော်တို့ကို အဓမ္မ ပြောင်းရွှေ့ပြီး ကကြီးထောင် အဖြစ် မဟားဒယားသတ်မှတ်လိုက်တာပါ။ကျနော်တို့တတွေ မြစ်ကြီးနားထောင်ကိုရောက်တော့ ည ၉နာရီထိုးပါပြီ။ ခပ်မှိန် မှိန်မီးရောင်မှာမြင်နေရတဲ့ တိုက်ဟောင်းတစ်ခု
ထဲကို ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာခင်ဇော်ဝင်းတို့ကို ခေါ်သွားပါ တယ်။ ကျန်တဲ့ ကျနော်တို့ ၁၀ယောက် ကိုတော့ ငါးခန်းတွဲမျက်နှာချင်းဆိုင် အခန်း ၁၀ခန်းရှိတဲ့ တိုက်သစ်ထဲမှာ တစ်ခန်းစီ ထားပါတယ်။ ရောက်စ မှာ ထုံးစံအတိုင်း အနေနည်းနည်းကြပ်ပေမယ့်၊ ICRC ရောက်လာပြီးနောက်ပိုင်း မှာတော့ အနည်းငယ်သက် တောင့်သက်သာ ဖြစ်လာပါတယ်။ ဆရာဇော်ဟာ ကိုယ့်အချင်းချင်း စည်းရုံးရေးထက်၊ ထောင်ဝန်ထမ် တွေကိုစည်းရုံးတာ ပိုအောင်မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ သူ့စရိုက်သဘာဝကြောင့် မလိုမုန်းထားဖြစ်သူတွေလည်း ရှိပါတယ်။ ထောင်ဝန်ထမ်းတွေအပေါ် စည်းရုံးရေးကောင်းတဲ့ ဆရာဇော်ကြောင့် ထောင်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေတော့ အများကြီးလုပ်နိုင်ခဲ့ပါတယ်။ အမှတ်တရ စာစောင်တွေ၊ လက်ရေးဂျာနယ်၊ မဂ္ဂဇင်းတွေ အတော်များများလည်း ထုတ်နိုင်ခဲ့ပါတယ်။ ဆရာဇော်က စာလည်း အတော် ဖတ်ပါတယ်။ သိပ်မညံ့လှတဲ့ ကဗျာအတိုအစလေးတွေလည်း
ရေးပါတယ်။ နိုင်ငံရေး ရပ်တည်ချက်ကလည်း အတော်ကို ခိုင်မာပါတယ်။ ကျနော့်လိုပဲ လူပုစိတ်တို ဆိုပေမယ့် အခက်အခဲ အကြပ်အတည်းကြားထဲ၊ မိုးထဲရေထဲ
ရောက်တဲ့အခါတွေမှာတော့ အလွန်ကို စိတ်ရှည် သည်းခံနိုင်စွမ်း ရှိပါတယ်။ သူ့တစ်ဦးတည်း ရပ်တည်ချက်အရ ခေါင်းမာတတ်ပေမယ့် အများကျိုးနဲ့ ယှဉ်လာတဲ့အခါမျိုး၊ အထူးသဖြင့် လူငယ်တွေနဲ့ ပတ်သက်လာရင်
ပျော့ပြောင်းလေ့ရှိပါတယ်။ ဆရဇော့်ဆီကနေ ကျနော်တို့ တတွေ အတုယူရ တဲ့ ထူးခြားမှုကတော့၊ ထောင်ထဲမှာပေမယ့် အချိန်ကို အလဟဿ မဖြစ်စေတာပါပဲ။ သူ့ရဲ့အချိန်အများစုကိုလည်း စာဖတ်ခြင်း၊ ကျန်းမာရေးလေ့ကျင်းခန်းလုပ်ခြင်း၊ တရားထိုင်ခြင်းတွေနဲ့သာ ကုန်လွန်စေပါတယ်။
၂၀၀၄ခုနှစ်နောက်ပိုင်း၊ နိုင်ငံရေးအကျဉ်းသားတချို့ကို သာမန်အကျဉ်းသားတွေ
