Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 7, 2015

ပင္လံုအေရွ႕ဘက္ ေ၀ွ႔က်ိန္ ေက်းရြာတြင္ ရပ္/ေက်းစာေရးမ်ားက ပအို၀္းဘာသာစကားျဖင့္ ျပည္ခုိင္ၿဖဳိးပါတီ တံဆိပ္အား အတင္းအက်ပ္ မဲထုခိုင္းကာ ရယူသြားဟုဆို


ရွမ္းျပည္နယ္ေတာင္ပုိင္း လြိဳင္လင္ခရိုင္ ပင္လံုအေရွ႕ဘက္ ေ၀ွ႔က်ိန္ေက်းရြာတြင္ ႏို၀င္ဘာ၇ရက္ ႀကဳိတင္မဲေပးရာ၌ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရပ္/ေက်းစာေရးမ်ားက ပအို၀္းဘာသာစကားျဖင့္ ျပည္ခုိင္ၿဖဳိးပါတီတံဆိပ္အား အတင္းအက်ပ္ မဲထုခိုင္းကာ ႀကဳိတင္မဲမ်ား ရယူသြားသည္ဟု လြိဳင္လင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားက ေျပာၾကားသည္။

“ပင္လံု အေရွ႕ဘက္ရြာေတြမွာ ႀကဳိတင္မဲေပးရာမွာ ေက်းရြာသူႀကီးက ရြာသားေတြကို ဒါထည့္ ဒါထည့္ ဆိုၿပီး ပအုိ၀္လို ေျပာတယ္။ ကၽြန္ေတာ္တို႔ထဲကလည္း ျပန္ေျပာတယ္။ ကၽြန္ေတာ္တို႔လည္း ပအို၀္လို တတ္တယ္။ အဲလို လုပ္လို႔ မရဘူး။ မရဘူး။ ပအို၀္လို ျခေသၤ့ပဲထည့္၊ ျခေသၤ့ပဲထည့္ဆိုၿပီးေတာ့ လက္ေထာက္ျပတယ္။ ထုရမယ့္သူက ဘယ္နားထုရမွန္း မသိဘူး။ ဒီနားထု ဒီနားထုဆိုၿပီး လက္ေတြ ေထာက္ျပတယ္။ အဲလိုေတြလုပ္တာမ်ား ၀ုိင္းဖဲြ႔ၿပီး လုပ္ေနတာ။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ရပ္/ေက်းစာေရးေတြ ကၽြန္ေတာ္တို႔ ခဏခဏ သူတို႔ကို ကန္႔ကြက္တယ္။ ရပ္/ေက်းစာေရးေတြ ပါ၀င္ပတ္သက္မႈက တအားကိုမ်ားေနတာ ”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ၏ လြိဳင္လင္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးရဲလႈိင္က ေျပာသည္။

ထို႔ျပင္ ပင္လံုၿမိဳ႕ ရပ္ကြက္ (၁-၂-၃-၄) ရပ္ကြက္မ်ားႏွင့္ လြိဳင္လင္ရပ္ကြက္မ်ားတြင္ မဲစာအိတ္ေပၚတြင္ နာမည္ေရးမွတ္ထားေသာကိစၥကို ၿမိဳ႕နယ္ေကာ္မရွင္ထံသုိ႔ ကန္႔ကြက္ခဲ့ေသာ္လည္း မရခဲ့ေၾကာင္း၊ ႀကဳိတင္မဲထည့္ၿပီးေသာ ထုိစာအိတ္မ်ားေပၚတြင္ နာမည္ေရးမွတ္ထားေသာ မဲဆႏၵရွင္ ၂၀၀ ေက်ာ္ကို ႏို၀င္ဘာ ၇ ရက္တြင္ နည္းဥပေဒႏွင့္ ညႊန္ၾကားခ်က္အရဟုဆိုကာ ေကာ္မရွင္မွ တရား၀င္ေၾကာင္းစာ ထုတ္ျပန္ခဲ့သျဖင့္ ပယ္မဲအျဖစ္ မသတ္မွတ္ႏိုင္ေတာ့ေၾကာင္း ဦးရဲလႈိင္က ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔က တစ္ေယာက္ ႏွစ္ေယာက္ထဲေၾကာင့္မို႔ ေျပာေနတာ ကန္႔ကြက္ေနတာ မဟုတ္ဘူး။ ေက်းရြာလူႀကီးက ဒီဟာထည့္ ဒါထည့္ဆိုၿပီးလုပ္ေတာ့ ေနာက္လူေတြက အကုန္လံုးလုပ္လုိက္ေတာ့မွာ။ ေဒသခံက စာမတတ္ေတာ့ ေအာ္ လူႀကီးက ဒါေျပာထားတယ္။ ေနာက္ေန႔လည္း ဒါပဲ။ ဒီလို အေနအထားေတြေၾကာင့္မို႔ ကန္႔ကြက္ေနရတာ။ ေက်းရြာလူႀကီးကေျပာေတာ့ ေနာက္ေန႔လည္း ဒါပဲ ။ ေက်းရြာလူႀကီးက ေျပာရင္ ေနာက္ေန႔ အရပ္ထဲေပ့ါ အဲ့ပါတီပဲ ျဖစ္သြားၿပီပဲ။ အဲဒါမ်ဳိးေတြ ျဖစ္ေနတယ္” ဟု ဦးရဲလႈိင္က ေျပာသည္။

