Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

ၿဗိတိန္ႏိုင္ငံ ရဲ႕ အႀကီးမားဆံုး ခရစၥမတ္ သစ္ပင္



ၿဗိတိန္ႏိုင္ငံ ရဲ႕ အႀကီးမားဆံုး သစ္ပင္ႀကီးမွာ မီးသီးေပါင္း ၁၈၀၀ ေက်ာ္ကို ခ်ိတ္ဆြဲၿပီး ကမာၻ႕အႀကီးဆံုး ခရစ္စမတ္ သစ္ပင္တစ္ခု ျဖစ္လာေစခဲ့ပါတယ္။ ထိုသစ္ပင္ဟာ ၿဗိတိန္ ႏိုင္ငံ ၊ Crawley ၿမိဳ႕ရဲ႕ Gatwick ေလဆိပ္ နားမွာ ရွိၿပီး ေလယာဥ္ေတြ ဆင္းသက္တဲ့အခါမွာ ေလယာဥ္ေျပးလမ္း အခ်က္ျပမီး အျဖစ္ ေရရွည္မွာ အသံုးျပဳသြားမယ္လို႔လည္း သိရပါတယ္။

ထို သစ္ပင္ရဲ႕ အျမင့္ဟာ ေပ ၁၁၀ ခန္႔ျမင့္မားၿပီး West Sussex ခရိုင္ ၊ Ardingly ေက်းရြာအနီးက သစ္ေတာအတြင္း တည္ရွိၿပီး ၿဗိတိန္ႏိုင္ငံ ရဲ႕ သက္ရွိထင္ရွား အႀကီးမားဆံုး သစ္ပင္ျဖစ္လာခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂၃ ႏွစ္တုန္းကေတာ့ ထိုသစ္ပင္ဟာ Wakehurst ရဲ႕ Elizabethan ၿခံ၀န္း အျပင္မွာ အလွဆင္လ်က္ရွိေနခဲ့တာပါ။ ထို သစ္ပင္ကို ၁၈၉၀ ခုႏွစ္မွာ စတင္စိုက္ပ်ိဳးခဲ့ၿပီး ဧက ၅၀၀ က်ယ္၀န္းတဲ့ ေဒသတစ္ခုလံုးမွာ အထူးျခားဆံုး ၊ အဆန္းၾကယ္ဆံုး သစ္ပင္တစ္ပင္လည္း ျဖစ္ခဲ့ပါတယ္။ သစ္ေတာ ကၽြမ္းက်င္ ပညာရွင္ အဖြဲ႕ဟာ ထို သစ္ပင္မွာ LED မီးသီး ေတြကို ခ်ိတ္ဆြဲဖို႔နဲ႔ Wakehurst ဆိုတဲ့ ေဘးမဲ့ေတာ ထဲမွာရွိတဲ့ သစ္ပင္ ကို ျပန္လည္တိုင္းတာဖို႔အတြက္ အခ်ိန္မ်ားစြာ ယူခဲ့ရတယ္လို႔ လည္း သိရပါတယ္။

Wakehurst ရဲ႕ ဒါရိုက္တာ တစ္ေယာက္ျဖစ္တဲ့ Tony Sweeney က ေတာ့"ဒီသစ္ပင္ဟာ ခန္႔မွန္းေျခအားျဖင့္ ႏွစ္ေပါင္း ၁၂၀ ေလာက္ သက္တမ္းရွိေနပါၿပီ။ကၽြႏိုပ္တို႔ဟာ တစ္ေပ ေလာက္ထပ္ျမင့္လာဦးမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒီသစ္ပင္ဟာ ထူးျခားတဲ့ မ်ိဳးစိတ္ေတြရွိေနတဲ့အတြက္ လာမယ့္ႏွစ္ေတြအတြင္းမွာ အံ့ၾသဖြယ္ရာ ရွင္သန္လာဦးမွာပါ" လို႔ ဆိုပါတယ္။

ဒီသစ္ပင္ဟာ Wakehurst သစ္ေတာအတြင္း ရာသီဥတု ဒဏ္ေတြအားလံုးကို ႀကံ႕ႀကံ႕ခံၿပီး ရွင္သန္ခဲ့တာျဖစ္ပါတယ္။ ၁၉၈၇ ခုႏွဏ္က ၿဗိတိန္ရဲ႕ အထင္ကရ မုန္တိုင္းတိုက္ခတ္မႈ က စတင္ၿပီး သဘာ၀ အႏၱရာယ္ အမ်ိဳးမ်ိဳး ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ထိုသစ္ပင္မွာ ခ်ိတ္ဆြဲထားတဲ့မီးသီးေတြဟာ ဒီဇင္ဘာ ၄ ရက္ေန႔က စတင္ၿပီး ခရစၥမတ္ ကာလအထိ ေန႔လည္ ၃ နာရီခြဲက စတင္ကာ တစ္ညလံုး ထိန္လင္းေတာက္ပေနမွာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ထိုသစ္ပင္ကို ေလယာဥ္ေျပးလမ္း အခ်က္ျပ စနစ္ တစ္ခုအျဖစ္ အသံုးျပဳသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။


( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror

................................


ဗြိတိန်နိုင်ငံ ရဲ့ အကြီးမားဆုံး ခရစ္စမတ် သစ်ပင်


ဗြိတိန်နိုင်ငံ ရဲ့ အကြီးမားဆုံး သစ်ပင်ကြီးမှာ မီးသီးပေါင်း ၁၈၀၀ ကျော်ကို ချိတ်ဆွဲပြီး ကမ္ဘာ့အကြီးဆုံး ခရစ်စမတ် သစ်ပင်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။ ထိုသစ်ပင်ဟာ ဗြိတိန် နိုင်ငံ ၊ Crawley မြို့ရဲ့ Gatwick လေဆိပ် နားမှာ ရှိပြီး လေယာဉ်တွေ ဆင်းသက်တဲ့အခါမှာ လေယာဉ်ပြေးလမ်း အချက်ပြမီး အဖြစ် ရေရှည်မှာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

ထို သစ်ပင်ရဲ့ အမြင့်ဟာ ပေ ၁၁၀ ခန့်မြင့်မားပြီး West Sussex ခရိုင် ၊ Ardingly ကျေးရွာအနီးက သစ်တောအတွင်း တည်ရှိပြီး ဗြိတိန်နိုင်ငံ ရဲ့ သက်ရှိထင်ရှား အကြီးမားဆုံး သစ်ပင်ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းကတော့ ထိုသစ်ပင်ဟာ Wakehurst ရဲ့ Elizabethan ခြံဝန်း အပြင်မှာ အလှဆင်လျက်ရှိနေခဲ့တာပါ။ ထို သစ်ပင်ကို ၁၈၉၀ ခုနှစ်မှာ စတင်စိုက်ပျိုးခဲ့ပြီး ဧက ၅၀၀ ကျယ်ဝန်းတဲ့ ဒေသတစ်ခုလုံးမှာ အထူးခြားဆုံး ၊ အဆန်းကြယ်ဆုံး သစ်ပင်တစ်ပင်လည်း ဖြစ်ခဲ့ပါတယ်။ သစ်တော ကျွမ်းကျင် ပညာရှင် အဖွဲ့ဟာ ထို သစ်ပင်မှာ LED မီးသီး တွေကို ချိတ်ဆွဲဖို့နဲ့ Wakehurst ဆိုတဲ့ ဘေးမဲ့တော ထဲမှာရှိတဲ့ သစ်ပင် ကို ပြန်လည်တိုင်းတာဖို့အတွက် အချိန်များစွာ ယူခဲ့ရတယ်လို့ လည်း သိရပါတယ်။

Wakehurst ရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Tony Sweeney က တော့"ဒီသစ်ပင်ဟာ ခန့်မှန်းခြေအားဖြင့် နှစ်ပေါင်း ၁၂၀ လောက် သက်တမ်းရှိနေပါပြီ။ကျွနိုပ်တို့ဟာ တစ်ပေ လောက်ထပ်မြင့်လာဦးမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီသစ်ပင်ဟာ ထူးခြားတဲ့ မျိုးစိတ်တွေရှိနေတဲ့အတွက် လာမယ့်နှစ်တွေအတွင်းမှာ အံ့သြဖွယ်ရာ ရှင်သန်လာဦးမှာပါ" လို့ ဆိုပါတယ်။

ဒီသစ်ပင်ဟာ Wakehurst သစ်တောအတွင်း ရာသီဥတု ဒဏ်တွေအားလုံးကို ကြံ့ကြံ့ခံပြီး ရှင်သန်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၇ ခုနှဏ်က ဗြိတိန်ရဲ့ အထင်ကရ မုန်တိုင်းတိုက်ခတ်မှု က စတင်ပြီး သဘာဝ အန္တရာယ် အမျိုးမျိုး ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ထိုသစ်ပင်မှာ ချိတ်ဆွဲထားတဲ့မီးသီးတွေဟာ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး ခရစ္စမတ် ကာလအထိ နေ့လည် ၃ နာရီခွဲက စတင်ကာ တစ်ညလုံး ထိန်လင်းတောက်ပနေမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ထိုသစ်ပင်ကို လေယာဉ်ပြေးလမ်း အချက်ပြ စနစ် တစ်ခုအဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment