Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 9, 2015

ညေန ၄ နာရီ ေနာက္ပိုင္း ေရာက္လာသည့္ ႀကိဳတင္မဲမ်ား ပယ္မဲစာရင္းဝင္ဟု ဆို

၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပဲြ က်င္းပခဲ့သည့္ ႏိုဝင္ဘာ ၈ ရက္တြင္ ႀကိဳတင္မဲ ေပးရမည့္သတ္မွတ္ထားခ်ိန္ ညေန ၄ နာရီ ေနာက္ပိုင္းမွ ေရာက္ရွိလာေသာ ႀကိဳတင္မဲမ်ား အားလုံးသည္ ပယ္မဲစာရင္းဝင္ေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္အဖဲြ႔ဝင္ ဦးျမင့္ႏုိင္က ေျပာသည္။
by ေမစစ္ပိုင္ / ၿငိမ္းၿငိမ္း | 09 Nov 2015 |

၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပဲြ က်င္းပခဲ့သည့္ ႏိုဝင္ဘာ ၈ ရက္တြင္ ႀကိဳတင္မဲ ေပးရမည့္သတ္မွတ္ထားခ်ိန္ ညေန ၄ နာရီ ေနာက္ပိုင္းမွ ေရာက္ရွိလာေသာ ႀကိဳတင္မဲမ်ား အားလုံးသည္ ပယ္မဲစာရင္းဝင္ေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္အဖဲြ႔ဝင္ ဦးျမင့္ႏုိင္က ေျပာသည္။

ယေန႔ ညေန ပိုင္းက ေနျပည္ေတာ္ေကာင္စီ နယ္ေျမရွိ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္(UEC) ႐ုံးခ်ဳပ္ ၌ ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပဲြတြင္ ဧရာဝတီ၏ ေမးျမန္းခ်က္ကို ဦးျမင့္ႏုိင္က ျပန္လည္ေျဖၾကားျခင္း ျဖစ္သည္။

“ညေန ၄ နာရီ ေနာက္ပိုင္းမွ ေရာက္လာတဲ့မဲေတြက ပယ္မဲပဲ ျဖစ္ပါလိမ့္မယ္။ ဒါကို ဥပေဒနဲ႔မညီဘူးဆိုရင္ အဲဒီမွာရွိတဲ့ ကိုယ္စားလွယ္ေလာင္းေတြအသိ ျဖစ္ပါတယ္။ ဒီလိုေမးလိုက္ေတာ့ လူပိုသိတာဆိုေတာ့ ေကာင္းပါတယ္။ က်ေနာ္တို႔က ဥပေဒ၊ နည္းဥပေဒ ျပ ဌာန္းခ်က္ေတြ အတိုင္း ေဆာင္ရြက္ပါတယ္”ဟု ၎က ေျပာဆိုသည္။

သို႔ေသာ္ မဲ႐ုံပိတ္ခ်ိန္ ညေန ၄ နာရီေနာက္ပိုင္း ေရာက္ရွိလာသည့္ ႀကိဳတင္မဲမ်ားကို ထည့္သြင္းေရတြက္မႈမ်ား၊ အျခားမဲမ်ားႏွင့္ ထည့္ေပါင္းထားသည့္ ျဖစ္ရပ္မ်ား နယ္ေဒသတခ်ိဳ႕တြင္ ျဖစ္ေပၚခဲ့မႈႏွင့္ ပတ္သက္ၿပီး ေျဖရွင္းေဆာင္ရြက္ရန္အတြက္ ေရြးေကာက္ပြဲ ေကာ္မရွင္က အေျဖေပးျခင္း မရွိေပ။

ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က သတင္းမီဒီယာမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေဖ့စ္ဘုတ္ စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပေနသည့္ မဲရလဒ္မ်ားကုိ အတည္မျပဳဘဲ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ထုတ္ျပန္ေနသည့္ စာရင္းမ်ားသာ အတည္ျပဳမည္ျဖစ္ေၾကာင္းလည္း ယေန႔ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပဲြတြင္ ထပ္မံေျပာဆို ထုတ္ျပန္သည္။

ေရြးေကာက္ပဲြႏွင့္ ပတ္သက္၍ တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္ရွိရမည့္ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က “၄ နာရီ ေနာက္ ပိုင္း ႀကိဳတင္မဲမ်ား ပယ္မဲ ျဖစ္သည္”ဟုလည္း ဆက္တုိက္ေျပာဆိုလ်က္ ရွိသည္။

သို႔ေသာ္ ႏုိဝင္ဘာ ၈ ရက္ ညပိုင္းက ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕၊ လားရိႈးၿမိဳ႕၊ ေနျပည္ေတာ္ေကာင္စီ ဒကိၡဏသီရိ ၿမိဳ႕နယ္၊ ပဲခူးတုိင္း ေဒသႀကီး စသည့္ ေနရာအသီးသီးတြင္ ညေန ၄ နာရီ ေနာက္ပိုင္း၌ ႀကိဳတင္မဲပုံးမ်ားစြာ ေရာက္ရွိလာသည့္ ကိစၥရပ္မ်ားစြာ ျဖစ္ပြားေပၚေပါက္ခဲ့သည္။

သို႔ျဖစ္၍ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ညပိုင္းမွ ေရာက္ရွိလာသည့္ ႀကိဳတင္မဲမ်ားကို ေရတြက္ထားၿပီးျဖစ္ေၾကာင္းႏွင့္ အဆုိပါမဲမ်ားကို အျခားေရတြက္ၿပီးမဲမ်ားႏွင့္ ထည့္ေပါင္းသင့္ မေပါင္းသင့္ကုိ ၿမိဳ႕နယ္ေကာ္မရွင္မ်ားက ဆုံးျဖတ္ရန္ စဥ္းစားေနဆဲျဖစ္ေၾကာင္း သိရသည္။

ယေန႔သတင္းစာ ရွင္းလင္းပဲြတြင္ သတင္းမီဒီယာမ်ားက တုိင္းရင္းသား ကိုယ္စားလွယ္မဲမ်ား ေပးခြင့္မရသည့္ကိစၥ၊ ႀကိဳတင္မဲမ်ား ညအခိ်န္မွ ေရာက္ရွိလာသည့္ကိစၥ၊ သက္ဆို္င္ရာခ႐ုိင္အလိုက္ ေရြးေကာက္ပဲြ ရလဒ္မ်ား ထုတ္ျပန္ရန္ ေႏွာင့္ေႏွးေနသည့္ကိစၥ၊ တရား မဝင္ မဲဆြယ္စည္း႐ုံးမႈ ကိစၥမ်ားကို ေမးျမန္းခဲ့ေသာ္လည္း ေကာ္မရွင္က တိက်သည့္ အေျဖမ်ား မေပးခဲ့ဘဲ ဥပေဒအတုိင္း ေဆာင္ရြက္ေနေၾကာင္းသာ ေျပာဆိုသြားသည္။

ႏိုဝင္ဘာ ၈ ရက္က ျပဳလုပ္ခဲ့သည့္ ေရြးေကာက္ပဲြတြင္ တႏိုင္ငံလုံး အတုိင္းအတာရွိ မဲ႐ုံေပါင္း ၄၀,၀၀၀ ေက်ာ္၌ ေရြးေကာက္ပဲြဆုိင္ရာ ျပစ္မႈမ်ားႏွင့္ ထူးျခားျဖစ္စဥ္ ၄၈ မႈ ျဖစ္ပြားခဲ့ေၾကာင္းလည္း UEC က ယေန႔ ထုတ္ျပန္သည္။
Top Photo - (ဓာတ္ပုံ - ေဂ်ပိုင္ / ဧရာဝတီ) ယေန႔ သတင္းစာ ရွင္းလင္းပြဲ က်င္းပေသာ ေနျပည္ေတာ္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္႐ုံး မီဒီယာစင္တာ ဖြင့္လွစ္ျခင္း အခမ္းအနားတြင္ ရွင္းလင္းေျပာၾကားေနသည့္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအး

..................
ညနေ ၄ နာရီ နောက်ပိုင်း ရောက်လာသည့် ကြိုတင်မဲများ ပယ်မဲစာရင်းဝင်ဟု ဆို
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် ကြိုတင်မဲ ပေးရမည့်သတ်မှတ်ထားချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင်မဲများ အားလုံးသည် ပယ်မဲစာရင်းဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
by မေစစ်ပိုင် / ငြိမ်းငြိမ်း | 09 Nov 2015 | Hits:9,740

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် ကြိုတင်မဲ ပေးရမည့်သတ်မှတ်ထားချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင်မဲများ အားလုံးသည် ပယ်မဲစာရင်းဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

ယနေ့ ညနေ ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ရုံးချုပ် ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ၏ မေးမြန်းချက်ကို ဦးမြင့်နိုင်က ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်လာတဲ့မဲတွေက ပယ်မဲပဲ ဖြစ်ပါလိမ့်မယ်။ ဒါကို ဥပဒေနဲ့မညီဘူးဆိုရင် အဲဒီမှာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေအသိ ဖြစ်ပါတယ်။ ဒီလိုမေးလိုက်တော့ လူပိုသိတာဆိုတော့ ကောင်းပါတယ်။ ကျနော်တို့က ဥပဒေ၊ နည်းဥပဒေ ပြ ဌာန်းချက်တွေ အတိုင်း ဆောင်ရွက်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

သို့သော် မဲရုံပိတ်ချိန် ညနေ ၄ နာရီနောက်ပိုင်း ရောက်ရှိလာသည့် ကြိုတင်မဲများကို ထည့်သွင်းရေတွက်မှုများ၊ အခြားမဲများနှင့် ထည့်ပေါင်းထားသည့် ဖြစ်ရပ်များ နယ်ဒေသတချို့တွင် ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်က အဖြေပေးခြင်း မရှိပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာများ၊ နိုင်ငံရေးပါတီများနှင့် ဖေ့စ်ဘုတ် စာမျက်နှာများတွင် ဖော်ပြနေသည့် မဲရလဒ်များကို အတည်မပြုဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်နေသည့် စာရင်းများသာ အတည်ပြုမည်ဖြစ်ကြောင်းလည်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထပ်မံပြောဆို ထုတ်ပြန်သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိရမည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က “၄ နာရီ နောက် ပိုင်း ကြိုတင်မဲများ ပယ်မဲ ဖြစ်သည်”ဟုလည်း ဆက်တိုက်ပြောဆိုလျက် ရှိသည်။

သို့သော် နိုဝင်ဘာ ၈ ရက် ညပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ လားရှိုးမြို့၊ နေပြည်တော်ကောင်စီ ဒက္ခိဏသီရိ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး စသည့် နေရာအသီးသီးတွင် ညနေ ၄ နာရီ နောက်ပိုင်း၌ ကြိုတင်မဲပုံးများစွာ ရောက်ရှိလာသည့် ကိစ္စရပ်များစွာ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ညပိုင်းမှ ရောက်ရှိလာသည့် ကြိုတင်မဲများကို ရေတွက်ထားပြီးဖြစ်ကြောင်းနှင့် အဆိုပါမဲများကို အခြားရေတွက်ပြီးမဲများနှင့် ထည့်ပေါင်းသင့် မပေါင်းသင့်ကို မြို့နယ်ကော်မရှင်များက ဆုံးဖြတ်ရန် စဉ်းစားနေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများက တိုင်းရင်းသား ကိုယ်စားလှယ်မဲများ ပေးခွင့်မရသည့်ကိစ္စ၊ ကြိုတင်မဲများ ညအချိန်မှ ရောက်ရှိလာသည့်ကိစ္စ၊ သက်ဆို်င်ရာခရိုင်အလိုက် ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ရန် နှောင့်နှေးနေသည့်ကိစ္စ၊ တရား မဝင် မဲဆွယ်စည်းရုံးမှု ကိစ္စများကို မေးမြန်းခဲ့သော်လည်း ကော်မရှင်က တိကျသည့် အဖြေများ မပေးခဲ့ဘဲ ဥပဒေအတိုင်း ဆောင်ရွက်နေကြောင်းသာ ပြောဆိုသွားသည်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာရှိ မဲရုံပေါင်း ၄၀,၀၀၀ ကျော်၌ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ထူးခြားဖြစ်စဉ် ၄၈ မှု ဖြစ်ပွားခဲ့ကြောင်းလည်း UEC က ယနေ့ ထုတ်ပြန်သည်။
Top Photo - (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ) ယနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပသော နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး မီဒီယာစင်တာ ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ရှင်းလင်းပြောကြားနေသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး

No comments:

Post a Comment