Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 3, 2015

မ်ဳိးေစာင့္ဥပေဒမ်ား ျပ႒ာန္းနုိင္ေရးအတြက္ အာဏာရပါတီ အစုိးရႏွင့္ မဘသအဖြဲ႕တုိ႔၏ တံခါးပိတ္ ေဆြးေႏြးပြဲမ်ား ျပဳလုပ္ခဲ့ဟု ဦးပါေမာကၡ ေျပာ


မ်ဳိးေစာင့္ဥပေဒမ်ား အတည္ျပဳျပ႒ာန္းႏုိင္ရန္ အစိုးရက တြန္းအားေပး ေဆာင္ရြက္ခဲ့သျဖင့္ မဘသ က လာမည့္ ေရြးေကာက္ပြဲတြင္ အာဏာရပါတီ အႏုိင္ရရန္ ကူညီေနျခင္းျဖစ္သည္ဟု မဘသ ပူးတြဲ တည္ေထာင္သူ တစ္ဦးျဖစ္ေသာ ဦးပါေမာကၡက ႐ုိက္တာသုိ႔ ေျပာၾကား လုိက္သည္။
မဘသအဖြဲ႕သည္ ေရြးေကာက္ပြဲမတုိင္မီ ေဟာေျပာလႈပ္ရွားမႈမ်ား အမ်ားအျပား ျပဳလုပ္ေနၿပီး ေနာင္တက္မည့္ အစုိးရ၏ ပံုစံအေပၚ သက္ေရာက္မႈ ရွိႏုိင္သည္ဟု ခံယူထားသည္။
မဘသအဖြဲ႕ ၂၀၁၃ တြင္ တည္ေထာင္စဥ္က ပါ၀င္ခဲ့သူ ဘုန္းေတာ္ႀကီး ဦးပါေမာကၡ၏ ေျပာၾကားခ်က္မွာ မ်ဳိးေစာင့္ဥပေဒမ်ား ျပ႒ာန္းနုိင္ေရးအတြက္ အာဏာရပါတီ အစုိးရႏွင့္ မဘသအဖြဲ႕တုိ႔၏ တံခါးပိတ္ ေဆြးေႏြးပြဲမ်ား အေၾကာင္း အေသးစိတ္ အခ်က္အလက္အခ်ဳိ႕ကုိ ပထမဆံုး အႀကိမ္ အျဖစ္ ေျပာၾကားျခင္းျဖစ္သည္။
ေရြးေကာက္ပြဲတြင္ မဲရရန္ မဘသက ကူညီႏုိင္သည္ဟု ယံုၾကည္ေသာေၾကာင့္ အာဏာရပါတီက လႊတ္ေတာ္အတြင္း အမတ္ေနရာ အမ်ားစု ရရွိထားမႈကုိ အသံုးခ်ကာ မ်ဳိးေစာင့္ဥပေဒမ်ား ျပ႒ာန္းႏုိင္ေရး တြန္းအားေပးခဲ့ျခင္း ျဖစ္သည္ဟု ဦးပါေမာကၡက ဆုိသည္။ ဘုန္းႀကီးတုိ႔က အင္အားေတာင့္တင္းတဲ့ အဖြဲ႕အစည္းဆိုတာ သူတုိ႔ သိတယ္ေလ” ဟု ဦးပါေမာကၡက ေျပာၾကားခဲ့သည္။
ႀကံ႕ခုိင္ေရးပါတီ၏ အႀကီးတန္းအရာရွိတစ္ဦးျဖစ္သူ ဦးသာ၀င္းကမူ ပါတီ သည္ မဘသအဖြဲ႕ႏွင့္ မည္သည့္ ဆက္ႏြယ္မႈမွ် မရွိဟု ျငင္းဆုိခဲ့သည္။ “ကၽြန္ေတာ္တုိ႔က ႏုိင္ငံေရးကုိပဲ ေဆာင္ရြက္တာပါ။ ပါတီစည္းမ်ဥ္းအရ ဘာသာေရး လုပ္ငန္းေတြ လုပ္ဖုိ႔ ခြင့္မျပဳပါဘူး” ဟု ဦးသာ၀င္းက ဆုိသည္။
ဦးပါေမာကၡ၏ ေျပာၾကားခ်က္ကုိ မဘသအဖြဲ႕၏ ေျပာခြင့္ရပုဂၢဳိလ္ ဦးသူရိန္စုိး ကလည္း ျငင္းဆုိခဲ့သည္။ မ်ဳိးေစာင့္ဥပေဒမ်ား ျပ႒ာန္းႏုိင္ရန္ ႀကံ႕ခုိင္ေရး ပါတီ၏ ကူညီမႈကုိ ေက်းဇူးတင္ေသာ္လည္း ေရြးေကာက္ပြဲ အတြက္ မည္သည့္ ပါတီကုိမွ် ေထာက္ခံအားေပးျခင္း မရွိဟု ဦးသူရိန္စုိးက ဆုိသည္။
ယင္းက “ကၽြန္ေတာ္တုိ႔ မ်ဳိးေစာင့္ဥပေဒ ၄ မ်ဳိးကုိ ျပ႒ာန္းႏုိင္ဖုိ႔ လုိအပ္ပါတယ္။ အဲသည္ေတာ့အစုိးရကုိ ေတာင္းဆုိဖုိ႔ လုိလာပါတယ္။ ဒါက ပံုမွန္ လုပ္႐ုိး လုပ္စဥ္ပါ။ သမၼတႀကီးနဲ႔ လႊတ္ေတာ္ကုိ ေက်းဇူး တင္ပါတယ္။ ဒါေပမဲ့ ေရြးေကာက္ပြဲအတြက္ ပါတီကုိ ေထာက္ခံအားေပးတာေတာ့ မလုပ္ပါဘူး” ဟု ေျပာၾကားခဲ့သည္။
ဗုဒၶဘာသာ၀င္ အမ်ားစု ေနထုိင္သည့္ ျမန္မာႏုိင္ငံတြင္ မဘသ၏ လႊမ္းမုိးႏုိင္ စြမ္းက ေဒၚေအာင္ဆန္းစုၾကည္၏ NLD ပါတီအား လႊတ္ေတာ္တြင္ ေနရာ အမ်ားစု အႏုိင္ရျခင္းမရွိေအာင္ တားဆီးႏုိင္ၿပီး ေရြးေကာက္ပြဲတြင္ ႀကံ႕ခုိင္ေရး ပါတီ အရွက္တကြဲ ႐ံႈးနိမ့္ျခင္း မႀကဳံရန္ ကယ္တင္ႏုိင္ မည္ဟု ျပည္ခုိင္ၿဖိဳ းပါတီက ယူဆထားခဲ့သည္ဟု ဦးပါေမာကၡက ဆုိသည္။
အစြန္းေရာက္ အမ်ဳိးသားေရး၀ါဒီ ဘုန္းေတာ္ႀကီးမ်ား ဦးေဆာင္သည့္ ၉၆၉ လႈပ္ရွားမႈမွ မဘသအဖြဲ႕ ေပၚထြက္လာျခင္းျဖစ္သည္။ ၉၆၉ လႈပ္ရွားမႈတြင္ ဘာသာျခား ထိမ္းျမားလက္ထပ္ျခင္း တားျမစ္ရန္၊ မြတ္ဆလင္ စီးပြားေရးလုပ္ငန္းမ်ားကုိ သပိတ္ေမွာက္ရန္ တုိ႔ ပါ၀င္သည္။
မဘသအဖြဲ႕သည္ မ်ဳိးေစာင့္ဥပေဒမ်ား ျပ႒ာန္းႏုိင္ေရးအတြက္ အစုိးရႏွင့္ နီးကပ္စြာ ပူးေပါင္း ေဆာင္ရြက္ခဲ့ၿပီး ၂၀၁၄ ႏွင့္ ၂၀၁၅ တြင္ ေဆြးေႏြးပြဲမ်ား အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့သည္ဟု ဦးပါေမာကၡက ေျပာၾကားသည္။ ၂၀၁၄ ေမလ တြင္ ေနျပည္ေတာ္၌ ျပဳလုပ္သည့္ အစည္းအေ၀းသုိ႔ သာသနာေရး ၀န္ႀကီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္ထဲေရး၀န္ႀကီးဌာနတုိ႔မွ အရာရွိမ်ား ၊ သမၼတအႀကံေပးမ်ား တက္ေရာက္ခဲ့သည္ဟု ဆုိသည္။
မ်ဳိးေစာင့္ဥပေဒမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးရန္ ၂၀၁၄ ေမလ ေဆြးေႏြးပြဲ သုိ႔ တက္ေရာက္ခဲ့ေၾကာင္း အျခားမဘသ ထိပ္တန္း ဘုန္းေတာ္ႀကီး ၃ ပါးက ႐ုိက္တာသုိ႔ အတည္ျပဳ ေျပာၾကားသည္။ ထုိ တံခါးပိတ္ ေဆြးေႏြးပြဲအေၾကာင္း ယခင္က လူသိရွင္ၾကား ေျပာၾကားျခင္းမရွိေပ။ ၂၀၁၅ မတ္လတြင္ ျပဳလုပ္ ခဲ့သည့္ အျခားေဆြးေႏြးပြဲတစ္ခုတြင္ အစုိးရက မ်ဳိးေစာင့္ဥပေဒမ်ား ျပ႒ာန္း အတည္ျပဳေပးမည္ဟု ညႊန္ခ်ဳပ္အဆင့္ရွိ ႀကံ႕ခုိင္ေရးပါတီ၀င္ အရာရွိႀကီး တစ္ဦး က ေျပာၾကားသည္ဟု ဦးပါေမာကၡက ဆုိသည္။
ေရြးေကာက္ပြဲတြင္ NLD က ႀကံ႕ခုိင္ေရးပါတီကုိ ျပတ္ျပတ္သားသား အႏုိင္ ရမည္ဟု ေဖာ္ျပထားေသာ ႀကံ႕ခုိင္ေရးပါတီတြင္း လွ်ဳိ႕၀ွက္ စစ္တမ္းတစ္ခု ထြက္ရွိ လာၿပီး ရက္သတၱပတ္ အနည္းငယ္အၾကာတြင္ ထုိအစည္းအေ၀း ကုိ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
သုိ႔ေသာ္ မဘသအဖြဲ႕မွ ေခါင္းေဆာင္မ်ားႏွင့္ အစုိးရအရာရွိမ်ား ၂၀၁၄ ႏွင့္ ၂၀၁၅ တြင္ ေဆြးေႏြးခဲ့ျခင္းမရွိဟု ဦးသူရိန္စုိးက ျငင္းဆုိခဲ့သည္။ မ်ဳိးေစာင့္ ဥပေဒမ်ား ျပ႒ာန္းရန္ ဘုန္းေတာ္ႀကီးမ်ား ဦးေဆာင္သည့္ ေတာင္းဆုိမႈက တြန္းအားျဖစ္ေစခဲ့သည္ဟု သမၼတ႐ံုး၀န္ႀကီးဌာနမွ ညႊန္မႈး ဦးေဇာ္ေဌးက ဆုိသည္။
မ်ဳိးေစာင့္ဥပေဒမ်ား ျပ႒ာန္းေပးရန္ ေတာင္းဆုိသည့္ လႈပ္ရွားမႈတြင္ လက္မွတ္ေပါင္း ၂ သန္းေက်ာ္ ရရွိခဲ့ၿပီး ထုိေတာင္းဆုိခ်က္ကုိ တံု႔ျပန္သည့္ အေနျဖင့္ ႏုိင္ငံေတာ္ သမၼတ႐ံုးက ဥပေဒၾကမ္း ေရးဆြဲခဲ့ျခင္း ျဖစ္သည္ဟု ဦးေဇာ္ေဌးက ဆုိသည္။
“ဒီႏုိင္ငံမွာ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးေတြနဲ႔ ႏုိင္ငံေရး ကုိ ခြဲျခားဖုိ႔ အလြန္ ခက္ခဲပါတယ္” ဟု ဦးေဇာ္ေဌးက ေျပာၾကားခဲ့သည္။
မဘသ ေခါင္းေဆာင္မ်ားသည္ ႀကံ႕ခုိင္ေရးပါတီကုိ ေထာက္ခံေၾကာင္း လူသိရွင္ၾကား ေျပာၾကားထားၿပီး ေဒၚေအာင္ဆန္းစုၾကည္ကုိ ေ၀ဖန္ တုိက္ခုိက္လ်က္ ရွိသည္။ မဘသ ေခါင္းေဆာင္ တစ္ဦးျဖစ္သူ ဦး၀ီရသူက သမၼတ ဦးသိန္းစိန္ကုိ ေထာက္ခံေၾကာင္း ေျပာၾကား ခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD ပါတီမွာ ေအာက္ေျခ လြတ္ေနၿပီး ေရြးေကာက္ပြဲ အႏုိင္ရမည္မဟုတ္ဟု တုိက္ခုိက္ေျပာၾကား ခဲ့သည္။
မဘသ တည္ေထာင္ရာတြင္ ကူညီပါ၀င္ခဲ့သူတစ္ဦးျဖစ္သည့္ ဦး၀ိမလဗုဒၶိ ကလည္း ႀကံ႕ခုိင္ေရးပါတီေခါင္းေဆာင္မ်ားမွာ စစ္ဘက္မွျဖစ္သျဖင့္ NLD မွ ႏုိင္ငံေရး သမား အရပ္သားမ်ားထက္ တုိင္းျပည္အေၾကာင္း ပုိသိသည္ ဟု ေျပၾကားခဲ့သည္။
မဘသအဖြဲ႕၏ ထုိေ၀ဖန္မႈမ်ားအေပၚ မည္သုိ႔ သေဘာထားေၾကာင့္ NLD ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦး၀င္းထိန္အား ေမးျမန္းသည့္အခါ “ဘုရားေဟာအရဆုိရင္ ဘုန္းႀကီးေတြက ႏုိင္ငံေရး မလုပ္သင့္ပါဘူး၊ ၾကားေနသင့္ပါတယ္” ဟု ေျပာၾကားခဲ့သည္။ မ်ဳိးေစာင့္ဥပေဒမ်ားကုိ NLD က မေထာက္ခံသျဖင့္ ပစ္မွတ္ထား တုိက္ခုိက္ေနျခင္းျဖစ္သည္ဟု ဦး၀င္းထိန္က ေျပာၾကားခဲ့သည္။
မဘသ၏ ၿခိမ္းေျခာက္မႈ ႀကဳံေတြ႕လာမည္ကုိ စုိးရိမ္သျဖင့္ NLD သည္ ေရြးေကာက္ပြဲအတြက္ ကုိယ္စားလွယ္ေလာင္း ေရြးခ်ယ္ရာတြင္ မြတ္ဆလင္ ကုိယ္စားလွယ္ေလာင္းမ်ားကုိ ခ်န္လွပ္ထားခဲ့ရသည္ဟု ၄င္းက ႐ုိက္တာသတင္းဌာနသုိ႔ ေျပာၾကားခဲ့သည္။
KHTun
The Ladies News Journal
.............
မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် အာဏာရပါတီ အစိုးရနှင့် မဘသအဖွဲ့တို့၏ တံခါးပိတ် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ဟု ဦးပါမောက္ခ ပြော
------ ----- --- ----------
မျိုးစောင့်ဥပဒေများ အတည်ပြုပြဋ္ဌာန်းနိုင်ရန် အစိုးရက တွန်းအားပေး ဆောင်ရွက်ခဲ့သဖြင့် မဘသ က လာမည့် ရွေးကောက်ပွဲတွင် အာဏာရပါတီ အနိုင်ရရန် ကူညီနေခြင်းဖြစ်သည်ဟု မဘသ ပူးတွဲ တည်ထောင်သူ တစ်ဦးဖြစ်သော ဦးပါမောက္ခက ရိုက်တာသို့ ပြောကြား လိုက်သည်။
မဘသအဖွဲ့သည် ရွေးကောက်ပွဲမတိုင်မီ ဟောပြောလှုပ်ရှားမှုများ အများအပြား ပြုလုပ်နေပြီး နောင်တက်မည့် အစိုးရ၏ ပုံစံအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု ခံယူထားသည်။
မဘသအဖွဲ့ ၂၀၁၃ တွင် တည်ထောင်စဉ်က ပါ၀င်ခဲ့သူ ဘုန်းတော်ကြီး ဦးပါမောက္ခ၏ ပြောကြားချက်မှာ မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် အာဏာရပါတီ အစိုးရနှင့် မဘသအဖွဲ့တို့၏ တံခါးပိတ် ဆွေးနွေးပွဲများ အကြောင်း အသေးစိတ် အချက်အလက်အချို့ကို ပထမဆုံး အကြိမ် အဖြစ် ပြောကြားခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် မဲရရန် မဘသက ကူညီနိုင်သည်ဟု ယုံကြည်သောကြောင့် အာဏာရပါတီက လွှတ်တော်အတွင်း အမတ်နေရာ အများစု ရရှိထားမှုကို အသုံးချကာ မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး တွန်းအားပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးပါမောက္ခက ဆိုသည်။ ဘုန်းကြီးတို့က အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းဆိုတာ သူတို့ သိတယ်လေ” ဟု ဦးပါမောက္ခက ပြောကြားခဲ့သည်။
ကြံ့ခိုင်ရေးပါတီ၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဦးသာဝင်းကမူ ပါတီ သည် မဘသအဖွဲ့နှင့် မည်သည့် ဆက်နွယ်မှုမျှ မရှိဟု ငြင်းဆိုခဲ့သည်။ “ကျွန်တော်တို့က နိုင်ငံရေးကိုပဲ ဆောင်ရွက်တာပါ။ ပါတီစည်းမျဉ်းအရ ဘာသာရေး လုပ်ငန်းတွေ လုပ်ဖို့ ခွင့်မပြုပါဘူး” ဟု ဦးသာဝင်းက ဆိုသည်။
ဦးပါမောက္ခ၏ ပြောကြားချက်ကို မဘသအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးသူရိန်စိုး ကလည်း ငြင်းဆိုခဲ့သည်။ မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ကြံ့ခိုင်ရေး ပါတီ၏ ကူညီမှုကို ကျေးဇူးတင်သော်လည်း ရွေးကောက်ပွဲ အတွက် မည်သည့် ပါတီကိုမျှ ထောက်ခံအားပေးခြင်း မရှိဟု ဦးသူရိန်စိုးက ဆိုသည်။
ယင်းက “ကျွန်တော်တို့ မျိုးစောင့်ဥပဒေ ၄ မျိုးကို ပြဋ္ဌာန်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲသည်တော့အစိုးရကို တောင်းဆိုဖို့ လိုလာပါတယ်။ ဒါက ပုံမှန် လုပ်ရိုး လုပ်စဉ်ပါ။ သမ္မတကြီးနဲ့ လွှတ်တော်ကို ကျေးဇူး တင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအတွက် ပါတီကို ထောက်ခံအားပေးတာတော့ မလုပ်ပါဘူး” ဟု ပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် မဘသ၏ လွှမ်းမိုးနိုင် စွမ်းက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား လွှတ်တော်တွင် နေရာ အများစု အနိုင်ရခြင်းမရှိအောင် တားဆီးနိုင်ပြီး ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ အရှက်တကွဲ ရှုံးနိမ့်ခြင်း မကြုံရန် ကယ်တင်နိုင် မည်ဟု ပြည်ခိုင်ဖြို းပါတီက ယူဆထားခဲ့သည်ဟု ဦးပါမောက္ခက ဆိုသည်။
အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးများ ဦးဆောင်သည့် ၉၆၉ လှုပ်ရှားမှုမှ မဘသအဖွဲ့ ပေါ်ထွက်လာခြင်းဖြစ်သည်။ ၉၆၉ လှုပ်ရှားမှုတွင် ဘာသာခြား ထိမ်းမြားလက်ထပ်ခြင်း တားမြစ်ရန်၊ မွတ်ဆလင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် တို့ ပါ၀င်သည်။
မဘသအဖွဲ့သည် မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် အစိုးရနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ နှင့် ၂၀၁၅ တွင် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ဦးပါမောက္ခက ပြောကြားသည်။ ၂၀၁၄ မေလ တွင် နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးသို့ သာသနာရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အရာရှိများ ၊ သမ္မတအကြံပေးများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။
မျိုးစောင့်ဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးရန် ၂၀၁၄ မေလ ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ကြောင်း အခြားမဘသ ထိပ်တန်း ဘုန်းတော်ကြီး ၃ ပါးက ရိုက်တာသို့ အတည်ပြု ပြောကြားသည်။ ထို တံခါးပိတ် ဆွေးနွေးပွဲအကြောင်း ယခင်က လူသိရှင်ကြား ပြောကြားခြင်းမရှိပေ။ ၂၀၁၅ မတ်လတွင် ပြုလုပ် ခဲ့သည့် အခြားဆွေးနွေးပွဲတစ်ခုတွင် အစိုးရက မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်း အတည်ပြုပေးမည်ဟု ညွှန်ချုပ်အဆင့်ရှိ ကြံ့ခိုင်ရေးပါတီဝင် အရာရှိကြီး တစ်ဦး က ပြောကြားသည်ဟု ဦးပါမောက္ခက ဆိုသည်။
ရွေးကောက်ပွဲတွင် NLD က ကြံ့ခိုင်ရေးပါတီကို ပြတ်ပြတ်သားသား အနိုင် ရမည်ဟု ဖော်ပြထားသော ကြံ့ခိုင်ရေးပါတီတွင်း လျှို့ဝှက် စစ်တမ်းတစ်ခု ထွက်ရှိ လာပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ထိုအစည်းအဝေး ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် မဘသအဖွဲ့မှ ခေါင်းဆောင်များနှင့် အစိုးရအရာရှိများ ၂၀၁၄ နှင့် ၂၀၁၅ တွင် ဆွေးနွေးခဲ့ခြင်းမရှိဟု ဦးသူရိန်စိုးက ငြင်းဆိုခဲ့သည်။ မျိုးစောင့် ဥပဒေများ ပြဋ္ဌာန်းရန် ဘုန်းတော်ကြီးများ ဦးဆောင်သည့် တောင်းဆိုမှုက တွန်းအားဖြစ်စေခဲ့သည်ဟု သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်မှုး ဦးဇော်ဌေးက ဆိုသည်။
မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုတွင် လက်မှတ်ပေါင်း ၂ သန်းကျော် ရရှိခဲ့ပြီး ထိုတောင်းဆိုချက်ကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံတော် သမ္မတရုံးက ဥပဒေကြမ်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ဦးဇော်ဌေးက ဆိုသည်။
“ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ နိုင်ငံရေး ကို ခွဲခြားဖို့ အလွန် ခက်ခဲပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။
မဘသ ခေါင်းဆောင်များသည် ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြောင်း လူသိရှင်ကြား ပြောကြားထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တိုက်ခိုက်လျက် ရှိသည်။ မဘသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝီရသူက သမ္မတ ဦးသိန်းစိန်ကို ထောက်ခံကြောင်း ပြောကြား ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီမှာ အောက်ခြေ လွတ်နေပြီး ရွေးကောက်ပွဲ အနိုင်ရမည်မဟုတ်ဟု တိုက်ခိုက်ပြောကြား ခဲ့သည်။
မဘသ တည်ထောင်ရာတွင် ကူညီပါ၀င်ခဲ့သူတစ်ဦးဖြစ်သည့် ဦးဝိမလဗုဒ္ဓိ ကလည်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များမှာ စစ်ဘက်မှဖြစ်သဖြင့် NLD မှ နိုင်ငံရေး သမား အရပ်သားများထက် တိုင်းပြည်အကြောင်း ပိုသိသည် ဟု ပြေကြားခဲ့သည်။
မဘသအဖွဲ့၏ ထိုဝေဖန်မှုများအပေါ် မည်သို့ သဘောထားကြောင့် NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်အား မေးမြန်းသည့်အခါ “ဘုရားဟောအရဆိုရင် ဘုန်းကြီးတွေက နိုင်ငံရေး မလုပ်သင့်ပါဘူး၊ ကြားနေသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ မျိုးစောင့်ဥပဒေများကို NLD က မထောက်ခံသဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။
မဘသ၏ ခြိမ်းခြောက်မှု ကြုံတွေ့လာမည်ကို စိုးရိမ်သဖြင့် NLD သည် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် မွတ်ဆလင် ကိုယ်စားလှယ်လောင်းများကို ချန်လှပ်ထားခဲ့ရသည်ဟု ၄င်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
KHTun
The Ladies News Journal

No comments:

Post a Comment