Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 10, 2015

သုံးမတ် ဘိုးတော် ဦးမန်းဂျော်နီ(၁၉၉၀ အမတ်၊ ၂၀၁၂ အမတ်၊ ၂၀၁၅ အမတ်)”


(ဤစာစုဖြင့် ဂုဏ်ပြုအပ်ပါသည်။)
ဂုဏ်ယူတာလား ဂုဏ်ပြုတာလား…..
ဂုဏ်ယူစွာ နှင့် ဂုဏ်ပြုလိုက်ပါတယ် ဒက်ဒီ ဖာသား ဦးမန်းဂျော်နီ……..
ဖားသားကြီးရေ…. ဖားသားကြီး သားအငယ်ဆုံးကောင်တောင် အခုဆို လူလတ်ပိုင်း သုံးဆယ်ကျော်ရောက်နေပြီဆိုတော့ ဒီတိုက်ပွဲကို နောက်မဆုတ်တမ်း မယိမ်းမယိုင် တိုက်ခဲ့တာ သားတို့ တစ်သက်လို့ဆိုရမှာပေါ့….
မှတ်မိနေသေးတယ်….ဟိုး ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလတွေကို…
ဖာသားကြီးနိုင်တယ် အမတ်မင်းဖြစ်ပဟဲ့ဆိုပြီး ဟဲဟဲ ဟဲဟဲနဲ့ အိမ်ကိုရောက်လာတဲ့ မုန့်ဘုံးတွေ…
“ဆရာ... ဆရာ…ဆရာ”
လိုတာပြော မလိုတာလဲပြော ပြောချင်တာသာပြော ပြောပြောမပြောပြော တပည့်တို့က ဆရာ့အတွက် အသင့်ပဲဆိုသူတစ်ချို့ကိုလည်း တွေ့ခဲ့ဘူးတယ်….
ဖမ်းဆီးမှုတွေကြား မှာ “နင့်အဖေအဖမ်းခံရတယ်ဆို” ဆို တဲ့အမေးကို ရင်ကော့ခေါင်းမော့လို့
“ငါ့အဖေက အမှန်တရားအတွက် အဖမ်းခံရတာ” လို့ ဂုဏ်ယူစွာ တုံ့ပြန်ခဲ့ဘူးတယ်….
အမှန် အမှား ဘာမှန်းသေချာမသိသေးပေမဲ့ မတရားဘူး ဆိုတဲ့အသိတော့ ရင်ထဲအသေအချာရှိခဲ့တယ်……
…………………………………………………..
“ဗျောက်အိုး….. ဖောက်လိုက်ပြီဟဲ့…..ဗျောက်အိုး”
“ဖောင်း ဖောင်း ဖောင်း နဲ့”
သူများကလေးတွေလည်းဖောက်တယ်….ကိုလည်းဖောက်တယ် ဘာထူးဆန်းလို့လဲ ရေးကြီးခွင်ကျယ်လုပ်လို့..
“မင်း အဖေ ဘာကောင်လဲ မင်းမသိဘူးလား….”
“မသိဘူးဗျာ မသိဘူး သူများတွေလည်း ဖောက်တယ် ကိုယ်လည်းဖောက်တယ် ဖမ်းချင်အကုန်ဖမ်းပေါ့ ဘယ့်နှယ့် ကိုဖောက်မှ ကို့တစ်ယောက်တည်းကွက်ပြီးဖမ်းမယ်ဆိုလို့ ရမလား လက်မခံဘူး”
လေကြီးလေကျယ်ပြန်ပြောတာကိုပဲ သဘောတွေ့တာလား ဘာကိုသဘောကျလို့ဘာဖြစ်မှန်းတော့မသိဘူး
ရိုက်မယ်လို့ထင်ထားတာ မရိုက်ဘူးဗျ…….အင်း…ခက်တော့လည်း ခက်သားပဲ ….
“ဘာကောင်လဲဗျာ ဘာကောင်လဲ ငါ့အဖေက ဘာကောင်ကြီးလဲ…..”
……………………………………………….
အကောင်တော့ အကောင်ပဲ
ကို့မျက်လုံးထဲမတော့ သာမန်ပါပဲ….သူတို့မျက်လုံးထဲမတော့ မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ကို ကြီးတဲ့ ဒိန်းဂျား ဂျော်နီဝါကားကြီးပဲ….
ရပ်ကွက်ထဲမလည်း စပိုင်ရှိသဗျ…မယုံမရှိနဲ့…သူခိုးမကြောက်ရဘူး အစောင့်အရှောက်တွေနဲ့ နေခဲ့ရတာ..
