Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 14, 2015

ျမန္မာေရြးေကာက္ပဲြေၾကာင့္ အက်ပ္႐ုိက္စရာ ႀကံဳရတဲ့ တ႐ုတ္



ျမန္မာႏုိင္ငံ၏ ရာဇ၀င္တင္မည့္ ေရြးေကာက္ပြဲႏွင့္ အတုိက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစု ၾကည္၏ တစ္ေက်ာ့ျပန္ အျပတ္အသတ္ ေအာင္ပဲြခံမႈက ျမန္မာႏုိင္ငံေျမာက္ဘက္ကအိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံတြင္ အက်ပ္႐ုိက္စရာေမးခြန္းမ်ား ေပၚေပါက္လာ ေစပါသည္။

ပထမေမးခြန္းမွာ တ႐ုတ္ ကြန္ျမဴနစ္ပါတီအစုိးရသည္ ႏွစ္ေပါင္းမ်ားစြာတုိင္ ျမန္မာစစ္အစိုးရကို အူလႈိက္သည္းလႈိက္ ပံ့ပိုးခဲ့အၿပီး အရပ္သားမ်ား ဦးေဆာင္ ေသာ အစိုးရႏွင့္ မည္ကဲ့သို႔ အဆင္ေျပေအာင္ စီမံခန္႔ခဲြကိုင္တြယ္မည္နည္းဆုိသည္ ျဖစ္သည္။

ဒုတိယေမးခြန္းက တ႐ုတ္ ျပည္သူ ျပည္သားမ်ားသည္ရက္ ပိုင္းအတြင္း သူတုိ႔ကိုယ္ သူတုိ႔ ျပန္လည္ေမးခြန္းထုတ္ၾကသည့္ ေမးခြန္းပင္ ျဖစ္၏။ ‘‘ျမန္မာေတြ ေတာင္ ဒီမုိကေရစီရတယ္ဆုိရင္ ငါတုိ႔ကေကာ ဘာလို႔မရႏုိင္ရသလဲ’’ဆုိသည့္ ေမးခြန္းျဖစ္ပါသည္။


တ႐ုတ္ႏုိင္ငံ Tsinghua တကၠသိုလ္ လူမႈေရးဘာသာ ပါေမာကၡ ဆြန္လီပင္းသည္ တ႐ုတ္တာ၀န္ရွိသူမ်ားကို အေနာက္တုိင္း ပုံစံဒီမုိကေရစီစနစ္သည္ တ႐ုတ္ႏုိင္ငံ၏ လက္ရွိတုိးတက္မႈမ်ားႏွင့္ မကိုက္ညီဘူးလားဆုိသည့္ ေမးခြန္းကို ပထမဆုံးေမးခဲ့သူ ျဖစ္သည္။

‘‘တကယ္ေတာ့ ဒီမုိကေရစီ ဆိုတာ ပုံမွန္လူမႈအသိုင္းအ၀ိုင္းအ တြက္ ပုံမွန္လမ္းစဥ္ပါ။ ဒီမုိကေရ စီနည္းနဲ႔ ေနရတဲ့ဘ၀ဆိုတာ လူ ေတြကို သဘာ၀အတုိင္းေနဖုိ႔ ခြင့္ ျပဳေပးမယ့္အရာပါ။ လူႀကီးေတြ က အရြယ္ေရာက္တဲ့ ကေလးေတြ ကို စားတာႏွင့္ စကားေျပာတာ ကို တစ္ၿပိဳင္တည္းမလုပ္နဲ႔လို႔ ေျပာ႐ုံနဲ႔ စားတာနဲ႔ ေျပာတာက အတူလုပ္လို႔မရတဲ့အရာလို႔ ဆို လိုတာမဟုတ္ပါဘူး’’ဟု ၎က တ႐ုတ္ျပည္တြင္ ေဖ့စ္ဘြတ္ခ္ကဲ့သို႔ အသုံးမ်ားၾကသည့္ Sina Weibo ဘေလာ့ဂ္စာမ်က္ႏွာ၌ ေရးသားၿပီးတင္ခဲ့သည္ဟု ၀ါရွင္တန္အေျခ စုိက္ အာရ္အက္ဖ္ေအအသံလႊင့္ ဌာန၏ သတင္းအရ သိရပါသည္။

အဆုိပါ ပို႔စ္ကို ျပန္လည္ ထပ္တင္သူေပါင္း မိနစ္ပိုင္းအ တြင္း အႀကိမ္ႏွစ္ေထာင္ေက်ာ္ရွိ ခဲ့သည္ဟု အာရ္အက္ဖ္ေအ အ သံလႊင့္ဌာနက သတင္းေရးသား ထားပါသည္။ ထိုကေနမွ တစ္ပါ တီစနစ္ကို ေထာက္ခံသူႏွင့္ ဆန္႔ က်င္သူမ်ားၾကား အေခ်အတင္ စကားရည္လုပဲြႀကီး ျဖစ္လာခဲ့ပါ သည္။ သည္ျဖစ္ရပ္သည္ လူမႈ ေရးအင္တာနက္ စာမ်က္ႏွာမ်ား ကို တင္းတင္းက်ပ္က်ပ္ ပိတ္ပင္ ထားေသာ တ႐ုတ္ႏုိင္ငံတြင္ ျဖစ္႐ုိးျဖစ္စဥ္ေတာ့ မဟုတ္ပါ။

‘‘သူတုိ႔က တစ္ေယာက္ၿပီး တစ္ေယာက္မဲေပးၾကတယ္’’ဟု ျမန္မာႏုိင္ငံတြင္ တနဂၤေႏြေန႔က ျပဳလုပ္ခဲ့ေသာ ေရြးေကာက္ပဲြကို ရည္ၫႊန္းၿပီး ေရွ႕ေနလီဖန္ပင္၏ တြစ္တာစာမ်က္ႏွာ၌ ေရးသား မႈကို ျပန္လည္ထပ္တင္ၾကသည့္ ပုိ႔စ္ေတြကလည္း လူအမ်ားဆုံး တင္ၾကသည့္ ပို႔စ္ျဖစ္ပါသည္။

အမ်ဳိးသားဒီမုိကေရစီအဖဲြ႕ ခ်ဳပ္က မဲစာရင္းမွာ ၄၀ ရာခိုင္ႏႈန္း အသာျဖင့္ ဦးေဆာင္ေနသည့္အ တြက္ ဗုဒၶဟူးေန႔က ျမန္မာသမၼတ ဦးသိန္းစိန္က ေဒၚေအာင္ဆန္းစု ၾကည္ကို ဂုဏ္ျပဳစကားဆုိခဲ့ပါ သည္။ သည္အခ်က္က အမ်ဳိးသားဒီမုုိကေရစီ အဖဲြ႕ခ်ဳပ္အာဏာကို လက္ခံယူဖို႔အတြက္ ျမန္မာအစုိးရဘက္က အေရြ႕ျဖစ္ပါသည္။

‘‘သူတုိ႔ေတြ ၿပံဳးေနတာ ျမင္ ရတယ္။ ျမန္မာေတြက တ႐ုတ္ ေတြထက္ ပိုသာေနလို႔လား။ အား လုံးသိတ့ဲအတုိင္း ျမန္မာရဲ႕ဂ်ီဒီပီ။ လူလတ္တန္းစား၊ စာတတ္ေျမာက္ေရးနဲ႔ ပို႔ေဆာင္ေရးက တ႐ုတ္ထက္ အမ်ားႀကီးဆိုးပါတယ္’’

အျခား Weibo သုံးသူက ေတာ့ အျခားႏုိင္ငံတစ္ခုသည္ လြတ္လပ္မႈ။ ဒီမုိကေရစီႏွင့္ ေပ်ာ္ ရႊင္ျခင္း ငရဲလမ္းေပၚမွာ ရပ္ေန ၿပီဟု နာနာၾကည္းၾကည္း မွတ္ ခ်က္ေပးခဲ့သည္။ သည္အေၾကာင္းႏွင့္ပတ္သက္ၿပီး တ႐ုတ္လူမ်ဳိးမ်ား အၾကား အျပန္အလွန္ အေခ်အ တင္ေျပာၾကားမႈမ်ားကို အြန္လုိင္း ေပၚတြင္ ေတြ႕ျမင္ႏုိင္ပါသည္။ သို႔ ေသာ္မူရင္းတင္သူ ဆြန္၏ ေရး သားခ်က္ကေတာ့ ေပ်ာက္သြား ၿပီျဖစ္ပါသည္။ ထုိ႔အတူ Sina Weibo ဘေလာ့ဂ္စာမ်က္ႏွာ ျမန္မာလို ႐ိုက္ထည့္ပါက ဘာမွ ရွာလို႔မရေအာင္ ပိတ္ထားလုိက္ ၿပီ ျဖစ္ပါသည္။

တ႐ုတ္ႏုိင္ငံအေနျဖင့္ ဒီမုိ ကေရစီစနစ္ျဖစ္လာႏုိင္မည့္ လူ ထုအုံႂကြမႈေရာ ဒီမုိကေရစီျပဳျပင္ ေျပာင္းလဲမႈမ်ားပါ ျဖစ္လာစရာ အေၾကာင္းမရွိေခ်။ လူအမ်ားစုကို သည္အရာေတြက တုိင္းျပည္ မတည္ၿငိမ္မႈ ျဖစ္ေစသည္ဟု ကြန္ ျမဴနစ္ပါတီ ၀ါဒျဖန္႔မႈက နားသြင္း ထား၏။ တစ္ပါတီစနစ္ကသာ သူတုိ႔အတြက္ အေကာင္းဆုံး စနစ္ျဖစ္ေနဆဲပင္။

တစ္ခ်ိန္တည္းမွာပင္ တ႐ုတ္အစိုးရ၏ လုံၿခံဳေရး ကိုင္ တြယ္မႈကလည္း မည္သည့္အုံႂကြ မႈမ်ဳိးမဆို ျပင္းျပင္းထန္ထန္ ႏွိပ္ကြပ္မည္ဆိုသည္ကို သံသယရွိစရာမလုိ။ ၿပီးခဲ့သည့္ႏွစ္က ေဟာင္ေကာင္ ဒီမိုကေရစီဆႏၵျပ မႈမ်ားအတြင္းကလည္း သည္လိုပဲ ႏွိမ္နင္းခဲ့သည္။

သို႔ေသာ္ သည္တစ္ပတ္ျပန္ ေက်ာ့လာသည့္ ေမးခြန္းကျမန္မာ ေရြးေကာက္ပဲြကို ေလ့လာၿပီး ျပန္ လာခါစ တ႐ုတ္ Xiamen တကၠ သိုလ္ အေရွ႕ေတာင္ အာရွေလ့လာေရးဌာနပါေမာကၡ ဖန္ဟုန္ေ၀ ကို အံ့အားသင့္ေစခဲ့ပါသည္။

‘‘တ႐ုတ္လူမ်ဳိးေတြက ျမန္မာေရြးေကာက္ပဲြကို စိတ္၀င္ စားပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီမုိကေရစီစနစ္က တခ်ဳိ႕ႏုိင္ငံ ေတြနဲ႔ မသင့္ေတာ္ဘူးဆုိတဲ့ အစဥ္အလာယုံၾကည္မႈကို အားနည္း လာေစတယ္။ ျမန္မာက တ႐ုတ္ ထက္ ဆင္းရဲတာေတာင္၊ ပညာ ေရးအဆင့္နိမ့္ပါးတာေတာင္ ဒီမုိ ကေရစီစနစ္ကို ေအးေအးခ်မ္း ခ်မ္း ကူးေျပာင္းႏုိင္တယ္။ ငါတို႔ တ႐ုတ္ႏုိင္ငံလည္း ဘာလို႔ မလုပ္ ႏုိင္ရမလဲလို႔ တ႐ုတ္ေတြက ေတြး လာၾကတယ္။ သူတုိ႔က ျမန္မာ ေတြကို အားက်ေနၾကတယ္’’ဟု သူကေျပာပါသည္။

ျမန္မာေရြးေကာက္ပဲြကို ေလ့လာရန္ တ႐ုတ္အစိုးရက ကိုယ္စားလွယ္အဖဲြ႕တစ္ဖြဲ႔ကို ေစ လႊတ္ခဲ့ၿပီး ေခ်ာေခ်ာေမြ႕ေမြ႕ ၿပီး ဆုံးသြားသည့္အတြက္ ႀကိဳဆိုခဲ့ ၾကပါသည္။

‘‘ေရြးေကာက္ပဲြအၿပီးမွာ ႏုိင္ငံတည္ၿငိမ္ေရးနဲ႔ ေရရွည္တုိး တက္ေရးအတြက္ ျမန္မာႏုိင္ငံက ဥပေဒနဲ႔အညီ ႏုိင္ငံေရးအစီအစဥ္ ေတြကို ဆက္လုပ္တာကို အိမ္နီးခ်င္းေကာင္း တစ္ဦးအေနနဲ႔ တ႐ုတ္ဘက္ကလည္း အားေပးပါ တယ္’’ ဟု တနလၤာေန႔က ျပဳလုပ္ သည့္ ပုံမွန္သတင္းစာရွင္းလင္းပဲြ တြင္ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး ဌာန ေျပာခြင့္ရသူ မစၥတာေဟာင္ လီက ေျပာၾကားခဲ့သည္။

စစ္အစုိးရ အုပ္ခ်ဳပ္စဥ္ကာ လအတြင္း ျမန္မာႏုိင္ငံတြင္ ႏုိင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအနက္ တ႐ုတ္ႏုိင္ငံက အမ်ားဆုံး ျမႇဳပ္ႏွံခဲ့၏။ သို႔ေသာ္ စစ္အစိုးရကို ေက်ာေထာက္ ေနာက္ခံေပးၿပီး ေဒသခံမ်ား၏ စိုးရိမ္မႈမ်ားကို အေလးမထားဘဲ ျမန္မာ၏သဘာ၀သယံ ဇာတမ်ားကို အတုိင္းအဆမရွိ ထုတ္ယူခဲ့ျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ ျမန္မာလူမ်ဳိးမ်ားက တ႐ုတ္ကို သေဘာမေတြ႕ျဖစ္လာခဲ့သည္။

ဒီမုိကေရစီျပဳျပင္ေျပာင္းလဲေရ လုပ္ငန္းစဥ္မ်ား လုပ္ကိုင္ခဲ့ေသာ သမၼတဦးသိန္းစိန္လက္ထက္တြင္ ႏွစ္ႏုိင္ငံဆက္ဆံေရးဆုိးရြားလာခဲ့သည္။ ထို႔အျပင္၎က တ႐ုတ္အစိုးရႏွင့္ ထိပ္တုိက္ရင္ဆုိင္ၿပီး ျမန္မာႏုိင္ငံသားမ်ားအၾကား အမ်ဳိးသားေရး၀ါဒမ်ား ႏုိးႂကြားလာေအာင္ ျပဳလုပ္ခဲ့သည္။

