Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

အစိုးရအရာရွိေတြ ပုိင္ဆုိင္မႈ စစ္တမ္း ေကာက္ရန္ အစီအစဥ္မရွိဟုဆို


ေမစစ္ပိုင္| November 23, 2015
 |ေနျပည္ေတာ္ လႊတ္ေတာ္အစည္းအေ၀း။
ျမန္မာႏုိင္ငံအဂတိလိုက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္သည္ အစုိးရဝန္ထမ္း အရာရွိမ်ား ၏ ပိုင္ဆိုင္မႈ အေျခအေန စစ္ ေဆး ရန္ အစီအစဥ္မရွိဟု အဆုိပါ ေကာ္မရွင္ ဥကၠ႒ ဦးျမဝင္း က ယေန႔ျပဳလုပ္သည့္ ျပည္သူ႔လြတ္ေတာ္ ပုံမွန္အစည္း အေဝးတြင္ ေျပာၾကားလိုက္သည္။

ယေန႔က်င္းပျပဳလုပ္သည့္ ၁၃ႀကိမ္ေျမာက္ ျပည္သူ႔လႊတ္ေတာ္ပုံမွန္အစည္းအေဝးတြင္ ေရႊျပည္သာ မဲဆႏၵနယ္မွ ဦးတင္ေမာင္ဦး က “အဂတိလိုက္စားမႈႏွင့္ လာဘ္ေပးလာဘ္ယူမႈမ်ားကို ေျဖရွင္းရန္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္အေနျဖင့္ မည္သို႔ေသာ စနစ္ျဖင့္ အေရးယူေဆာင္ရြက္မႈ ႏွင့္ ေအာင္ျမင္မႈ ရိွ/မရွိ”ေမးခြန္းကို ေမးျမန္းခဲ့ရာ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒ ဦးျမဝင္းက “ပိုင္ဆုိင္မႈစစ္တမ္းေကာက္ယူရန္ လတ္တေလာတြင္ အစီအစဥ္မရွိပါ”ဟု ေျဖၾကားခဲ့ျခင္းျဖစ္သည္။

အစုိးရအရာရွိမ်ား၏ ပိုင္ဆိုင္မႈစစ္တမ္းေကာက္ယူျခင္းျဖင့္ ၎ပုဂၢိဳလ္သည္ ဌာနတြင္း အဂတိလုိက္စားမႈရွိမရွိ၊ လာဘ္ေပး လာဘ္ယူမႈရွိမရွိကုိ သိသာေစႏုိင္မည္ျဖစ္ေသာ္လည္း ေကာ္မရွင္အေနျဖင့္ လတ္တေလာတြင္ စစ္ေဆးရန္ အစီအစဥ္ မရွိေသးဟု ဦးျမ၀င္းက ေျပာဆုိသည္။
“ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္က ဦးေဆာင္ညြန္ၾကားေရးမွဴး၊ ညြန္ခ်ဳပ္စတာေတြက တာဝန္ထမ္းေဆာင္စဥ္မွာ ပိုင္ဆုိင္ မႈ အေနအထားကုိ အစိုးရ ကုိတင္ရတယ္။ ၁ ႏွစ္ ၁ ႀကိမ္စစ္ေဆးမႈလုပ္တယ္။ အဲဒီအခါမွာ သတ္မွတ္ထားတဲ့ ဝင္ေငြထြက္ေငြ နဲ႔မညီရင္ စစ္ေဆးတာ အေရးယူတာရွိတယ္။ အဂတိလုိက္စားမႈကုိ ပိုင္ဆုိင္မႈ စစ္တမ္းအရ ထိန္းေက်ာင္းတဲ့သေဘာျဖစ္ပါတယ္ ။ အခုဆုိရင္ယာဥ္ထိန္းရဲေတြ ရဲ႕ လာဘ္စားမႈက ပိုမ်ားလာတယ္လို႔ ျပည္သူေတြက ေျပာေနၾကတယ္ေလ”ဟု ေရႊျပည္သာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္ေမာင္ဦးက ဧရာဝတီ သို႔ေျပာသည္။

အစိုးရဝန္ထမ္းမ်ား  ၏ အဂတိလိုက္စားမႈ မွာ တေန႔တျခားဆိုးရြာလာသည့္အတြက္ အစိုးရ မွ ဖဲြ႕စည္းထားသည့္ အဂတိလုိက္စားမႈတုိက္ဖ်က္ေရး ေကာ္မရွင္၏ လုပ္ေဆာင္ခ်က္သည္ ေအာင္ျမင္မႈမရွိဟု ေ၀ဖန္သုံးသပ္မႈမ်ားရွိေနသည္။

“နည္းဥပေဒေတာင္ မထြက္ေသးတာ။ ေမးသာေမးလိုက္ရတာ ေကာ္မရွင္ဘက္ကလည္း အခက္အခဲေတြရွိပါတယ္။ ျပည္သူေတြက သုံးသပ္ေနတာ၊ အျပင္မွာ သတင္းထြက္ေနတာက ေကာ္မရွင္၏ လုပ္ငန္းသည္ ေအာင္ျမင္မႈ မရွိဘူး လို႔သုံးသပ္ေနၾကတယ္ေလ။ ဒါေၾကာင့္ ဒီေနာက္ဆုံးလႊတ္ေတာ္မွာ ေမးျဖစ္တာ”ဟု  ဦးတင္ေမာင္ဦးက ရွင္းျပသည္။

အစိုးရ က အဂတိလုိက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ကုိ ၂၀၁၄ ခုႏွစ္ မတ္လ တြင္ ဖဲြ႕စည္းေပးခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ နည္းဥပေဒတရပ္ျပ႒ာန္းႏုိင္ရန္ လႊတ္ေတာ္သို႔ တင္ျပထားဆဲျဖစ္ေၾကာင္း သိရသည္။

အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒ ကုိ ၂၀၁၃ ခုႏွစ္ ၾသဂုတ္လတြင္ ျပ႒ာန္းခဲ့ရာ သန္႔ရွင္းေသာအစိုးရ ႏွင့္ ေကာင္း မြန္ေသာ အုပ္ခ်ဳပ္ေရးစနစ္ ျဖစ္ထြန္းေစရန္၊ လာဘ္ေပးလာဘ္ယူမႈမ်ားေၾကာင့္ ႏုိင္ငံေတာ္ပိုင္ပစၥည္းမ်ား၊ လူ႔အဖဲြ႔အစည္းႏွင့္ ႏုိင္ငံသားမ်ား၏ အခြင့္အေရးႏွင့္ အက်ိဳးစီးပြားမ်ား ကုိထိခိုက္မႈမရွိေစေရးအတြက္ အကာအကြယ္ေပးရန္၊ လာဘ္ေပး လာဘ္ယူမႈ က်ဴးလြန္သူမ်ားအား ထိေရာက္စြာ အေရးယူရန္၊ တရားဥပေဒ စိုးမိုးေရးႏွင့္ အုပ္ခ်ဳပ္ေရးက႑မ်ားတြင္ ပိုမိုပြင့္လင္းျမင္သာမႈရွိၿပီး ျပည္တြင္းျပည္ပ ရင္းႏွီးျမဳပ္ႏွံမႈမ်ားျဖင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ရည္ရြယ္ေၾကာင္း ဥပေဒတြင္ ေဖာ္ျပထားသည္။
Irrawaddy
...............
အစိုးရအရာရှိတွေ ပိုင်ဆိုင်မှု စစ်တမ်း ကောက်ရန် အစီအစဉ်မရှိဟုဆို
မေစစ်ပိုင်| November 23, 2015 |ေ
နပြည်တော် လွှတ်တော်အစည်းအဝေး။
မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရဝန်ထမ်း အရာရှိများ ၏ ပိုင်ဆိုင်မှု အခြေအနေ စစ် ဆေး ရန် အစီအစဉ်မရှိဟု အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း က ယနေ့ပြုလုပ်သည့် ပြည်သူ့လွတ်တော် ပုံမှန်အစည်း အဝေးတွင် ပြောကြားလိုက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦး က “အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို ဖြေရှင်းရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် မည်သို့သော စနစ်ဖြင့် အရေးယူဆောင်ရွက်မှု နှင့် အောင်မြင်မှု ရှိ/မရှိ”မေးခွန်းကို မေးမြန်းခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက “ပိုင်ဆိုင်မှုစစ်တမ်းကောက်ယူရန် လတ်တလောတွင် အစီအစဉ်မရှိပါ”ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအရာရှိများ၏ ပိုင်ဆိုင်မှုစစ်တမ်းကောက်ယူခြင်းဖြင့် ၎င်းပုဂ္ဂိုလ်သည် ဌာနတွင်း အဂတိလိုက်စားမှုရှိမရှိ၊ လာဘ်ပေး လာဘ်ယူမှုရှိမရှိကို သိသာစေနိုင်မည်ဖြစ်သော်လည်း ကော်မရှင်အနေဖြင့် လတ်တလောတွင် စစ်ဆေးရန် အစီအစဉ် မရှိသေးဟု ဦးမြဝင်းက ပြောဆိုသည်။
“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ဦးဆောင်ညွန်ကြားရေးမှူး၊ ညွန်ချုပ်စတာတွေက တာဝန်ထမ်းဆောင်စဉ်မှာ ပိုင်ဆိုင် မှု အနေအထားကို အစိုးရ ကိုတင်ရတယ်။ ၁ နှစ် ၁ ကြိမ်စစ်ဆေးမှုလုပ်တယ်။ အဲဒီအခါမှာ သတ်မှတ်ထားတဲ့ ဝင်ငွေထွက်ငွေ နဲ့မညီရင် စစ်ဆေးတာ အရေးယူတာရှိတယ်။ အဂတိလိုက်စားမှုကို ပိုင်ဆိုင်မှု စစ်တမ်းအရ ထိန်းကျောင်းတဲ့သဘောဖြစ်ပါတယ် ။ အခုဆိုရင်ယာဉ်ထိန်းရဲတွေ ရဲ့ လာဘ်စားမှုက ပိုများလာတယ်လို့ ပြည်သူတွေက ပြောနေကြတယ်လေ”ဟု ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဧရာဝတီ သို့ပြောသည်။

အစိုးရဝန်ထမ်းများ  ၏ အဂတိလိုက်စားမှု မှာ တနေ့တခြားဆိုးရွာလာသည့်အတွက် အစိုးရ မှ ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ဆောင်ချက်သည် အောင်မြင်မှုမရှိဟု ဝေဖန်သုံးသပ်မှုများရှိနေသည်။

“နည်းဥပဒေတောင် မထွက်သေးတာ။ မေးသာမေးလိုက်ရတာ ကော်မရှင်ဘက်ကလည်း အခက်အခဲတွေရှိပါတယ်။ ပြည်သူတွေက သုံးသပ်နေတာ၊ အပြင်မှာ သတင်းထွက်နေတာက ကော်မရှင်၏ လုပ်ငန်းသည် အောင်မြင်မှု မရှိဘူး လို့သုံးသပ်နေကြတယ်လေ။ ဒါကြောင့် ဒီနောက်ဆုံးလွှတ်တော်မှာ မေးဖြစ်တာ”ဟု  ဦးတင်မောင်ဦးက ရှင်းပြသည်။

အစိုးရ က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကို ၂၀၁၄ ခုနှစ် မတ်လ တွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နည်းဥပဒေတရပ်ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ကို ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပြဋ္ဌာန်းခဲ့ရာ သန့်ရှင်းသောအစိုးရ နှင့် ကောင်း မွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ကိုထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ လာဘ်ပေး လာဘ်ယူမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများဖြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

No comments:

Post a Comment