Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 24, 2015

နယူးေအာ္လင္းၿမိဳ႕ရွိ ပန္းၿခံတစ္ခု၌ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားရာ လူ ၁၆ ဦးဒဏ္ရာရရွိ


နယူးေအာ္လင္း ၊ ၂၄-၁၁-၂၀၁၅

အေမရိကန္ ျပည္ေထာင္စု လူဝီစီယားနား ျပည္နယ္ နယူးေအာ္လင္း ျမဳိ႕ရွိ ပန္းၿခံတစ္ခု၌ ယမန္ေန႔ နံနက္ အေစာပုိင္းတြင္ ပစ္ခတ္ တုိက္ခုိက္မႈ ျဖစ္ပြားခဲ့ရာ လူ ၁၆ ဦး ဒဏ္ရာရရွိ ခဲ့ေၾကာင္း သိရသည္။

အဆုိပါ ပစ္ခတ္မႈသည္ ဘန္နီဖရန္႔ ပန္းၿခံရွိ ကစားကြင္း အတြင္း၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး အမည္မသိ ေသနတ္သမား အဖြဲ႕ ႏွစ္ဖြဲ႕က ဂီတ ဗီဒီယုိ ႐ုိက္ကူးရာတြင္ ပါဝင္လ်က္ ရွိသည့္ လူဦးေရ ၅ဝဝ ခန္႔ကုိ အုပ္စုလုိက္ တုိက္ခုိက္ခဲ့ျခင္း ျဖစ္သည္။

မ်က္ျမင္ သက္ေသမ်ား၏ ေျပာၾကားခ်က္ အရ အၾကမ္းဖက္ တုိက္ခုိက္သူ တစ္ဦးက ေငြေရာင္ စက္ေသနတ္ ကုိ ကုိင္ေဆာင္၍ လူအုပ္အတြင္း သုိ႔ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။

အဆုိပါ တုိက္ခုိက္မႈကုိ ျပဳလုပ္ရသည့္ အေၾကာင္းရင္း ကုိမူ အတိအက် မသိရေသး ေၾကာင္းႏွင့္ ဒဏ္ရာရရွိ သူမ်ားကုိ ေဒသတြင္းရွိ ေဆး႐ုံမ်ားသုိ႔ ပုိ႔ေဆာင္ေပး ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာေရးဆုိခြင့္ ရွိသူ တုိင္လာဂမ္းဘဲလ္ က ေျပာၾကားခဲ့သည္။ သုိ႔ေသာ္ နယူးေအာ္လင္း ရဲတပ္ဖြဲ႕မွ အရာရွိ မုိက္ကယ္ ဟယ္ရစ္ဆင္ ၏ ေျပာၾကားခ်က္ အရ အဆုိပါ ေသနတ္သမား အဖြဲ႕ႏွစ္ဖြဲ႕သည္ တစ္ဖက္ႏွင့္ တစ္ဖက္ အျပန္အလွန္ ပစ္ခတ္တုိက္ခုိက္ ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar

.............................................

နယူးအော်လင်းမြို့ရှိ ပန်းခြံတစ်ခု၌ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာ လူ ၁၆ ဦးဒဏ်ရာရရှိ



နယူးအော်လင်း ၊ ၂၄-၁၁-၂၀၁၅

အမေရိကန် ပြည်ထောင်စု လူဝီစီယားနား ပြည်နယ် နယူးအော်လင်း မြို့ရှိ ပန်းခြံတစ်ခု၌ ယမန်နေ့ နံနက် အစောပိုင်းတွင် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ဘန်နီဖရန့် ပန်းခြံရှိ ကစားကွင်း အတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမည်မသိ သေနတ်သမား အဖွဲ့ နှစ်ဖွဲ့က ဂီတ ဗီဒီယို ရိုက်ကူးရာတွင် ပါဝင်လျက် ရှိသည့် လူဦးရေ ၅ဝဝ ခန့်ကို အုပ်စုလိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မျက်မြင် သက်သေများ၏ ပြောကြားချက် အရ အကြမ်းဖက် တိုက်ခိုက်သူ တစ်ဦးက ငွေရောင် စက်သေနတ် ကို ကိုင်ဆောင်၍ လူအုပ်အတွင်း သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြုလုပ်ရသည့် အကြောင်းရင်း ကိုမူ အတိအကျ မသိရသေး ကြောင်းနှင့် ဒဏ်ရာရရှိ သူများကို ဒေသတွင်းရှိ ဆေးရုံများသို့ ပို့ဆောင်ပေး ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ တိုင်လာဂမ်းဘဲလ် က ပြောကြားခဲ့သည်။ သို့သော် နယူးအော်လင်း ရဲတပ်ဖွဲ့မှ အရာရှိ မိုက်ကယ် ဟယ်ရစ်ဆင် ၏ ပြောကြားချက် အရ အဆိုပါ သေနတ်သမား အဖွဲ့နှစ်ဖွဲ့သည် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment