Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 3, 2015

ၿဖိဳးၿဖိဳးေအာင္၏ ခင္ပြန္း ေက်ာင္းသားေခါင္းေဆာင္ ကိုလင္းထက္ႏိုင္ ဖမ္းဆီးခံရေၾကာင္း သိရ။



ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႕ခ်ဳပ္မွ ေက်ာင္းသားေခါင္းေဆာင္
တစ္ဦးျဖစ္သည့္ ဂ်ိမ္း(ေခၚ) ကိုလင္းထက္ႏိုင္အား ယေန႔ (ႏို၀င္ဘာ ၃ ရက္) မြန္းလြဲ ၃နာရီေက်ာ္ခန္႔က ေရႊျပည္သာၿမိဳ႕နယ္သို႔ သြားသည့္ ၄၈ယာဥ္ေပၚတြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း သိရသည္။

ကိုလင္းထက္ႏိုင္ ဖမ္းဆီးခံခဲ့ရျခင္းကို ဗကသမ်ား အဖြဲ႕ခ်ဳပ္ (ဗဟိုလုပ္ငန္းေကာ္မတီ) သတင္းႏွင့္ ျပန္ၾကားေရးက ယေန႔ ညပိုင္းတြင္ အတည္ျပဳ ေျပာၾကားခဲ့ပါသည္။

ကိုလင္းထက္ႏိုင္သည္ ဗကသမ်ား အဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး မၿဖိဳးၿဖိဳးေအာင္၏ ခင္ပြန္းျဖစ္ၿပီးဖမ္း၀ရမ္းထုတ္ခံထားရေသာ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါသည္။

ထိုကဲ့သို႔ ဖမ္းဆီးခံရျခင္းကိစၥႏွင့္ ပတ္သက္၍ ၄င္း၏ မိခင္ျဖစ္သူအား ဆက္သြယ္ေမးျမန္းခဲ့ရာတြင္ ညေန ၃နာရီအထိ အဆက္အသြယ္ရရွိခဲ့ေၾကာင္းႏွင့္ ယင္းအခ်ိန္ေနာက္တြင္ အဆက္အသြယ္မရရွိေတာ့ဟု ဆိုပါသည္။

ထို႔ေၾကာင့္ ႏို၀င္ဘာ ၃ရက္ (ယေန႔) ည ၁၀နာရီ မိနစ္ ၅၀ခန္႔က ေရႊျပည္သာၿမိဳ႕မရဲစခန္းမွ ရဲမွဴး သိန္း၀င္းအား ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း အစည္းအေ၀းလုပ္ေနသျဖင့္ စခန္းသို႔ ဆက္သြယ္ရန္ ျပန္လည္ေျဖၾကားခဲ့သည္။

ထို႔ေနာက္ ေရႊျပည္သာၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းရာတြင္ တာ၀န္မွဴးျဖစ္သူ
ကို ေမးျမန္းေပးမည္ဟု ျပန္လည္ေျပာဆိုခဲ့ျပီး ထပ္မံဆက္သြယ္ရာတြင္ အဆက္
အသြယ္ မရရွိေတာ့ေပ။ ထို႔အျပင္ အျခားသက္ဆိုင္ရာ ရဲတပ္ဖြဲ႕မ်ားသို႔ ေမးျမန္း
ေသာ္လည္း အတည္ျပဳႏိုင္ျခင္း မရွိဘဲ ကိုလင္းထက္ႏိုင္အား မည္သည့္ေနရာသို႔
ေခၚေဆာင္သြားသည္ကို မသိရွိရေသးပါ။