အများစုနဲ့ရောပြီး အသုတ်လိုက်၊ အသုတ်လိုက် ပြန်လွှတ်ပေးတဲ့အခါ အများနည်းတူပဲ ဆရာဇော်လည်း မျှော်လင့်ခဲ့မိမှာပါ။ ဒါပေမယ့် ကိုယ်မပါဘဲ ကျန်နေ ရစ်လို့လည်း ဘယ်တော့မှ အနေအစား ပျက်လေ့မရှိပါဘူး။ ဒါကလည်း ထုံးစံပါပဲ။ ထောင်ထဲမှာ ကျန်နေရစ်ရသူအတွက်က ဆက်လက်ရှင်သန်၊ရပ်တည်နိုင်ဖို့အတွက် ရုန်းကန် ရင်ဆိုင်ရဦးမှာ မဟုတ်လား။ ထိုင်မှိုင်နေလို့မှ မရတာ။ ဒါပေမယ့် ၂၀၀၅ခုနှစ်၊ ဇူလိုင်လ ကျနော်တို့တတွေ လွတ်တဲ့အခါမှာတော့ ဆရာဇော် အတော်လေး စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့ပုံရ ပါတယ်။ လွတ်သွားတဲ့သူ ၅ယောက်က သူနဲ့အရင်းနှီးဆုံးသူတွေ
ဖြစ်ယုံမက၊ လူကလည်း မကျန်တော့သလောက် ဖြစ်သွား တာကိုး။ စစ်အစိုးရက ဆရာဇော့်အပေါ်မှာတော့ အတော်ကို အညှိုးကြီးခဲ့ပုံ ရပါတယ်။ ကျနော်တို့ လွတ်မြောက်ပြီးမှကိုပဲ အကြိမ်ကြိမ်ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာလည်း ဆရာဇော်မပါပါဘူး။၂၀၁၁ခုနှစ်၊နှစ်ဆန်း ပိုင်းလောက်မှ ဆရာဇော် ပြန်လွတ်တယ်လို့ ကြားပါတယ်။ ထောင်ထဲမှာ ဆရာဇော်နေခဲ့ရတာ အနှစ် ၂၀ကျော်လိမ့်မယ် ထင်ပါတယ်။ ဆရာဇော် ထောင်ကလွတ်တော့ ဆရာဝန်လိုင်စင် ပြန်လျှောက်တာ မရတဲ့အကြောင်း ကြားရပါတယ်။ ထုံးဖိုဘူတာမှာ မျက်ရည်ဥလေးတွေ
ပြန်သိမ်းနိုင်ခဲ့တဲ့ သမီးငယ်လေးတောင် ဆရာဝန်ဘွဲ့ရသွားပြီ ဆိုတာလည်း ကြားရပါတယ်။ ထောင်ထဲမှာ ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ခဲ့ပြီး၊ ကိုယ့်ရဲ့ယုံကြည်ချက်၊ ရပ်တည်ချက်တွေ မယိုင်မလဲ၊ မပွန်းပဲ့ခဲ့တဲ့ ဆရာဇော့်အတွက် ကျနော်ဂုဏ်ယူပါတယ်။ ဒါ့အပြင် မမေ့မလျော့ ထပ်ဆင့်ဂုဏ်ပြုသင့်သူ
တစ်ယောက်ကတော့ ဆရာဇော့်ရဲ့ဇနီး ဒေါက်တာဒေါ်ယုယုမေပါပဲ …. ။ ။
ဇူလိုင်လ(၂၀)ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ …. ….
ကိုမာကီ(၈၈မျိုးဆက်)

မႏၱေလးတိုင္း၀န္ၾကီးခ်ဳပ္အျဖစ္ခန္ ့အပ္ျခင္းခံရမယ့္ေဒါက္တာေဇာ္ျမင့္ေမာင္အေၾကာင္း။...
Posted by The Melting Pot 4 U on Tuesday, 2 February 2016

No comments:

Post a Comment