Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 22, 2015

သမီးချောသုံးယောက်ကို စတားလုံးပွဲထုတ်






ဟောလီးဝုဒ် ဆူပါစတား မင်းသားကြီး ဆီလ်ဗက်စတာ စတားလုံးသည် နိုဝင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့ညက ကျင်းပသည့် ၎င်း၏ ရုပ်ရှင်ဇာတ်ကားသစ် အထူးပွဲသို့ သမီးချော သုံးဦးကို ခေါ်ဆောင်လာကာ ပရိသတ်ရှေ့ ပွဲထုတ်ခဲ့ပါသည်။

Creed ရုပ်ရှင် အထူးပွဲသို့ သမီးချောသုံးယောက်ကို ခေါ်လာပြီး ပွဲထုတ်သော ဆီလ်ဗက်စတာ စတားလုံးတို့ မိသားစု ဖြစ်သည်။ (ဝဲမှယာ) သမီးလတ် မော်ဒယ်လ် ဆစ်စ်တင်း၊ ဇနီး ဂျနီဖာ ဖလာဗင်၊ စတားလုံး၊ သမီးကြီး ဆိုဖီယာ၊ သမီးငယ် စတားလက်တို့ ဖြစ်၏။ Creed ရုပ်ရှင် အထူးပွဲသို့ သမီးချောသုံးယောက်ကို ခေါ်လာပြီး ပွဲထုတ်သော ဆီလ်ဗက်စတာ စတားလုံးတို့ မိသားစု ဖြစ်သည်။ (ဝဲမှယာ) သမီးလတ် မော်ဒယ်လ် ဆစ်စ်တင်း၊ ဇနီး ဂျနီဖာ ဖလာဗင်၊ စတားလုံး၊ သမီးကြီး ဆိုဖီယာ၊ သမီးငယ် စတားလက်တို့ ဖြစ်၏။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဝက်စ်ဝုဒ်တွင် ပြုလုပ်သော ရုပ်ရှင်ဇာတ်ကားသစ် "Creed" အထူးပွဲသို့ ဇနီး ဂျနီဖာ ဖလာဗင်၊ သမီးချော သုံးယောက်တို့နှင့်အတူ ရုပ်ရှင်မင်းသားကြီး စတားလုံး ရောက်ရှိလာခဲ့သည်။ သမီးကြီး ဆိုဖီယာ (၁၉ နှစ်)၊ ဆစ်စ်တင်း (၁၇ နှစ်) နှင့် သမီးငယ် စကားလက် (၁၃ နှစ်) တို့သည် ချောမောလှပသော ရုပ်ရည်ရူပကာဖြင့် ရွှေပွဲလာ ပရိသတ်များကို ညှို့ယူဖမ်းစားနိုင်ခဲ့သည်ဟု အနုပညာမဂ္ဂဇင်းများက ဖော်ပြခဲ့၏။

အသက် ၆၉ နှစ် ရှိပြီ ဖြစ်သော အီတလီဇာတိ မင်းသားကြီး စတားလုံးသည် ရော့ကီ၊ ရမ်ဘို စသော အက်ရှင် ဇာတ်ကားများဖြင့် ဟောလီးဝုဒ် ရုပ်ရှင်လောကတွင် လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားခဲ့သည်။ အသက် ၄၇ နှစ်ရှိ ဇနီး ဂျနီဖာ ဖလာဗင်သည် မော်ဒယ်လ် အလှမယ်တစ်ဦး ဖြစ်ပါသည်။

သမီးအလတ် ဆစ်စ်တင်းသည်လည်း အလားအလာ ရှိသော တက်သစ်စ မော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်စ ပြုနေပြီ ဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလထုတ် Teen Vogue ဆယ်ကျော်သက် ဖက်ရှင်မဂ္ဂဇင်းတွင် ဆစ်စ်တင်းသည် မော်ဒယ်လ်အဖြစ် သရုပ်ဆောင်ခဲ့သည်။

"မေမေက ကျွန်မကို အပျံသင်ပေးပါတယ်။ ကျွန်မရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို ထောက်ပြတယ်။ လျှောက်လမ်းစင်မြင့်ထက်မှာ ဘယ်လို လမ်းလျှောက်ရမယ်၊ ဘယ်လိုဝတ်စုံကို ဘယ်ပုံ ဝတ်ဆင်ရမယ်ဆိုတာတွေ သင်ပြတယ်" ဟု ဆစ်စ်တင်းက ဖက်ရှင်မဂ္ဂဇင်း ET အား ပြောပြသည်။

"ဖေဖေ့နာမည် အရှိန်နဲ့ ကျွန်မမှာ ပရိသတ်အများကြီး ရှိလာပါတယ်၊ ပြီးတော့ ဖေဖေ့ရဲ့ ဟာသဉာဏ်နဲ့ အလုပ်စည်းကမ်းတွေကိုလည်း အမွေရခဲ့တယ်" ဟု ဆယ်ကျော်သက် မော်ဒယ်လ် အလှမယ်လေးက ပြောကြားသည်။

ရော့ကီအဆက် လက်ဝှေ့ဇာတ်လမ်း

စတားလုံးတို့ မိသားစု တက်ရောက်သော "Creed" ရုပ်ရှင်ဇာတ်ကားသည် အလွန်လူကြိုက်များခဲ့သော ရော့ကီဇာတ်ကားများမှ တစ်မူခွဲထွက်လာသည့် နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်သည်။ ရော့ကီ ဇာတ်ကားတွဲများတွင် ကြိုးဝိုင်းတွင်း သေဆုံးခဲ့ရသော ၎င်း၏ သူငယ်ချင်း အပိုလို ခရိဒ်၏ သား အဒေါနစ်စ် ဂျွန်ဆင် ခရိဒ်ကို လက်ဝှေ့ကျော် ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးသော လက်ဝှေ့သမားဟောင်းကြီး ရော့ကီ ဘာလ်ဘိုးဝါး အဖြစ် ဤဇာတ်ကားတွင် စတားလုံး ပါဝင်သရုပ်ဆောင်ထားသည်။

ရော့ကီဇာတ်လမ်းတွဲကဲ့သို့ပင် Creed သည်လည်း ဆက်တိုက် အောင်မြင်ကာ ဇာတ်လမ်းတွဲများ ထုတ်လုပ်မည်ဟု မျှော်လင့်စီစဉ်ထားပြီး နိုဝင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့ (Thanks Giving အားလပ်ရက်များ) တွင် ရုံတင်ပြသတော့မည် ဖြစ်၏။

http://kabarthit.com/index.php?option=com_content&view=article&id=801:2015-11-22-01-03-40&catid=8:2013-10-13-17-09-02&Itemid=214

.......................................................

သမီးခော်သုံးယောက္ကို စတားလုံးပြဲထုတ်

ဟောလီးဝုဒ် ဆူပါစတား မင်းသားကြီး ဆီလ္ဗက္စတာ စတားလုံးသည် နိုဝင္ဘာ ၁၉ ရက်၊ ကြာသပေတးနေ့ညက က်င်းပသည့် ၎င်း၏ ရုပ်ရွင္ဇာတ္ကားသစ် အထူးပြဲသို့ သမီးခော် သုံးဦးကို ခေါ်ဆောင္လာကာ ပရိသတ်ရွေ့ ပြဲထုတ္ခဲ့ပါသည်။

Creed ရုပ်ရွင် အထူးပြဲသို့ သမီးခော်သုံးယောက္ကို ခေါ်လာပြီး ပြဲထုတ်သော ဆီလ္ဗက္စတာ စတားလုံးတို့ မိသားဈုဖစ်သည်။ (ဝဲမွယာ) သမီးလတ် မ္ဒောယ္လ် ဆစ္စ္တင်း၊ ဇနီး ဂ်နီဖာ ဖလာဗင်၊ စတားလုံး၊ သမီးကြီး ဆိုဖီယာ၊ သမီးငယ် စတားလက္တိျု့ဖစ်၏။ Creed ရုပ်ရွင် အထူးပြဲသို့ သမီးခော်သုံးယောက္ကို ခေါ်လာပြီး ပြဲထုတ်သော ဆီလ္ဗက္စတာ စတားလုံးတို့ မိသားဈုဖစ်သည်။ (ဝဲမွယာ) သမီးလတ် မ္ဒောယ္လ် ဆစ္စ္တင်း၊ ဇနီး ဂ်နီဖာ ဖလာဗင်၊ စတားလုံး၊ သမီးကြီး ဆိုဖီယာ၊ သမီးငယ် စတားလက္တိျု့ဖစ်၏။ ကယ္လီဖိုးနီးယာျးပည္နယ်၊ ဝက္စ်ဝုဒ္တြင်ျပုလုပ်သော ရုပ်ရွင္ဇာတ္ကားသစ် "Creed" အထူးပြဲသို့ ဇနီး ဂ်နီဖာ ဖလာဗင်၊ သမီးခော် သုံးယောက္တို့နွင့်အတူ ရုပ်ရွင္မင်းသားကြီး စတားလုံး ရောက်ရွိလာခဲ့သည်။ သမီးကြီး ဆိုဖီယာ (၁၉ နွစ်)၊ ဆစ္စ္တင်း (၁၇ နွစ်) နွင့် သမီးငယ် စကားလက် (၁၃ နွစ်) တို့သည် ခော်မောလွပေသာ ရုပ်ရည်ရူပကျာဖင့် ရွှေပြဲလာ ပရိသတ္မ်ားကို ညှို့ယူဖမ်းစားနိုင္ခဲ့သည်ဟု အနုပညာမဂ္ဂဇင်းမ်ားက ဖော်ျပခဲ့၏။

အသက် ၆၉ နွစ် ရွိပျြီဖစ်သော အီတလီဇာတိ မင်းသားကြီး စတားလုံးသည် ရော့ကီ၊ ရမ္ဘို စေသာ အက်ရွင် ဇာတ္ကားမ်ာျးဖင့် ဟောလီးဝုဒ် ရုပ်ရွင်လောကတြင် လ်ွမ်းလ်ွမ်းတောက် နာမည်ကော််ကြားခဲ့သည်။ အသက် ၄၇ နွစ်ရွိ ဇနီး ဂ်နီဖာ ဖလာဗင်သည် မ္ဒောယ္လ် အလွမယ္တစ်ဦျးဖစ္ပါသည်။

သမီးအလတ် ဆစ္စ္တင်းသည္လည်း အလားအလာ ရွိသော တက်သစ္စ မ္ဒောယ္လ္တစ်ဦးအျဖစ် အောင်ျမင္ဈပုနေပျြီဖစ်သည်။ ယခုနွစ် ဖေဖ်ာဝါရီလထုတ် Teen Vogue ဆယ်ကော််သက် ဖက်ရွင္မဂ္ဂဇင်းတြင် ဆစ္စ္တင်းသည် မ္ဒောယ္လ်အျဖစ် သရုပ်ဆောင္ခဲ့သည်။

"မေမက ကျန္မြကို အပ်ံသင်ပေးပါတယ်။ ကျန္မြရဲ့ ကောင်းကြက်၊ ဆိုးကြက်တြေကို ထောက်ျပတယ်။ လွော်က္လမ်းစင်ျမင့်ထက္မွာ ဘယ္လို လမ်းလွော်က်ရမယ်၊ ဘယ္လိုဝတ္စုံကို ဘယ္ပုံ ဝတ္ဆင်ရမယ္ဆိုတာတြေ သင်ျပတယ်" ဟု ဆစ္စ္တင်းက ဖက်ရွင္မဂ္ဂဇင်း ET အားျေပျာပသည်။

"ဖေဖ့နာမည် အရွိန္နဲ့ ကျန္မြမွာ ပရိသတ်အမ်ားကြီး ရွိလာပါတယ်၊ ပြီးတော့ ဖေဖ့ရဲ့ ဟာသဉာဏ္နဲ့ အလုပ္စည်းကမ်းတြေကိုလည်း အေမြရခဲ့တယ်" ဟု ဆယ်ကော််သက် မ္ဒောယ္လ် အလွမယ်လေးကျေပာကြားသည်။

ရော့ကီအဆက် လက်ဝွေ့ဇာတ္လမ်း

စတားလုံးတို့ မိသားစု တက်ရောက်သော "Creed" ရုပ်ရွင္ဇာတ္ကားသည် အလြန္လူကြိုက္မ်ားခဲ့သော ရော့ကီဇာတ္ကားမ်ားမွ တစ္မူခြဲထြက္လာသည့် နောက္ဆက္တြဲ ဇာတ္လမ်ျးဖစ်သည်။ ရော့ကီ ဇာတ္ကားတြဲမ်ားတြင် ကြိုးဝိုင်းတြင်း သေဆုံးခဲ့ရေသာ ၎င်း၏ သူငယ္ခ်င်း အပိုလို ခရိဒ်၏ သား အေဒါနစ္စ် ဂျန္ဆြင် ခရိဒ္ကို လက်ဝွေ့ကော််ျဖစ္လာအောင် လေ့က်င့်ပိုးထောင်ပေးသော လက်ဝွေ့သမားဟောင်းကြီး ရော့ကီ ဘာလ္ဘိုးဝါး အျဖစ် ဤဇာတ္ကားတြင် စတားလုံး ပါဝင်သရုပ်ဆောင္ထားသည်။

ရော့ကီဇာတ္လမ်းတြဲကဲ့သို့ပင် Creed သည္လည်း ဆက္တိုက် အောင်ျမင္ကာ ဇာတ္လမ်းတြဲမ်ား ထုတ္လုပ္မည်ဟု မွေ်္လာင့်စီစဥ္ထားပြီး နိုဝင္ဘာ ၂၅ ရက်၊ ကြာသပေတးနေ့ (Thanks Giving အားလပ်ရက္မ်ား) တြင် ရုံတင်ျပသေတာ့မည်ျဖစ်၏။

http://kabarthit.com/index.php?option=com_content&view=article&id=801:2015-11-22-01-03-40&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment