Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

ကိုေအာင္မႈိင္းဆန္း အစာငတ္ခံ ဆႏၵျပမႈ မရပ္တန္႔ေသး

သူဇာ| November 16, 2015
 ႏုိင္ငံေရး အက်ဥ္းသား, ေက်ာင္းသား , ဗကသ , အစာငတ္ခံ ဆႏၵျပ
ႏုိဝင္ဘာ ၁၃ ရက္က ကိုေအာင္မႈိင္းဆန္း ရန္ကုန္ေဆး႐ုံႀကီးသို႔ ေဆးကုသမႈခံယူရန္ ေရာက္ရွိလာစဥ္(ဓာတ္ပုံ – မ်ိဳးမင္းစိုး/ကုိစုိး)
ႏုိင္ငံေရး အက်ဥ္းသားအားလံုး လႊတ္ေပးရန္ အစာငတ္ခံ ဆႏၵျပေတာင္းဆုိေနေသာ ကိုေအာင္မိႈင္းဆန္း အေနႏွင့္ က်န္းမာေရး အထူးၾကပ္မတ္ ကုသမႈ ခံယူေနရသည့္ အေျခအေနရွိေနေသာ္လည္း အစာငတ္ခံ ဆႏၵျပျခင္းကို မရပ္တန္႔ေသးေၾကာင္း သိရသည္။

ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ႏုိင္ငံေရး အက်ဥ္းသားေဟာင္းမ်ား အဖြဲ႕ အပါအဝင္ တျခားေသာ ႏုိင္ငံေရး လႈပ္ရွားသည့္ အဖြ႔ဲအစည္း မ်ား၏ အစာငတ္ခံ ဆႏၵျပျခင္းကို ရပ္တန္႔ရန္ ေမတၱာရပ္ခံမႈမ်ား ရွိေနေသာ္လည္း လက္ရွိအခ်ိန္အထိ ရပ္တန္႔ျခင္း မရွိေသးေၾကာင္း ကိုေအာင္မိႈင္းဆန္းႏွင့္ အတူရွိေနခဲ့သည့္ ဗမာႏုိင္ငံလုံးဆိုင္ရာ ေက်ာင္းသား သမဂၢမ်ား အဖြဲ႕ခ်ဳပ္(ဗကသ)မွ ကိုေအာင္သူရက ေျပာ သည္။

“ကိုေအာင္မိႈင္းဆန္းက ေဒၚေအာင္ဆန္းစုၾကည္တုိ႔၊ တျခားအဖြဲ႔အစည္းတုိ႔ရဲ႕ ေမတၲာရပ္ခံတာမ်ိဳးေတြ ရွိလာတဲ့ အတြက္ အစာငတ္ခံ ဆႏၵုျပျခင္းကို ရပ္တန္႔ဖုိ႔ အခုခ်ိန္မွာ အေလးအနက္ထား စဥ္းစားေနၿပီေပါ့ေနာ္။ သူကေတာ့ ဒီတုိက္ပြဲက အကန္႔အသတ္မဲ့ တုိက္တဲ့ တုိက္ပြဲေတာ့ မဟုတ္ဘူး။ အကန္႔အသတ္နဲ႔လုပ္တဲ့တုိက္ပြဲ ျဖစ္တဲ့အတြက္ အခုေလာေလာဆယ္မွာေတာ့ မရပ္တန္႔ေသးဘူးလို႔ ေျပာ တယ္။ ဘယ္ေတာ့မွ ရပ္သြားမယ္လို႔လဲ သူ အခ်ိန္အတိအက်ႀကီး မေျပာထားေသးဘူး”ဟုလည္း ၎က ေျပာျပသည္။

လက္ရွိတြင္ ကိုေအာင္မိႈင္းဆန္း၏ က်န္းမာေရး အေျခအေနသည္ ရန္ကုန္ေဆး႐ုံႀကီးတြင္ ၂၄ နာရီ အထူးၾကပ္မတ္ ကုသမႈ ခံယူေန ရေၾကာင္းလည္း ေျပာဆိုသည္။

ကိုေအာင္မိႈင္းဆန္း အစာငတ္ခံ ဆႏၵျပမႈ အေျခအေနႏွင့္ပတ္သက္ၿပီး ၄င္း၏ သေဘာထားကို ယေန႔ မြန္းလြဲ ၃ နာရီေက်ာ္အထိ ဆက္သြယ္ေမးျမန္းေသာ္လည္း က်န္းမာေရး အေျခအေနေၾကာင့္ ျပန္လည္ေျဖၾကားေပးႏုိင္ျခင္း မရွိေသးေၾကာင္း ကိုေအာင္မိႈင္း ဆန္း ၏ ဇနီး မလဲ့လဲ့ႏြယ္ကလည္း ဧရာ၀တီ သတင္းဌာန၏ ေမးျမန္းခ်က္ကို ျပန္လည္ ေျဖၾကားသည္။

