CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, November 9, 2015
Ref: The Economic Times
................
ဒေါ်အောင်ဆန်းစုကြည် မဲအနိုင်ရရှိမှုအား အနောက်ဘင်ဂေါ ဝန်ကြီးချုပ် ဂုဏ်ပြု
မဇ္ဈိမ ရွေးကောက်ပွဲ အထူးကဏ္ဍ အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ
အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီအိုင်ကွန်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် အနိုင်ရလဒ်များ ထွက်ပေါ်ခြင်းအပေါ် အနောက်ဘန်ဂေါ ဝန်ကြီးချုပ် မာမာတာဘန်နာဂျီက နိုဝင်ဘာ ၉ ရက်တွင် ဂုဏ်ပြုစကားပါးလိုက်သည်။
"ရွေးကောက်ပွဲမှာ အောင်မြင်ခြင်းရောင်ခြည်မြင်နေရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ရင်ထဲကကို ဂုဏ်ယူမိပါတယ်။ ဒီမိုကရေစီအတွက် အောင်ပွဲတစ်ရပ်ပါပဲ။"ဟု ဘန်နာဂျီက တွစ်တာတွင် ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံ၏ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲပေးနိုင်သူ ၃၃ ဒသမ ၅ သန်းဝန်းကျင့်ဖြင့် ကျင်းပပြီးစီးခဲ့သည်။
၂၀၁၅အထွေထွေ ရွေးကောက်ပွဲသည် စစ်အစိုးရက အရပ်သားအစိုးရအဖြစ် ၂၀၁၁ ခုနှစ်တွင် စတင်လွှဲပြောင်းပေးပြီးနောက် ဒုတိယမြောက် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။
ယခုရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် လွတ်လပ်ရေးသမိုင်းတွင် အရေးကြီးဆုံးရွေးကောက်ပွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။
Ref: The Economic Times
- See more at: http://mizzimaburmese.com/article/7218#sthash.usPKnNsy.dpuf
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 09, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment