Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

ရႈံးသူမဲ့ ေအာင္ပဲြႏွင့္ ေဒၚေအာင္ဆန္းစုၾကည္

အာဏာခ်ဳပ္ကုိင္ထားသည့္ ေရေပၚဆီအုပ္ခ်ဳပ္သူ လူတစ္စုအား ျပည္သူလူထုက မဲပံုးမ်ားမွတစ္ဆင့္ ျဖဳတ္ခ်ျခင္းမ်ဳိး မည္သည့္ႏုိင္ငံတြင္မွ မေပၚေပါက္ခဲ့သည္မွာ ႏွစ္အတန္ၾကာၿပီျဖစ္သည္။ ယခုအခါ ျမန္မာႏုိင္ငံသည္ ထုိကဲ့သုိ႔ ႏုိင္ငံအျဖစ္ ထြက္ေပၚလာခဲ့သည္။ ၁၉၉၀ တြင္ NLD က ေရြးေကာက္ပြဲ အႏုိင္ရခဲ့သည့္ ပံုစံမွာ ယခု ႏုိ၀င္ဘာ ၈ ေရြးေကာက္ပြဲ အႏုိင္ရပံုႏွင့္ အလြန္တူညီခဲ့သည္။ ထုိအခ်ိန္က ေရြးေကာက္ပြဲရလဒ္ကုိ ေလးစားလုိက္နာရန္ စစ္တပ္က ျငင္းဆုိခဲ့သည္။

သုိ႔ေသာ္ ယခုတစ္ႀကိမ္ NLD က အလားတူ ေတာင္ၿပဳိကမ္းၿပဳိ အႏုိင္ရမႈကုိ စစ္တပ္က သေဘာထားႀကီးစြာ လက္ခံရမည့္အသြင္ ျမင္ေတြ႕ရသည္။

ေရြးေကာက္ပဲြတြင္အရႈံးႀကီး ရႈံးသြားသည့္ အုပ္ခ်ဳပ္ေနသူမ်ား အလြန္တည္ၿငိမ္စြာ ရွိေနသည့္ အေၾကာင္းရင္းမွာ ေမးခြန္းထုတ္စရာ ျဖစ္သည္။ ထုိသုိ႔ တည္ၿငိမ္စြာ ရွိေနျခင္းမွာ NLD က ေတာင္ၿပဳိကမ္းၿပဳိ အႏုိင္ရျခင္းသည္ ႐ံႈးနိမ့္သူမရွိေသာ အႏုိင္ရမႈျဖစ္ၿပီး သမုိင္းတြင္ ပထမဆံုးဆုိႏုိင္သည္။

NLD အႏုိင္ရခဲ့ေသာ္လည္း စစ္တပ္သည္ ၂၀၀၈ အေျခခံဥပေဒပါ ယင္း၏ ႏုိင္ငံေရး လႊမ္းမုိးႏုိင္မႈကုိ ဆက္လက္ ကာကြယ္ထားႏုိင္သည္။ စစ္တပ္သည္ လႊတ္ေတာ္တြင္ အမတ္ေနရာ ၂၅ % ရယူထားသည္။ ေဒၚေအာင္ဆန္းစုၾကည္မွာ ႏုိင္ငံျခားသား သား ၂ ဦးရွိသျဖင့္ သမၼတျဖစ္ခြင့္ မရွိသည့္အျပင္ စစ္တပ္က ထိန္းခ်ဳပ္ထားသည့္ က႑မ်ားတြင္ သမၼတက ၾသဇာလႊမ္းမုိးႏုိင္မည္ မဟုတ္ေပ။ ကာကြယ္ေရးႏွင့္ ျပည္ထဲေရးကဲ့သုိ႔ လံုၿခဳံေရးႏွင့္ သက္ဆုိင္ေသာ ၀န္ႀကီးဌာနမ်ားကုိ စစ္တပ္က ခ်ဳပ္ကုိင္ထားသည္။

ထုိသုိ႔ စီစဥ္ထားမႈမွာ အာဏာရွင္စနစ္မွ ကူးေျပာင္းသည့္ နုိင္ငံမ်ားတြင္ ထူးထူးျခားျခား ျဖစ္ရပ္မဟုတ္ေပ။