တႏိုင္ငံလံုးရွိ အက်ဥ္းေထာင္ အသီးသီးမွ ႏုိင္ငံေရးအက်ဥ္းသားမ်ားႏွင့္ ဖမ္းဆီး တရားစြဲဆိုခံထားရသည့္ ႏုိင္ငံေရး အက်ဥ္းသား အားလံုး လႊတ္ေပးရန္ ၿပီးခဲ့သည့္ ေအာက္တုိဘာ၂၃ ရက္က စတင္၍ သာယာ၀တီ အက်ဥ္းေထာင္တြင္ ကိုေအာင္မိႈင္းဆန္းက အစာငတ္ခံ ဆႏၵျပ ေတာင္းဆုိခဲ့ျခင္း ျဖစ္သည္။

ႏုိ၀င္ဘာလ ၁၃ ရက္ေန႔တြင္ သာယာ၀တီ အက်ဥ္းေထာင္၌ အစာငတ္ခံဆႏၵျပ ေတာင္းဆုိေနသည့္ ကိုေအာင္မိႈင္းဆန္းႏွင့္ ကိုမ်ိဳးျမတ္စံတို႔သည္ က်န္းမာေရး အေျခအေန ဆုိး၀ါးလာသည့္အတြက္ ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚ ပို႔ေဆာင္လိုက္ရျခင္း ျဖစ္သည္။

ရန္ကုန္ေဆး႐ုံႀကီးတြင္ တက္ေရာက္ေနသည့္ ကိုေအာင္မိႈင္းဆန္းႏွင့္ ကိုမ်ိဳးျမတ္စံတုိ႔ထံသို႔ ႏို၀င္ဘာ ၁၄ ရက္ေန႔ ည ၇ နာရီခန္႔က အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(NLD) ပါတီမွ ဦး၀င္းထိန္က ေဒၚေအာင္ဆန္းစုၾကည္၏ တာ၀န္ေပးခ်က္ျဖင့္ လာေရာက္ေတြ႔ဆံုခဲ့ ေသးသည္။

ေတြ႔ဆံုရာတြင္ အစာငတ္ခံ ဆႏၵျပ ေတာင္းဆိုေနျခင္းသည္ လက္ရွိ အကူးအေျပာင္း ကာလတခုတြင္ မီးစတစ္စ ျဖစ္လာမည္ကို စိုးရိမ္သည့္အတြက္ အစာငတ္ခံ ဆႏၵျပေတာင္းဆုိျခင္း ရပ္တန္႔ေစခ်င္ေၾကာင္း၊ မိမိတုိ႔ သေဘာဆႏၵျဖင့္ ဆႏၵျပျခင္းကို အမိန္႔ေပး ရပ္တန္႔ခိုင္းျခင္း မဟုတ္ဘဲ ေက်ာင္းသားမ်ား စဥ္းစားၿပီး လုပ္ေဆာင္ေစခ်င္ေၾကာင္း၊ ယခုကဲ့သို႔ ေက်ာင္းသားမ်ား လုပ္ေဆာင္မႈအေပၚကိုလည္း ေဒၚေအာင္ဆန္းစုၾကည္အေနႏွင့္ ဂုဏ္ယူမိေၾကာင္း စသည့္အခ်က္မ်ားကို ဦး၀င္းထိန္က ေျပာၾကားသြားသည္ဟု လည္း သိရသည္။

ထို႔အျပင္ ႏုိင္ငံေရး အက်ဥ္းသားေဟာင္းမ်ား အဖြဲ႔ ၇ ဖြဲ႔ကလည္း စုေပါင္းၿပီး ကိုေအာင္မိႈင္းဆန္းတုိ႔၏ အစာငတ္ခံ ဆႏၵျပျခင္းကို လက္ရွိ ေရြးေကာက္ပြဲ ကာလအၿပီး ၿငိမ္းခ်မ္းစြာ အာဏာလြဲေျပာင္းမႈ ျဖစ္ခ်ိန္အထိ ေရႊ႕ဆုိင္းေပးရန္ ေတာင္းဆိုခ်က္ တေစာင္ ႏို၀င္ ဘာလ ၁၆ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။
ဧရာ၀တီ
....................
ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြမှု မရပ်တန့်သေး
သူဇာ| November 16, 2015
 နိုင်ငံရေး အကျဉ်းသား, ကျောင်းသား , ဗကသ , အစာငတ်ခံ ဆန္ဒပြ
နိုဝင်ဘာ ၁၃ ရက်က ကိုအောင်မှိုင်းဆန်း ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာစဉ်(ဓာတ်ပုံ – မျိုးမင်းစိုး/ကိုစိုး)
နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေသော ကိုအောင်မှိုင်းဆန်း အနေနှင့် ကျန်းမာရေး အထူးကြပ်မတ် ကုသမှု ခံယူနေရသည့် အခြေအနေရှိနေသော်လည်း အစာငတ်ခံ ဆန္ဒပြခြင်းကို မရပ်တန့်သေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ အပါအဝင် တခြားသော နိုင်ငံရေး လှုပ်ရှားသည့် အဖွဲ့အစည်း များ၏ အစာငတ်ခံ ဆန္ဒပြခြင်းကို ရပ်တန့်ရန် မေတ္တာရပ်ခံမှုများ ရှိနေသော်လည်း လက်ရှိအချိန်အထိ ရပ်တန့်ခြင်း မရှိသေးကြောင်း ကိုအောင်မှိုင်းဆန်းနှင့် အတူရှိနေခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုအောင်သူရက ပြော သည်။

