Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 21, 2015

ျဖည့္စြက္ဘတ္ဂ်က္ က်ပ္ဘီလီယံႏွစ္ေထာင္ေက်ာ္ ထပ္မံေတာင္းခံထား

Byၿငိမ္းၿငိမ္းျပည့္On  Sat, 2015-11-21 06:30Locationရန္ကုန္Issue No.No.924 Saturday, November 21, 2015

ျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံမႈတြင္ ကာကြယ္ေရးဝန္ႀကီးဌာနက အမ်ားဆံုးျဖစ္သည္။ (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))
 လက္ရွိအစိုးရက ျဖည့္ စြက္ဘတ္ဂ်က္ က်ပ္ဘီလီယံႏွစ္ ေထာင္ေက်ာ္ ထပ္မံေပးရန္ ျပည္ ေထာင္စုလႊတ္ေတာ္သို႔ တင္ျပ ေတာင္းခံထားသည္။


၂၀၁၅-၁၆ ဘ႑ာႏွစ္အ တြက္ ျပည္ေထာင္စု၏ ျဖည့္စြက္ ခြင့္ျပဳေငြ က်ပ္ ၂,၄၆၄ ဒသမ ၃၃၀ ဘီလီယံေတာင္းခံမႈကို ျပည္ ေထာင္စုအစိုးရအဖြဲ႕ ကိုယ္စား ဘ႑ာေရးဝန္ႀကီးက ႏိုဝင္ဘာ ၁၆ ရက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး၌ တင္သြင္းခဲ့ သည္။

ယခု က်င္းပလ်က္ရွိေသာ ျပည္ေထာင္စု လႊတ္ေတာ္သည္ ဦးသိန္းစိန္ အစိုးရလက္ထက္ ေနာက္ဆံုးအႀကိမ္ က်င္းပျခင္း ျဖစ္ၿပီး လႊတ္ေတာ္က အတည္ျပဳ ေပးလိုက္ပါက ဘတ္ဂ်က္လိုေငြ ျမင့္သထက္ျမင့္သြားမည့္အေပၚ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ပညာ ရွင္မ်ားက စိုးရိမ္ေနသည္။

ျမန္မာ့စီးပြားေရး ေစာင့္ ၾကည့္အဖြဲ႕ တည္ေထာင္သူ ျမန္မာ့စီးပြားေရးရာ ကြၽမ္းက်င္ပညာရွင္၊ ဩစေၾတးလ် Macquarie တကၠ သိုလ္ စီးပြားေရးဘာသာရပ္ တြဲ ဖက္ပါေမာကၡ ေရွာင္တာနဲလ္က လက္ရွိအစိုးရခ်န္ထားခဲ့မည့္ ေငြ ေၾကးဆုိင္ရာ၊ ဘ႑ာေရးဆုိင္ရာ အခက္အခဲမ်ားစြာ ျမန္မာႏုိင္ငံ၌ ရွိေနသည္ဟု ဆုိသည္။

 ‘‘(အခက္အခဲေတြထဲမွာ) ႀကီးမားတဲ့ ဘတ္ဂ်က္လိုေငြ၊ ႀကီး မားတဲ့ ကုန္သြယ္ေရးလိုေငြ၊ ျမင့္ မားတဲ့ေငြေၾကးေဖာင္းပြမႈ.. ႏွစ္ကုန္မွာ ၁၃ ရာခိုင္ႏႈန္းအထိေရာက္မယ္။ ဒါဟာ ေဒသတြင္း ပ်မ္းမွ်ႏႈန္းထက္ သံုးဆပိုေဖာင္းပြတာ၊ အ ထိန္းအကြပ္မရွိိ လာဘ္ေပးလာဘ္ယူျခစားမႈေတြ၊ ပံုမွန္လည္ပတ္မႈ မရွိတဲ့ မူဝါဒခ်မွတ္ရာ အင္စတီက်ဴးရွင္းေတြ၊ အရည္အေသြးနိမ့္ ၿပီး ရွိလည္းမရွိတဲ့၊ လိုအပ္ေနတဲ့ အေျခခံအေဆာက္အအံု၊ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈေတြ၊ ပိုင္ဆုိင္မႈအခြင့္အေရးေတြ မလံုၿခံဳတာ၊ ယံုၾကည္စရာမရွိတဲ့ ေငြ ေၾကးနဲ႔ တျခားဘ႑ာေရးဆုိင္ရာ အစိတ္အပိုင္းေတြ၊ က်ယ္က်ယ္ျပန္႔ျပန္႔ပ်ံ႕ႏွံ႔ေနတဲ့ အလုပ္သမား ေခါင္းပံုျဖတ္မႈ.. စာေတြ ပါဝင္တယ္’’ဟု ပါေမာကၡ ေရွာင္တာ နဲလ္က ေျပာသည္။

ဘတ္ဂ်က္လိုေငြမ်ား အပါ အဝင္ စီးပြားေရးအ႐ႈပ္အေထြး မ်ား ရွင္းလင္းရန္ တာဝန္သည္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီက ဖြဲ႕စည္းလာမည့္ အစိုးရသစ္အေနျဖင့္ ရင္ဆုိင္ရ မည့္ ခက္ခဲေသာလုပ္ငန္းႀကီးျဖစ္ လာမည္ဟု ၎က ေထာက္ျပ သည္။

ယခု ျဖည့္စြက္ဘတ္ဂ်က္ ေတာင္းခံမႈအေပၚ အမ်ိဳးသားစီမံ ကိန္းႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတုိးတက္ မႈဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာ ကံေဇာ္က အမ်ိဳးသားစီမံကိန္း ႐ႈေထာင့္မွ ဆန္းစစ္ခ်က္မ်ားတင္ျပၿပီး ေထာက္ခံထားသည္။ ေနာက္ ထပ္ ဘ႑ာေငြခြဲေဝသံုးစြဲေရး ဥပေဒၾကမ္း၊ ဘတ္ဂ်က္ေတာင္းခံ မႈတုိ႔ႏွင့္ ပတ္သက္၍ ယခုလႊတ္ ေတာ္သက္တမ္းမကုန္မီ ေဆြးေႏြး ၾကေတာ့မည္ျဖစ္ၿပီး ဒီဇင္ဘာလ ဆန္းတြင္ လႊတ္ေတာ္အတြင္း မဲေပးဆံုးျဖတ္ၾကမည္ျဖစ္သည္။ လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ တြင္ ကိုယ္စားလွယ္အမ်ားစုမွာ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွျဖစ္ၿပီး တပ္မေတာ္ သားကိုယ္စားလွယ္သည္ ဒုတိယ အမ်ားဆံုးျဖစ္သည္။

အတိုက္အခံ အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီမွ ကိုယ္စားလွယ္သည္ ၄၂ ဦးရွိေနသည္။

ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပေတာင္းခံမႈမျပဳမီ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁၂ ရက္က ဘ႑ာ ေရးေကာ္မရွင္ အစည္းအေဝးကို သမၼတအိမ္ေတာ္တြင္ က်င္းပခဲ့ၿပီး ေကာ္မရွင္ဥကၠ႒ျဖစ္သည့္ သမၼတ ဦးသိန္းစိန္ပါ တက္ေရာက္ခဲ့ သည္။