အာဏာ လက္လႊတ္ရေတာ့မည့္ အာဏာရွင္မ်ားသည္ ယင္းတုိ႔၏ အက်ဳိးစီးပြားကုိ ကာကြယ္ရန္ စီစဥ္ေဆာင္ရြက္ေလ့ ရွိၾကသည္။ တစ္ခါတစ္ရတြင္ အာဏာရွင္မ်ားသည္ ဒီမုိကေရစီ ေရြးေကာက္ပြဲမ်ား ျပဳလုပ္ၿပီး ၀င္ေရာက္ယွဥ္ၿပဳိင္ျခင္းျဖင့္ အာဏာ ဆက္လက္ကုိင္ဆြဲထားႏုိင္ရန္ ႀကဳိးစားၾကသည္။

အာဏာရွင္စနစ္ ျပဳတ္က်ျခင္းဆုိသည္မွာ အာဏာရွင္မ်ား ျပဳတ္က်ျခင္းဟု မဆုိလုိဘဲ အာဏာရွင္မ်ားက အာဏာရွင္နည္းလမ္းမ်ား အသံုးျပဳမႈ ရပ္ဆုိင္းျခင္းကုိ ဆုိလုိသည္။

အာဏာရွင္စနစ္မွ ကူးေျပာင္းစ ေရြးေကာက္ပြဲမ်ားမွာ ဒီမုိကေရစီစံႏႈန္း ျပည့္၀ေလ့မရွိဘဲ ျမန္မာႏုိင္ငံတြင္လည္း ထုိအတုိင္းပင္ ျဖစ္သည္။ ထုိ႔ေၾကာင့္ ေရြးေကာက္ပြဲတြင္ NLD က ေတာင္ၿပဳိကမ္းၿပဳိ အႏုိင္ရခဲ့သည့္ ပမာဏမွာ အံ့အားသင့္ဖြယ္ ျဖစ္ခဲ့သည္။

ကြဲျပားျခားနားသည့္ ျမင္ကြင္းတစ္ခုမွာ တျဖည္းျဖည္း ပံုေပၚလာသည္။ NLD ၏ အနုိင္ရမႈမွာ ပါတီအတြက္သာမက ျမန္မာႏုိင္ငံသား အားလံုးအတြက္ လက္ခံႏုိင္ဖြယ္ျဖစ္ၿပီး အက်ဳိးရွိေၾကာင္း အံ့ဖြယ္ ေတြ႕ရသည္။ ျမန္မာႏုိင္ငံတြင္ စစ္အုပ္ခ်ဳပ္ေရးကုိ ႀကံ႕ခုိင္ေရးပါတီ၏ အရပ္သားတစ္ပုိင္း အုပ္ခ်ဳပ္ေရး ၂၀၁၁ တြင္ အစားထုိးခဲ့ေသာ္လည္း အေပၚယံမွ်သာ ျဖစ္ၿပီး ကြာျခားမႈ ႀကီးႀကီးမားမား မရွိခဲ့ေပ။

ေရြးေကာက္ပြဲတြင္ ႀကံ႕ခုိင္ေရးပါတီ ႐ံႈးနိမ့္ခဲ့သျဖင့္ စစ္တပ္မွာ ယင္းတုိ႔ႏွင့္ အဆင္ေျပမႈ မရွိေသာ အရပ္ဘက္၀တ္စံုကုိ စြန္႔ခြာ၍ သက္ေတာင့္သက္သာရွိေသာ အစိမ္းေရာင္ စစ္၀တ္စံုကုိ ျပန္လည္၀တ္ဆင္ႏုိင္မည္ ျဖစ္သည္။ ေရြးေကာက္ပြဲတြင္ ႀကံ႕ခုိင္ေရးပါတီ အႏုိင္ရရန္အတြက္ စစ္တပ္က ထဲထဲ၀င္၀င္ ၾကား၀င္ေဆာင္ရြက္မႈမ်ဳိး မရွိခဲ့သည့္အတြက္ NLD က ေတာင္ၿပဳိကမ္းၿပဳိ အနုိင္ရခဲ့ျခင္း ျဖစ္ၿပီး ထုိအခ်က္မွာ ဒီမုိကေရစီ ႐ႈေထာင့္အရ ေက်နပ္စရာျဖစ္သည္။