အမ်ိဳးသား ပညာေရး ဥပေဒျပင္ဆင္ေရး ဒီမိုကေရစီ ပညာေရး ပင္မေက်ာင္းသား သပိတ္စစ္ေၾကာင္းႏွင့္ ပတ္သက္ျပီး ရန္ကုန္တြင္ ကိုေက်ာ္ကိုကို၊ ကိုရဲရင့္ေက်ာ္
(ခ) ကိုေက်ာ္စိုးမိုးနွင့္ ကိုျမတ္သူ (ခ) ကိုျမတ္သူေအာင္ မႏၱေလးတြင္ ကိုေအာင္
မ်ိဳးလိႈင္၊ ကိုရဲရင့္ပိုင္မွဴး၊ မိထၳီလာတြင္ ကိုျမတ္မင္းသူ၊ ျမင္းျခံတြင္ ကိုမိုးစက္၊ ကိုေဇာ္လင္းေအာင္ တို႔ကို တရားခံေျပး အျဖစ္ သတ္မွတ္ထားေၾကာင္းသိရွိ
ရပါသည္။

ထိုသို႔ ဖမ္း၀ရမ္း ထုတ္ခံခဲ့ရ သူမ်ားအနက္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၉ရက္
တြင္ ဗကသမ်ား အဖြဲ႔ခ်ဳပ္ (ဗဟိုလုပ္ငန္းေကာ္မတီ) ဥကၠ႒ ကိုေက်ာ္ကိုကိုအား
ဖမ္းဆီးလိုက္ၿပီး ကိုလင္းထက္ႏိုင္မွာ ဒုတိယေျမာက ္ဖမ္းဆီးခံရသူ ျဖစ္ပါသည္။

ကိုလင္းထက္ႏိုင္၏ ဇနီး မၿဖိဳးၿဖိဳးေအာင္သည္ မတ္လ ၁၀ရက္က လက္ပံတန္းတြင္ ဒီမိုကေရစီပညာေရး ပင္မသပိတ္စစ္ေၾကာင္း ၿဖိဳခြင္းခံခဲ့ရမႈ၌ ဖမ္းဆီး ထိန္းသိမ္းခံ
ခဲ့ရသူ တစ္ဦး ျဖစ္ကာ လက္ရွိအခ်ိန္တြင္ သာယာ၀တီ အက်ဥ္းေထာင္၌ ထိန္းသိမ္း
ခံထားရၿပီး တရားရင္ဆိုင္ေနရဆဲျဖစ္သည္။

ကိုလင္းထက္ႏိုင္ႏွင့္ မၿဖိဳးၿဖိဳးေအာင္တို႔သည္ ၂၀၁၅ ခုႏွစ္ ဇန္န၀ါရီလက လက္ထပ္
ခဲ့ၿပီး ႏွစ္လေက်ာ္အၾကာတြင္ ဒီမိုကေရစီ ပညာေရး ေတာင္းဆို လႈပ္႐ွားမႈျဖင့္
မၿဖိဳးၿဖိဳးေအာင္က ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္ကာ ဆယ္လေက်ာ္အၾကာတြင္
ကိုလင္းထက္ႏိုင္ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္ပါသည္။

သတင္း-EMG
Photo- Lin Htet Naing Facebook
..............
ဖြိုးဖြိုးအောင်၏ ခင်ပွန်း ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်
ဖမ်းဆီးခံရကြောင်း သိရ။
===============================================
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်
တစ်ဦးဖြစ်သည့် ဂျိမ်း(ခေါ်) ကိုလင်းထက်နိုင်အား ယနေ့ (နိုဝင်ဘာ ၃ ရက်) မွန်းလွဲ ၃နာရီကျော်ခန့်က ရွှေပြည်သာမြို့နယ်သို့ သွားသည့် ၄၈ယာဉ်ပေါ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ကိုလင်းထက်နိုင် ဖမ်းဆီးခံခဲ့ရခြင်းကို ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးက ယနေ့ ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့ပါသည်။

ကိုလင်းထက်နိုင်သည် ဗကသများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုး
အောင်၏ ခင်ပွန်းဖြစ်ပြီးဖမ်းဝရမ်းထုတ်ခံထားရသော ကျောင်းသားခေါင်းဆောင်
တစ်ဦးလည်း ဖြစ်ပါသည်။

ထိုကဲ့သို့ ဖမ်းဆီးခံရခြင်းကိစ္စနှင့် ပတ်သက်၍ ၄င်း၏ မိခင်ဖြစ်သူအား ဆက်သွယ်
မေးမြန်းခဲ့ရာတွင် ညနေ ၃နာရီအထိ အဆက်အသွယ်ရရှိခဲ့ကြောင်းနှင့် ယင်းအချိန်
နောက်တွင် အဆက်အသွယ်မရရှိတော့ဟု ဆိုပါသည်။

ထို့ကြောင့် နိုဝင်ဘာ ၃ရက် (ယနေ့) ည ၁၀နာရီ မိနစ် ၅၀ခန့်က ရွှေပြည်သာမြို့မ
ရဲစခန်းမှ ရဲမှူး သိန်းဝင်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေး
လုပ်နေသဖြင့် စခန်းသို့ ဆက်သွယ်ရန် ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ရွှေပြည်သာမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်မှူးဖြစ်သူ
ကို မေးမြန်းပေးမည်ဟု ပြန်လည်ပြောဆိုခဲ့ပြီး ထပ်မံဆက်သွယ်ရာတွင် အဆက်
အသွယ် မရရှိတော့ပေ။ ထို့အပြင် အခြားသက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ မေးမြန်း
သော်လည်း အတည်ပြုနိုင်ခြင်း မရှိဘဲ ကိုလင်းထက်နိုင်အား မည်သည့်နေရာသို့
ခေါ်ဆောင်သွားသည်ကို မသိရှိရသေးပါ။

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဒီမိုကရေစီ ပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းနှင့် ပတ်သက်ပြီး ရန်ကုန်တွင် ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်
(ခ) ကိုကျော်စိုးမိုးနှင့် ကိုမြတ်သူ (ခ) ကိုမြတ်သူအောင် မန္တလေးတွင် ကိုအောင်
မျိုးလှိုင်၊ ကိုရဲရင့်ပိုင်မှူး၊ မိထ္ထီလာတွင် ကိုမြတ်မင်းသူ၊ မြင်းခြံတွင် ကိုမိုးစက်၊ ကိုဇော်လင်းအောင် တို့ကို တရားခံပြေး အဖြစ် သတ်မှတ်ထားကြောင်းသိရှိ
ရပါသည်။

ထိုသို့ ဖမ်းဝရမ်း ထုတ်ခံခဲ့ရ သူများအနက် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ရက်
တွင် ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား
ဖမ်းဆီးလိုက်ပြီး ကိုလင်းထက်နိုင်မှာ ဒုတိယမြောက ်ဖမ်းဆီးခံရသူ ဖြစ်ပါသည်။

ကိုလင်းထက်နိုင်၏ ဇနီး မဖြိုးဖြိုးအောင်သည် မတ်လ ၁၀ရက်က လက်ပံတန်းတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရမှု၌ ဖမ်းဆီး ထိန်းသိမ်းခံ
ခဲ့ရသူ တစ်ဦး ဖြစ်ကာ လက်ရှိအချိန်တွင် သာယာဝတီ အကျဉ်းထောင်၌ ထိန်းသိမ်း
ခံထားရပြီး တရားရင်ဆိုင်နေရဆဲဖြစ်သည်။

ကိုလင်းထက်နိုင်နှင့် မဖြိုးဖြိုးအောင်တို့သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက လက်ထပ်
ခဲ့ပြီး နှစ်လကျော်အကြာတွင် ဒီမိုကရေစီ ပညာရေး တောင်းဆို လှုပ်ရှားမှုဖြင့်
မဖြိုးဖြိုးအောင်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကာ ဆယ်လကျော်အကြာတွင်
ကိုလင်းထက်နိုင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါသည်။

သတင်း-EMG
Photo- Lin Htet Naing Facebook

No comments:

Post a Comment