“ကိုအောင်မှိုင်းဆန်းက ဒေါ်အောင်ဆန်းစုကြည်တို့၊ တခြားအဖွဲ့အစည်းတို့ရဲ့ မေတ္တာရပ်ခံတာမျိုးတွေ ရှိလာတဲ့ အတွက် အစာငတ်ခံ ဆန္ဒုပြခြင်းကို ရပ်တန့်ဖို့ အခုချိန်မှာ အလေးအနက်ထား စဉ်းစားနေပြီပေါ့နော်။ သူကတော့ ဒီတိုက်ပွဲက အကန့်အသတ်မဲ့ တိုက်တဲ့ တိုက်ပွဲတော့ မဟုတ်ဘူး။ အကန့်အသတ်နဲ့လုပ်တဲ့တိုက်ပွဲ ဖြစ်တဲ့အတွက် အခုလောလောဆယ်မှာတော့ မရပ်တန့်သေးဘူးလို့ ပြော တယ်။ ဘယ်တော့မှ ရပ်သွားမယ်လို့လဲ သူ အချိန်အတိအကျကြီး မပြောထားသေးဘူး”ဟုလည်း ၎င်းက ပြောပြသည်။

လက်ရှိတွင် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေး အခြေအနေသည် ရန်ကုန်ဆေးရုံကြီးတွင် ၂၄ နာရီ အထူးကြပ်မတ် ကုသမှု ခံယူနေ ရကြောင်းလည်း ပြောဆိုသည်။

ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြမှု အခြေအနေနှင့်ပတ်သက်ပြီး ၄င်း၏ သဘောထားကို ယနေ့ မွန်းလွဲ ၃ နာရီကျော်အထိ ဆက်သွယ်မေးမြန်းသော်လည်း ကျန်းမာရေး အခြေအနေကြောင့် ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း ကိုအောင်မှိုင်း ဆန်း ၏ ဇနီး မလဲ့လဲ့နွယ်ကလည်း ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

တနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ပြီးခဲ့သည့် အောက်တိုဘာ၂၃ ရက်က စတင်၍ သာယာဝတီ အကျဉ်းထောင်တွင် ကိုအောင်မှိုင်းဆန်းက အစာငတ်ခံ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နို၀င်ဘာလ ၁၃ ရက်နေ့တွင် သာယာဝတီ အကျဉ်းထောင်၌ အစာငတ်ခံဆန္ဒပြ တောင်းဆိုနေသည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုးမြတ်စံတို့သည် ကျန်းမာရေး အခြေအနေ ဆိုးဝါးလာသည့်အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်နေသည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုးမြတ်စံတို့ထံသို့ နိုဝင်ဘာ ၁၄ ရက်နေ့ ည ရ နာရီခန့်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်ဖြင့် လာရောက်တွေ့ဆုံခဲ့ သေးသည်။

တွေ့ဆုံရာတွင် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေခြင်းသည် လက်ရှိ အကူးအပြောင်း ကာလတခုတွင် မီးစတစ်စ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုခြင်း ရပ်တန့်စေချင်ကြောင်း၊ မိမိတို့ သဘောဆန္ဒဖြင့် ဆန္ဒပြခြင်းကို အမိန့်ပေး ရပ်တန့်ခိုင်းခြင်း မဟုတ်ဘဲ ကျောင်းသားများ စဉ်းစားပြီး လုပ်ဆောင်စေချင်ကြောင်း၊ ယခုကဲ့သို့ ကျောင်းသားများ လုပ်ဆောင်မှုအပေါ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဂုဏ်ယူမိကြောင်း စသည့်အချက်များကို ဦးဝင်းထိန်က ပြောကြားသွားသည်ဟု လည်း သိရသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ရ ဖွဲ့ကလည်း စုပေါင်းပြီး ကိုအောင်မှိုင်းဆန်းတို့၏ အစာငတ်ခံ ဆန္ဒပြခြင်းကို လက်ရှိ ရွေးကောက်ပွဲ ကာလအပြီး ငြိမ်းချမ်းစွာ အာဏာလွဲပြောင်းမှု ဖြစ်ချိန်အထိ ရွှေ့ဆိုင်းပေးရန် တောင်းဆိုချက် တစောင် နိုဝင် ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ဧရာ၀တီ

အစာငတ္ခံဆႏၵျပေနေသာ ေက်ာင္းသားေခါင္းေဆာင္ ကိုေအာင္မိွဳင္းဆန္းႏွင့္အင္တာဗ်ဴး https://www.youtube.com/watch?v=2Zvt1UF2PVQ&list=PLzl2CAwehuoyw5H2qVrbucEGv9AyRajtM&index=226

Posted by The Melting Pot 4 U on Sunday, 15 November 2015

No comments:

Post a Comment