ျမန္မာအေပၚ အေနာက္ ႏုိင္ငံမ်ားက အေရးယူပိတ္ဆုိ႔မႈ​မ်ား ႐ုပ္သိမ္းလာသည့္အခ်ိန္တြင္ ဧရာ၀တီျမစ္ေပၚရွိ တ႐ုတ္တုိ႔၏ ျမစ္ဆုံဆည္စီမံကိန္းရပ္ဆုိင္းခံရ သည္။ ျမန္မာက ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားအတြက္ အေမရိကန္၊ ဥေရာပ၊ဂ်ပန္ႏွင့္ အိႏိၵယတို႔ကို ပိုအာ႐ုံစိုက္လာသည္။

တ႐ုတ္အစိုးရအေပၚ ျမန္မာ တုိ႔၏ မယုံၾကည္မႈက ေန႔ခ်င္း ည ခ်င္းေပ်ာက္သြားမည္ မဟုတ္သ ကဲ့သို႔ ႏွစ္ႏုိင္ငံ အစိုးရၾကား ယုံ ၾကည္မႈျပန္တည္ေဆာက္ရန္ လိုေနၿပီဟု ပါေမာကၡဖန္က ဆုိပါသည္။

‘‘အနာဂတ္မွာ တ႐ုတ္-ျမန္မာ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္အာဏာပိုင္ေတြက မေသ မခ်ာျဖစ္ေနၾကတယ္။ ဘာလို႔ဆုိေတာ့ သူတုိ႔က အင္န္အယ္လ္ဒီနဲ႔ အျပန္အလွန္ဆက္ဆံေရးကို မတည္ေဆာက္ရေသးဘူး။ အင္န္အယ္လ္ဒီက ကဲြျပားတဲ့အယူအ ဆ လိုလားခ်က္ရွိၿပီးေတာ့ အေနာက္တုိင္းက အယူအဆေတြကို လက္ခံတယ္။ တ႐ုတ္အစိုးရက သည္ေရြးေကာက္ပဲြက ျမန္မာျပည္က တ႐ုတ္ေတြရဲ႕ အက်ဳိးစီးပြားေတြ ကို ထိခုိက္မွာ စိုးတယ္’’

တ႐ုတ္အစုိးရ၏ ဂလုိ ဘယ္လ္တုိင္းမ္သတင္းစာကမူ ျမန္မာႏုိင္ငံတြင္ အာဏာအလဲႊအ ေျပာင္းက တ႐ုတ္ႏွင့္ ဆက္ဆံ ေရးကို ထိခိုက္မည္မဟုတ္ဟု ဆုိပါသည္။ သို႔ေသာ္ ျမန္မာကို အေမရိကန္ျပည္ေထာင္စုႏွင့္ နီး နီးကပ္ကပ္ ဆက္ဆံျခင္းမျပဳရန္ တစ္ၿပိဳင္တည္းမွာပင္ သတိေပးထားပါသည္။

‘‘ျမန္မာက တ႐ုတ္ရဲ႕ ေဆြ မ်ဳိးေပါက္ေဖာ္မူ၀ါဒကေန ရရွိေန တဲ့ မဟာဗ်ဴဟာအေနအထားနဲ႔ အရင္းအျမစ္ေတြကို ပ်က္စီးသြား ေအာင္ အေမရိကန္ဆီကို မုိက္ မုိက္မဲမဲ ဦးတည္သြားမယ္လို႔ ဘယ္အကဲခတ္သူကမွ မထင္ပါ ဘူး’’ဟု အဆုိပါ သတင္းစာ၏ အယ္ဒီတာ့အာေဘာ္၌ ေရးသား ထားပါသည္။

သို႔ရာတြင္ တ႐ုတ္အစုိးရ၏ ကြန္ျမဴနစ္ပါတီသည္ ျမန္မာႏုိင္ငံတြင္ ေရြးေကာက္ပဲြက်င္းပခ်ိန္အ ထိ ေစာင့္မေနႏုိင္ေတာ့ေပ။

ၿပီးခဲ့သည့္ ဇြန္လက အတုိက္အခံ ေခါင္းေဆာင္ ေဒၚေအာင္ ဆန္းစုၾကည္ကို ေဘဂ်င္းသို႔ ဖိတ္ ေခၚခ့ဲၿပီး ေကာ္ေဇာနီခင္းႀကိဳဆုိ ခဲ့၏။ အျပန္အလွန္အားျဖင့္ သူ ကလည္း တ႐ုတ္ေခါင္းေဆာင္ မ်ားႏွင့္ ခင္မင္ရင္းႏွီးမႈကို ထိန္းသိမ္းထားလုိပါသည္ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့သည္။

ၾသစေၾတးလ်ႏုိင္ငံ Macquarie တကၠသိုလ္ တဲြဖက္ပါေမာကၡက ေရွာင္တန္နယ္လ္က ျမန္မာေရြးေကာက္ပဲြရလဒ္ကို တ႐ုတ္အစုိးရက ႀကိဳဆုိသည္ဆိုတာကို အနည္းငယ္ အံံ့အားသင့္သည္ဟု ဆုိပါသည္။ သည္အခ်က္မွာ တစိတ္တစ္ပုိင္းအားျဖင့္ သမၼတသိန္းစိန္အစိုးရ လက္ထက္တြင္ ႏွစ္ႏုိင္ငံဆက္ဆံေရးက်ဆင္းခဲ့တာေၾကာင့္ ျဖစ္ႏုိင္ပါသည္။

‘‘ေနာက္ဆုံးအခ်ိန္က်မွ တ႐ုတ္က သူတုိ႔ရဲ႕ အမွားေတြကို သိလာၿပီး သူတုိ႔ပုံရိပ္ေကာင္းလာ ဖို႔ ႀကိဳးစားလာတယ္။ ျမန္မာႏုိင္ငံ က အတုိက္အခံနဲ႔ ဆက္ဆံေရး စတင္လာတယ္’’ဟု ေဒၚေအာင္ ဆန္းစုၾကည္ ေဘဂ်င္းကို လာ ေရာက္စဥ္က တ႐ုတ္အစုိးရက ႏုိင္ငံေတာ္အႀကီးအကဲကဲ့သို႔ ႀကိဳ ဆိုခဲ့ပုံကို ကိုးကားၿပီး ေရွာင္တန္ နယ္လ္က ေျပာၾကားခဲ့သည္။

‘‘အတိုခ်ဳပ္ေျပာရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အင္န္ အယ္လ္ဒီဟာ အေနာက္ႏုိင္ငံေတြ နဲ႔ ဆက္ဆံေရး အရမ္းေကာင္းေပ မယ့္ တ႐ုတ္နဲ႔လည္း ဆက္ဆံေရး တုိးတက္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္’’ ဟု ေရွာင္တန္နယ္လ္က ျမန္မာႏုိင္ငံမွ အီးေမးလ္ျဖင့္ ေရးသားေျပာၾကား ခဲ့သည္။

(၀ါရွင္တန္ပုိ႔စ္ သတင္းစာပါ ေဆာင္းပါးရွင္ Simon Denyer ၏ Burma's Election leaves Former Patron China with Uncomfortable Questions ေဆာင္းပါးကို ထားထားျမင့္ ဘာ သာျပန္ဆုိသည္။)

7day daily
........................
မြန်မာရွေးကောက်ပွဲကြောင့် အကျပ်ရိုက်စရာ ကြုံရတဲ့ တရုတ်



မြန်မာနိုင်ငံ၏ ရာဇဝင်တင်မည့် ရွေးကောက်ပွဲနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ တစ်ကျော့ပြန် အပြတ်အသတ် အောင်ပွဲခံမှုက မြန်မာနိုင်ငံမြောက်ဘက်ကအိမ်နီးချင်း တရုတ်နိုင်ငံတွင် အကျပ်ရိုက်စရာမေးခွန်းများ ပေါ်ပေါက်လာ စေပါသည်။

ပထမမေးခွန်းမှာ တရုတ် ကွန်မြူနစ်ပါတီအစိုးရသည် နှစ်ပေါင်းများစွာတိုင် မြန်မာစစ်အစိုးရကို အူလှိုက်သည်းလှိုက် ပံ့ပိုးခဲ့အပြီး အရပ်သားများ ဦးဆောင် သော အစိုးရနှင့် မည်ကဲ့သို့ အဆင်ပြေအောင် စီမံခန့်ခွဲကိုင်တွယ်မည်နည်းဆိုသည် ဖြစ်သည်။

ဒုတိယမေးခွန်းက တရုတ် ပြည်သူ ပြည်သားများသည်ရက် ပိုင်းအတွင်း သူတို့ကိုယ် သူတို့ ပြန်လည်မေးခွန်းထုတ်ကြသည့် မေးခွန်းပင် ဖြစ်၏။ ‘‘မြန်မာတွေ တောင် ဒီမိုကရေစီရတယ်ဆိုရင် ငါတို့ကကော ဘာလို့မရနိုင်ရသလဲ’’ဆိုသည့် မေးခွန်းဖြစ်ပါသည်။


တရုတ်နိုင်ငံ Tsinghua တက္ကသိုလ် လူမှုရေးဘာသာ ပါမောက္ခ ဆွန်လီပင်းသည် တရုတ်တာဝန်ရှိသူများကို အနောက်တိုင်း ပုံစံဒီမိုကရေစီစနစ်သည် တရုတ်နိုင်ငံ၏ လက်ရှိတိုးတက်မှုများနှင့် မကိုက်ညီဘူးလားဆိုသည့် မေးခွန်းကို ပထမဆုံးမေးခဲ့သူ ဖြစ်သည်။

‘‘တကယ်တော့ ဒီမိုကရေစီ ဆိုတာ ပုံမှန်လူမှုအသိုင်းအဝိုင်းအ တွက် ပုံမှန်လမ်းစဉ်ပါ။ ဒီမိုကရေ စီနည်းနဲ့ နေရတဲ့ဘဝဆိုတာ လူ တွေကို သဘာဝအတိုင်းနေဖို့ ခွင့် ပြုပေးမယ့်အရာပါ။ လူကြီးတွေ က အရွယ်ရောက်တဲ့ ကလေးတွေ ကို စားတာနှင့် စကားပြောတာ ကို တစ်ပြိုင်တည်းမလုပ်နဲ့လို့ ပြောရုံနဲ့ စားတာနဲ့ ပြောတာက အတူလုပ်လို့မရတဲ့အရာလို့ ဆို လိုတာမဟုတ်ပါဘူး’’ဟု ၎င်းက တရုတ်ပြည်တွင် ဖေ့စ်ဘွတ်ခ်ကဲ့သို့ အသုံးများကြသည့် Sina Weibo ဘလော့ဂ်စာမျက်နှာ၌ ရေးသားပြီးတင်ခဲ့သည်ဟု ၀ါရှင်တန်အခြေ စိုက် အာရ်အက်ဖ်အေအသံလွှင့် ဌာန၏ သတင်းအရ သိရပါသည်။

အဆိုပါ ပို့စ်ကို ပြန်လည် ထပ်တင်သူပေါင်း မိနစ်ပိုင်းအ တွင်း အကြိမ်နှစ်ထောင်ကျော်ရှိ ခဲ့သည်ဟု အာရ်အက်ဖ်အေ အ သံလွှင့်ဌာနက သတင်းရေးသား ထားပါသည်။ ထိုကနေမှ တစ်ပါ တီစနစ်ကို ထောက်ခံသူနှင့် ဆန့် ကျင်သူများကြား အချေအတင် စကားရည်လုပွဲကြီး ဖြစ်လာခဲ့ပါ သည်။ သည်ဖြစ်ရပ်သည် လူမှု ရေးအင်တာနက် စာမျက်နှာများ ကို တင်းတင်းကျပ်ကျပ် ပိတ်ပင် ထားသော တရုတ်နိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ပါ။

‘‘သူတို့က တစ်ယောက်ပြီး တစ်ယောက်မဲပေးကြတယ်’’ဟု မြန်မာနိုင်ငံတွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲကို ရည်ညွှန်းပြီး ရှေ့နေလီဖန်ပင်၏ တွစ်တာစာမျက်နှာ၌ ရေးသား မှုကို ပြန်လည်ထပ်တင်ကြသည့် ပို့စ်တွေကလည်း လူအများဆုံး တင်ကြသည့် ပို့စ်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မဲစာရင်းမှာ ၄၀ ရာခိုင်နှုန်း အသာဖြင့် ဦးဆောင်နေသည့်အ တွက် ဗုဒ္ဓဟူးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစု ကြည်ကို ဂုဏ်ပြုစကားဆိုခဲ့ပါ သည်။ သည်အချက်က အမျိုးသားဒီမုုိကရေစီ အဖွဲ့ချုပ်အာဏာကို လက်ခံယူဖို့အတွက် မြန်မာအစိုးရဘက်က အရွေ့ဖြစ်ပါသည်။

‘‘သူတို့တွေ ပြံုးနေတာ မြင် ရတယ်။ မြန်မာတွေက တရုတ် တွေထက် ပိုသာနေလို့လား။ အား လုံးသိတဲ့အတိုင်း မြန်မာရဲ့ဂျီဒီပီ။ လူလတ်တန်းစား၊ စာတတ်မြောက်ရေးနဲ့ ပို့ဆောင်ရေးက တရုတ်ထက် အများကြီးဆိုးပါတယ်’’

အခြား Weibo သုံးသူက တော့ အခြားနိုင်ငံတစ်ခုသည် လွတ်လပ်မှု။ ဒီမိုကရေစီနှင့် ပျော် ရွှင်ခြင်း ငရဲလမ်းပေါ်မှာ ရပ်နေ ပြီဟု နာနာကြည်းကြည်း မှတ် ချက်ပေးခဲ့သည်။ သည်အကြောင်းနှင့်ပတ်သက်ပြီး တရုတ်လူမျိုးများ အကြား အပြန်အလှန် အချေအ တင်ပြောကြားမှုများကို အွန်လိုင်း ပေါ်တွင် တွေ့မြင်နိုင်ပါသည်။ သို့ သော်မူရင်းတင်သူ ဆွန်၏ ရေး သားချက်ကတော့ ပျောက်သွား ပြီဖြစ်ပါသည်။ ထို့အတူ Sina Weibo ဘလော့ဂ်စာမျက်နှာ မြန်မာလို ရိုက်ထည့်ပါက ဘာမှ ရှာလို့မရအောင် ပိတ်ထားလိုက် ပြီ ဖြစ်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် ဒီမို ကရေစီစနစ်ဖြစ်လာနိုင်မည့် လူ ထုအုံကြွမှုရော ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများပါ ဖြစ်လာစရာ အကြောင်းမရှိချေ။ လူအများစုကို သည်အရာတွေက တိုင်းပြည် မတည်ငြိမ်မှု ဖြစ်စေသည်ဟု ကွန် မြူနစ်ပါတီ ၀ါဒဖြန့်မှုက နားသွင်း ထား၏။ တစ်ပါတီစနစ်ကသာ သူတို့အတွက် အကောင်းဆုံး စနစ်ဖြစ်နေဆဲပင်။

တစ်ချိန်တည်းမှာပင် တရုတ်အစိုးရ၏ လုံခြံုရေး ကိုင် တွယ်မှုကလည်း မည်သည့်အုံကြွ မှုမျိုးမဆို ပြင်းပြင်းထန်ထန် နှိပ်ကွပ်မည်ဆိုသည်ကို သံသယရှိစရာမလို။ ပြီးခဲ့သည့်နှစ်က ဟောင်ကောင် ဒီမိုကရေစီဆန္ဒပြ မှုများအတွင်းကလည်း သည်လိုပဲ နှိမ်နင်းခဲ့သည်။

သို့သော် သည်တစ်ပတ်ပြန် ကျော့လာသည့် မေးခွန်းကမြန်မာ ရွေးကောက်ပွဲကို လေ့လာပြီး ပြန် လာခါစ တရုတ် Xiamen တက္က သိုလ် အရှေ့တောင် အာရှလေ့လာရေးဌာနပါမောက္ခ ဖန်ဟုန်ဝေ ကို အံ့အားသင့်စေခဲ့ပါသည်။

‘‘တရုတ်လူမျိုးတွေက မြန်မာရွေးကောက်ပွဲကို စိတ်ဝင် စားပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီစနစ်က တချို့နိုင်ငံ တွေနဲ့ မသင့်တော်ဘူးဆိုတဲ့ အစဉ်အလာယုံကြည်မှုကို အားနည်း လာစေတယ်။ မြန်မာက တရုတ် ထက် ဆင်းရဲတာတောင်၊ ပညာ ရေးအဆင့်နိမ့်ပါးတာတောင် ဒီမို ကရေစီစနစ်ကို အေးအေးချမ်း ချမ်း ကူးပြောင်းနိုင်တယ်။ ငါတို့ တရုတ်နိုင်ငံလည်း ဘာလို့ မလုပ် နိုင်ရမလဲလို့ တရုတ်တွေက တွေး လာကြတယ်။ သူတို့က မြန်မာ တွေကို အားကျနေကြတယ်’’ဟု သူကပြောပါသည်။

မြန်မာရွေးကောက်ပွဲကို လေ့လာရန် တရုတ်အစိုးရက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေ လွှတ်ခဲ့ပြီး ချောချောမွေ့မွေ့ ပြီး ဆုံးသွားသည့်အတွက် ကြိုဆိုခဲ့ ကြပါသည်။

‘‘ရွေးကောက်ပွဲအပြီးမှာ နိုင်ငံတည်ငြိမ်ရေးနဲ့ ရေရှည်တိုး တက်ရေးအတွက် မြန်မာနိုင်ငံက ဥပဒေနဲ့အညီ နိုင်ငံရေးအစီအစဉ် တွေကို ဆက်လုပ်တာကို အိမ်နီးချင်းကောင်း တစ်ဦးအနေနဲ့ တရုတ်ဘက်ကလည်း အားပေးပါ တယ်’’ ဟု တနင်္လာနေ့က ပြုလုပ် သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူ မစ္စတာဟောင် လီက ပြောကြားခဲ့သည်။

စစ်အစိုးရ အုပ်ချုပ်စဉ်ကာ လအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် တရုတ်နိုင်ငံက အများဆုံး မြှုပ်နှံခဲ့၏။ သို့သော် စစ်အစိုးရကို ကျောထောက် နောက်ခံပေးပြီး ဒေသခံများ၏ စိုးရိမ်မှုများကို အလေးမထားဘဲ မြန်မာ၏သဘာဝသယံ ဇာတများကို အတိုင်းအဆမရှိ ထုတ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာလူမျိုးများက တရုတ်ကို သဘောမတွေ့ဖြစ်လာခဲ့သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေ လုပ်ငန်းစဉ်များ လုပ်ကိုင်ခဲ့သော သမ္မတဦးသိန်းစိန်လက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားလာခဲ့သည်။ ထို့အပြင်၎င်းက တရုတ်အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး မြန်မာနိုင်ငံသားများအကြား အမျိုးသားရေးဝါဒများ နိုးကြွားလာအောင် ပြုလုပ်ခဲ့သည်။

မြန်မာအပေါ် အနောက် နိုင်ငံများက အရေးယူပိတ်ဆို့မှု​များ ရုပ်သိမ်းလာသည့်အချိန်တွင် ဧရာဝတီမြစ်ပေါ်ရှိ တရုတ်တို့၏ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းခံရ သည်။ မြန်မာက ရင်းနှီးမြှုပ်နှံမှု များအတွက် အမေရိကန်၊ ဥရောပ၊ဂျပန်နှင့် အိန္ဒိယတို့ကို ပိုအာရုံစိုက်လာသည်။

တရုတ်အစိုးရအပေါ် မြန်မာ တို့၏ မယုံကြည်မှုက နေ့ချင်း ည ချင်းပျောက်သွားမည် မဟုတ်သ ကဲ့သို့ နှစ်နိုင်ငံ အစိုးရကြား ယုံ ကြည်မှုပြန်တည်ဆောက်ရန် လိုနေပြီဟု ပါမောက္ခဖန်က ဆိုပါသည်။

