Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 10, 2015

ရွေးကောက်ပွဲတွင် ထူးခြားဖြစ်စဉ် ၁၁၉မှုဖြစ်၊ သင်္ကန်းဝတ်၊ သီလရှင်ဝတ်ဖြင့် မဲပေးမှု ၂ကြိမ်ရှိဟုဆို



နေပြည်တော်၊ နိုဝင်ဘာ ၁၀ ။ ။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် သမိုင်းဝင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပြင်ပနှင့် မဲရုံတွင်း ထူးခြားဖြစ်စဉ် ၁၁၉မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ လုံခြုံရေးဆပ်ကော်မတီ၏ အစီရင်ခံစာကို ကိုးကားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင်ဘာ ၁၀ရက်၊ ညနေ ၆နာရီတွင် ပြောသည်။

အစီရင်ခံစာပါ ထူးခြားဖြစ်စဉ်များအနက် မဲရုံတွင်ဖြစ်ပွားမှု(၈၈)ကြိမ်နှင့် မဲရုံပြင်ပဖြစ်ပွားမှု(၃၁)မှုတို့ဖြစ်ပြီး မဲရုံတွင်းဖြစ်စဉ်များအနေဖြင့် သံဃာ၊ သီလရှင်ဝတ်ဖြင့် မဲပေးမှု ၂ကြိမ်အပါအဝင် မဲပေးစဉ် သေဆုံးမှု (၃)ကြိမ် ဖြစ်ပွားခဲ့သည်။

ထို့ပြင် မဲလက်မှတ်ဆုတ်ဖြဲမှု(၂)ကြိမ်၊ ကိုယ်စားမဲပေးမှု(၃)ကြိမ်၊ မဲလက်မှတ်ထပ်မံထုတ်ပေးမှုနှင့် မဲမှားမှု ၁၄ကြိမ်၊ မဲရုံပြောင်းရွှေ့မှု(၁)ကြိမ်၊ မဲရုံနှောက်ယှက်မှု(၆)ကြိမ်၊ မဲပေးစဉ် မူးလဲမှု(၂)ကြိမ်၊ မဲတံဆိပ်တုံး ပျောက်ဆုံးမှု(၁)ကြိမ်နှင့် မဲလက်မှတ် ပျောက်ဆုံးမှု(၁)ကြိမ်တို့ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များဖြစ်ပွားခဲ့သည့် နေရာဒေသကိုမူ အစီရင်ခံစာကို အကျဉ်းချုပ်ဖတ်ပြသွားသည့် ဦးတင်အေးက ပြောဆိုခဲ့ခြင်း မရှိပေ။

မဲရုံပြင်ပဖြစ်ပွားမှုများအနေဖြင့် မဲပေးရန်ဆော်ဩမှု ၁၃ကြိမ်၊ မဲပေးရန် လာရောက်စဉ် သေဆုံးမှု(၁)ကြိမ်၊ အခြား ဖြစ်ပွားမှု ၁၇ကြိမ်တို့ ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်များအား အရေယူပေးရန် အမှုဖွင့်တိုင်ကြားမှု ၁၃မှုနှင့် ကော်မရှင်၏ ဖြေရှင်းပေးမှု ၃၁မှုရှိသည်ဟု ဦးတင်အေးက ပြောသည်။

http://mizzimaburmese.com/article/7267

..............................................................

ရြေးကောက္ပြဲတြင် ထူျးခာျးဖစ္စဉ် ၁၁၉မျှုဖစ်၊ သကင်္န်းဝတ်၊ သီလရွင်ဝတ်ျဖင့် မဲပေးမှု ၂ကြိမ်ရွိဟုဆို

နျေပည်တော်၊ နိုဝင္ဘာ ၁၀ ။ ။ ပြီးခဲ့သည့် တနင်္ဂနေနြေ့က က်င်းပခဲ့သည့် သမိုင်းဝင် ၂၀၁၅ အေထြေထြေရြးကောက္ပြဲတြင် မဲရျုံပင္ပနွင့် မဲရုံတြင်း ထူျးခာျးဖစ္စဉ် ၁၁၉မျှုဖစ္ပြားခဲ့သည်ဟု ရဲတပ္ဖြဲ့ လုံခြုံရေးဆပ်က္မောတီ၏ အစီရင္ခံစာကို ကိုးကားပြီျးပည်ထောင္စုရြေးကောက္ပြဲက္မောရွင်ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင္ဘာ ၁၀ရက်၊ ညေန ၆နာရီတြင်ျေပာသည်။

အစီရင္ခံစာပါ ထူျးခာျးဖစ္စဥ္မ်ားအနက် မဲရုံတြင်ျဖစ္ပြားမှု(၈၈)ကြိမ်နွင့် မဲရျုံပင္ပျဖစ္ပြားမှု(၃၁)မှုတိျု့ဖစ်ပြီး မဲရုံတြင်ျးဖစ္စဥ္မ်ားအေနျဖင့် သံဃာ၊ သီလရွင်ဝတ်ျဖင့် မဲပေးမှု ၂ကြိမ်အပါအဝင် မဲပေးစဉ် သေဆုံးမှု (၃)ကြိမ်ျဖစ္ပြားခဲ့သည်။

ထိျု့ပင် မဲလက္မွတ္ဆုတ်ဖြဲမှု(၂)ကြိမ်၊ ကိုယ္စားမဲပေးမှု(၃)ကြိမ်၊ မဲလက္မွတ္ထပ္မံထုတ်ပေးမှုနွင့် မဲမွားမှု ၁၄ကြိမ်၊ မဲရုံျေပာင်းရွှေ့မှု(၁)ကြိမ်၊ မဲရုံနွောက်ယွက္မှု(၆)ကြိမ်၊ မဲပေးစဉ် မူးလဲမှု(၂)ကြိမ်၊ မဲတံဆိပ္တုံး ပော်က္ဆုံးမှု(၁)ကြိမ်နွင့် မဲလက္မွတ် ပော်က္ဆုံးမှု(၁)ကြိမ္တိျု့ဖစ္ပြားခဲ့သည်။

အဆိုပျါဖစ္စဥ္မ်ာျးဖစ္ပြားခဲ့သည့် နေရာဒေသကိုမူ အစီရင္ခံစာကို အက်ဉ်းခ်ုပ္ဖတ်ျပသြားသည့် ဦးတင်အေးကျေပာဆိုချဲ့ခင်း မရွိပေ။

မဲရျုံပင္ပျဖစ္ပြားမှုမ်ားအေနျဖင့် မဲပေးရန်ဆော်ဩမှု ၁၃ကြိမ်၊ မဲပေးရန် လာရောက္စဉ် သေဆုံးမှု(၁)ကြိမ်၊ အျခာျးဖစ္ပြားမှု ၁၇ကြိမ္တိျု့ဖစ်သည်။

အဆိုပျါဖစ္စဥ္မ်ားအား အေရယူပေးရန် အမှုဖြင့်တိုင်ကြားမှု ၁၃မှုနွင့် က္မောရွင်၏ျေဖရွင်းပေးမှု ၃၁မှုရွိသည်ဟု ဦးတင်အေးကျေပာသည်။



http://mizzimaburmese.com/article/7267

No comments:

Post a Comment