Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

တကယ္ၾကိဳးစားခဲ့လို ့ေအာင္ျမင္ခဲ့တဲ့ အတုယူဖြယ္ ျပင္သစ္အဂၤလိပ္ဧည့္လမ္းညႊန္ဦးေသာင္းစိန္အေၾကာင္း

တကယ္ျဖစ္ခ်င္၊တကယ္လုပ္အဟုတ္ျဖစ္ရမည္ဆိုတဲ့စကားအတိုင္း
တကယ္ၾကိဳးစားခဲ့လို ့ေအာင္ျမင္ခဲ့တဲ့ အတုယူဖြယ္
 ျပင္သစ္အဂၤလိပ္ဧည့္လမ္းညႊန္ဦးေသာင္းစိန္အေၾကာင္း။
................................................................
ျပင္သစ္ အင္းဂလိပ္ ဧည့္လမ္းညွြန္တိုးရစ္ ဂိုက္ ဆိုတဲ႕ က်ဳပ္ဘဝအေၾကာင္း
က်ဳပ္ေလ အီတလီလိုလဲ ထမင္းစာေရေသာက္ေျပာတတ္တယ္။ဂ်ာမန္လိုလဲအဲေလာက္ေတာ့ျဖစ္ထာပါဘဲ။
ျပင္သစ္လိုျကေတာ့ လိပ္ပါတ္လယ္ေအာင္ေျပာနိင္တယ္။ ဖတ္နိင္တယ္ ။ အေရးျကေတာ့အားနည္းခ်က္နဲနဲရွိတယ္။
၂၀၀၀ခုနွစ္ကစျပီးexotissimo နဲ႕stationေရာ throughoutအျဖစ္နဲ႕ပါ ျပသ္သစ္ဂိုက္လုိက္ခဲ႕တယ္။ဲ
ခုေတာ့ adorable myanmar မွာအမ်ားဆု့ံးပါတျခား agency ေတြကလဲ ျပင္သစ္ဂုိက္အျဖစ္
က်ဳပ္ကို ယုံျကည္စြာသုံးခဲ႕တာ ၁၅နွစ္ရွိပါျပီ။
မင္းကုိျပင္သစ္သင္ေပးတဲ႕ဆရာဘယ္သူလဲလို႕ေမးရင္ က်ဳပ္မွာသင္ဆရာမရွိပါ ။
စာအုပ္ေတြနဲျပင္သစ္တိုးေတြဟာ က်ဳပ္ဆရာေတြပါဘဲဗ်။
အင္းဂလိပ္ဂိုက္အျဖစ္နဲ႕ကေတာ့ ၁၉၉၈ခုကတည္းက diethelm နဲ႕
လိုက္ခဲ႕တာဗ်။
အဲဒီတုန္း မန္းေလး station manager ကဆရာဦးတင္ေအာင္ျမင့္ေပါ့။ တိုးသြားေတာင္းတယ္
ဆရာက မရွိဘူးဗ်တံ့ဲ။ က်ဳပ္ျပင္သစ္လဲေျပာနိင္ပါတယ္လုိ့႕ ေျပာလိုက္ေတာ့
မင္းကြန္းအေျကာင္းျပင္သစ္လိုျဗဴးေတာ့တာဘဲဗ်ဳိ့။
သေဘာက်သြားေတာ့ ခင္ဗ်ားတျခားလက္မခံနဲ႕က်ေနာ့ဆီဘဲလိုက္ေတာ့ဆိုျပီး မနားတန္းေပးေတာ့
တာဘဲဗ်။
ဒီေတာ့မင္းအင္းဂလိပ္စာဘယ္မွာသင္သလဲ လို႕ေမးလာရင္လဲ စာအုပ္ေတြကလြဲရင္က်ဳပ္မွာဆရာမရွိဘူးဗ်ာ။
က်ဳပ္က တန္းေက်ာင္းမွ မေနခဲဘူးတာကုိးဗ်။က်ဳပ္ကို ၁၉၅၃ ခုမွာ အဘ ဦးဘလုံ အမိေဒၚသိန္း