‘‘အနာဂတ်မှာ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက မသေ မချာဖြစ်နေကြတယ်။ ဘာလို့ဆိုတော့ သူတို့က အင်န်အယ်လ်ဒီနဲ့ အပြန်အလှန်ဆက်ဆံရေးကို မတည်ဆောက်ရသေးဘူး။ အင်န်အယ်လ်ဒီက ကွဲပြားတဲ့အယူအ ဆ လိုလားချက်ရှိပြီးတော့ အနောက်တိုင်းက အယူအဆတွေကို လက်ခံတယ်။ တရုတ်အစိုးရက သည်ရွေးကောက်ပွဲက မြန်မာပြည်က တရုတ်တွေရဲ့ အကျိုးစီးပွားတွေ ကို ထိခိုက်မှာ စိုးတယ်’’

တရုတ်အစိုးရ၏ ဂလို ဘယ်လ်တိုင်းမ်သတင်းစာကမူ မြန်မာနိုင်ငံတွင် အာဏာအလွှဲအ ပြောင်းက တရုတ်နှင့် ဆက်ဆံ ရေးကို ထိခိုက်မည်မဟုတ်ဟု ဆိုပါသည်။ သို့သော် မြန်မာကို အမေရိကန်ပြည်ထောင်စုနှင့် နီး နီးကပ်ကပ် ဆက်ဆံခြင်းမပြုရန် တစ်ပြိုင်တည်းမှာပင် သတိပေးထားပါသည်။

‘‘မြန်မာက တရုတ်ရဲ့ ဆွေ မျိုးပေါက်ဖော်မူဝါဒကနေ ရရှိနေ တဲ့ မဟာဗျူဟာအနေအထားနဲ့ အရင်းအမြစ်တွေကို ပျက်စီးသွား အောင် အမေရိကန်ဆီကို မိုက် မိုက်မဲမဲ ဦးတည်သွားမယ်လို့ ဘယ်အကဲခတ်သူကမှ မထင်ပါ ဘူး’’ဟု အဆိုပါ သတင်းစာ၏ အယ်ဒီတာ့အာဘော်၌ ရေးသား ထားပါသည်။

သို့ရာတွင် တရုတ်အစိုးရ၏ ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပချိန်အ ထိ စောင့်မနေနိုင်တော့ပေ။

ပြီးခဲ့သည့် ဇွန်လက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ဘေဂျင်းသို့ ဖိတ် ခေါ်ခဲ့ပြီး ကော်ဇောနီခင်းကြိုဆို ခဲ့၏။ အပြန်အလှန်အားဖြင့် သူ ကလည်း တရုတ်ခေါင်းဆောင် များနှင့် ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားလိုပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ် တွဲဖက်ပါမောက္ခက ရှောင်တန်နယ်လ်က မြန်မာရွေးကောက်ပွဲရလဒ်ကို တရုတ်အစိုးရက ကြိုဆိုသည်ဆိုတာကို အနည်းငယ် အံံ့အားသင့်သည်ဟု ဆိုပါသည်။ သည်အချက်မှာ တစိတ်တစ်ပိုင်းအားဖြင့် သမ္မတသိန်းစိန်အစိုးရ လက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေးကျဆင်းခဲ့တာကြောင့် ဖြစ်နိုင်ပါသည်။

‘‘နောက်ဆုံးအချိန်ကျမှ တရုတ်က သူတို့ရဲ့ အမှားတွေကို သိလာပြီး သူတို့ပုံရိပ်ကောင်းလာ ဖို့ ကြိုးစားလာတယ်။ မြန်မာနိုင်ငံ က အတိုက်အခံနဲ့ ဆက်ဆံရေး စတင်လာတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည် ဘေဂျင်းကို လာ ရောက်စဉ်က တရုတ်အစိုးရက နိုင်ငံတော်အကြီးအကဲကဲ့သို့ ကြို ဆိုခဲ့ပုံကို ကိုးကားပြီး ရှောင်တန် နယ်လ်က ပြောကြားခဲ့သည်။

‘‘အတိုချုပ်ပြောရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န် အယ်လ်ဒီဟာ အနောက်နိုင်ငံတွေ နဲ့ ဆက်ဆံရေး အရမ်းကောင်းပေ မယ့် တရုတ်နဲ့လည်း ဆက်ဆံရေး တိုးတက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်’’ ဟု ရှောင်တန်နယ်လ်က မြန်မာနိုင်ငံမှ အီးမေးလ်ဖြင့် ရေးသားပြောကြား ခဲ့သည်။

(၀ါရှင်တန်ပို့စ် သတင်းစာပါ ဆောင်းပါးရှင် Simon Denyer ၏ Burma's Election leaves Former Patron China with Uncomfortable Questions ဆောင်းပါးကို ထားထားမြင့် ဘာ သာပြန်ဆိုသည်။)

7day daily

No comments:

Post a Comment