Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 14, 2015

ေအာင္မိႈင္းဆန္းတို႔ တိုက္တဲ့တိုက္ပဲြက အစာငတ္ခံတဲ့တိုက္ပဲြ၊ ဒါက တိုက္ပဲြေတြထဲမွာ အျမင့္ဆံုး တိုက္ပဲြပဲ

“ေအာင္မိႈင္းဆန္းတို႔ တိုက္တဲ့တိုက္ပဲြက အစာငတ္ခံတဲ့တိုက္ပဲြ၊ ဒါက တိုက္ပဲြေတြထဲမွာ အျမင့္ဆံုး တိုက္ပဲြပဲ ...” - ဦးလွေရႊ (ေအာင္သာ၊ ပီသံုးလံုး)

စစ္အစိုးရက ဘယ္တုန္းကမွ ႏိုင္ငံေရးသမားေတြကို အေရးစိုက္ခဲ့တာ မဟုတ္ဘူး။ အေရးမစိုက္ဘူးဆိုတာ သူတို႔ေၾကာက္လို႔။ အဲဒီေတာ့ လက္နက္အားကိုးနဲ႔ပဲ သူတို႔ေျဖရွင္းခဲ့တာပဲ ...

ေတာင္းဆိုခ်က္က ေကာင္းတယ္။ ႀကီးတယ္။ ႀကီးတဲ့အတြက္ အႏၲရာယ္လည္းမ်ားတယ္။ တန္ဖိုးႀကီးႀကီး ေပးဆပ္ရလိမ့္မယ္။ ဒါကိုပဲ စိုးရိမ္တာ။ ေပးလိုက္ရတဲ့တန္ဖိုးနဲ႔ ျပန္ရလာမယ့္ဟာနဲ႔ မတန္မွာပဲ စိုးတာ။ ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေစခ်င္တာကေတာ့ လူတိုင္းမွာရွိတာပဲ။ ဒါေပမဲ့ အခုလိုအခ်ိန္မွာ ထုနဲ႔ထည္နဲ႔ ႏိုင္ငံေရး အသိုင္းအ၀ိုင္းတစ္ခုလံုး၊ ျပည္သူတစ္ရပ္လံုးမပါႏိုင္ တာေၾကာင့္ သူတို႔ရဲ႕တိုက္ပဲြ ၿပိဳသြားမွာကို စိုးရိမ္တယ္ ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ျမန္မာႏိုင္ငံတြင္ အေထြေထြ ေရြးေကာက္ပဲြ က်င္းပသည့္ ႏို၀င္ဘာ ၈ ရက္မတိုင္ခင္ ႏိုင္ငံေရး အက်ဥ္းသားမ်ားကို လႊတ္ေပးရန္ ေအာက္တိုဘာ ၂၃ ရက္မွ စတင္ကာ အစာငတ္ခံ ဆႏၵျပ ေတာင္းဆိုေနသည့္ အမ်ိဳးသားပညာေရး ဥပေဒ ျပင္ဆင္ရန္ သပိတ္ေမွာက္ ဆႏၵျပခဲ့သည့္အတြက္ သာယာ၀တီ အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ခံထားရေသာ ေက်ာင္းသားေခါင္းေဆာင္ ကိုေအာင္မိႈင္းဆန္း၏ ေတာင္းဆိုမႈအား ေရြးေကာက္ပဲြ က်င္းပ သည့္ေန႔ ေက်ာ္လြန္လာသည့္တိုင္ လက္ရွိအစိုးရက မည္သည့္ ေျဖရွင္းမႈ မ်ိဳးကိုမွ် လုပ္ေဆာင္ျခင္းမရွိေသးေပ။

လတ္တေလာတြင္ ေက်ာင္းသားေခါင္းေဆာင္ ကိုေအာင္မိႈင္းဆန္း၏ အစာငတ္ခံ ဆႏၵျပမႈႏွင့္အတူ အမ်ိဳးသား ပညာေရးဥပေဒ ျပင္ဆင္ရန္ သပိတ္ေမွာက္ ေတာင္းဆိုခဲ့သည့္အတြက္ သာယာ၀တီ အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ခံထားသူမ်ားထဲမွ ေအာက္တိုဘာ ၂၈ ရက္တြင္ ဒုတိယ အသုတ္အျဖစ္ ကိုသိန္းထိုက္၊ ကိုမ်ိဳးထက္ပိုင္၊ ကိုမ်ိဳးျမတ္စံ တို႕ကလည္းေကာင္း၊ ႏို၀င္ဘာ ၂ ရက္တြင္ တတိယ အသုတ္အျဖစ္ ကိုေဆြလင္းထြန္း၊ ကိုမာေနာ္၊ ကိုၿဖိဳးဓန၊ ကိုေက်ာ္စြာလင္း တို႕ကလည္းေကာင္း၊ ႏို၀င္ဘာ ၇ ရက္တြင္ စတုတၳအသုတ္အျဖစ္ ကိုေအာင္ျမင့္ဟန္၊ ကိုသိန္း၊ ကိုခန္႔ေအာင္၊ ကိုရဲထြဋ္၀င္း၊ ကိုစိုးမိုးႏိုင္ တို႔ကလည္းေကာင္း အသီးသီး အစာငတ္ခံ ဆႏၵျပမႈမ်ား ျပဳလုပ္ေနၿပီး ပုဒ္မ ၁၈ ျဖင့္ ျမင္းၿခံေထာင္တြင္ အက်ဥ္းခ်ခံထားရသည့္ ကိုစည္သူျမတ္ႏွင့္ ကိုစိုးလိႈင္တို႔ကလည္း ႏို၀င္ဘာ ၅ ရက္မွ စတင္၍ လည္းေကာင္း၊ အင္းစိန္ေထာင္တြင္ တ႐ုတ္သံ႐ံုးေရွ႕ ဆႏၵျပမႈျဖင့္ အက်ဥ္းခ်ခံထားရသည့္ ကိုတင္ထြဋ္ပိုင္ က ႏို၀င္ဘာ ၂ ရက္တြင္လည္းေကာင္း၊ လုပ္ခလစာ တိုးၿမႇင့္ေပးေရး ဆႏၵျပမႈတြင္ ပါ၀င္ကူညီခဲ့သည့္ ကိုႏိုင္ေဇာ္ၾကည္၀င္း က ႏို၀င္ဘာ ၃ ရက္တြင္လည္းေကာင္း၊ ကိုႏိုင္ေဌးလြင္က ႏို၀င္ဘာ ၄ ရက္တြင္ လည္းေကာင္း အစာငတ္ခံဆႏၵျပမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ယင္းသို႔ အစာငတ္ခံ ဆႏၵျပမႈမ်ားႏွင့္ ပတ္သက္၍ ဆက္လက္ ျဖစ္ေပၚ လာႏိုင္သည့္ အက်ိဳးဆက္မ်ား၊ လက္ရွိအစိုးရ၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ အရပ္ဘက္ လူ႔အဖြဲ႕အစည္းမ်ား၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ ကိုကိုးကၽြန္း ဖ်က္သိမ္းေရး အစာငတ္ခံဆႏၵျပမႈတြင္ ပါ၀င္ခဲ့ၿပီး ႏိုင္ငံေရး အက်ဥ္းသားအျဖစ္ ဆယ္စုႏွစ္ ႏွစ္ခုမက အက်ဥ္းခ်ခံရဖူးသူ ေက်ာင္းသားေခါင္းေဆာင္ေဟာင္း ဦးလွေရႊ(ေအာင္သာ၊ပီသံုးလံုး)ႏွင့္ ေတြ႕ဆံုေမးျမန္း ခဲ့သည္မ်ား ကို ေဖာ္ျပလိုက္ပါသည္။