ႀကံ႕ခုိင္ေရးပါတီ အမတ္မ်ားအေနျဖင့္ လႊတ္ေတာ္တြင္ ပါတီကုိယ္စားျပဳခြင့္ မရေသာ္လည္း ထိေရာက္စြာ ေဆာင္ရြက္ႏုိင္သည့္ ေနရာမ်ား ရွိေနေသးသည္။ ယင္းတုိ႔သည္ အုပ္ခ်ဳပ္ေရးက႑ ဗ်ဴ႐ုိကေရစီ ရာထူးမ်ား ေမွ်ာ္မွန္းႏုိင္ၿပီး ဖြံ႕ၿဖဳိးလာမည့္ စီးပြားေရးတြင္ ကုိယ္ပုိင္လုပ္ငန္းမ်ားျဖင့္ အက်ဳိးအျမတ္ ရႏုိင္သည့္အျပင္ အႏုိင္ရသည့္ NLD ပါတီဘက္သုိ႔ ကူးေျပာင္းျခင္းလည္း ျပဳလုပ္ႏုိင္သည္။

တုိင္းရင္းသား ေဒသမ်ားတြင္ NLD က အံ့အားသင့္ဖြယ္ အႏုိင္ရခဲ့ၿပီး ေဒသခံ တုိင္းရင္းသားပါတီမ်ားမွာ ႀကံ႕ခုိင္ေရးပါတီကဲ့သုိ႔ပင္ အ႐ံႈးႏွင့္ ႀကဳံေတြ႕ခဲ့ ရျခင္းမွာ ေဒသခံမ်ားအတြက္ အက်ဳိးရွိႏုိင္ေသာ တန္ျပန္ေဆာင္ရြက္မႈမ်ား ေပၚေပါက္လာႏုိင္သည္။ အစုိးရႏွင့္ စစ္တပ္တုိ႔မွာ ဗမာလူမ်ဳိးမ်ား အဓိက လႊမ္းမုိးထားသည့္ အဖြဲ႕အစည္းမ်ားအျဖစ္ ႐ႈျမင္ခံထားရသည္။

အကယ္၍ NLD သည္ တုိင္းရင္းသား ေဒသမ်ားမွ မဲမ်ားျဖင့္ လႊတ္ေတာ္တြင္ အမ်ားစုပါတီအျဖစ္ ရပ္တည္ႏုိင္ပါက ကြဲျပားျခားနားေသာ လူမႈအဖြဲ႕အစည္းမ်ား အားလံုး ပါ၀င္ခြင့္ရမည့္ ႏုိင္ငံတစ္ခု တည္ေထာင္ရန္ ႏုိင္ငံေရးအရ တြန္းအားျဖစ္ေစမည္ ျဖစ္သည္။ လူနည္းစု တုိင္းရင္းသားပါတီမ်ား အေနျဖင့္လည္း မည္သည့္ တုိင္းရင္းသားပါတီမွ် မေမွ်ာ္လင့္ဖူးသည့္ ပမာဏျဖင့္ လူထုေထာက္ခံမႈကုိ ရရွိထားသည့္ NLD ပါတီျဖင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ႏုိင္မည္ ျဖစ္သည္။

ျမန္မာ ေရြးေကာက္ပြဲတြင္ NLD က ေတာင္ၿပဳိကမ္းၿပဳိ အႏုိင္ရျခင္းေၾကာင့္ အံ့အားသင့္ဖြယ္ ေပၚေပါက္လာသည့္ အေျခအေန တစ္ခုမွာ ျမန္မာႏုိင္ငံေရး သည္ ႏုိင္ငံေရးပါတီမ်ား မဟာမိတ္ဖြဲ႕မႈက ပံုေဖာ္မည္ မဟုတ္ဘဲ NLD ႏွင့္ စစ္တပ္၏ ပူးေပါင္းေဆာင္ရြက္မႈကသာ ပံုေဖာ္သြားမည့္ အခ်က္ျဖစ္သည္။

ျမန္မာ့ ႏုိင္ငံေရးတြင္ မဟာမိတ္ဖြဲ႕မႈႏွင့္ ပူးေပါင္းမႈမ်ားမွာ ႐ႈပ္ေထြးၿပီး ေရြးေကာက္ပြဲအၿပီး အာဏာခြဲေ၀မႈမွာ ႐ႈပ္ေထြးမႈမ်ား ႀကဳံရႏုိင္သည္ဟု က်ယ္က်ယ္ျပန္႔ျပန္႔ ႐ႈျမင္ခံထားခဲ့ရသည္။ ျမန္မာႏုိင္ငံ၏ လူမႈေရးႏွင့္ ႏုိင္ငံေရး ႐ႈပ္ေထြးမႈမ်ားေၾကာင့္ ထုိအေျခအေနမွာ ေရွာင္လႊဲ၍ မရႏုိင္ဟု ယူဆထားၾကသည္။ သုိ႔ေသာ္ ယခုအခါ ထုိသုိ႔ ႐ႈပ္ေထြးသည့္ ပံုစံကုိ NLD ပါတီ၏ မုိးၿပိဳ ကမ္းၿပိဳ အႏုိင္ရရွိမႈေၾကာင့္ ေက်ာ္လႊားႏုိင္မည္ ျဖစ္သည္။ အင္အားအႀကီးဆံုး အဖြဲ႕အစည္း ၂ ခုျဖစ္သည့္ စစ္တပ္ႏွင့္ NLD ပါတီတုိ႔ ထိပ္တုိက္ေတြ႕ၿပီး တစ္ခ်ိန္တည္းတြင္ ယွဥ္တြဲေဆာင္ရြက္ရန္ တြန္းအားျဖစ္လာသည္။

ယခုအခါ အေရးပါသည့္ ေမးခြန္းမွာ NLD ႏွင့္ စစ္တပ္သည္ အစုိးရလုပ္ငန္းမ်ားတြင္ အဆင္ေျပစြာ တြဲဖက္ ေဆာင္ရြက္ႏုိင္ျခင္း ရွိမရွိ ျဖစ္သည္။ အကယ္၍ ထုိသုိ႔ ေဆာင္ရြက္ႏုိင္ခဲ့ပါက ႐ံႈးနိမ့္သူမရွိေသာ ေတာင္ၿပဳိကမ္းၿပဳိ အႏုိင္ရမႈ၏ အက်ဳိးကုိ သာမန္ႏုိင္ငံသား အားလံုး ေပ်ာ္ရႊင္စြာ စံစားရမည္ျဖစ္သည္။

KHTun
Graphic - Financial Times
The Ladies News Journal
https://www.facebook.com/News.TheLadies
...................
ရှုံးသူမဲ့ အောင်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်
အာဏာချုပ်ကိုင်ထားသည့် ရေပေါ်ဆီအုပ်ချုပ်သူ လူတစ်စုအား ပြည်သူလူထုက မဲပုံးများမှတစ်ဆင့် ဖြုတ်ချခြင်းမျိုး မည်သည့်နိုင်ငံတွင်မှ မပေါ်ပေါက်ခဲ့သည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသည် ထိုကဲ့သို့ နိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့သည်။ ၁၉၉၀ တွင် NLD က ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ပုံစံမှာ ယခု နို၀င်ဘာ ၈ ရွေးကောက်ပွဲ အနိုင်ရပုံနှင့် အလွန်တူညီခဲ့သည်။ ထိုအချိန်က ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရန် စစ်တပ်က ငြင်းဆိုခဲ့သည်။

သို့သော် ယခုတစ်ကြိမ် NLD က အလားတူ တောင်ပြိုကမ်းပြို အနိုင်ရမှုကို စစ်တပ်က သဘောထားကြီးစွာ လက်ခံရမည့်အသွင် မြင်တွေ့ရသည်။

ရွေးကောက်ပွဲတွင်အရှုံးကြီး ရှုံးသွားသည့် အုပ်ချုပ်နေသူများ အလွန်တည်ငြိမ်စွာ ရှိနေသည့် အကြောင်းရင်းမှာ မေးခွန်းထုတ်စရာ ဖြစ်သည်။ ထိုသို့ တည်ငြိမ်စွာ ရှိနေခြင်းမှာ NLD က တောင်ပြိုကမ်းပြို အနိုင်ရခြင်းသည် ရှုံးနိမ့်သူမရှိသော အနိုင်ရမှုဖြစ်ပြီး သမိုင်းတွင် ပထမဆုံးဆိုနိုင်သည်။

NLD အနိုင်ရခဲ့သော်လည်း စစ်တပ်သည် ၂၀၀၈ အခြေခံဥပဒေပါ ယင်း၏ နိုင်ငံရေး လွှမ်းမိုးနိုင်မှုကို ဆက်လက် ကာကွယ်ထားနိုင်သည်။ စစ်တပ်သည် လွှတ်တော်တွင် အမတ်နေရာ ၂၅ % ရယူထားသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသား သား ၂ ဦးရှိသဖြင့် သမ္မတဖြစ်ခွင့် မရှိသည့်အပြင် စစ်တပ်က ထိန်းချုပ်ထားသည့် ကဏ္ဍများတွင် သမ္မတက သြဇာလွှမ်းမိုးနိုင်မည် မဟုတ်ပေ။ ကာကွယ်ရေးနှင့် ပြည်ထဲရေးကဲ့သို့ လုံခြုံရေးနှင့် သက်ဆိုင်သော ၀န်ကြီးဌာနများကို စစ်တပ်က ချုပ်ကိုင်ထားသည်။

ထိုသို့ စီစဉ်ထားမှုမှာ အာဏာရှင်စနစ်မှ ကူးပြောင်းသည့် နိုင်ငံများတွင် ထူးထူးခြားခြား ဖြစ်ရပ်မဟုတ်ပေ။

အာဏာ လက်လွှတ်ရတော့မည့် အာဏာရှင်များသည် ယင်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် စီစဉ်ဆောင်ရွက်လေ့ ရှိကြသည်။ တစ်ခါတစ်ရတွင် အာဏာရှင်များသည် ဒီမိုကရေစီ ရွေးကောက်ပွဲများ ပြုလုပ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အာဏာ ဆက်လက်ကိုင်ဆွဲထားနိုင်ရန် ကြိုးစားကြသည်။

အာဏာရှင်စနစ် ပြုတ်ကျခြင်းဆိုသည်မှာ အာဏာရှင်များ ပြုတ်ကျခြင်းဟု မဆိုလိုဘဲ အာဏာရှင်များက အာဏာရှင်နည်းလမ်းများ အသုံးပြုမှု ရပ်ဆိုင်းခြင်းကို ဆိုလိုသည်။

အာဏာရှင်စနစ်မှ ကူးပြောင်းစ ရွေးကောက်ပွဲများမှာ ဒီမိုကရေစီစံနှုန်း ပြည့်ဝလေ့မရှိဘဲ မြန်မာနိုင်ငံတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ပမာဏမှာ အံ့အားသင့်ဖွယ် ဖြစ်ခဲ့သည်။

ကွဲပြားခြားနားသည့် မြင်ကွင်းတစ်ခုမှာ တဖြည်းဖြည်း ပုံပေါ်လာသည်။ NLD ၏ အနိုင်ရမှုမှာ ပါတီအတွက်သာမက မြန်မာနိုင်ငံသား အားလုံးအတွက် လက်ခံနိုင်ဖွယ်ဖြစ်ပြီး အကျိုးရှိကြောင်း အံ့ဖွယ် တွေ့ရသည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ကြံ့ခိုင်ရေးပါတီ၏ အရပ်သားတစ်ပိုင်း အုပ်ချုပ်ရေး ၂၀၁၁ တွင် အစားထိုးခဲ့သော်လည်း အပေါ်ယံမျှသာ ဖြစ်ပြီး ကွာခြားမှု ကြီးကြီးမားမား မရှိခဲ့ပေ။

ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့သဖြင့် စစ်တပ်မှာ ယင်းတို့နှင့် အဆင်ပြေမှု မရှိသော အရပ်ဘက်ဝတ်စုံကို စွန့်ခွာ၍ သက်တောင့်သက်သာရှိသော အစိမ်းရောင် စစ်ဝတ်စုံကို ပြန်လည်ဝတ်ဆင်နိုင်မည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရန်အတွက် စစ်တပ်က ထဲထဲဝင်ဝင် ကြားဝင်ဆောင်ရွက်မှုမျိုး မရှိခဲ့သည့်အတွက် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်း ဖြစ်ပြီး ထိုအချက်မှာ ဒီမိုကရေစီ ရှုထောင့်အရ ကျေနပ်စရာဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ အမတ်များအနေဖြင့် လွှတ်တော်တွင် ပါတီကိုယ်စားပြုခွင့် မရသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်သည့် နေရာများ ရှိနေသေးသည်။ ယင်းတို့သည် အုပ်ချုပ်ရေးကဏ္ဍ ဗျူရိုကရေစီ ရာထူးများ မျှော်မှန်းနိုင်ပြီး ဖွံ့ဖြိုးလာမည့် စီးပွားရေးတွင် ကိုယ်ပိုင်လုပ်ငန်းများဖြင့် အကျိုးအမြတ် ရနိုင်သည့်အပြင် အနိုင်ရသည့် NLD ပါတီဘက်သို့ ကူးပြောင်းခြင်းလည်း ပြုလုပ်နိုင်သည်။

တိုင်းရင်းသား ဒေသများတွင် NLD က အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး ဒေသခံ တိုင်းရင်းသားပါတီများမှာ ကြံ့ခိုင်ရေးပါတီကဲ့သို့ပင် အရှုံးနှင့် ကြုံတွေ့ခဲ့ ရခြင်းမှာ ဒေသခံများအတွက် အကျိုးရှိနိုင်သော တန်ပြန်ဆောင်ရွက်မှုများ ပေါ်ပေါက်လာနိုင်သည်။ အစိုးရနှင့် စစ်တပ်တို့မှာ ဗမာလူမျိုးများ အဓိက လွှမ်းမိုးထားသည့် အဖွဲ့အစည်းများအဖြစ် ရှုမြင်ခံထားရသည်။

အကယ်၍ NLD သည် တိုင်းရင်းသား ဒေသများမှ မဲများဖြင့် လွှတ်တော်တွင် အများစုပါတီအဖြစ် ရပ်တည်နိုင်ပါက ကွဲပြားခြားနားသော လူမှုအဖွဲ့အစည်းများ အားလုံး ပါ၀င်ခွင့်ရမည့် နိုင်ငံတစ်ခု တည်ထောင်ရန် နိုင်ငံရေးအရ တွန်းအားဖြစ်စေမည် ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားပါတီများ အနေဖြင့်လည်း မည်သည့် တိုင်းရင်းသားပါတီမျှ မမျှော်လင့်ဖူးသည့် ပမာဏဖြင့် လူထုထောက်ခံမှုကို ရရှိထားသည့် NLD ပါတီဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မြန်မာ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခြင်းကြောင့် အံ့အားသင့်ဖွယ် ပေါ်ပေါက်လာသည့် အခြေအနေ တစ်ခုမှာ မြန်မာနိုင်ငံရေး သည် နိုင်ငံရေးပါတီများ မဟာမိတ်ဖွဲ့မှုက ပုံဖော်မည် မဟုတ်ဘဲ NLD နှင့် စစ်တပ်၏ ပူးပေါင်းဆောင်ရွက်မှုကသာ ပုံဖော်သွားမည့် အချက်ဖြစ်သည်။

မြန်မာ့ နိုင်ငံရေးတွင် မဟာမိတ်ဖွဲ့မှုနှင့် ပူးပေါင်းမှုများမှာ ရှုပ်ထွေးပြီး ရွေးကောက်ပွဲအပြီး အာဏာခွဲဝေမှုမှာ ရှုပ်ထွေးမှုများ ကြုံရနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားခဲ့ရသည်။ မြန်မာနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေး ရှုပ်ထွေးမှုများကြောင့် ထိုအခြေအနေမှာ ရှောင်လွှဲ၍ မရနိုင်ဟု ယူဆထားကြသည်။ သို့သော် ယခုအခါ ထိုသို့ ရှုပ်ထွေးသည့် ပုံစံကို NLD ပါတီ၏ မိုးပြို ကမ်းပြို အနိုင်ရရှိမှုကြောင့် ကျော်လွှားနိုင်မည် ဖြစ်သည်။ အင်အားအကြီးဆုံး အဖွဲ့အစည်း ၂ ခုဖြစ်သည့် စစ်တပ်နှင့် NLD ပါတီတို့ ထိပ်တိုက်တွေ့ပြီး တစ်ချိန်တည်းတွင် ယှဉ်တွဲဆောင်ရွက်ရန် တွန်းအားဖြစ်လာသည်။

ယခုအခါ အရေးပါသည့် မေးခွန်းမှာ NLD နှင့် စစ်တပ်သည် အစိုးရလုပ်ငန်းများတွင် အဆင်ပြေစွာ တွဲဖက် ဆောင်ရွက်နိုင်ခြင်း ရှိမရှိ ဖြစ်သည်။ အကယ်၍ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ပါက ရှုံးနိမ့်သူမရှိသော တောင်ပြိုကမ်းပြို အနိုင်ရမှု၏ အကျိုးကို သာမန်နိုင်ငံသား အားလုံး ပျော်ရွှင်စွာ စံစားရမည်ဖြစ်သည်။

KHTun
Graphic - Financial Times
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment