Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 10, 2015

ရွေးကောက်ပွဲသည် ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ဒေါက်တာ ညိုညိုသင်းဆို

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးသည် ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ ၀င်ရောက် ယှဉ်ပြိုင်သူ ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောသည်။

“ကျွန်မအနေနဲ့ ဒီရွေးကောက်ပွဲကို အပြည့်အ၀ လွတ်လပ်ပြီး တရားမျှတမယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲမှာ ပူးပေါင်း ပါဝင်တဲ့သူတွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့တောင် ဘာမှသေချာ မသိသေးတာရှိတယ်။ စည်းမျဉ်း စည်းကမ်းတွေကို မသိတဲ့သူတွေ ရှိသေးတယ်။ စည်းကမ်းဖောက်တဲ့သူတွေလည်း တွေ့ခဲ့ရတယ်”ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောကြားသည်။

ထို့ပြင် အချို့သော မဲရုံများ၌ ကိုယ်စားလှယ် အချို့မှ မဲပေးရန် အတွက် လိုက်လံမဲဆွယ် စည်းရုံးမှုများလည်း ရှိနေသည်ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းနှင့် မဲလာရောက်ပေးသူ အချို့၏ ပြောကြားချက်အရ သိရသည်။

ထို့နောက် ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်လျှက်ရှိသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြတ်စုနိုင်ကလည်း ရွေးကောက်ပွဲနေ့ အတွင်း လိုက်လံ မဲဆွယ်နေမှုများနှင့် ပတ်သက်၍ လက်ချောင်း တစ်ချောင်းနှင့် တစ်ချောင်းပင် မတူညီနိုင်သောကြောင့် ယခုကဲ့သို့ ကိစ္စရပ်များရှိနိုင်ကြောင်းနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်မည်ဟု ထင်မြင်မိကြောင်း ပြောကြားသည်။

လျှမ်းလူ
http://www.tomorrow.com.mm/?q=articles/2130
...............
ရြေးကောက္ပြဲသည် ၁၀၀ ရာခိုင်နှုန်း အျပည့်အ၀ လြတ္လပ်ပြီး တရားမ်ွတေသာ ရြေးကောက္ပြဲ မျဖစ်နိုင်ဟု ဒေါက္တာ ညိုညိုသင်းဆို

၂၀၁၅ ခုနွစ် အေထြေထြ ရြေးကောက္ပြဲကြီးသည် ၁၀၀ ရာခိုင်နှုန်း အျပည့်အ၀ လြတ္လပ်ပြီး တရားမ်ွတေသာ ရြေးကောက္ပြဲ မျဖစ်နိုင်ဟု ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ္မွ တစ်သီးပုဂ္ဂလ ၀င်ရောက် ယွဉ်ပြိုင်သူ ဒေါက္တာ ဒေါ်ညိုညိုသင်းကျေပာသည်။

“ကျန္မြအေနနဲ့ ဒီရြေးကောက္ပြဲကို အျပည့်အ၀ လြတ္လပ်ပြီး တရားမ်ွတမယ္လို့ မထင္ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရြေးကောက္ပြဲမွာ ပူးပေါင်း ပါဝင္တဲ့သူတြေ၊ ကိုယ္စားလွယ်တြေ အေနနဲ့တောင် ဘာမွေသခ်ာ မသိသေးတာရွိတယ်။ စည်းမ်ဉ်း စည်းကမ်းတြေကို မသိတဲ့သူတြေ ရွိသေးတယ်။ စည်းကမ်းဖောက္တဲ့သူတြေလည်း တြေ့ခဲ့ရတယ်”ဟု ဒေါက္တာ ဒေါ်ညိုညိုသင်းကျေပာကြားသည်။

ထိျု့ပင် အခို့သော မဲရုံမ်ား၌ ကိုယ္စားလွယ် အခို့မွ မဲပေးရန် အတြက် လိုက္လံမဲဆြယ် စည်းရုံးမှုမ်ားလည်း ရွိနေသည်ဟု ဒေါက္တာ ဒေါ်ညိုညိုသင်းနွင့် မဲလာရောက်ပေးသူ အခို့၏ျေပာကြားခ်က်အရ သိရသည်။

ထို့နောက် ဗဟန်းမြို့နယ် မဲဆန္ဒနယ္မွ ၀င်ရောက် ယွဉ်ပြိုင္လ်ွက်ရွိသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ္စားလွယ်လောင်း ဒေါ်ျမတ္စုနိုင္ကလည်း ရြေးကောက္ပြဲနေ့ အတြင်း လိုက္လံ မဲဆြယ်နေမှုမ်ားနွင့် ပတ်သက်၍ လက်ခော်င်း တစ်ခော်င်းနွင့် တစ်ခော်င်းပင် မတူညီနိုင်သောကြောင့် ယခုကဲ့သို့ ကိစ္စရပ္မ်ားရွိနိုင်ကြောင်းနွင့် လြတ္လပ်၍ တရားမ်ွတေသာ ရြေးကောက္ပျြဲဖစ်နိုင္မည်ဟု ထင်ျမင္မိကြောင်းျေပာကြားသည်။

လ်ွမ်းလူ
http://www.tomorrow.com.mm/?q=articles/2130

No comments:

Post a Comment