Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 18, 2015

ေနာ္ေ၀ႏွင့္ တရုတ္ ဓားစာခံႏွစ္ဦးကို သတ္ျဖတ္ပစ္လိုက္ၿပီျဖစ္ေၾကာင္း အိုင္အက္စ္အၾကမ္းဖက္အုပ္စု ေၾကညာ

ရိုက္တာ

ေအာ့စလို၊ ႏို၀င္ဘာ-၁၉ ။             ။ အိုင္အက္စ္အၾကမ္းဖက္အုပ္စုက ေနာ္ေ၀ႏွင့္ တရုတ္ဓားစာခံႏွစ္ဦးကို သတ္ျဖတ္လိုက္ၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီး ၄င္း၏ ေနာက္ဆံုးထုတ္ အဂၤလိပ္ဘာသာမဂၢဇင္းတြင္ ‘ကြက္မ်က္’ဟူေသာ နဖူးစည္းစာတန္းေအာက္တြင္ ဓားစာခံႏွစ္ဦးဟု ယူဆရသည့္ ရုပ္အေလာင္းပံုမ်ားကို ေဖာ္ျပထားသည္ဟု ဆိုသည္။
သို႔ရာတြင္ ဗုဒၶဟူးေန႔က ထုတ္ေ၀ခဲ့သည့္ အိုင္အက္စ္တို႔၏ ဒါဗစ္ အြန္လိုင္းမဂၢဇင္းတြင္မူ ဓားစာခံႏွစ္ဦးကို မည္သည့္ေနရာ၊ မည္သည့္အခ်ိန္တြင္ မည္သို႔ သတ္ျဖတ္ခဲ့သည္ကိုမူ အေသးစိတ္ေဖာ္ျပ ထားျခင္းမရွိေပ။
ေနာ္ေ၀၀န္ႀကီးခ်ဳပ္ အာနာ ဆိုးလ္ဘာ့က ေအာစလို သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာၾကားရာတြင္လည္း ႏိုင္ငံျခားေရး၀န္ႀကီးဌာန၏ ေျပာၾကားခ်က္အရ အိုး ဂ်ိဳဟန္ ဂရင္စဂါ့ ေအာ့္ဖ္စတတ္ဟု အမည္ရသည့္ ေနာ္ေ၀ႏိုင္ငံသား အမ်ိဳးသားမွာ အသတ္ခံရၿပီးျဖစ္ႏိုင္သည္ဟု ဆိုသည္။
စက္တင္ဘာလက ဆိုးလ္ဘာ့က ေနာ္ေ၀ႏုိင္ငံသားတစ္ေယာက္မွာ ဆီးရီးယားတြင္ ဇန္န၀ါရီလကတည္းက ဓားစာခံအျဖစ္ ဖမ္းဆီးခံေနရၿပီး အိုင္အက္စ္အၾကမ္းဖက္သမားမ်ား၏ လက္ထဲတြင္ ရွိေနႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။
တရုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္က ေဟာင္လီကလည္း တရုတ္ႏိုင္ငံသားကို ကြက္မ်က္မႈသတင္းေၾကာင့္ ေပက်င္းမွာ ထိတ္လန္႔တုန္လႈပ္ခဲ့ရၿပီး အတည္ျပဳႏိုင္ရန္ ႀကိဳးစားေနသည္ဟု ဆိုသည္။
၀န္ႀကီးဌာန၀ဘ္ဆိုက္ေပၚ လႊင့္တင္လာသည့္ ေၾကညာခ်က္တြင္မူ ဓားစာခံလြတ္ေျမာက္ေရး အစိုးရက ႀကိဳးစားေနခဲ့သည္ဟု ဆိုသည္။ စက္တင္ဘာလတြင္ပင္ တရုတ္အစိုးရက သူ႔ႏိုင္ငံသားတစ္ေယာက္မွာ အိုင္အက္စ္တို႔၏ လက္တြင္းသို႔ ဓားစာခံအျဖစ္ က်ေရာက္သြားခဲ့ဖြယ္ရွိသည္ဟု ေျပာၾကားခဲ့သည္။
- See more at: http://mizzimaburmese.com/article/7622#sthash.VrMENJKI.dpuf
.......................
နော်ဝေနှင့် တရုတ် ဓားစာခံနှစ်ဦးကို သတ်ဖြတ်ပစ်လိုက်ပြီဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စု ကြေညာ
ရိုက်တာ


အော့စလို၊ နိုဝင်ဘာ-၁၉ ။             ။ အိုင်အက်စ်အကြမ်းဖက်အုပ်စုက နော်ဝေနှင့် တရုတ်ဓားစာခံနှစ်ဦးကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၄င်း၏ နောက်ဆုံးထုတ် အင်္ဂလိပ်ဘာသာမဂ္ဂဇင်းတွင် ‘ကွက်မျက်’ဟူသော နဖူးစည်းစာတန်းအောက်တွင် ဓားစာခံနှစ်ဦးဟု ယူဆရသည့် ရုပ်အလောင်းပုံများကို ဖော်ပြထားသည်ဟု ဆိုသည်။

သို့ရာတွင် ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့သည့် အိုင်အက်စ်တို့၏ ဒါဗစ် အွန်လိုင်းမဂ္ဂဇင်းတွင်မူ ဓားစာခံနှစ်ဦးကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သို့ သတ်ဖြတ်ခဲ့သည်ကိုမူ အသေးစိတ်ဖော်ပြ ထားခြင်းမရှိပေ။

နော်ဝေဝန်ကြီးချုပ် အာနာ ဆိုးလ်ဘာ့က အောစလို သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အိုး ဂျိုဟန် ဂရင်စဂါ့ အော့်ဖ်စတတ်ဟု အမည်ရသည့် နော်ဝေနိုင်ငံသား အမျိုးသားမှာ အသတ်ခံရပြီးဖြစ်နိုင်သည်ဟု ဆိုသည်။

စက်တင်ဘာလက ဆိုးလ်ဘာ့က နော်ဝေနိုင်ငံသားတစ်ယောက်မှာ ဆီးရီးယားတွင် ဇန်နဝါရီလကတည်းက ဓားစာခံအဖြစ် ဖမ်းဆီးခံနေရပြီး အိုင်အက်စ်အကြမ်းဖက်သမားများ၏ လက်ထဲတွင် ရှိနေနိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဟောင်လီကလည်း တရုတ်နိုင်ငံသားကို ကွက်မျက်မှုသတင်းကြောင့် ပေကျင်းမှာ ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး အတည်ပြုနိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။

၀န်ကြီးဌာနဝဘ်ဆိုက်ပေါ် လွှင့်တင်လာသည့် ကြေညာချက်တွင်မူ ဓားစာခံလွတ်မြောက်ရေး အစိုးရက ကြိုးစားနေခဲ့သည်ဟု ဆိုသည်။ စက်တင်ဘာလတွင်ပင် တရုတ်အစိုးရက သူ့နိုင်ငံသားတစ်ယောက်မှာ အိုင်အက်စ်တို့၏ လက်တွင်းသို့ ဓားစာခံအဖြစ် ကျရောက်သွားခဲ့ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။


- See more at: http://mizzimaburmese.com/article/7622#sthash.VrMENJKI.dpuf

No comments:

Post a Comment