Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 13, 2015

ဒီခ်ဳပ္အစုိးရဖြဲ႕ႏုိင္ၿပီ



ျပည္ေထာင္စု ေရြး ေကာက္ပြဲေကာ္မရွင္က ႏုိ၀င္ ဘာ ၁၃ ရက္အထိ ေၾကညာၿပီး စီးခဲ့ေသာ ေရြးေကာက္ပြဲ ရလဒ္ မ်ားအရ အမ်ဳိးသားဒီမိုကေရ စီအဖြဲ႕ခ်ဳပ္က အစုိးရဖြဲ႕ႏုိင္ေသာ အေရအတြက္ထက္ပို၍ ျပည္ေထာင္စုလႊတ္ေတာ္ေနရာ ၃၇၈ ေနရာရရွိ သြားၿပီျဖစ္သည္။

တုိက္ဆုိင္စြာပင္ ဒီခ်ဳပ္အစုိး ရဖြဲ႕ႏိုင္သည့္ အႏုိင္ရလဒ္ထက္ ေက်ာ္လြန္ေရာက္ရွိသည့္ ႏုိ၀င္ ဘာ ၁၃ရက္သည္ ေဒၚေအာင္ ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္ မွ လြတ္ေျမာက္ခဲ့ေသာ ငါးႏွစ္ ျပည့္ေျမာက္သည့္ေန႔ႏွင့္လည္း တုိက္ဆုိင္ေနသည္။ လြန္ခဲ့ေသာ ငါးႏွစ္ခန္႔က ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္မွ လြတ္ေျမာက္လာေသာေၾကာင့္  ျပည္သူမ်ား ၀မ္းေျမာက္ခဲ့ရၿပီး ငါးႏွစ္အၾကာတြင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ အစုိးရ ဖြဲ႕ႏုိင္သြားၿပီျဖစ္၍ ျပည္သူမ်ား၀မ္းေျမာက္စြာေအာင္ ပြဲခံခဲ့ၾကသည္။

ႏုိင္ငံတကာတြင္ ေသာၾကာ ေန႔ႏွင့္တုိက္ဆုိင္ေသာ ၁၃ ရက္ေန႔သည္ ကံမေကာင္းတတ္ေသာေန႔ဟု ယူဆၾကရေသာ္လည္း ျမန္မာႏုိင္ငံသားမ်ားအတြက္ အေျပာင္းအလဲကို ငတ္မြတ္ ရင္း ျမန္မာႏုိင္ငံအတြက္ သမိုင္း၀င္ေန႔ တစ္ေန႔ျဖစ္လာသည္။

ႏုိ၀င္ဘာ ၁၂ရက္ ေနာက္ ဆုံးေၾကညာခဲ့ေသာ ရလဒ္မ်ားအ ရ အစုိးရဖြဲ႕ႏိုင္ရန္ ႏွစ္ေနရာသာလုိေတာ့ေသာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြက္  ႏုိ၀င္ဘာ ၁၂ရက္ ည၉နာရီအထိ ေၾကညာၿပီး ရလဒ္မ်ားအရ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ကုိယ္စားလွယ္အေရအတြက္ စုစုေပါင္း ၃၇၈ေနရာရရွိထားၿပီျဖစ္သည္။

ထုိအေရအတြက္မွာ အစုိးရ ဖြဲ႕ႏုိင္မည့္ ၃၂၈ေနရာထက္ ေနရာ ၄၉ ေနရာ ေက်ာ္လြန္ရရွိေနၿပီျဖစ္သည္။

ႏို၀င္ဘာ ၁၃ ရက္အထိ လႊတ္ေတာ္ႏွစ္ရပ္အတြက္ ၄၆၈ ေနရာေၾကညာၿပီးခ်ိန္တြင္ ဒီခ်ဳပ္က ၃၇၈ ဦးရရွိထားျခင္းျဖစ္၍ ၈၀ ရာခိုင္ႏႈန္း အႏိုင္ရရွိထားျခင္းျဖစ္သည္။ ၁၉၉၀ ေရြးေကာက္ပြဲတြင္ ဒီခ်ဳပ္က ၇၉ ရာခိုင္ႏႈန္းျဖင့္

အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

     ေရြးေကာက္ပြဲမက်င္းပေသာေနရာ ၇ ေနရာရွိ၍ ျပည္ေထာင္စုလႊတ္ေတာ္တြင္ တပ္မေတာ္သားမ်ား အပါအ၀င္ ၆၅၇ ဦးရွိသည့္အတြက္ ဒီခ်ဳပ္လက္ရွိရထားေသာေနရာမွာ ျပည္ေထာင္စု လႊတ္ေတာ္၏ ၅၇ ရာခိုင္ႏႈန္းေက်ာ္ရွိေနၿပီျဖစ္သည္။

ျပည္ေထာင္စု ႀကံ႕ခုိင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ေနရာ ၄၀ ရရွိထားသည္။

ႏုိ၀င္ဘာ ၁၃ ရက္အထိ ျပည္သူ႔လႊတ္ေတာ္တြင္ ၃၀၈ဦး၊ အမ်ဳိးသားလႊတ္ေတာ္တြင္ ၁၆၀ ဦး၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ၆၀၀ ဦး။ တုိင္းရင္းသားလူမ်ဳိးကုိယ္စားလွယ္ ၂၁ ဦးေၾကညာၿပီးျဖစ္သည္။ စုစုေပါင္း လႊတ္ေတာ္ကုိယ္စားလွယ္ ၁,၀၈၉ ဦး ေၾကညာေပးခဲ့ၿပီးျဖစ္သည္။

လႊတ္ေတာ္ ကုိယ္စားလွယ္ ၁,၁၅၀ဦးရွိရာ ၉၄ဒသမ၇၀ရာခုိင္ႏႈန္းေၾကညာၿပီးစီးၿပီျဖစ္ကာ ထပ္မံေၾကညာရန္ ျပည္သူ႔လႊတ္ေတာ္တြင္ ၁၅ဦး၊အမ်ဳိးသားလႊတ္ေတာ္မွာ ရွစ္ဦး၊ တုိင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ေတာ္တြင္ ၃၀ဦး၊ တုိင္းရင္းသားလူမ်ဳိးရွစ္ဦး၊ စုစုေပါင္း ၆၁ ဦးသာ က်န္ရွိေတာ့သည္။

ျပည္သူ႔လႊတ္ေတာ္အတြက္ေရြးေကာက္ပြဲမက်င္းပေသာေနရာ ၇ ေနရာဟု ယခင္ေန႔မ်ားတြင္ေရးသားေဖာ္ျပခဲ့ၿပီး ႏို၀င္ဘာ ၁၂ရက္ညတြင္ ေရြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္မႈအရ ၉ ေနရာဟုဆို၍ ၉ ေနရာျဖင့္ ျပင္ဆင္တြက္ခ်က္ခဲ့ၿပီး၊ ႏို၀င္ဘာ ၁၃ ရက္တြင္ရလဒ္ေၾကညာရန္ က်န္ရွိစာရင္းေၾကညာရာမွ ၇ ေနရာဟု ဆိုျပန္၍ ျပန္လည္ျပင္ဆင္တြက္ခ်က္ထားျခင္းျဖစ္သည္။
http://www.7daydaily.com/story/50904
................
ဒီချုပ်အစိုးရဖွဲ့နိုင်ပြီ

ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က နို၀င် ဘာ ၁၃ ရက်အထိ ကြေညာပြီး စီးခဲ့သော ရွေးကောက်ပွဲ ရလဒ် များအရ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်သော အရေအတွက်ထက်ပို၍ ပြည်ထောင်စုလွှတ်တော်နေရာ ၃၇၈ နေရာရရှိ သွားပြီဖြစ်သည်။

တိုက်ဆိုင်စွာပင် ဒီချုပ်အစိုး ရဖွဲ့နိုင်သည့် အနိုင်ရလဒ်ထက် ကျော်လွန်ရောက်ရှိသည့် နို၀င် ဘာ ၁၃ရက်သည် ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ခဲ့သော ငါးနှစ် ပြည့်မြောက်သည့်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသောကြောင့်  ပြည်သူများ ၀မ်းမြောက်ခဲ့ရပြီး ငါးနှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ဖွဲ့နိုင်သွားပြီဖြစ်၍ ပြည်သူများဝမ်းမြောက်စွာအောင် ပွဲခံခဲ့ကြသည်။

နိုင်ငံတကာတွင် သောကြာ နေ့နှင့်တိုက်ဆိုင်သော ၁၃ ရက်နေ့သည် ကံမကောင်းတတ်သောနေ့ဟု ယူဆကြရသော်လည်း မြန်မာနိုင်ငံသားများအတွက် အပြောင်းအလဲကို ငတ်မွတ် ရင်း မြန်မာနိုင်ငံအတွက် သမိုင်းဝင်နေ့ တစ်နေ့ဖြစ်လာသည်။

နို၀င်ဘာ ၁၂ရက် နောက် ဆုံးကြေညာခဲ့သော ရလဒ်များအ ရ အစိုးရဖွဲ့နိုင်ရန် နှစ်နေရာသာလိုတော့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်  နို၀င်ဘာ ၁၂ရက် ည၉နာရီအထိ ကြေညာပြီး ရလဒ်များအရ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၃၇၈နေရာရရှိထားပြီဖြစ်သည်။

ထိုအရေအတွက်မှာ အစိုးရ ဖွဲ့နိုင်မည့် ၃၂၈နေရာထက် နေရာ ၄၉ နေရာ ကျော်လွန်ရရှိနေပြီဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်အထိ လွှတ်တော်နှစ်ရပ်အတွက် ၄၆၈ နေရာကြေညာပြီးချိန်တွင် ဒီချုပ်က ၃၇၈ ဦးရရှိထားခြင်းဖြစ်၍ ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားခြင်းဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီချုပ်က ရ၉ ရာခိုင်နှုန်းဖြင့်

အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

     ရွေးကောက်ပွဲမကျင်းပသောနေရာ ရ နေရာရှိ၍ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားများ အပါအဝင် ၆၅၇ ဦးရှိသည့်အတွက် ဒီချုပ်လက်ရှိရထားသောနေရာမှာ ပြည်ထောင်စု လွှတ်တော်၏ ၅၇ ရာခိုင်နှုန်းကျော်ရှိနေပြီဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက နေရာ ၄၀ ရရှိထားသည်။

နို၀င်ဘာ ၁၃ ရက်အထိ ပြည်သူ့လွှတ်တော်တွင် ၃၀၈ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၆၀ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ဦး။ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၂၁ ဦးကြေညာပြီးဖြစ်သည်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁,၀၈၉ ဦး ကြေညာပေးခဲ့ပြီးဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ် ၁,၁၅၀ဦးရှိရာ ၉၄ဒသမရ၀ရာခိုင်နှုန်းကြေညာပြီးစီးပြီဖြစ်ကာ ထပ်မံကြေညာရန် ပြည်သူ့လွှတ်တော်တွင် ၁၅ဦး၊အမျိုးသားလွှတ်တော်မှာ ရှစ်ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် ၃၀ဦး၊ တိုင်းရင်းသားလူမျိုးရှစ်ဦး၊ စုစုပေါင်း ၆၁ ဦးသာ ကျန်ရှိတော့သည်။

ပြည်သူ့လွှတ်တော်အတွက်ရွေးကောက်ပွဲမကျင်းပသောနေရာ ရ နေရာဟု ယခင်နေ့များတွင်ရေးသားဖော်ပြခဲ့ပြီး နိုဝင်ဘာ ၁၂ရက်ညတွင် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်မှုအရ ၉ နေရာဟုဆို၍ ၉ နေရာဖြင့် ပြင်ဆင်တွက်ချက်ခဲ့ပြီး၊ နိုဝင်ဘာ ၁၃ ရက်တွင်ရလဒ်ကြေညာရန် ကျန်ရှိစာရင်းကြေညာရာမှ ရ နေရာဟု ဆိုပြန်၍ ပြန်လည်ပြင်ဆင်တွက်ချက်ထားခြင်းဖြစ်သည်။
http://www.7daydaily.com/story/50904

No comments:

Post a Comment