တုိ႕ကေမြးဖြားခဲ႕တယ္။ ေတာစြန္ဇနပုဒ္မွာေပါ့ဗ်။
ပခုကၠဴခရိုင္ ျမိုင္ျမို့နယ္ မျကီးကန္ေက်းရြာအုပ္စုေျမာက္ဆည္ဆိုတဲ႕ရြာငယ္ေလးမွာပါ။
မူလတန္းေက်ာင္းမရွိတဲ႕ရြာဆိုေတာ့ ဘုန္းျကီးေက်ာင္းေပါ့ဗ်ာ။ ဆရာေတာ္ဦးသံဝရက က်ဳပ္ကို
သင္ပုံးျကီး အျပင္ေအာ္င္ျခင္း အတြင္းေအာင္ျခင္းပရိတ္ျကီးသင္ေပးခဲ႕တာေပါ့။ ၁၉၆၆ ခုမွာ
ကိုရင္ဝတ္ခဲ႕တယ္။ ၁၉၆၇ စလင္းျမိဳ႕ ကိုးေဆာင္တိုက္ တိုက္ေက်ာင္းမွာစာသင္ခဲ႕တယ္။
အဘိဓမၼာ ေအာင္ခဲ႕တယ္။
၁၉၆၈ခုသာယာဝတီ ႀကို႕ပင္ေကာက္ျမိဳ႕ အေရွဘုရားျကီးတိုက္မွာစာသင္ခဲ႕တယ္။အဲဒီမွာ ပထမငယ္တန္း ေအာင္ခဲ႕တယ္။
၁၉၆၉ ခု မေပ်ာ္လို႕ ၁၆နွစ္သားမွာကိုရင္လူထြက္လိုက္တယ္ေပါဗ်ာ။
ရြာျပန္ မိဘေတြနဲ႕ ပဲစိုက္ နွမ္းစုိက္ လယ္လုပ္သစ္ငုတ္တူး ထင္းခုတ္ေပါ့ဗ်ာ။ ၁၉၇၃ အသက္
၂၀ မွာ တရြာထဲသူနဲ႕ အိမ္ေထာင္က်ခဲ႕တယ္။ရြာကေတာင္းဆိုလို႕ အဲဒီႏွစ္မွာ သမဝါယမ တာဝန္ခံ
လုပ္ခဲ႕ရတယ္။ တာဝန္ခံအျဖစ္ျမိုနယ္ကလူေတြနဲ႕ဆက္ဆံရေတာ့ ပညာမတတ္ထာရွက္လာတယ္။္
အင္းဂလိပ္စာ တတ္ခ်င္လာတယ္။ ဒီအရြယ္ေရာက္မ မလြယ္ေတာ့ပါဘူးေလလုိ႕ ေတြးျပီးအားေရွာ့မိခဲ႕
တယ္။ တေန႕ ျမို႕ကျပန္လာတဲ႕ ဦးဇင္းေလးနဲ႕စကားေျပာျဖစ္ျကတယ္။ လူေသလူျဖစ္ဆုိျပီးု
နာမည္ျကီးေနတဲ႕ ေတာင္တြင္းျကီးျမိဳ႕က ဆရာေတာ္အရွင္ဥကၠဌ အေျကာင္းေပါ့။ အဲဒီဆရာေတာ္ကကြာ
၃၅ နွစ္ရွိမွ အင္းဂလိပ္စာ စေလ့လာတာတဲ႕ကြတေန႕ စကားလုံး ၅၀ အရက်က္ထာ ၂ နွစ္ေလာက္ျကာေတာ့ သူူုမသိတဲ႕ အင္ဂလိပ္စာလုံးမရွိသေလာက္ပဲတဲ႕ ကြ ။ ေနာက္ေတာ့ အင္းဂလိပ္လီု
စာအုပ္ေတာင္ထုပ္ခဲ႕တယ္ကြ။
အဲဒါျကားလိုက္ေတာ့ အားတက္သြားတယ္ ။ အဲဒီတိုင္းဘဲလုပ္ခဲ႕တာဘဲဗ်။ ပင္ပန္းခဲ႕ပါတယ္
စကားလံုးမေရြးတတ္ နည္းစနစ္နားမလယ္ေပါ႕ဗ်ာ။သဒၵါက်ေတာ့ ဦးသုမန BA ရဲ႕ New method
gramer ဆိုတဲ႕ နည္းသစ္ သဒၵါကို အေျချပဳခဲ႕ပါတယ္။ dictionary ေဘးမွာထားျပီး စာတမ်က္နွာ
တေနကုန္ျကာေအာင္ဖတ္နဲ႕ေပါ့ဗ်ာ။ ေရဒီယိုလဲနားေထာင္တယ္ အစကေတာ့ ဘာမနားမလယ္သေလာက္ပါဘဲဗ်ာ။
အဲသလိုရူးခဲ႕တာ ၂ နွစ္ေလာက္ျကာေတာ့ အထိုက္အေလွ်ာက္ဖတ္နိင္နားေထာင္နိင္လာတယ္။
၁၉၇၅ မွာ သမးီဦးေလးေမြးတယ္ ။ ေနာက္ေတာ့့သားေလးေယာက္ထပ္ရျပန္တယ္။
က်ဳပ္ပညာမတတ္ခဲ႕သလို သားေတြပညာမတတ္မွာသိပ္ရင္ပူခဲ႕တယ္ဗ်ာ။ ရြာမွာေနရင္သူတို႕ကို
ျမိဳ႕ေက်ာင္းမပို႕နိင္မွာေသခ်ာသိတယ္။ ူ
ျမိဳ႕မွာေနၿပီးျဖစ္သလိုျကိုးစားထားမယ္ ဆိုတဲ႕အေတြးနဲ႕ မန္းေလးကို ကေလးငါးေယာက္နဲ႕
ေျပာင္းေရြွလာခဲ႕သေပါ့ဗ်ာ။ပိုင္ဆိုင္တာဆိုလို႕ေငြ ငါးေထာင္ပဲရွိခဲ႕ပါခဲ႕တယ္ဗ်။ က်ဳပ္နယ္က
သနပ္ခါးေပါေတာ့ အလုပ္ကေတာ့ သနပ္ခါးဝယ္ေရာင္းေပါ့ဗ်ာ။ မိန္းမကို တရုပ္တန္းေစ်း
သနပ္ခါးေရာင္းခိုင္း က်ဳပ္ကေတာ့ ေဒၚသီ တို႕ဝင္းဝင္းတို႕ နတ္မိမယ္တိုမွာ သနပ္ခါးသြားစပ္
သူတို႕လိုခ်င္တယ္ဆို နယ္ျပန္ဝယ္ ေရာင္းေပါ့ဗ်ာ။ေငြေလးစုမိေတာ့ တရုပ္ပစၥည္းကုန္ကူးေပါ့။
ေမွာင္ခိုေခတ္မွာ တရုပ္ပစၥည္းကိုစက္ဘီးနဲသယ္ရင္မဖမ္းဘူးဗ်။ က်ဳပ္ မူဆယ္ကေန မန္းေလး ကို
စက္ဘီးနဲ႕ ကုန္အျပည့္တင္ျပီးငါးေခါက္ထိစီးခဲ႕ဘူးတယ္။
အဲ ၁၉၈၈ မွာ ဘဝၿပက္ျပန္တာပါဘဲ။ ေငြစကၠဴ၇၅ က်ပ္တန္ေတြမသုံးရလုိ႕ေျကျငာလိုက္ေတာ့ု
၇၀၀၀၀ ေလာက္ထိသြားတာေပါ့။ဆံတျပည္၂ကၽပ္၅၀ျပားေခတ္မွာေပါ႔။
၈၈ အေရးအခင္းနဲ႕ ကေလးငါးေယာက္ရယ္သုံးျဖစ္တဲ႕ေငြ ၃၀၀၀ နဲ႕ဘဝ တစ္ကျပန္စခဲ႕ရျပန္
တယ္။ တေန႕၂၀နဲ႕ အုန္နာယူျပီးနင္းရတဲ႕ ဆိုကၠားဆရာျဖစ္ခဲ႕ရတယ္။ သားေတြကိုေတာ့ ျဖစ္သလို
ေက်ာင္းဆက္ထားခဲ႕တယ္။ တေန႕ နိင္ငံျခားသားတေယာက္ ညရွစ္နာရီေလာက္ဆိုကၠားလာငွားတယ္
ထြန္းလွ ဟိုတယ္ သြားမယ္တဲ႕ ။စာဖတ္ဘို႕သာရည္ရြယ္ျပီေလ့လာခဲ႕တဲ႕အင္းဂလိပ္စာ ေငြရွာဘို႕ျဖစ္သြားေအာင္ အစပ်ိဳးျခင္းပါဘဲ။
ေနာက္ေန႕တေနကုန္ ၂၀၀ နဲ႕ငွားတယ္ ပီးသြားေတာ့ ၅၀၀ ရာေပးသြားတယ္။ ေနာက္ေတာ့ တိုးေတြ
ကိုဘဲ အဓိက ထားလုပ္ေတာ့တယ္။ ပုဂံ အင္ေလးထိလဲ လိုက္တဲ႕ခါလိုက္ရတယ္။ ၁၉၉၅ ခုမွာ မီးရထားက ဗိုျကီးထြန္းေအာင္ေက်ာ္ ဒုရုံပိုင္ဦးျကည္စိန္တို႕နဲ႕ေတြ႕ၿပီး မီးရထားစီးတိုိးမ်ား
ျကိုပို႕ လုပ္ငန္းမွာ ေခါင္းေဆာင္ဂိုက္အျဖစ္လုပ္ခဲ႕တယ္။
မီးရထားဝန္ထန္းမိသားစုမ်ားကို သုံးလစကားေျပာသင္တန္းပို႕ခ်ခဲ႕ရပါတယ္။္
တိုးေတြနဲ႕လုပ္ရင္း ျပင္သစ္လိုတတ္ခ်င္လာတယ္။့အဲဒီတုန္းက ျမန္မာဘာသာျပန္ပါတဲ႕ ျပင္သစ္စာအုပ္
မဆိုထားနဲ႕ အင္းဂလိပ္ဘာသာျပန္ပါတဲ႕ ၿပင္သစ္စာအုပ္ရဘို႕ရႏ္မလြယ္ပါ။ ရွိတယ္ျကားရင္
ေရာင္းေပးပါခင္ဗ် မေရာင္းရင္လဲ ေကာ္ပီကူးပရေစခင္ဗ် လို႕ စာအုပ္ေတာင္ေအာက္ျကို့ပီးရွာရတာပါ။
ကက္ဆက္ေခြ ရဘို႕မလြယ္ေရးခ်မလြယ္ေပါ့။
ေနာက္ေတာ့ ျပင္သစ္တေယာက္က ပါရီကေနပို႕ေပးလို႕ အဆင္ေျပခဲ႕ပါတယ္။ ခုေတာ့ မန္းေလးမွာ အိမ္နဲ႕ ဝိုင္းေလးလဲရွိပါျပီ။
သားအျကီးဆုံးက ကြန္ျပဴတာနဲ႕ဘြဲ႕ရျပီ။ ဒုတိယသားက သြားဆရာဝန္ မန္းေလးေဆးရုံႀကီး
မ်က္နာေမးရိုးဌာန တတိယသားလဲဆရာဝန္ပါဘဲ။စတုတၳသား က အင္ဂ်င္နီရာ ပါ
ေတာျကိုျခံဳျကားက ပညာမဲ႕ေတာသားတေယာက္ရဲ႕စိတ္ကူးအိပ္မက္ တဝက္ေက်ာ္နင္းခဲ႕ျပီ
ဒီပို႕စ္္ကိုတင္တာ က်ဳပ္ျကြားခ်င္လို႕ မဟုတ္ပါ။
အေသာက္အစားတြင္နစ္မြန္းကါ လမ္းေပ်ာက္ေနျကတဲ႕ လူငယ္ေတြ ျကုိးစားေစခ်င္လို႕ပါ
ဘယ္သူ႕ကိုမ အျပစ္မတင္ျကပါနဲ႕။
ေခတ္စနစ္လဲလွြဲမခ်ျကပါနဲ႕။ ငယ္စဥ္ဘဝမွာက်ဳပ္ေလာက္ ပညာမဲ႕ ဥစၥာမဲ႕တဲ႕သူ သိပ္ရွိမည္
မထင္ပါ။ ဘာပညာလိုလို စာအုပ္စာတန္းကက္ဆက္ စီဒီ ကြန္ျပဴတာ သင္ေထာက္ကူ
ပစၥည္း ေပါမ်ားလြယ္ကူေနတဲ႕ေခတ္မွာ ဇြဲသတၱိခိုင္ခိုင္ျကိဳးစားရင္မေအာင္ျမင္စရာမရွိပါ။
နိင္ငံအတြက္လို႕ စကားလုံးျကီးမေနျကပါနဲ႕။ကိုအတြက္ခိုင္မာေအာင္ ကိုဝါသနာပါတဲ႕
စိတ္ဝင္စားတဲ႕ ပညာတခုခုကို ဇြဲသတၱိ အခ်ိန္ေပး၍ျကိုးစားျကပါလို႕
Thaung Sein
.....................
တကယ်ဖြစ်ချင်၊တကယ်လုပ်အဟုတ်ဖြစ်ရမည်ဆိုတဲ့စကားအတိုင်း
တကယ်ကြိုးစားခဲ့လို ့အောင်မြင်ခဲ့တဲ့ အတုယူဖွယ်
 ပြင်သစ်အင်္ဂလိပ်ဧည့်လမ်းညွှန်ဦးသောင်းစိန်အကြောင်း။
................................................................
ပြင်သစ် အင်းဂလိပ် ဧည့်လမ်းညွှန်တိုးရစ် ဂိုက် ဆိုတဲ့ ကျုပ်ဘဝအကြောင်း
ကျုပ်လေ အီတလီလိုလဲ ထမင်းစာရေသောက်ပြောတတ်တယ်။ဂျာမန်လိုလဲအဲလောက်တော့ဖြစ်ထာပါဘဲ။
ပြင်သစ်လိုကြတော့ လိပ်ပါတ်လယ်အောင်ပြောနိင်တယ်။ ဖတ်နိင်တယ် ။ အရေးကြတော့အားနည်းချက်နဲနဲရှိတယ်။
၂၀၀၀ခုနှစ်ကစပြီးexotissimo နဲ့stationရော throughoutအဖြစ်နဲ့ပါ ပြသ်သစ်ဂိုက်လိုက်ခဲ့တယ်။ဲ
ခုတော့ adorable myanmar မှာအများဆု့ံးပါတခြား agency တွေကလဲ ပြင်သစ်ဂိုက်အဖြစ်
ကျုပ်ကို ယုံကြည်စွာသုံးခဲ့တာ ၁၅နှစ်ရှိပါပြီ။
မင်းကိုပြင်သစ်သင်ပေးတဲ့ဆရာဘယ်သူလဲလို့မေးရင် ကျုပ်မှာသင်ဆရာမရှိပါ ။
စာအုပ်တွေနဲပြင်သစ်တိုးတွေဟာ ကျုပ်ဆရာတွေပါဘဲဗျ။
အင်းဂလိပ်ဂိုက်အဖြစ်နဲ့ကတော့ ၁၉၉၈ခုကတည်းက diethelm နဲ့
လိုက်ခဲ့တာဗျ။
အဲဒီတုန်း မန်းလေး station manager ကဆရာဦးတင်အောင်မြင့်ပေါ့။ တိုးသွားတောင်းတယ်
ဆရာက မရှိဘူးဗျတဲံ့။ ကျုပ်ပြင်သစ်လဲပြောနိင်ပါတယ်လို့့ ပြောလိုက်တော့
မင်းကွန်းအကြောင်းပြင်သစ်လိုဗြူးတော့တာဘဲဗျို့။
သဘောကျသွားတော့ ခင်ဗျားတခြားလက်မခံနဲ့ကျနော့ဆီဘဲလိုက်တော့ဆိုပြီး မနားတန်းပေးတော့
တာဘဲဗျ။
ဒီတော့မင်းအင်းဂလိပ်စာဘယ်မှာသင်သလဲ လို့မေးလာရင်လဲ စာအုပ်တွေကလွဲရင်ကျုပ်မှာဆရာမရှိဘူးဗျာ။
ကျုပ်က တန်းကျောင်းမှ မနေခဲဘူးတာကိုးဗျ။ကျုပ်ကို ၁၉၅၃ ခုမှာ အဘ ဦးဘလုံ အမိဒေါ်သိန်း
တို့ကမွေးဖွားခဲ့တယ်။ တောစွန်ဇနပုဒ်မှာပေါ့ဗျ။
ပခုက္ကူခရိုင် မြိုင်မြို့နယ် မကြီးကန်ကျေးရွာအုပ်စုမြောက်ဆည်ဆိုတဲ့ရွာငယ်လေးမှာပါ။
မူလတန်းကျောင်းမရှိတဲ့ရွာဆိုတော့ ဘုန်းကြီးကျောင်းပေါ့ဗျာ။ ဆရာတော်ဦးသံဝရက ကျုပ်ကို
သင်ပုံးကြီး အပြင်အော်င်ခြင်း အတွင်းအောင်ခြင်းပရိတ်ကြီးသင်ပေးခဲ့တာပေါ့။ ၁၉၆၆ ခုမှာ
ကိုရင်ဝတ်ခဲ့တယ်။ ၁၉၆၇ စလင်းမြို့ ကိုးဆောင်တိုက် တိုက်ကျောင်းမှာစာသင်ခဲ့တယ်။
အဘိဓမ္မာ အောင်ခဲ့တယ်။
၁၉၆၈ခုသာယာဝတီ ကြို့ပင်ကောက်မြို့ အရှေဘုရားကြီးတိုက်မှာစာသင်ခဲ့တယ်။အဲဒီမှာ ပထမငယ်တန်း အောင်ခဲ့တယ်။
၁၉၆၉ ခု မပျော်လို့ ၁၆နှစ်သားမှာကိုရင်လူထွက်လိုက်တယ်ပေါဗျာ။
ရွာပြန် မိဘတွေနဲ့ ပဲစိုက် နှမ်းစိုက် လယ်လုပ်သစ်ငုတ်တူး ထင်းခုတ်ပေါ့ဗျာ။ ၁၉၇၃ အသက်
၂၀ မှာ တရွာထဲသူနဲ့ အိမ်ထောင်ကျခဲ့တယ်။ရွာကတောင်းဆိုလို့ အဲဒီနှစ်မှာ သမဝါယမ တာဝန်ခံ
လုပ်ခဲ့ရတယ်။ တာဝန်ခံအဖြစ်မြိုနယ်ကလူတွေနဲ့ဆက်ဆံရတော့ ပညာမတတ်ထာရှက်လာတယ်။်
အင်းဂလိပ်စာ တတ်ချင်လာတယ်။ ဒီအရွယ်ရောက်မ မလွယ်တော့ပါဘူးလေလို့ တွေးပြီးအားရှော့မိခဲ့
တယ်။ တနေ့ မြို့ကပြန်လာတဲ့ ဦးဇင်းလေးနဲ့စကားပြောဖြစ်ကြတယ်။ လူသေလူဖြစ်ဆိုပြီးု
နာမည်ကြီးနေတဲ့ တောင်တွင်းကြီးမြို့က ဆရာတော်အရှင်ဥက္ကဌ အကြောင်းပေါ့။ အဲဒီဆရာတော်ကကွာ
၃၅ နှစ်ရှိမှ အင်းဂလိပ်စာ စလေ့လာတာတဲ့ကွတနေ့ စကားလုံး ၅၀ အရကျက်ထာ ၂ နှစ်လောက်ကြာတော့ သူူုမသိတဲ့ အင်ဂလိပ်စာလုံးမရှိသလောက်ပဲတဲ့ ကွ ။ နောက်တော့ အင်းဂလိပ်လီု
စာအုပ်တောင်ထုပ်ခဲ့တယ်ကွ။
အဲဒါကြားလိုက်တော့ အားတက်သွားတယ် ။ အဲဒီတိုင်းဘဲလုပ်ခဲ့တာဘဲဗျ။ ပင်ပန်းခဲ့ပါတယ်
စကားလုံးမရွေးတတ် နည်းစနစ်နားမလယ်ပေါ့ဗျာ။သဒ္ဒါကျတော့ ဦးသုမန BA ရဲ့ New method
gramer ဆိုတဲ့ နည်းသစ် သဒ္ဒါကို အခြေပြုခဲ့ပါတယ်။ dictionary ဘေးမှာထားပြီး စာတမျက်နှာ
တနေကုန်ကြာအောင်ဖတ်နဲ့ပေါ့ဗျာ။ ရေဒီယိုလဲနားထောင်တယ် အစကတော့ ဘာမနားမလယ်သလောက်ပါဘဲဗျာ။
အဲသလိုရူးခဲ့တာ ၂ နှစ်လောက်ကြာတော့ အထိုက်အလျှောက်ဖတ်နိင်နားထောင်နိင်လာတယ်။
၁၉၇၅ မှာ သမီးဦးလေးမွေးတယ် ။ နောက်တော့့သားလေးယောက်ထပ်ရပြန်တယ်။
ကျုပ်ပညာမတတ်ခဲ့သလို သားတွေပညာမတတ်မှာသိပ်ရင်ပူခဲ့တယ်ဗျာ။ ရွာမှာနေရင်သူတို့ကို
မြို့ကျောင်းမပို့နိင်မှာသေချာသိတယ်။ ူ
မြို့မှာနေပြီးဖြစ်သလိုကြိုးစားထားမယ် ဆိုတဲ့အတွေးနဲ့ မန်းလေးကို ကလေးငါးယောက်နဲ့
ပြောင်းရွှေလာခဲ့သပေါ့ဗျာ။ပိုင်ဆိုင်တာဆိုလို့ငွေ ငါးထောင်ပဲရှိခဲ့ပါခဲ့တယ်ဗျ။ ကျုပ်နယ်က
သနပ်ခါးပေါတော့ အလုပ်ကတော့ သနပ်ခါးဝယ်ရောင်းပေါ့ဗျာ။ မိန်းမကို တရုပ်တန်းစျေး
သနပ်ခါးရောင်းခိုင်း ကျုပ်ကတော့ ဒေါ်သီ တို့ဝင်းဝင်းတို့ နတ်မိမယ်တိုမှာ သနပ်ခါးသွားစပ်
သူတို့လိုချင်တယ်ဆို နယ်ပြန်ဝယ် ရောင်းပေါ့ဗျာ။ငွေလေးစုမိတော့ တရုပ်ပစ္စည်းကုန်ကူးပေါ့။
မှောင်ခိုခေတ်မှာ တရုပ်ပစ္စည်းကိုစက်ဘီးနဲသယ်ရင်မဖမ်းဘူးဗျ။ ကျုပ် မူဆယ်ကနေ မန်းလေး ကို
စက်ဘီးနဲ့ ကုန်အပြည့်တင်ပြီးငါးခေါက်ထိစီးခဲ့ဘူးတယ်။
အဲ ၁၉၈၈ မှာ ဘဝပြက်ပြန်တာပါဘဲ။ ငွေစက္ကူရ၅ ကျပ်တန်တွေမသုံးရလို့ကြေငြာလိုက်တော့ု
၇၀၀၀၀ လောက်ထိသွားတာပေါ့။ဆံတပြည်၂ကျပ်၅၀ပြားခေတ်မှာပေါ့။
၈၈ အရေးအခင်းနဲ့ ကလေးငါးယောက်ရယ်သုံးဖြစ်တဲ့ငွေ ၃၀၀၀ နဲ့ဘဝ တစ်ကပြန်စခဲ့ရပြန်
တယ်။ တနေ့၂၀နဲ့ အုန်နာယူပြီးနင်းရတဲ့ ဆိုက္ကားဆရာဖြစ်ခဲ့ရတယ်။ သားတွေကိုတော့ ဖြစ်သလို
ကျောင်းဆက်ထားခဲ့တယ်။ တနေ့ နိင်ငံခြားသားတယောက် ညရှစ်နာရီလောက်ဆိုက္ကားလာငှားတယ်
ထွန်းလှ ဟိုတယ် သွားမယ်တဲ့ ။စာဖတ်ဘို့သာရည်ရွယ်ပြီလေ့လာခဲ့တဲ့အင်းဂလိပ်စာ ငွေရှာဘို့ဖြစ်သွားအောင် အစပျိုးခြင်းပါဘဲ။
နောက်နေ့တနေကုန် ၂၀၀ နဲ့ငှားတယ် ပီးသွားတော့ ၅၀၀ ရာပေးသွားတယ်။ နောက်တော့ တိုးတွေ
ကိုဘဲ အဓိက ထားလုပ်တော့တယ်။ ပုဂံ အင်လေးထိလဲ လိုက်တဲ့ခါလိုက်ရတယ်။ ၁၉၉၅ ခုမှာ မီးရထားက ဗိုကြီးထွန်းအောင်ကျော် ဒုရုံပိုင်ဦးကြည်စိန်တို့နဲ့တွေ့ပြီး မီးရထားစီးတိိုးများ
ကြိုပို့ လုပ်ငန်းမှာ ခေါင်းဆောင်ဂိုက်အဖြစ်လုပ်ခဲ့တယ်။
မီးရထားဝန်ထန်းမိသားစုများကို သုံးလစကားပြောသင်တန်းပို့ချခဲ့ရပါတယ်။်
တိုးတွေနဲ့လုပ်ရင်း ပြင်သစ်လိုတတ်ချင်လာတယ်။့အဲဒီတုန်းက မြန်မာဘာသာပြန်ပါတဲ့ ပြင်သစ်စာအုပ်
မဆိုထားနဲ့ အင်းဂလိပ်ဘာသာပြန်ပါတဲ့ ပြင်သစ်စာအုပ်ရဘို့ရန်မလွယ်ပါ။ ရှိတယ်ကြားရင်
ရောင်းပေးပါခင်ဗျ မရောင်းရင်လဲ ကော်ပီကူးပရစေခင်ဗျ လို့ စာအုပ်တောင်အောက်ကြို့ပီးရှာရတာပါ။
ကက်ဆက်ခွေ ရဘို့မလွယ်ရေးချမလွယ်ပေါ့။
နောက်တော့ ပြင်သစ်တယောက်က ပါရီကနေပို့ပေးလို့ အဆင်ပြေခဲ့ပါတယ်။ ခုတော့ မန်းလေးမှာ အိမ်နဲ့ ဝိုင်းလေးလဲရှိပါပြီ။
သားအကြီးဆုံးက ကွန်ပြူတာနဲ့ဘွဲ့ရပြီ။ ဒုတိယသားက သွားဆရာဝန် မန်းလေးဆေးရုံကြီး
မျက်နာမေးရိုးဌာန တတိယသားလဲဆရာဝန်ပါဘဲ။စတုတ္ထသား က အင်ဂျင်နီရာ ပါ
တောကြိုခြုံကြားက ပညာမဲ့တောသားတယောက်ရဲ့စိတ်ကူးအိပ်မက် တဝက်ကျော်နင်းခဲ့ပြီ
ဒီပို့စ််ကိုတင်တာ ကျုပ်ကြွားချင်လို့ မဟုတ်ပါ။
အသောက်အစားတွင်နစ်မွန်းကါ လမ်းပျောက်နေကြတဲ့ လူငယ်တွေ ကြိုးစားစေချင်လို့ပါ
ဘယ်သူ့ကိုမ အပြစ်မတင်ကြပါနဲ့။
ခေတ်စနစ်လဲလွှဲမချကြပါနဲ့။ ငယ်စဉ်ဘဝမှာကျုပ်လောက် ပညာမဲ့ ဥစ္စာမဲ့တဲ့သူ သိပ်ရှိမည်
မထင်ပါ။ ဘာပညာလိုလို စာအုပ်စာတန်းကက်ဆက် စီဒီ ကွန်ပြူတာ သင်ထောက်ကူ
ပစ္စည်း ပေါများလွယ်ကူနေတဲ့ခေတ်မှာ ဇွဲသတ္တိခိုင်ခိုင်ကြိုးစားရင်မအောင်မြင်စရာမရှိပါ။
နိင်ငံအတွက်လို့ စကားလုံးကြီးမနေကြပါနဲ့။ကိုအတွက်ခိုင်မာအောင် ကိုဝါသနာပါတဲ့
စိတ်ဝင်စားတဲ့ ပညာတခုခုကို ဇွဲသတ္တိ အချိန်ပေး၍ကြိုးစားကြပါလို့
Thaung Sein

တကယ္ျဖစ္ခ်င္၊တကယ္လုပ္အဟုတ္ျဖစ္ရမည္ဆိုတဲ့စကားအတိုင္းတကယ္ၾကိဳးစားခဲ့လို ့ေအာင္ျမင္ခဲ့တဲ့ အတုယူဖြယ္ ျပင္သစ္အဂၤလိပ္ဧည့္လမ္...
Posted by The Melting Pot 4 U on Thursday, 19 November 2015

No comments:

Post a Comment