ေ၀ွ႔က်ိန္ ေက်းရြာတြင္ လူဦးေရေပါင္း ၄၀၀ နီးပါးရွိၿပီး၊ ႀကဳိတင္မဲ (၂၅) ေယာက္ ထည့္ၿပီးခ်ိန္တြင္ အခ်ိန္မွီတားဆီးႏိုင္မႈေၾကာင့္ (၁၄) ဦးခန္႔ ျပည္ခုိင္ၿဖဳိးပါတီ တံဆိပ္တံုးထုၿပီးသား လက္ခံရရွိခဲ့ေၾကာင္း သိရသည္။

လြိဳင္လင္ၿမိဳ႕နယ္တြင္ လြိဳင္လင္ၿမိဳ႕ေပၚ ရပ္ကြက္ ၄ ရပ္ကြက္၊ ပင္လံုၿမိဳ႕ေပၚ ရပ္ကြက္ ၄ ရပ္ကြက္ႏွင့္ မုိင္းပြန္ၿမိဳ႕တို႔ ပါ၀င္ၿပီး၊ လက္ရွိတြင္ မဲဆႏၵရွင္ဦးေရေပါင္း ၈၄၈၀၅ ဦး ရွိၿပီး၊ အတင္းအက်ပ္ ျပည္ခိုင္ၿဖဳိးပါတီ မဲထည့္ခိုင္းကာ ရယူသြားရာတြင္ လက္ရွိလူဦးေရ တစ္ေထာင္ေက်ာ္ ပါသြားၿပီျဖစ္ေၾကာင္း သိရသည္။
.
Credit : EMG
.............
ပင်လုံအရှေ့ဘက် ဝှေ့ကျိန် ကျေးရွာတွင် ရပ်/ကျေးစာရေးများက ပအိုဝ်းဘာသာစကားဖြင့် ပြည်ခိုင်ဖြိုးပါတီ တံဆိပ်အား အတင်းအကျပ် မဲထုခိုင်းကာ ရယူသွားဟုဆို
********************************************************************
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံအရှေ့ဘက် ဝှေ့ကျိန်ကျေးရွာတွင် နိုဝင်ဘာရရက် ကြိုတင်မဲပေးရာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများက ပအိုဝ်းဘာသာစကားဖြင့် ပြည်ခိုင်ဖြိုးပါတီတံဆိပ်အား အတင်းအကျပ် မဲထုခိုင်းကာ ကြိုတင်မဲများ ရယူသွားသည်ဟု လွိုင်လင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။

“ပင်လုံ အရှေ့ဘက်ရွာတွေမှာ ကြိုတင်မဲပေးရာမှာ ကျေးရွာသူကြီးက ရွာသားတွေကို ဒါထည့် ဒါထည့် ဆိုပြီး ပအို၀်လို ပြောတယ်။ ကျွန်တော်တို့ထဲကလည်း ပြန်ပြောတယ်။ ကျွန်တော်တို့လည်း ပအိုဝ်လို တတ်တယ်။ အဲလို လုပ်လို့ မရဘူး။ မရဘူး။ ပအိုဝ်လို ခြင်္သေ့ပဲထည့်၊ ခြင်္သေ့ပဲထည့်ဆိုပြီးတော့ လက်ထောက်ပြတယ်။ ထုရမယ့်သူက ဘယ်နားထုရမှန်း မသိဘူး။ ဒီနားထု ဒီနားထုဆိုပြီး လက်တွေ ထောက်ပြတယ်။ အဲလိုတွေလုပ်တာများ ၀ုိင်းဖွဲ့ပြီး လုပ်နေတာ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်/ကျေးစာရေးတွေ ကျွန်တော်တို့ ခဏခဏ သူတို့ကို ကန့်ကွက်တယ်။ ရပ်/ကျေးစာရေးတွေ ပါ၀င်ပတ်သက်မှုက တအားကိုများနေတာ ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လွိုင်လင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲလှိုင်က ပြောသည်။

ထို့ပြင် ပင်လုံမြို့ ရပ်ကွက် (၁-၂-၃-၄) ရပ်ကွက်များနှင့် လွိုင်လင်ရပ်ကွက်များတွင် မဲစာအိတ်ပေါ်တွင် နာမည်ရေးမှတ်ထားသောကိစ္စကို မြို့နယ်ကော်မရှင်ထံသို့ ကန့်ကွက်ခဲ့သော်လည်း မရခဲ့ကြောင်း၊ ကြိုတင်မဲထည့်ပြီးသော ထိုစာအိတ်များပေါ်တွင် နာမည်ရေးမှတ်ထားသော မဲဆန္ဒရှင် ၂၀၀ ကျော်ကို နိုဝင်ဘာ ရ ရက်တွင် နည်းဥပဒေနှင့် ညွှန်ကြားချက်အရဟုဆိုကာ ကော်မရှင်မှ တရားဝင်ကြောင်းစာ ထုတ်ပြန်ခဲ့သဖြင့် ပယ်မဲအဖြစ် မသတ်မှတ်နိုင်တော့ကြောင်း ဦးရဲလှိုင်က ပြောကြားသည်။

“ကျွန်တော်တို့က တစ်ယောက် နှစ်ယောက်ထဲကြောင့်မို့ ပြောနေတာ ကန့်ကွက်နေတာ မဟုတ်ဘူး။ ကျေးရွာလူကြီးက ဒီဟာထည့် ဒါထည့်ဆိုပြီးလုပ်တော့ နောက်လူတွေက အကုန်လုံးလုပ်လိုက်တော့မှာ။ ဒေသခံက စာမတတ်တော့ အော် လူကြီးက ဒါပြောထားတယ်။ နောက်နေ့လည်း ဒါပဲ။ ဒီလို အနေအထားတွေကြောင့်မို့ ကန့်ကွက်နေရတာ။ ကျေးရွာလူကြီးကပြောတော့ နောက်နေ့လည်း ဒါပဲ ။ ကျေးရွာလူကြီးက ပြောရင် နောက်နေ့ အရပ်ထဲပေ့ါ အဲ့ပါတီပဲ ဖြစ်သွားပြီပဲ။ အဲဒါမျိုးတွေ ဖြစ်နေတယ်” ဟု ဦးရဲလှိုင်က ပြောသည်။

ဝှေ့ကျိန် ကျေးရွာတွင် လူဦးရေပေါင်း ၄၀၀ နီးပါးရှိပြီး၊ ကြိုတင်မဲ (၂၅) ယောက် ထည့်ပြီးချိန်တွင် အချိန်မှီတားဆီးနိုင်မှုကြောင့် (၁၄) ဦးခန့် ပြည်ခိုင်ဖြိုးပါတီ တံဆိပ်တုံးထုပြီးသား လက်ခံရရှိခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့နယ်တွင် လွိုင်လင်မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်၊ ပင်လုံမြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်နှင့် မိုင်းပွန်မြို့တို့ ပါ၀င်ပြီး၊ လက်ရှိတွင် မဲဆန္ဒရှင်ဦးရေပေါင်း ၈၄၈၀၅ ဦး ရှိပြီး၊ အတင်းအကျပ် ပြည်ခိုင်ဖြိုးပါတီ မဲထည့်ခိုင်းကာ ရယူသွားရာတွင် လက်ရှိလူဦးရေ တစ်ထောင်ကျော် ပါသွားပြီဖြစ်ကြောင်း သိရသည်။
.
Credit : EMG

No comments:

Post a Comment