ေအာင္မွဴး

ေမး - အခုအစာငတ္ခံ ဆႏၵျပမႈ လုပ္ေဆာင္ေနၾကတာေတြက လက္ရွိအစိုးရအေပၚ ဘယ္ေလာက္ အတိုင္း အတာအထိ ဖိအားေပးႏိုင္မယ္လို႔ ထင္လဲခင္ဗ်။

ေျဖ - သိပ္ၿပီး ဖိအားေပးႏိုင္မယ္ မထင္ဘူး။ အခု ေအာင္မိႈင္းဆန္းတို႔ တိုက္တဲ့တိုက္ပဲြက အစာ ငတ္ခံတဲ့ တိုက္ပဲြ၊ ဒါကတိုက္ပဲြေတြထဲမွာ အျမင့္ဆံုးတိုက္ပဲြပဲ။ အသက္နဲ႔ရင္းရမယ့္ တိုက္ပဲြ။ ဒီေတာ့ မတိုက္ခင္က အရင္ဆံုးျဖတ္၊ ငါတို႔ လုပ္ႏိုင္ပါ့မလားေပါ့။ ဟုတ္ၿပီ၊ လုပ္ႏိုင္တယ္။ တိုက္မယ္ဆိုၿပီး အခုတိုက္တယ္။ ရက္ကလည္း ၂၀ ေက်ာ္လာၿပီ။ ဒါေပမဲ့ အခုထိအစိုးရက မလႈပ္ေသးဘူး။ ဒါက ဘာလဲဆိုေတာ့ အခ်ိန္အခါ၊ ကာလ။ အခုအခ်ိန္က ေရြးေကာက္ပဲြကာလ ျဖစ္ေနတယ္။ ဒီလိုအေရးႀကီးတဲ့ ကာလမွာ လူထုက ေအာင္မိႈင္းဆန္းအေပၚ အာ႐ံုမရွိဘူး။ စိတ္မ၀င္စားဘူး ဆိုတာမ်ိဳး ျဖစ္ေနတယ္။ ဒီတိုက္ပဲြမ်ိဳးက တိုက္တဲ့ သူေတြခ်ည္းဆို ဘာမွ ျဖစ္လာမွာ မဟုတ္ဘူး။ အတြင္းက တိုက္တဲ့သူကတိုက္၊ အျပင္မွာရွိတဲ့ သူေတြရဲ႕ ၀န္းရံမႈကလည္း လိုတာကိုး။ မီဒီယာေတြကေနလည္း ဒါကို တစိုက္မတ္မတ္ ပါေနမယ္၊ ဒါမ်ိဳး။ အခုက မီဒီယာေတြကလည္း ဒါကို စိတ္မ၀င္စားႏိုင္ဘူး ျဖစ္ေနတာ။ အခုက တိုက္ပဲြကို မွားတယ္လို႔ ေျပာေနတာ မဟုတ္ဘူး။ အခ်ိန္အခါ မဟုတ္လို႔ေျပာတာ။ ဒါေၾကာင့္ ဒီတိုက္ပဲြက အစိုးရကို ဖိအား သိပ္မျဖစ္ဘူးလို႔ ထင္တယ္။

ေမး - လြတ္လပ္ေရးရၿပီး ေနာက္ပိုင္း ျပဳလုပ္ခဲ့ၾကတဲ့ အစာငတ္ခံ ဆႏၵျပမႈေတြနဲ႔ အခုလုပ္ေနတဲ့ အစာငတ္ခံ ဆႏၵျပမႈေတြမွာ အဓိကဘာကြာျခားခ်က္ေတြရွိလဲ။ အခုအစာငတ္ခံ ဆႏၵျပသူေတြရဲ႕ ေတာင္းဆိုခ်က္ေတြ ကေရာ အျပည့္အ၀ ရႏိုင္ပါ့မလား။

ေျဖ - ေတာင္းဆိုတယ္ဆိုတာ အရင္ေျပာမယ္။ အက်ဥ္းသား တစ္ေယာက္ေထာင္က်ၿပီဆိုရင္ သူရသင့္ ရထိုက္တဲ့ အခြင့္အေရးေတြရွိတယ္။ ေနေရး၊ စားေရး၊ က်န္းမာေရး၊ လံုၿခံဳေရး။ ဒါေတြကို ေထာင္က ေပးရမွာ။ ဒါေတြ မေပးဘူးဆိုရင္ အက်ဥ္းသားက ေတာင္းဆိုမွာ၊ ဒါက ေထာင္ထဲမွာေပါ့။ ဟုတ္ၿပီ။ အခု ေအာင္မိႈင္းဆန္းတို႔ ေတာင္းဆိုတာကက်ေတာ့ ေထာင္တြင္း ေတာင္းဆိုမႈ မဟုတ္ဘူး။ အက်ဥ္းသားအခြင့္ အေရး ေတာင္းတာ မဟုတ္ဘူး။ သူတို႔က ႏိုင္ငံေရး အက်ဥ္းသားအားလံုး လႊတ္ေပးေရး အတြက္ ေတာင္းတာ။ ေတာင္းဆိုမႈက အရမ္းႀကီးတယ္။ အေထြေထြ ေတာင္းဆိုမႈေပါ့။ ကၽြန္ေတာ္တို႔ ကိုကိုးကၽြန္းမွာ တုန္းက ေတာင္းခဲ့တာက ကိုကိုးကၽြန္း ဖ်က္သိမ္းေရးဆိုၿပီး ေတာင္းတာ။ ၁၉၇၂ ခုႏွစ္က။ ေတာင္းတဲ့သူေတြ ကလည္း ႏိုင္ငံေရးအရ ၀ါႀကီးတဲ့ပုဂၢိဳလ္ေတြ။ ဗန္းေမာ္တင္ေအာင္တို႔၊ ေလထီးဦးအုန္းေမာင္ တို႔၊ ျမသန္းတင့္တို႔၊ ကြန္ျမဴနစ္ပါတီ ဒုဥကၠ႒ ဦးခင္ေမာင္ျမင့္တို႔လို ပုဂၢိဳလ္ေတြ ထုနဲ႔ထည္နဲ႔ကို လုပ္ခဲ့တာ။ ဒါေပမဲ့ သူတို႔တင္ပဲ ေတာင္းဆိုတာလားဆိုေတာ့ မဟုတ္ဘူး။ အျပင္ကလူေတြ၊ ႏိုင္ငံတကာ မီဒီယာေတြနဲ႔ ၀ိုင္းလုပ္ၾကတာ။ ဒါေတာင္ လူေတြေသမွ ျပဴးတူးၿပဲတဲနဲ႔ ရပ္ပါေတာ့ဆိုၿပီး ျပည္မကို ျပန္ေခၚတာ။ ၈ ေယာက္ ေသခဲ့တယ္။ ဒီေရာက္ေတာ့ အင္းစိန္ေထာင္ထဲက မိန္းေဂ်း လမ္းမေပၚမွာကို လမ္းတစ္ဖက္ကို ၀ါဒါႏွစ္ရာ စီေလာက္နဲ႔ တန္းစီၿပီးေတာ့ ေရွ႕ကျဖတ္ေလွ်ာက္လာတဲ့ ကိုကိုးကၽြန္းျပန္ေတြကို သိမ္းက်ံဳး႐ိုက္တာ။ မနက္ ၄ နာရီေလာက္ကတည္းက ႐ိုက္တာ မနက္ ၆ နာရီ ေလာက္မွ အ႐ိုက္ရပ္တယ္။ အကုန္က်ိဳးပဲ့ ကုန္တာပဲ။ လူ ၅၀ ေလာက္ ဒဏ္ရာ အျပင္းအထန္ရတယ္။ ဦးအုန္းေမာင္ဆို နံ႐ိုး ၃ ေခ်ာင္းက်ိဳးတယ္။ ဆံုး႐ႈံးမႈေတြ အမ်ားႀကီးရခဲ့တာ။ ေတာင္းဆိုမႈ အျပည့္အ၀ မရဘူးဆိုတဲ့ သေဘာေပါ့။ အခုလည္း ဒီအတိုင္းပဲ၊ ေတာင္းဆိုမႈကေတာ့ အျပည့္အ၀ မရႏိုင္ဘူး။ ဘာလို႔ဆို ထုနဲ႔ထည္နဲ႔ ေတာင္းေနတာ မဟုတ္ဘူး။ ေစာေစာ က ေျပာသလိုပဲ။ ေတာင္းဆိုခ်က္က ေကာင္းတယ္။ ႀကီးတယ္။ ႀကီးတဲ့အတြက္ အႏၲရာယ္လည္း မ်ားတယ္။ တန္ဖိုးႀကီးႀကီး ေပးဆပ္ရလိမ့္မယ္။ ဒါကိုပဲ စိုးရိမ္တာ။ ေပးလိုက္ရတဲ့ တန္ဖိုးနဲ႔ ျပန္ရလာမယ့္ ဟာနဲ႔ မတန္မွာပဲစိုးတာ။ ႏိုင္ငံေရး အက်ဥ္းသားေတြ လြတ္ေစခ်င္တာကေတာ့ လူတိုင္းမွာ ရွိတာပဲ။ ဒါေပမဲ့ အခုလိုအခ်ိန္မွာ ထုနဲ႔ထည္နဲ႔ ႏိုင္ငံေရး အသိုင္းအ၀ိုင္း တစ္ခုလံုး၊ ျပည္သူတစ္ရပ္လံုး မပါႏိုင္တာေၾကာင့္ သူတို႔ရဲ႕တိုက္ပဲြ ၿပိဳသြားမွာကို စိုးရိမ္တယ္။

ဒီမွာ တစ္ခုထပ္ေျပာစရာက ဘာလဲဆိုေတာ့ တိုက္ပဲြအေျခအေန၊ အခုေအာင္မိႈင္းဆန္း လုပ္ေနတာက ကာလ ကန္႔သတ္ခ်က္မထားဘူး။ မရမခ်င္း လုပ္မယ္ဆိုတာက မျဖစ္သင့္ဘူး။ ဒီတိုက္ပဲြက အႏၲရာယ္ မ်ားတဲ့ တိုက္ပဲြျဖစ္ေတာ့ အဆုတ္အတက္ ထားရတယ္။ ၁၀ ရက္ လုပ္မယ္။ ၁၅ ရက္လုပ္မယ္။ ၿပီးရင္ ဘယ္သူ ဆက္လုပ္မယ္ဆိုတာမ်ိဳး ထားရမွာ။ ဒါမွ ခံႏိုင္ရည္ရွိမယ္။ ရက္ၾကာလာရင္ ဘယ္လိုလုပ္မလဲ။ အခုေတာင္ၾကာၿပီေလ။ သူဘယ္ေလာက္အထိ ထပ္ေတာင့္ခံႏိုင္မလဲ။ ဒါကိုပဲ စိုးရိမ္တာ။ ကိုကိုးကၽြန္း မွာ တုန္းက လူရာနဲ႔ခ်ီတိုက္တာ။ မင္းေသရင္ ငါဆက္တိုက္မယ္ဆိုၿပီး လုပ္တာ။ ဒီလိုအဆုတ္အတက္နဲ႔ တိုက္ခဲ့တာေတာင္ ၈ ေယာက္ ေသတယ္။ ဒါကို ျပန္စဥ္းစားဖို႔ လိုတယ္လို႔ ျမင္တယ္။

ေမး - အခု ႏိုင္ငံေရးအက်ဥ္းသားေတြ အားလံုးလႊတ္ေပးဖို႔ ေထာင္တြင္း အစာငတ္ခံ ဆႏၵျပမႈေတြ လုပ္ေန ၾကတာကို ႏိုင္ငံေရး ပါတီေတြဘက္က ဒီကိစၥအေပၚမွာ ႏႈတ္ဆိတ္ေနတာမ်ိဳးေတြ ရွိေနေတာ့ ဒီအေပၚမွာ ဘာမ်ားေျပာခ်င္လဲခင္ဗ်။

ေျဖ - အခ်ိန္အခါေပါ့။ အခုက ေရြးေကာက္ပဲြနဲ႔ ပါတီေတြက အလုပ္႐ႈပ္ေနၾက တာဆိုေတာ့ သူတို႔လည္း ဘယ္လွည့္ ၾကည့္ႏိုင္မလဲ။ မသိခ်င္ေယာင္ ေဆာင္ တဲ့သူေတြလည္း ရွိမွာေပါ့။

ေမး - လက္ရွိအခ်ိန္မွာ အစိုးရက အစာငတ္ခံ ဆႏၵျပမႈေတြကို အေရးစိုက္တဲ့ အရိပ္အေယာင္ မရွိတဲ့အျပင္ ေနာက္ထပ္ ေက်ာင္းသား ေခါင္းေဆာင္ေတြ ကိုပါ ထပ္ၿပီးဖမ္းဆီးမႈေတြ လုပ္ေနတဲ့အေပၚ ဘယ္လိုျမင္မိလဲ။

ေျဖ - စစ္အစိုးရက ဘယ္တုန္းကမွ ႏိုင္ငံေရးသမားေတြကို အေရးစိုက္ခဲ့တာ မဟုတ္ဘူး။ အေရးမစိုက္ဘူး ဆိုတာ သူတို႔ေၾကာက္လို႔။ အဲဒီေတာ့ လက္နက္အားကိုးနဲ႔ပဲ သူတို႔ေျဖရွင္းခဲ့တာပဲ။ ဗိုလ္ေန၀င္းကစၿပီး အခုဗိုလ္သိန္းစိန္ (သမၼတ ဦးသိန္းစိန္)အထိ ဒီလိုပဲ ေျဖရွင္းတာပဲေလ။ ဒါသူတို႔လုပ္ေနက်ပဲ။ ေနာက္ၿပီး ေအာင္မိႈင္းဆန္းတို႔၊ ေက်ာ္ကိုကိုတို႔ ဆိုတာက ႏိုင္ငံေရးအရ Image ရွိတာေတာ့ မွန္တယ္။ ဒါေပမဲ့ ေစာေစာက ေျပာတဲ့ ျမသန္းတင့္တို႔၊ ဦးအုန္းေမာင္တို႔ေလာက္ Image မႀကီးေတာ့ ႏိုင္ငံတကာရဲ႕ ဖိအားေပးမႈကလည္း ေလ်ာ့တာေပါ့။ အဲဒီေတာ့ အစိုးရက အေရးမစိုက္ဘဲ ေနလို႔ရတာေပါ့။

ေမး - အခုေရြးေကာက္ပဲြ ရလဒ္ေတြအရ ျပည္သူေတြအားလံုး ေမွ်ာ္လင့္ေနတဲ့ NLD ပါတီလည္း အမ်ားဆံုး အႏိုင္ရတယ္ဆိုတဲ့ အခ်ိန္မ်ိဳးမွာ အစာငတ္ခံ ဆႏၵျပသူေတြရဲ႕ တာ၀န္ဟာ ေနာင္တက္လာမယ့္ အစိုးရနဲ႔သာ ဆိုင္တယ္ဆုိတာမ်ိဳး လက္ရွိအစိုးရအဖြဲ႕က လႊဲခ်ခဲ့မယ္ဆိုရင္ ဘယ္လို အက်ိဳးဆက္မ်ိဳးေတြ ျဖစ္လာႏိုင္မလဲ။

ေျဖ - ေသခ်ာတာေပါ့။ အခုလက္ရွိအစိုးရက သက္တမ္းက ဘာမွ မက်န္ေတာ့ဘူးေလ။ ႐ႈံးတာကလည္း ခြက္ခြက္လန္ေနၿပီဆိုေတာ့ လာမယ့္ဒီခ်ဳပ္(NLD) အစိုးရကို ျပႆနာေတြ တစ္ပံုတစ္ပင္နဲ႔ လႊဲေပးလိုက္မွာ၊ ဒီကိစၥတစ္ခုတည္း မဟုတ္ဘူး။ အမ်ားႀကီးထားခဲ့မွာ ေသခ်ာသြားၿပီ။ ဒါေတြကို ဒီခ်ဳပ္ (NLD)က ဘယ္လို ေျဖရွင္းမလဲ ဆိုတာပဲ ေစာင့္ၾကည့္ရမွာေပါ့။ ဖိအားေပးရမွာေပါ့။

ေမး - အခုခ်ိန္က ေရြးေကာက္ပဲြကာလလည္း ျဖစ္ေနတယ္။ ေနာက္တစ္ခုက အစိုးရ အေျပာင္းအလဲလည္း ျဖစ္လာဦးမွာဆုိေတာ့ ဒါကို အေၾကာင္းျပၿပီး အစာငတ္ခံ ဆႏၵျပသူေတြကို လက္ရွိအစိုးရ ကပဲျဖစ္ျဖစ္၊ ႏိုင္ငံေရး ပါတီေတြကပဲ ျဖစ္ျဖစ္ လ်စ္လ်ဴ႐ႈထားလိုက္တာမ်ိဳး ျဖစ္ခဲ့ရင္ ဘာေတြ ဆက္ျဖစ္လာႏိုင္လဲ။

ေျဖ - အခု ဦးသိန္းစိန္ အစိုးရကေတာ့ ေတြ႕တဲ့အတိုင္းပဲ။ ဘာတစ္ခုမွ အေရးမလုပ္ဘူး။ ေအာင္မိႈင္းဆန္း ဘာျဖစ္ျဖစ္ အေရးမလုပ္ဘူး။ ခက္တာက ေအာင္မိႈင္းဆန္းပဲ။ သူက တိုက္ပဲြကို အကန္႔အသတ္ မထားတာ က ျပႆနာ။ ေရြးေကာက္ပဲြအၿပီး အာဏာဘယ္လို လႊဲမလဲ ဆိုတာနဲ႔ လံုးပန္းေနၾကတာ ဆိုတဲ့အခ်ိန္မွာ သူ႔ကို ဘယ္ဖက္ကမွ အေရးလုပ္ႏိုင္မွာ မဟုတ္ဘူး။ ဒီေတာ့ ကၽြန္ေတာ္တစ္ခု ေတြးမိတယ္။ ဘာလဲဆိုေတာ့ ေအာင္မိႈင္းဆန္း ကလည္း တိုက္ပဲြက ဆက္တိုက္ရေတာ့မွာ၊ ရပ္မရေတာ့ဘူးဆိုေတာ့ အႏၲရာယ္က ရွိလာၿပီ။ ဒီေတာ့ ႏိုင္ငံေရး Image ႀကီးတဲ့ ပုဂၢိဳလ္ေတြ၊ ေနာက္ေရႊ၀ါေရာင္ သံဃာေတြရွိတယ္ေလ။ မႏၲေလးမွာ။ သူတို႔ေတြကသာ ေအာင္မိႈင္းဆန္းကို ေဖ်ာင္းဖ်ရင္ ေကာင္းမယ္လို႔ ကၽြန္ေတာ္ ေတြးေနတာရွိတယ္။ ဒါ ကၽြန္ေတာ့္အျမင္ပါ။

ေမး - အစာငတ္ခံ ဆႏၵျပသူေတြကို ဘယ္လို သတင္းစကား ပါးခ်င္ပါသလဲ။

ေျဖ - မူအားျဖင့္ တိုက္ပဲြကို ဘာမွျငင္းစရာမရွိဘူး။ တိုက္ပဲြတိုက္ေနတာကို ႀကိဳဆိုတယ္။ သို႔ေသာ္လည္း ရွိတဲ့ ႏိုင္ငံေရး အေျခအေနနဲ႔ လိုက္ေလ်ာညီေထြ ရွိတဲ့ အဆုတ္အတက္ေတြေတာ့ လုပ္ရမယ္လို႔ ထင္တယ္။ တိုက္ပဲြ ကို ေအာင္ျမင္ေစခ်င္တယ္။ အားလည္းေပးတယ္။

ေက်းဇူးတင္ပါတယ္ခင္ဗ်။

ျမန္မာသံေတာ္ဆင့္သတင္းဌာန -
...............................
“အောင်မှိုင်းဆန်းတို့ တိုက်တဲ့တိုက်ပွဲက အစာငတ်ခံတဲ့တိုက်ပွဲ၊ ဒါက တိုက်ပွဲတွေထဲမှာ အမြင့်ဆုံး တိုက်ပွဲပဲ ...” - ဦးလှရွှေ (အောင်သာ၊ ပီသုံးလုံး)

စစ်အစိုးရက ဘယ်တုန်းကမှ နိုင်ငံရေးသမားတွေကို အရေးစိုက်ခဲ့တာ မဟုတ်ဘူး။ အရေးမစိုက်ဘူးဆိုတာ သူတို့ကြောက်လို့။ အဲဒီတော့ လက်နက်အားကိုးနဲ့ပဲ သူတို့ဖြေရှင်းခဲ့တာပဲ ...

တောင်းဆိုချက်က ကောင်းတယ်။ ကြီးတယ်။ ကြီးတဲ့အတွက် အန္တရာယ်လည်းများတယ်။ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်။ ဒါကိုပဲ စိုးရိမ်တာ။ ပေးလိုက်ရတဲ့တန်ဖိုးနဲ့ ပြန်ရလာမယ့်ဟာနဲ့ မတန်မှာပဲ စိုးတာ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်စေချင်တာကတော့ လူတိုင်းမှာရှိတာပဲ။ ဒါပေမဲ့ အခုလိုအချိန်မှာ ထုနဲ့ထည်နဲ့ နိုင်ငံရေး အသိုင်းအဝိုင်းတစ်ခုလုံး၊ ပြည်သူတစ်ရပ်လုံးမပါနိုင် တာကြောင့် သူတို့ရဲ့တိုက်ပွဲ ပြိုသွားမှာကို စိုးရိမ်တယ် ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက်မတိုင်ခင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် အောက်တိုဘာ ၂၃ ရက်မှ စတင်ကာ အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေသည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် သပိတ်မှောက် ဆန္ဒပြခဲ့သည့်အတွက် သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၏ တောင်းဆိုမှုအား ရွေးကောက်ပွဲ ကျင်းပ သည့်နေ့ ကျော်လွန်လာသည့်တိုင် လက်ရှိအစိုးရက မည်သည့် ဖြေရှင်းမှု မျိုးကိုမျှ လုပ်ဆောင်ခြင်းမရှိသေးပေ။

လတ်တလောတွင် ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၏ အစာငတ်ခံ ဆန္ဒပြမှုနှင့်အတူ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရန် သပိတ်မှောက် တောင်းဆိုခဲ့သည့်အတွက် သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းချခံထားသူများထဲမှ အောက်တိုဘာ ၂၈ ရက်တွင် ဒုတိယ အသုတ်အဖြစ် ကိုသိန်းထိုက်၊ ကိုမျိုးထက်ပိုင်၊ ကိုမျိုးမြတ်စံ တို့ကလည်းကောင်း၊ နိုဝင်ဘာ ၂ ရက်တွင် တတိယ အသုတ်အဖြစ် ကိုဆွေလင်းထွန်း၊ ကိုမာနော်၊ ကိုဖြိုးဓန၊ ကိုကျော်စွာလင်း တို့ကလည်းကောင်း၊ နိုဝင်ဘာ ရ ရက်တွင် စတုတ္ထအသုတ်အဖြစ် ကိုအောင်မြင့်ဟန်၊ ကိုသိန်း၊ ကိုခန့်အောင်၊ ကိုရဲထွဋ်ဝင်း၊ ကိုစိုးမိုးနိုင် တို့ကလည်းကောင်း အသီးသီး အစာငတ်ခံ ဆန္ဒပြမှုများ ပြုလုပ်နေပြီး ပုဒ်မ ၁၈ ဖြင့် မြင်းခြံထောင်တွင် အကျဉ်းချခံထားရသည့် ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင်တို့ကလည်း နိုဝင်ဘာ ၅ ရက်မှ စတင်၍ လည်းကောင်း၊ အင်းစိန်ထောင်တွင် တရုတ်သံရုံးရှေ့ ဆန္ဒပြမှုဖြင့် အကျဉ်းချခံထားရသည့် ကိုတင်ထွဋ်ပိုင် က နိုဝင်ဘာ ၂ ရက်တွင်လည်းကောင်း၊ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒပြမှုတွင် ပါ၀င်ကူညီခဲ့သည့် ကိုနိုင်ဇော်ကြည်ဝင်း က နိုဝင်ဘာ ၃ ရက်တွင်လည်းကောင်း၊ ကိုနိုင်ဌေးလွင်က နိုဝင်ဘာ ၄ ရက်တွင် လည်းကောင်း အစာငတ်ခံဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ယင်းသို့ အစာငတ်ခံ ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဆက်လက် ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များ၊ လက်ရှိအစိုးရ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များအပေါ် ကိုကိုးကျွန်း ဖျက်သိမ်းရေး အစာငတ်ခံဆန္ဒပြမှုတွင် ပါ၀င်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားအဖြစ် ဆယ်စုနှစ် နှစ်ခုမက အကျဉ်းချခံရဖူးသူ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ(အောင်သာ၊ပီသုံးလုံး)နှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များ ကို ဖော်ပြလိုက်ပါသည်။

အောင်မှူး

မေး - အခုအစာငတ်ခံ ဆန္ဒပြမှု လုပ်ဆောင်နေကြတာတွေက လက်ရှိအစိုးရအပေါ် ဘယ်လောက် အတိုင်း အတာအထိ ဖိအားပေးနိုင်မယ်လို့ ထင်လဲခင်ဗျ။

ဖြေ - သိပ်ပြီး ဖိအားပေးနိုင်မယ် မထင်ဘူး။ အခု အောင်မှိုင်းဆန်းတို့ တိုက်တဲ့တိုက်ပွဲက အစာ ငတ်ခံတဲ့ တိုက်ပွဲ၊ ဒါကတိုက်ပွဲတွေထဲမှာ အမြင့်ဆုံးတိုက်ပွဲပဲ။ အသက်နဲ့ရင်းရမယ့် တိုက်ပွဲ။ ဒီတော့ မတိုက်ခင်က အရင်ဆုံးဖြတ်၊ ငါတို့ လုပ်နိုင်ပါ့မလားပေါ့။ ဟုတ်ပြီ၊ လုပ်နိုင်တယ်။ တိုက်မယ်ဆိုပြီး အခုတိုက်တယ်။ ရက်ကလည်း ၂၀ ကျော်လာပြီ။ ဒါပေမဲ့ အခုထိအစိုးရက မလှုပ်သေးဘူး။ ဒါက ဘာလဲဆိုတော့ အချိန်အခါ၊ ကာလ။ အခုအချိန်က ရွေးကောက်ပွဲကာလ ဖြစ်နေတယ်။ ဒီလိုအရေးကြီးတဲ့ ကာလမှာ လူထုက အောင်မှိုင်းဆန်းအပေါ် အာရုံမရှိဘူး။ စိတ်မဝင်စားဘူး ဆိုတာမျိုး ဖြစ်နေတယ်။ ဒီတိုက်ပွဲမျိုးက တိုက်တဲ့ သူတွေချည်းဆို ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ အတွင်းက တိုက်တဲ့သူကတိုက်၊ အပြင်မှာရှိတဲ့ သူတွေရဲ့ ၀န်းရံမှုကလည်း လိုတာကိုး။ မီဒီယာတွေကနေလည်း ဒါကို တစိုက်မတ်မတ် ပါနေမယ်၊ ဒါမျိုး။ အခုက မီဒီယာတွေကလည်း ဒါကို စိတ်မဝင်စားနိုင်ဘူး ဖြစ်နေတာ။ အခုက တိုက်ပွဲကို မှားတယ်လို့ ပြောနေတာ မဟုတ်ဘူး။ အချိန်အခါ မဟုတ်လို့ပြောတာ။ ဒါကြောင့် ဒီတိုက်ပွဲက အစိုးရကို ဖိအား သိပ်မဖြစ်ဘူးလို့ ထင်တယ်။

မေး - လွတ်လပ်ရေးရပြီး နောက်ပိုင်း ပြုလုပ်ခဲ့ကြတဲ့ အစာငတ်ခံ ဆန္ဒပြမှုတွေနဲ့ အခုလုပ်နေတဲ့ အစာငတ်ခံ ဆန္ဒပြမှုတွေမှာ အဓိကဘာကွာခြားချက်တွေရှိလဲ။ အခုအစာငတ်ခံ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေ ကရော အပြည့်အဝ ရနိုင်ပါ့မလား။

ဖြေ - တောင်းဆိုတယ်ဆိုတာ အရင်ပြောမယ်။ အကျဉ်းသား တစ်ယောက်ထောင်ကျပြီဆိုရင် သူရသင့် ရထိုက်တဲ့ အခွင့်အရေးတွေရှိတယ်။ နေရေး၊ စားရေး၊ ကျန်းမာရေး၊ လုံခြုံရေး။ ဒါတွေကို ထောင်က ပေးရမှာ။ ဒါတွေ မပေးဘူးဆိုရင် အကျဉ်းသားက တောင်းဆိုမှာ၊ ဒါက ထောင်ထဲမှာပေါ့။ ဟုတ်ပြီ။ အခု အောင်မှိုင်းဆန်းတို့ တောင်းဆိုတာကကျတော့ ထောင်တွင်း တောင်းဆိုမှု မဟုတ်ဘူး။ အကျဉ်းသားအခွင့် အရေး တောင်းတာ မဟုတ်ဘူး။ သူတို့က နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး အတွက် တောင်းတာ။ တောင်းဆိုမှုက အရမ်းကြီးတယ်။ အထွေထွေ တောင်းဆိုမှုပေါ့။ ကျွန်တော်တို့ ကိုကိုးကျွန်းမှာ တုန်းက တောင်းခဲ့တာက ကိုကိုးကျွန်း ဖျက်သိမ်းရေးဆိုပြီး တောင်းတာ။ ၁၉၇၂ ခုနှစ်က။ တောင်းတဲ့သူတွေ ကလည်း နိုင်ငံရေးအရ ၀ါကြီးတဲ့ပုဂ္ဂိုလ်တွေ။ ဗန်းမော်တင်အောင်တို့၊ လေထီးဦးအုန်းမောင် တို့၊ မြသန်းတင့်တို့၊ ကွန်မြူနစ်ပါတီ ဒုဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့လို ပုဂ္ဂိုလ်တွေ ထုနဲ့ထည်နဲ့ကို လုပ်ခဲ့တာ။ ဒါပေမဲ့ သူတို့တင်ပဲ တောင်းဆိုတာလားဆိုတော့ မဟုတ်ဘူး။ အပြင်ကလူတွေ၊ နိုင်ငံတကာ မီဒီယာတွေနဲ့ ၀ိုင်းလုပ်ကြတာ။ ဒါတောင် လူတွေသေမှ ပြူးတူးပြဲတဲနဲ့ ရပ်ပါတော့ဆိုပြီး ပြည်မကို ပြန်ခေါ်တာ။ ၈ ယောက် သေခဲ့တယ်။ ဒီရောက်တော့ အင်းစိန်ထောင်ထဲက မိန်းဂျေး လမ်းမပေါ်မှာကို လမ်းတစ်ဖက်ကို ၀ါဒါနှစ်ရာ စီလောက်နဲ့ တန်းစီပြီးတော့ ရှေ့ကဖြတ်လျှောက်လာတဲ့ ကိုကိုးကျွန်းပြန်တွေကို သိမ်းကျံုးရိုက်တာ။ မနက် ၄ နာရီလောက်ကတည်းက ရိုက်တာ မနက် ၆ နာရီ လောက်မှ အရိုက်ရပ်တယ်။ အကုန်ကျိုးပဲ့ ကုန်တာပဲ။ လူ ၅၀ လောက် ဒဏ်ရာ အပြင်းအထန်ရတယ်။ ဦးအုန်းမောင်ဆို နံရိုး ၃ ချောင်းကျိုးတယ်။ ဆုံးရှုံးမှုတွေ အများကြီးရခဲ့တာ။ တောင်းဆိုမှု အပြည့်အဝ မရဘူးဆိုတဲ့ သဘောပေါ့။ အခုလည်း ဒီအတိုင်းပဲ၊ တောင်းဆိုမှုကတော့ အပြည့်အဝ မရနိုင်ဘူး။ ဘာလို့ဆို ထုနဲ့ထည်နဲ့ တောင်းနေတာ မဟုတ်ဘူး။ စောစော က ပြောသလိုပဲ။ တောင်းဆိုချက်က ကောင်းတယ်။ ကြီးတယ်။ ကြီးတဲ့အတွက် အန္တရာယ်လည်း များတယ်။ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်။ ဒါကိုပဲ စိုးရိမ်တာ။ ပေးလိုက်ရတဲ့ တန်ဖိုးနဲ့ ပြန်ရလာမယ့် ဟာနဲ့ မတန်မှာပဲစိုးတာ။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်စေချင်တာကတော့ လူတိုင်းမှာ ရှိတာပဲ။ ဒါပေမဲ့ အခုလိုအချိန်မှာ ထုနဲ့ထည်နဲ့ နိုင်ငံရေး အသိုင်းအဝိုင်း တစ်ခုလုံး၊ ပြည်သူတစ်ရပ်လုံး မပါနိုင်တာကြောင့် သူတို့ရဲ့တိုက်ပွဲ ပြိုသွားမှာကို စိုးရိမ်တယ်။

ဒီမှာ တစ်ခုထပ်ပြောစရာက ဘာလဲဆိုတော့ တိုက်ပွဲအခြေအနေ၊ အခုအောင်မှိုင်းဆန်း လုပ်နေတာက ကာလ ကန့်သတ်ချက်မထားဘူး။ မရမချင်း လုပ်မယ်ဆိုတာက မဖြစ်သင့်ဘူး။ ဒီတိုက်ပွဲက အန္တရာယ် များတဲ့ တိုက်ပွဲဖြစ်တော့ အဆုတ်အတက် ထားရတယ်။ ၁၀ ရက် လုပ်မယ်။ ၁၅ ရက်လုပ်မယ်။ ပြီးရင် ဘယ်သူ ဆက်လုပ်မယ်ဆိုတာမျိုး ထားရမှာ။ ဒါမှ ခံနိုင်ရည်ရှိမယ်။ ရက်ကြာလာရင် ဘယ်လိုလုပ်မလဲ။ အခုတောင်ကြာပြီလေ။ သူဘယ်လောက်အထိ ထပ်တောင့်ခံနိုင်မလဲ။ ဒါကိုပဲ စိုးရိမ်တာ။ ကိုကိုးကျွန်း မှာ တုန်းက လူရာနဲ့ချီတိုက်တာ။ မင်းသေရင် ငါဆက်တိုက်မယ်ဆိုပြီး လုပ်တာ။ ဒီလိုအဆုတ်အတက်နဲ့ တိုက်ခဲ့တာတောင် ၈ ယောက် သေတယ်။ ဒါကို ပြန်စဉ်းစားဖို့ လိုတယ်လို့ မြင်တယ်။

မေး - အခု နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုတွေ လုပ်နေ ကြတာကို နိုင်ငံရေး ပါတီတွေဘက်က ဒီကိစ္စအပေါ်မှာ နှုတ်ဆိတ်နေတာမျိုးတွေ ရှိနေတော့ ဒီအပေါ်မှာ ဘာများပြောချင်လဲခင်ဗျ။

ဖြေ - အချိန်အခါပေါ့။ အခုက ရွေးကောက်ပွဲနဲ့ ပါတီတွေက အလုပ်ရှုပ်နေကြ တာဆိုတော့ သူတို့လည်း ဘယ်လှည့် ကြည့်နိုင်မလဲ။ မသိချင်ယောင် ဆောင် တဲ့သူတွေလည်း ရှိမှာပေါ့။

မေး - လက်ရှိအချိန်မှာ အစိုးရက အစာငတ်ခံ ဆန္ဒပြမှုတွေကို အရေးစိုက်တဲ့ အရိပ်အယောင် မရှိတဲ့အပြင် နောက်ထပ် ကျောင်းသား ခေါင်းဆောင်တွေ ကိုပါ ထပ်ပြီးဖမ်းဆီးမှုတွေ လုပ်နေတဲ့အပေါ် ဘယ်လိုမြင်မိလဲ။

ဖြေ - စစ်အစိုးရက ဘယ်တုန်းကမှ နိုင်ငံရေးသမားတွေကို အရေးစိုက်ခဲ့တာ မဟုတ်ဘူး။ အရေးမစိုက်ဘူး ဆိုတာ သူတို့ကြောက်လို့။ အဲဒီတော့ လက်နက်အားကိုးနဲ့ပဲ သူတို့ဖြေရှင်းခဲ့တာပဲ။ ဗိုလ်နေဝင်းကစပြီး အခုဗိုလ်သိန်းစိန် (သမ္မတ ဦးသိန်းစိန်)အထိ ဒီလိုပဲ ဖြေရှင်းတာပဲလေ။ ဒါသူတို့လုပ်နေကျပဲ။ နောက်ပြီး အောင်မှိုင်းဆန်းတို့၊ ကျော်ကိုကိုတို့ ဆိုတာက နိုင်ငံရေးအရ Image ရှိတာတော့ မှန်တယ်။ ဒါပေမဲ့ စောစောက ပြောတဲ့ မြသန်းတင့်တို့၊ ဦးအုန်းမောင်တို့လောက် Image မကြီးတော့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကလည်း လျော့တာပေါ့။ အဲဒီတော့ အစိုးရက အရေးမစိုက်ဘဲ နေလို့ရတာပေါ့။

မေး - အခုရွေးကောက်ပွဲ ရလဒ်တွေအရ ပြည်သူတွေအားလုံး မျှော်လင့်နေတဲ့ NLD ပါတီလည်း အများဆုံး အနိုင်ရတယ်ဆိုတဲ့ အချိန်မျိုးမှာ အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ တာဝန်ဟာ နောင်တက်လာမယ့် အစိုးရနဲ့သာ ဆိုင်တယ်ဆိုတာမျိုး လက်ရှိအစိုးရအဖွဲ့က လွှဲချခဲ့မယ်ဆိုရင် ဘယ်လို အကျိုးဆက်မျိုးတွေ ဖြစ်လာနိုင်မလဲ။

ဖြေ - သေချာတာပေါ့။ အခုလက်ရှိအစိုးရက သက်တမ်းက ဘာမှ မကျန်တော့ဘူးလေ။ ရှုံးတာကလည်း ခွက်ခွက်လန်နေပြီဆိုတော့ လာမယ့်ဒီချုပ်(NLD) အစိုးရကို ပြဿနာတွေ တစ်ပုံတစ်ပင်နဲ့ လွှဲပေးလိုက်မှာ၊ ဒီကိစ္စတစ်ခုတည်း မဟုတ်ဘူး။ အများကြီးထားခဲ့မှာ သေချာသွားပြီ။ ဒါတွေကို ဒီချုပ် (NLD)က ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ စောင့်ကြည့်ရမှာပေါ့။ ဖိအားပေးရမှာပေါ့။

မေး - အခုချိန်က ရွေးကောက်ပွဲကာလလည်း ဖြစ်နေတယ်။ နောက်တစ်ခုက အစိုးရ အပြောင်းအလဲလည်း ဖြစ်လာဦးမှာဆိုတော့ ဒါကို အကြောင်းပြပြီး အစာငတ်ခံ ဆန္ဒပြသူတွေကို လက်ရှိအစိုးရ ကပဲဖြစ်ဖြစ်၊ နိုင်ငံရေး ပါတီတွေကပဲ ဖြစ်ဖြစ် လျစ်လျူရှုထားလိုက်တာမျိုး ဖြစ်ခဲ့ရင် ဘာတွေ ဆက်ဖြစ်လာနိုင်လဲ။

ဖြေ - အခု ဦးသိန်းစိန် အစိုးရကတော့ တွေ့တဲ့အတိုင်းပဲ။ ဘာတစ်ခုမှ အရေးမလုပ်ဘူး။ အောင်မှိုင်းဆန်း ဘာဖြစ်ဖြစ် အရေးမလုပ်ဘူး။ ခက်တာက အောင်မှိုင်းဆန်းပဲ။ သူက တိုက်ပွဲကို အကန့်အသတ် မထားတာ က ပြဿနာ။ ရွေးကောက်ပွဲအပြီး အာဏာဘယ်လို လွှဲမလဲ ဆိုတာနဲ့ လုံးပန်းနေကြတာ ဆိုတဲ့အချိန်မှာ သူ့ကို ဘယ်ဖက်ကမှ အရေးလုပ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တစ်ခု တွေးမိတယ်။ ဘာလဲဆိုတော့ အောင်မှိုင်းဆန်း ကလည်း တိုက်ပွဲက ဆက်တိုက်ရတော့မှာ၊ ရပ်မရတော့ဘူးဆိုတော့ အန္တရာယ်က ရှိလာပြီ။ ဒီတော့ နိုင်ငံရေး Image ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ရွှေဝါရောင် သံဃာတွေရှိတယ်လေ။ မန္တလေးမှာ။ သူတို့တွေကသာ အောင်မှိုင်းဆန်းကို ဖျောင်းဖျရင် ကောင်းမယ်လို့ ကျွန်တော် တွေးနေတာရှိတယ်။ ဒါ ကျွန်တော့်အမြင်ပါ။

မေး - အစာငတ်ခံ ဆန္ဒပြသူတွေကို ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။

ဖြေ - မူအားဖြင့် တိုက်ပွဲကို ဘာမှငြင်းစရာမရှိဘူး။ တိုက်ပွဲတိုက်နေတာကို ကြိုဆိုတယ်။ သို့သော်လည်း ရှိတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေ ရှိတဲ့ အဆုတ်အတက်တွေတော့ လုပ်ရမယ်လို့ ထင်တယ်။ တိုက်ပွဲ ကို အောင်မြင်စေချင်တယ်။ အားလည်းပေးတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

မြန်မာသံတော်ဆင့်သတင်းဌာန -

No comments:

Post a Comment