၂၀၁၅-၁၆ ဘ႑ာႏွစ္တြင္ဌာနအဖြဲ႕အစည္းမ်ား၏ ျဖည့္ စြက္ခြင့္ျပဳ ေငြေတာင္းခံမႈတြင္ အဓိကအားျဖင့္ ႏုိင္ငံျခားေငြလဲ ႏႈန္းကြာျခားမႈေၾကာင့္ ေတာင္းခံရ သည့္ ျဖည့္စြက္ခြင့္ျပဳေငြပမာဏ မ်ားျပားသည္ကို ေတြ႕ရေၾကာင္း၊ ယခုႏွစ္တြင္ ကမၻာလံုးဆုိင္ရာ အေမရိကန္ေဒၚလာ ေဈးႏႈန္းအေျခအေနအရ ႏုိင္ငံျခားေငြလဲ လွယ္ႏႈန္း ကြာျခားမႈမ်ားျပားျခင္း၊ သဘာဝေဘးအႏၲရာယ္မ်ား ႀကံဳေတြ႕ခဲ့ရျခင္းႏွင့္ ေလာင္စာဆီေဈးႏႈန္းမ်ား က်ဆင္းေနျခင္း စသည့္ အေျခအေနမ်ားေၾကာင့္ ႏုိင္ငံ၏ မက္ခ႐ိုစီးပြားေရး အေဆာက္အအံုေပၚ၌ ႐ိုက္ခတ္မႈမ်ားရွိေန ေၾကာင္း သမၼတဦးသိန္းစိန္က ေကာ္မရွင္အစည္းအေဝး နိဂံုးခ်ဳပ္၌ ေျပာၾကားခဲ့သည္။

ထုိ႔ေၾကာင့္ ျဖည့္စြက္ခြင့္ျပဳ ေငြေတာင္းခံမႈမ်ားကို မျဖစ္မေနေပးေခ်ရမည့္ အသံုးစရိတ္မ်ားကိုသာ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္ဟု ဆုိသည္။

ႏိုဝင္ဘာ ၁၆ ရက္တြင္ ျပည္ ေထာင္စုလႊတ္ေတာ္ ကိုယ္စား လွယ္မ်ားထံ ေပးထားေသာ စာ ရြက္စာတမ္းမ်ားအရ ျဖည့္စြက္ ေငြေတာင္းခံရာ၌ ဝန္ႀကီးဌာန ၂၆ ခုအနက္ ကာကြယ္ေရးဝန္ႀကီး ဌာနက ျဖည့္စြက္လိုေငြ က်ပ္ဘီ လီယံ ၄၀၀ ေက်ာ္ျဖင့္ အမ်ားဆံုး ျဖစ္သည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာ နက က်ပ္ ၃၉၁ ဘီလီယံ၊ ဘ႑ာေရးဝန္ႀကီးဌာနက က်ပ္ ၁၄၀ ဘီလီယံျဖင့္ ဒုတိယ၊ တတိယ အ မ်ားဆံုး ေတာင္းခံထားသည္။

 ၂၀၁၅-၁၆ ဘ႑ာႏွစ္ အစိုးရအသံုးစရိတ္လုိေငြမွာ က်ပ္ ၃,၆၀၀ ဘီလီယံေက်ာ္ရွိၿပီး ၂၀၁၁သမၼတဦးသိန္းစိန္အစိုးရ အာဏာလႊဲေျပာင္းယူခ်ိန္မွစ၍တြက္လွ်င္ ႏွစ္စဥ္လိုေငြျပမႈ စုစုေပါင္းပမာဏ  က်ပ္ဘီလီယံ တစ္ေသာင္းေက်ာ္ ရွိလာၿပီျဖစ္ေၾကာင္း တရားဝင္ စာရင္းမ်ား၌ ေတြ႕ရသည္။ ကမၻာ့ဘဏ္၏စာရင္းအရ ျမန္မာႏုိင္ငံ ၏ ျပည္ပေႂကြးၿမီမွာ ကန္ေဒၚလာ ခုနစ္ဘီလီယံေက်ာ္ရွိသည္။
7Day Daily
...........................
ဖြည့်စွက်ဘတ်ဂျက် ကျပ်ဘီလီယံနှစ်ထောင်ကျော် ထပ်မံတောင်းခံထား

Byငြိမ်းငြိမ်းပြည့်On  Sat, 2015-11-21 06:30Locationရန်ကုန်Issue No.No.924 Saturday, November 21, 2015

ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုတွင် ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံးဖြစ်သည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 လက်ရှိအစိုးရက ဖြည့် စွက်ဘတ်ဂျက် ကျပ်ဘီလီယံနှစ် ထောင်ကျော် ထပ်မံပေးရန် ပြည် ထောင်စုလွှတ်တော်သို့ တင်ပြ တောင်းခံထားသည်။


၂၀၁၅-၁၆ ဘဏ္ဍာနှစ်အ တွက် ပြည်ထောင်စု၏ ဖြည့်စွက် ခွင့်ပြုငွေ ကျပ် ၂,၄၆၄ ဒသမ ၃၃၀ ဘီလီယံတောင်းခံမှုကို ပြည် ထောင်စုအစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးက နိုဝင်ဘာ ၁၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ သည်။

ယခု ကျင်းပလျက်ရှိသော ပြည်ထောင်စု လွှတ်တော်သည် ဦးသိန်းစိန် အစိုးရလက်ထက် နောက်ဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပြီး လွှတ်တော်က အတည်ပြု ပေးလိုက်ပါက ဘတ်ဂျက်လိုငွေ မြင့်သထက်မြင့်သွားမည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာ ရှင်များက စိုးရိမ်နေသည်။

မြန်မာ့စီးပွားရေး စောင့် ကြည့်အဖွဲ့ တည်ထောင်သူ မြန်မာ့စီးပွားရေးရာ ကျွမ်းကျင်ပညာရှင်၊ ဩစတြေးလျ Macquarie တက္က သိုလ် စီးပွားရေးဘာသာရပ် တွဲ ဖက်ပါမောက္ခ ရှောင်တာနဲလ်က လက်ရှိအစိုးရချန်ထားခဲ့မည့် ငွေ ကြေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများစွာ မြန်မာနိုင်ငံ၌ ရှိနေသည်ဟု ဆိုသည်။

 ‘‘(အခက်အခဲတွေထဲမှာ) ကြီးမားတဲ့ ဘတ်ဂျက်လိုငွေ၊ ကြီး မားတဲ့ ကုန်သွယ်ရေးလိုငွေ၊ မြင့် မားတဲ့ငွေကြေးဖောင်းပွမှု.. နှစ်ကုန်မှာ ၁၃ ရာခိုင်နှုန်းအထိရောက်မယ်။ ဒါဟာ ဒေသတွင်း ပျမ်းမျှနှုန်းထက် သုံးဆပိုဖောင်းပွတာ၊ အ ထိန်းအကွပ်မရှိိ လာဘ်ပေးလာဘ်ယူခြစားမှုတွေ၊ ပုံမှန်လည်ပတ်မှု မရှိတဲ့ မူဝါဒချမှတ်ရာ အင်စတီကျူးရှင်းတွေ၊ အရည်အသွေးနိမ့် ပြီး ရှိလည်းမရှိတဲ့၊ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ ပိုင်ဆိုင်မှုအခွင့်အရေးတွေ မလုံခြုံတာ၊ ယုံကြည်စရာမရှိတဲ့ ငွေ ကြေးနဲ့ တခြားဘဏ္ဍာရေးဆိုင်ရာ အစိတ်အပိုင်းတွေ၊ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတဲ့ အလုပ်သမား ခေါင်းပုံဖြတ်မှု.. စာတွေ ပါဝင်တယ်’’ဟု ပါမောက္ခ ရှောင်တာ နဲလ်က ပြောသည်။

ဘတ်ဂျက်လိုငွေများ အပါ အဝင် စီးပွားရေးအရှုပ်အထွေး များ ရှင်းလင်းရန် တာဝန်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ဖွဲ့စည်းလာမည့် အစိုးရသစ်အနေဖြင့် ရင်ဆိုင်ရ မည့် ခက်ခဲသောလုပ်ငန်းကြီးဖြစ် လာမည်ဟု ၎င်းက ထောက်ပြ သည်။

ယခု ဖြည့်စွက်ဘတ်ဂျက် တောင်းခံမှုအပေါ် အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကံဇော်က အမျိုးသားစီမံကိန်း ရှုထောင့်မှ ဆန်းစစ်ချက်များတင်ပြပြီး ထောက်ခံထားသည်။ နောက် ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၊ ဘတ်ဂျက်တောင်းခံ မှုတို့နှင့် ပတ်သက်၍ ယခုလွှတ် တော်သက်တမ်းမကုန်မီ ဆွေးနွေး ကြတော့မည်ဖြစ်ပြီး ဒီဇင်ဘာလ ဆန်းတွင် လွှတ်တော်အတွင်း မဲပေးဆုံးဖြတ်ကြမည်ဖြစ်သည်။ လက်ရှိ ပြည်ထောင်စုလွှတ်တော် တွင် ကိုယ်စားလှယ်အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဖြစ်ပြီး တပ်မတော် သားကိုယ်စားလှယ်သည် ဒုတိယ အများဆုံးဖြစ်သည်။

အတိုက်အခံ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ကိုယ်စားလှယ်သည် ၄၂ ဦးရှိနေသည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံမှုမပြုမီ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က ဘဏ္ဍာ ရေးကော်မရှင် အစည်းအဝေးကို သမ္မတအိမ်တော်တွင် ကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌဖြစ်သည့် သမ္မတ ဦးသိန်းစိန်ပါ တက်ရောက်ခဲ့ သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်ဌာနအဖွဲ့အစည်းများ၏ ဖြည့် စွက်ခွင့်ပြု ငွေတောင်းခံမှုတွင် အဓိကအားဖြင့် နိုင်ငံခြားငွေလဲ နှုန်းကွာခြားမှုကြောင့် တောင်းခံရ သည့် ဖြည့်စွက်ခွင့်ပြုငွေပမာဏ များပြားသည်ကို တွေ့ရကြောင်း၊ ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အမေရိကန်ဒေါ်လာ ဈေးနှုန်းအခြေအနေအရ နိုင်ငံခြားငွေလဲ လှယ်နှုန်း ကွာခြားမှုများပြားခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြံုတွေ့ခဲ့ရခြင်းနှင့် လောင်စာဆီဈေးနှုန်းများ ကျဆင်းနေခြင်း စသည့် အခြေအနေများကြောင့် နိုင်ငံ၏ မက်ခရိုစီးပွားရေး အဆောက်အအုံပေါ်၌ ရိုက်ခတ်မှုများရှိနေ ကြောင်း သမ္မတဦးသိန်းစိန်က ကော်မရှင်အစည်းအဝေး နိဂုံးချုပ်၌ ပြောကြားခဲ့သည်။

ထို့ကြောင့် ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံမှုများကို မဖြစ်မနေပေးချေရမည့် အသုံးစရိတ်များကိုသာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၆ ရက်တွင် ပြည် ထောင်စုလွှတ်တော် ကိုယ်စား လှယ်များထံ ပေးထားသော စာ ရွက်စာတမ်းများအရ ဖြည့်စွက် ငွေတောင်းခံရာ၌ ဝန်ကြီးဌာန ၂၆ ခုအနက် ကာကွယ်ရေးဝန်ကြီး ဌာနက ဖြည့်စွက်လိုငွေ ကျပ်ဘီ လီယံ ၄၀၀ ကျော်ဖြင့် အများဆုံး ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာ နက ကျပ် ၃၉၁ ဘီလီယံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ် ၁၄၀ ဘီလီယံဖြင့် ဒုတိယ၊ တတိယ အ များဆုံး တောင်းခံထားသည်။

 ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစိုးရအသုံးစရိတ်လိုငွေမှာ ကျပ် ၃,၆၀၀ ဘီလီယံကျော်ရှိပြီး ၂၀၁၁သမ္မတဦးသိန်းစိန်အစိုးရ အာဏာလွှဲပြောင်းယူချိန်မှစ၍တွက်လျှင် နှစ်စဉ်လိုငွေပြမှု စုစုပေါင်းပမာဏ  ကျပ်ဘီလီယံ တစ်သောင်းကျော် ရှိလာပြီဖြစ်ကြောင်း တရားဝင် စာရင်းများ၌ တွေ့ရသည်။ ကမ္ဘာ့ဘဏ်၏စာရင်းအရ မြန်မာနိုင်ငံ ၏ ပြည်ပကြွေးမြီမှာ ကန်ဒေါ်လာ ခုနစ်ဘီလီယံကျော်ရှိသည်။
7Day Daily

No comments:

Post a Comment