Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 9, 2015

အန္အယ္လ္ဒီ အသာစီးရ နယ္ေျမမ်ား


အခုမနက္ပိုင္းမွာ သိရိွရခ်က္အရ ဧရာ၀တီတုိင္းအတြင္း မဲရလဒ္အေျခအေနက ဟသၤာတမွာဆိုရင္ ၿမိဳ႕ေပၚရပ္ကြက္အားလုံးမွာ အန္အယ္လ္ဒီက မဲ ၁ ေသာင္းေက်ာ္ေလာက္ အကြာနဲ႔ အႏုိင္ရေနပါတယ္။

ေျမာင္းျမၿမိဳ႕မွာေတာ့ မဲရုံ ၃၀၀ ေက်ာ္မွာ မဲရုံတ၀က္ေလာက္ မဲေရတြက္ၿပီးသြားၿပီး ၿမိဳ႕ေပၚ ေနရာ ၄ ခုစလုံးမွာ အန္အယ္လ္ဒီက အႏိုင္ရေနကာ ေညာင္တုန္းမွာလည္း ၄ ေနရာစလုံးမွာ အသာရေနပါတယ္။

ၾကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီက ဦးေဌးဦးနဲ႔ ၿပိဳင္တဲ့ အန္အယ္လ္ဒီက လႊတ္ေတာ္အမတ္ေလာင္း ဦးခင္ေမာင္ရီေျပာဆိုတာက ၿမိဳ႕ေပၚမွာ သူတို႔က မဲရလဒ္ ၄ ေသာင္းေလာက္နဲ႔ အန္အယ္လ္ဒီက သာေနတယ္လို႔ ေျပာပါတယ္။

ၿမိဳ႕နယ္ေကာ္မရွင္ ဥကၠဌက မဲရလဒ္က ၿမိဳ႕ေပၚမွာေရာ ရြာမွာေရာ မဲရုံေပါင္း ၂၈၃ ရုံမွာ မဲရုံ ၂၀၀ ေက်ာ္က ေရာက္ရိွလာတဲ့ စာရင္းအရ အန္အယ္္လ္ဒီက မဲရလဒ္ ၅၀၀၀ ေက်ာ္အသာနဲ႔ အႏိုင္ရေနပါတယ္။

ျမန္ေအာင္မွာေတာ့ ျပည္ပကလာတဲ့ ႀကိဳတင္မဲ ၁၀၀ ေက်ာ္ေလာက္မွာ အန္အယ္လ္ဒီက ရံႈးနိမ့္တယ္လို႔ အန္အယ္လ္ဒီ ပါတီက ၀င္ၿပိဳင္တဲ့ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးခင္ေမာင္လတ္က ေျပာပါတယ္။

မေကြးၿမိဳ႕နယ္မွာေတာ့ ေက်းရြာေပါင္း ၂၁၆ ရြာ၊ မဲရုံေပါင္း ၂၄၆ ရုံရိွ ရာမွာ ေက်းရြာေပါင္း ၁၆ ရြာေလာက္ရႈံးေပမယ့္ မေကြးတုိင္းမွာ ေတာ္ေတာ္မ်ားမ်ား ႏိုင္တယ္လုိ႔ အန္အယ္လ္ဒီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးျမင့္ဦးက ဆိုပါတယ္။

ရွမ္းျပည္နယ္မွာေတာ့ လက္ရိွမွာ အန္အယ္လ္ဒီနဲ႔ က်ားေခါင္းက ေနရာအေတာ္မ်ားမ်ားမွာ အသာစီးရေနပါတယ္။

ရွမ္းျပည္ လာရိႈးၿမိဳ႕မွာေတာ့ ေလာက္ကိုင္နဲ႔ ကုန္းၾကမ္းမွာ ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ ရွမ္းျပည္ ကိုးကန္႔ ဒီမိုကရက္တစ္ပါတီ ဥကၠဌ ေျပာတာကေတာ့ ဒီ ၂ ၿမိဳ႕နယ္စလုံးမွာ ျပည္ခုိင္ၿဖိဳးက လႊတ္ေတာ္ေနရာအားလုံးကို အႏိုင္ရရိွထားတယ္လို႔ သိရပါတယ္။

ေလာက္ကိုင္ရဲ႕ ၿမိဳ႕နယ္ရဲ႕ ျပည္နယ္လႊတ္ေတာ္မွာ ဆုိရင္ ေရြးေကာက္ပြဲ၀င္ဖို႔ အၿငိ္မ္းစားယူထားတဲ့ ဒုဗို္လ္ခ်ဳပ္ႀကီးေအာင္သန္းထြဋ္ ၀င္ၿပိဳင္တာ ျဖစ္ပါတယ္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ ကိုယ္ေရးအရာရိွေဟာင္း ဗို္လ္မႉးႀကီး လင္းေဇာ္ထြန္း ၀င္ၿပိဳင္တဲ့ မိုင္းျဖတ္ၿမိဳ႕မွာလည္း ၾကံ့ဖြံက နုိင္ပါတယ္။

လာရႈိးၿမိဳ႕ေပၚမွာေတာ့ မေန႔ညက အျငင္းပြားစရာ ႀကိဳတင္မဲေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ားေခါင္းပါတီနဲ႔ အန္အယ္လ္ဒီပါတီက မၾကာခင္မွာ သတင္းစာရွင္းလင္းပြဲလုပ္ဖုိ႔၊ ေၾကညာခ်က္ထုတ္ျပန္ဖို႔ ရိွပါတယ္။

မူဆယ္၊ ဟုိပန္၊ သိႏၷီ မွာေတာ့ က်ားေခါင္း ရွမ္းဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေျခအေနေကာင္းမြန္ေနတယ္လုိ႔ သိရပါတယ္။

BBC Burmese
https://www.facebook.com/bbcburmese
.............


အခုမနက်ပိုင်းမှာ သိရှိရချက်အရ ဧရာဝတီတိုင်းအတွင်း မဲရလဒ်အခြေအနေက ဟင်္သာတမှာဆိုရင် မြို့ပေါ်ရပ်ကွက်အားလုံးမှာ အန်အယ်လ်ဒီက မဲ ၁ သောင်းကျော်လောက် အကွာနဲ့ အနိုင်ရနေပါတယ်။

မြောင်းမြမြို့မှာတော့ မဲရုံ ၃၀၀ ကျော်မှာ မဲရုံတဝက်လောက် မဲရေတွက်ပြီးသွားပြီး မြို့ပေါ် နေရာ ၄ ခုစလုံးမှာ အန်အယ်လ်ဒီက အနိုင်ရနေကာ ညောင်တုန်းမှာလည်း ၄ နေရာစလုံးမှာ အသာရနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဌေးဦးနဲ့ ပြိုင်တဲ့ အန်အယ်လ်ဒီက လွှတ်တော်အမတ်လောင်း ဦးခင်မောင်ရီပြောဆိုတာက မြို့ပေါ်မှာ သူတို့က မဲရလဒ် ၄ သောင်းလောက်နဲ့ အန်အယ်လ်ဒီက သာနေတယ်လို့ ပြောပါတယ်။

မြို့နယ်ကော်မရှင် ဥက္ကဌက မဲရလဒ်က မြို့ပေါ်မှာရော ရွာမှာရော မဲရုံပေါင်း ၂၈၃ ရုံမှာ မဲရုံ ၂၀၀ ကျော်က ရောက်ရှိလာတဲ့ စာရင်းအရ အန်အယ််လ်ဒီက မဲရလဒ် ၅၀၀၀ ကျော်အသာနဲ့ အနိုင်ရနေပါတယ်။

မြန်အောင်မှာတော့ ပြည်ပကလာတဲ့ ကြိုတင်မဲ ၁၀၀ ကျော်လောက်မှာ အန်အယ်လ်ဒီက ရှုံးနိမ့်တယ်လို့ အန်အယ်လ်ဒီ ပါတီက ၀င်ပြိုင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လတ်က ပြောပါတယ်။

မကွေးမြို့နယ်မှာတော့ ကျေးရွာပေါင်း ၂၁၆ ရွာ၊ မဲရုံပေါင်း ၂၄၆ ရုံရှိ ရာမှာ ကျေးရွာပေါင်း ၁၆ ရွာလောက်ရှုံးပေမယ့် မကွေးတိုင်းမှာ တော်တော်များများ နိုင်တယ်လို့ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်မှာတော့ လက်ရှိမှာ အန်အယ်လ်ဒီနဲ့ ကျားခေါင်းက နေရာအတော်များများမှာ အသာစီးရနေပါတယ်။

ရှမ်းပြည် လာရှိုးမြို့မှာတော့ လောက်ကိုင်နဲ့ ကုန်းကြမ်းမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ပြောတာကတော့ ဒီ ၂ မြို့နယ်စလုံးမှာ ပြည်ခိုင်ဖြိုးက လွှတ်တော်နေရာအားလုံးကို အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

လောက်ကိုင်ရဲ့ မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်မှာ ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ အငြိ်မ်းစားယူထားတဲ့ ဒုဗို်လ်ချုပ်ကြီးအောင်သန်းထွဋ် ၀င်ပြိုင်တာ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဗို်လ်မှူးကြီး လင်းဇော်ထွန်း ၀င်ပြိုင်တဲ့ မိုင်းဖြတ်မြို့မှာလည်း ကြံ့ဖွံက နိုင်ပါတယ်။

လာရှိုးမြို့ပေါ်မှာတော့ မနေ့ညက အငြင်းပွားစရာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီးတော့ ကျားခေါင်းပါတီနဲ့ အန်အယ်လ်ဒီပါတီက မကြာခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့၊ ကြေညာချက်ထုတ်ပြန်ဖို့ ရှိပါတယ်။

မူဆယ်၊ ဟိုပန်၊ သိန္နီ မှာတော့ ကျားခေါင်း ရှမ်းဒီမိုကရေစီအဖွဲ့ချုပ် အခြေအနေကောင်းမွန်နေတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment