Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 23, 2015

တိုကျိုရှိ ယာစူကူနီ ဗိမာန်မှာ ပေါက်ကွဲမှုဖြစ်


 ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ယာစူကူနီ ဗိမာန်ရဲ့ အများပြည်သူ ကိုယ်လက်သန့်စင်ခန်းမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ပေမယ့် အဆိုပါ ကိုယ်လက်သန့်စင်ခန်းရဲ့ မျက်နှာကျက်၊ ကြမ်းပြင်နဲ့ နံရံတွေ ပျက်စီးသွားခဲ့တယ်လို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပြီး ပေါက်ကွဲရာနေရာအနီးမှာ ဘက်ထရီနဲ့ ၀ိုင်ယာကြိုးတွေကိုလည်း တွေ့ရှိရကြောင်း၊ အခုလို ပေါက်ကွဲမှုဟာ တမင်ရည်ရွယ် လုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း ဂျပန်ရဲတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မျက်နှာကျက်မှာ ၃၀ စင်တီမီတာခန့် အကျယ်ရှိတဲ့ အပေါက်တစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ NHK သတင်းက ဆိုပါတယ်။

ယာစူကူနီ ဗိမာန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံသားတွေကို ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပြီး သေဆုံးသူများအတွက် နှစ်စဉ် ၀တ်ပြုဆုတောင်းပွဲ ကျင်းပတာ ဖြစ်ပါတယ်။

ဒီ ဗိမာန်ကို ယခုလက်ရှိ ဂျပန် ၀န်ကြီးချုပ် Shinzo Abe အပါအ၀င် နိုင်ငံရေးသမားတွေ မကြာခဏ လာရောက် ဂါရ၀ ပြုလေ့ ရှိတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/

.....................................................

တိုကိုရွိ ယာစူကူနီ ဗိမာန္မွာ ပေါက္ကြဲမျှုဖစ်


 ဂ်ပန်နိုင်ငံ တိုကိုမြို့ရွိ ယာစူကူနီ ဗိမာန်ရဲ့ အမ်ာျးပည်သူ ကိုယ္လက်သန့်စင္ခန်းမွာ ပေါက္ကြဲမှု တစ္ချုဖစ္ပြားခဲ့ပါတယ်။

ထိခိုက္ဒဏ်ရာ ရရွိသူ မရွိခဲ့ပေမယ့် အဆိုပါ ကိုယ္လက်သန့်စင္ခန်းရဲ့ မ်က်နွာက်က်၊ ကြမ်ျးပင္နဲ့ နံရံတြေ ပ်က္စီးသြားခဲ့တယ္လို့ ဂ်ပန္မီဒီယာတြေမွာ ဖော်ျပပါတယ်။

ပေါက္ကြဲရတဲ့ အေကြာင်းရင်းကိုတော့ စုံစမ်းနေဆျဲဖစ်ပြီး ပေါက္ကြဲရာနေရာအနီးမွာ ဘက္ထရီနဲ့ ၀ိုင်ယာကြိုးတြေကိုလည်း တြေ့ရွိရေကြာင်း၊ အခုလို ပေါက္ကြဲမှုဟာ တမင်ရည်ြရယ် လုပ်ဆောင္တျာဖစ်နိုင်ကြောင်း ဂ်ပန်ရဲတြေကျေပာပါတယ်။

ပေါက္ကြဲမှုကြောင့် မ်က်နွာက်က္မွာ ၃၀ စင္တီမီတာခန့် အက်ယ်ရွိတဲ့ အေပါက္တစ္ချုဖစ်ပေါ်ခဲ့တယ္လို့ NHK သတင်းက ဆိုပါတယ်။

ယာစူကူနီ ဗိမာန်ဟာ ဒုတိယကမ္ဘာစစ်အတြင်းက သေဆုံးခဲ့တဲ့ ဂ်ပန်နိုင်ငံသားတြေကို ရည်ြရယ္တည်ဆောက္ထားတျာဖစ်ပြီး သေဆုံးသူမ်ားအတြက် နွစ္စဉ် ၀တ်ျပုဆုတောင်းပြဲ က်င်းပတျာဖစ္ပါတယ်။

ဒီ ဗိမာန္ကို ယခုလက်ရွိ ဂ်ပန် ၀န်ကြီးခ်ုပ် Shinzo Abe အပါအ၀င် နိုင်ငံရေးသမားတြေ မကြာခဏ လာရောက် ဂါရ၀ျပုလေ့ ရွိတယ္လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/

No comments:

Post a Comment