Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 14, 2015

ဂ်ပန္ႏွင့္အေမရိကန္က ျမန္မာအစိုးရအသစ္ကို အစြမ္းကုန္ ကူညီမည္ဟု ဆို

ဂ်ပန္ႏုိင္ငံအေနျဖင့္ အစိုးရသစ္အား ရင္းႏွီးျမွဳပ္ႏွံမႈမ်ား၊ စီးပြားေရး အကူအညီမ်ား
အစြမ္းကုန္ ကူညီသြားမည္ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံဆိုင္ရာ ဂ်ပန္သံမွဴးႀကီး မစၥတာ
မာ႐ူယာမာမက ေျပာလုိက္သည္။
ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္တြင္ ႏုိ၀င္ဘာလ ၁၃ ရက္ေန႔က ျပဳလုပ္
သည့္ အေမရိကန္သံ အမတ္ႀကီး ဒဲရစ္မစ္ရွဲလ္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံမွဴးႀကီး
မစၥတာမာ႐ူယာမာမတို ့့က ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ႏွင့္
ေတြ႕ဆံုအၿပီး မီဒီယာမ်ားက ေမးျမန္းခဲ့ရာတြင္ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
"ျပည္သူလူထုဆႏၵနဲ႔ ကိုက္ညီတဲ့ အစိုးရအေနနဲ႔ ျမန္မာႏုိင္ငံ ပိုၿပီးတိုးတက္ဖို႔အတြက္
ေဆာင္ရြက္ႏိုင္ဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ အဲဒါကိုကၽြန္ေတာ္တုိ႔ ဂ်ပန္ႏုိင္ငံ
အေနနဲ႔လည္း အစြမ္းကုန္ ကူညီေပးဖို႔ အသင့္ရွိ ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔
ဂ်ပန္ႏိုင္ငံအေနနဲ႕ အစိုးရသစ္နဲ႔ ပူးေပါင္းၿပီး ရင္းႏွီးျမွဳပ္ႏွံမႈေတြ လုပ္ႏုိင္မယ္လို႔
ခိုင္မာစြာ ယံုၾကည္ပါတယ္" ဟု ဂ်ပန္သံမွဴးႀကီး မစၥတာ မာရူယာမာမက ေျပာသည္။
ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး ဒဲရစ္မစ္ရွဲလ္ကလည္း ၿငိမ္းခ်မ္းေရး
လုပ္ငန္းစဥ္အျပင္ ေက်းလက္ ႏွင့္ အရပ္ဘက္ အဖြဲ႔အစည္းမ်ားကို ကူညီေပးသြား
မည္ျဖစ္ေၾကာင္း ကတိျပဳ ေျပာၾကားခဲ့သည္။
“လူထုေခါင္းေဆာင္ အေနနဲ႔ကေတာ့ ေနာက္တစ္ဆင့္ ေဆာင္ရြက္ရမယ့္ ႏုိင္ငံေရး၊
စီးပြားေရး အေျပာင္းအလဲေတြကို ဆံုးျဖတ္ခ်က္ခ် ေဆာင္ရြက္ရာမွာ လူထုကလည္း
အတူတူပါ၀င္ဖုိ႔ လိုပါတယ္။ ေရြးေကာက္ပြဲ အၿပီးမွာ ႏိုင္ငံမွာေတာ့ ျပႆနာေပါင္း
မ်ားစြာ က်န္ရစ္ႏုိင္ပါတယ္။ အေမရိကန္ႏိုင္ငံ အေနနဲ႔ ျမန္မာ့ဒီမိုကေရစီ အေျပာင္း
အလဲ၊ ေက်းလက္ဖြံ႔ၿဖိဳးေရးက႑၊ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြ ဖြံ႔ၿဖိဳးဖို႔နဲ႔
ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ ကူညီသြားမွာပါ။ ျမန္မာျပည္သူေတြ အေနနဲ႔ေတာ့
အခြင့္ အလမ္းေကာင္းေတြ အမ်ားႀကီးရွိေနပါၿပီ" ဟု အေမရိကန္ သံအမတ္ႀကီး
ဒဲရစ္မစ္ရွဲလ္က ေျပာသည္။
ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ ယေန႔အထိ ထုတ္ျပန္ခ်က္အရ
တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ အမ်ိဳးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီက
အႏိုင္ရရိွေနၿပီ ျဖစ္သည္။
သတင္း - MMK
The Ladies News Journal
............................
The Ladies News Journal

ဂျပန်နှင့်အမေရိကန်က မြန်မာအစိုးရအသစ်ကို အစွမ်းကုန် ကူညီမည်ဟု ဆို
----- ------ ------
ဂျပန်နိုင်ငံအနေဖြင့် အစိုးရသစ်အား ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေး အကူအညီများ
အစွမ်းကုန် ကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံမှူးကြီး မစ္စတာ
မာရူယာမာမက ပြောလိုက်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် နို၀င်ဘာလ ၁၃ ရက်နေ့က ပြုလုပ်
သည့် အမေရိကန်သံ အမတ်ကြီး ဒဲရစ်မစ်ရှဲလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံမှူးကြီး
မစ္စတာမာရူယာမာမတို ့့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်
တွေ့ဆုံအပြီး မီဒီယာများက မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ ပိုပြီးတိုးတက်ဖို့အတွက်
ဆောင်ရွက်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကိုကျွန်တော်တို့ ဂျပန်နိုင်ငံ
အနေနဲ့လည်း အစွမ်းကုန် ကူညီပေးဖို့ အသင့်ရှိ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့
ဂျပန်နိုင်ငံအနေနဲ့ အစိုးရသစ်နဲ့ ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မယ်လို့
ခိုင်မာစွာ ယုံကြည်ပါတယ်" ဟု ဂျပန်သံမှူးကြီး မစ္စတာ မာရူယာမာမက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ရှဲလ်ကလည်း ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်အပြင် ကျေးလက် နှင့် အရပ်ဘက် အဖွဲ့အစည်းများကို ကူညီပေးသွား
မည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။
“လူထုခေါင်းဆောင် အနေနဲ့ကတော့ နောက်တစ်ဆင့် ဆောင်ရွက်ရမယ့် နိုင်ငံရေး၊
စီးပွားရေး အပြောင်းအလဲတွေကို ဆုံးဖြတ်ချက်ချ ဆောင်ရွက်ရာမှာ လူထုကလည်း
အတူတူပါ၀င်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံမှာတော့ ပြဿနာပေါင်း
များစွာ ကျန်ရစ်နိုင်ပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်း
အလဲ၊ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဖွံ့ဖြိုးဖို့နဲ့
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကူညီသွားမှာပါ။ မြန်မာပြည်သူတွေ အနေနဲ့တော့
အခွင့် အလမ်းကောင်းတွေ အများကြီးရှိနေပါပြီ" ဟု အမေရိကန် သံအမတ်ကြီး
ဒဲရစ်မစ်ရှဲလ်က ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ယနေ့အထိ ထုတ်ပြန်ချက်အရ
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
အနိုင်ရရှိနေပြီ ဖြစ်သည်။
သတင်း - MMK
The Ladies News Journal

No comments:

Post a Comment