ကျွန်တော်တို့မြို့မှာ စစ်အထူးထောက်လှမ်းရေး မြင့်ကျော်ဆိုတာရှိသဗျ…အားလုံးက ဆရာမြင့်ကျော် ဆရာမြင့်ကျော်နဲ့….သူတို့ခေတ်ကိုးဗျ…ပြည်သူ့အချစ်တော်ကြီးပေါ့ဗျာ…..
ရပ်ကွက်ထဲ စအဖ မောင်မြင့်ကျော်လေး မွေးထားတဲ့ အရိုးအရင်းလောက်ကိုက်ရတာကို ဂုဏ်ယူနေတဲ့ အသားထဲလောက်ထွက်လေးကလည်း တစ်နေ့တစ်နေ့ အိမ်ရှေ့ကို အသွားအပြန်ဖြတ်ဖြတ်လျှောက်ပြီး ဆရာဦးမန်းဂျော်နီ အိမ်မှာ ရှိသေးရဲ့လား ရှိသေးရဲ့လား နဲ့ စောင်းငန်းစောင်းငန်း လာလာချောင်းရတာလည်း အမောပဲ….
တစ်ခါတစ်လေ နေမကောင်းလို့ အိမ်ထဲကအိမ်ပြင်မထွက်တဲ့နေ့များ ဆရာဂျော်နီ အရိပ်အယောင် မတွေ့တော့ဘူးဆို အရမ်းတော်တဲ့ထောက်လှမ်းရေးတွေက ကိုယ်တွေ မသိတဲ့သူစိမ်းတစ်ယောက်ကိုလွှတ်ပြီး
“ဆရာရှိလား ဆရာရှိလား…..” နဲ့ ပုံမှားလာရိုက်ကြပါလေရော
ဘယ်သူလဲ နာမည်ဘယ်လိုခေါ်လဲ ဘာလုပ်မလို့လဲ ပြောစရာရှိရင်ပြောဆို ….
ဟိုလိုလို ဒီလိုလို ဟိုဒင်းလိုလို ဟိုဟာလိုလို နဲ့လစ်ရော….
သူတို့အလုပ်ကလည်း နေ့တိုင်းသတင်းပို့ရတာကိုးဗျ….
ဆရာမန်းဂျော်နီ မနက် အိမ်က ဘယ်နှစ်နာရီထွက် ဘယ်သူနဲ့တွေ့…..ဘာတွေလုပ်….အဲ့ဒါတွေကို အစီရင်ခံရတဲ့ဟာက သူတို့အလုပ်…..
ပျောက်သွားပြီ….ဘယ်သွားလဲ ဘာလုပ်လဲ အထက်ကို မပို့နိုင်ရင် သူတို့မှာလည်း တစ်ဒုတ္ခ…
ကျုံပျော်မြို့ ဆေးရုံရှေ့ ဆိုက္ကားဂိတ်က ဆိုက္ကားသမားတွေကိုလည်း နယ်ထိန်း အဲ့ခေတ်ကတော့ ဦးထွန်းဝေပေါ့ဗျာ….ဆရာထွန်းဝေ ဆရာထွန်းဝေလို့ခေါ်ကြတယ်ဗျ…..
အဲ့ဆရာထွန်းဝေက ဆေးလိပ်လေးတိုက် လက်ဖက်လေးကျွေး ထန်းလျှက်လေးကျွေး အပိုင်ပေါင်းထားပြီး ဆရာ မန်းဂျော်နီ ဘယ်အချိန်အိမ်ကထွက်တယ် ဘယ်အချိန် ပြန်တယ်ဆိုတာကို ဆိုက္ကားသမားကတစ်ဆင့် သတင်းယူသဗျ….
ဆရာ မန်းဂျော်နီ ကျုံပျော်မြို့မှာပဲ ရှိနေဖို့က သူတို့ရဲ့ အဓိကအရေးအကြီးဆုံးတာဝန်ပဲလေ….

……………………………….
“သားလေး ထထ အဖေ့ကိုလိုက်ပို့ဦး….”
ကျုံပျော်ကနေ ရန်ကုန်ကို သွားတဲ့ ခေတ်မှီဆိုတဲ့ကားရှိတယ်…..
အဲ့ကားက မနက် အစောပိုင်း ၃ နာရီ ခွဲလောက် ကျုံပျော်ကနေထွက်တာ….
ဆရာမန်းဂျော်နီတို့ ကြောက်တတ်လိုက်ပုံများ….ကားစီးမှာကို ထိုင်ခုံရအောင် ကားလတ်မှတ် ကြိုတင်ဖြတ်ပါတော့လား….မဖြတ်ဘူးဗျာ…
လက်မှတ်ကြိုဖြတ်ထားပြီဆို မသွားအောင် အတားခံရပြီသာမှတ်ပေတော့…..
အဲ့ဒါဆိုလည်း ကို့ရဲ့ရပ်ကွက်ထိပ်က စောင့်ပြီး အသာလေးတားစီးလည်းရတဲ့ဟာကို မစီးဘူးဗျာ…
တမင်တကာ မပင်ပန်း ပင်ပန်းအောင်စတန့်ထွင်လိုက်ပုံများ ရပ်ကွက်နောက်ကျောလမ်းကနေ လှည့်ထွက်ပြီး စက်ဘီးနဲ့လိုက်ပို့ပေးရသဗျ…..
ကျွန်တော်တို့မြို့မှာ ကုန်းဖြူလေး လို့ခေါ်တဲ့နေရာရှိသဗျ….မြို့ကနေစက်ဘီးနင်းရင် ဆယ်မိနစ်ကျော်လောက်တော့ နင်းရမယ် ….အဲ့ ကုန်းဖြူလေးမှာ မန်ကျည်းပင်ကြီးကလည်း ကွင်းလည်ခေါင်ခေါင်မှာ သရဲလိုမျိုးထီးထီးကြီးရှိတယ်….အများအပြောကတော့ မိန်းမတစ်ယောက် အဲ့မန်းကျည်းပင်မှာ ဇွဲကြိုးချသေဖူးတယ်…လျှာထုတ်ပြတယ် သရဲရှိတယ်ဆိုလားဗျာ ….ပြောကြတာပဲ
အဲ့နေရာကြီးကိုဗျာ…..လိုက်ပို့ရတာ…..
ခေတ်မှီကားကြီး ရောက်လာ…..ဖားသားကြီးက ကားကိုတား ကားပေါ်တက်…..
ဒီကလည်း သူရဲကောင်းကြီးဆိုတော့ လျှာထုတ်မပြခင်မြန်မြန်လစ်မှဆိုပြီး လှည့်ကိုမကြည့်ပဲ သုတ်တော့တာပဲ….
“အော်….သူတို့ကြောက်တာ အဲ့ဒါ ….သူတို့ကြောက်တာ အဲ့ဒါ…..”
“အဖွဲ့ချုပ် အစည်းအဝေး….အဖွဲ့ချုပ် စုစည်းမှု….အဖွဲ့ချုပ် ရပ်တည်မှု”
သူတို့ရဲ့အဓိက ဦးတည်ချက်ကတော့
“အဖွဲ့ချုပ် ကစဥ့်ကလျားဖြစ်ပြီး မရပ်တည်နိုင်ရေး အမာခံပါတီဝင်ဆိုသူတွေ လျှော့ပါးပြီး အလုံးစုံ ပျက်သုဉ်းရေး” ဆိုတာပါပဲ……
…………………………………………..
ကြာခဲ့ပါပြီ ဆိုပေမယ့်…ဦးဏှောက်ဆိုတဲ့အမျိုးက တယ်လဲမှတ်မိတာပဲ…
ရန်ကုန်ကို အစည်းအဝေးဆိုပြီး ကိုယ်တွေ ရှစ်တန်းပြီးခါစလောက်ထဲကထွက်သွားလိုက်တာ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ သောင်တင်နေပါရောလား…
စ အ ဖ ဆရာ မောင်မြင့်ကျော်လေးလည်းသူတတ်သလောက် မှတ်သလောက်ကူညီတာ ကျွန်တော့်အမေလည်း အထက်တန်းပြဆရာမ အလုပ်ပြုတ်ကရောပဲ….
ဘိုးတော် အဲ့လိုပြုတ်အောင်လုပ်နိုင်လို့ ကို့ကိုကို သိပ်အထင်ကြီးမနေနဲ့….
တော်လိုက်ပုံများ….မိန်းမတွေတော်လာရင် တိုင်းပြည်မပြောနဲ့ မိသားစုတောင်အစည်းမပြေဘူး….
ဒီမိုမေမေတို့ မျက်ရည်သိမ်းပြီး တိုက်ပွဲဝင်ခဲ့ပုံများ သြချလောက်တယ်…
“မင်း အဖေက အမတ်ဖြစ်ချင်တာကိုးကွ….”
“တောက်…..”
ဒေါသထွက်လိုက်တာ…..
အော်….မာမီ…မာမီ….အမတ်ကတော်ဖြစ်ချင်လို့များ လုပ်ခဲ့မယ်ဆို မာမီတစ်ယောက် ဒက်ဒီဖားသားနဲ့ကွဲတာကြာပေါ့…..
ဒီရေရှည်တိုက်ပွဲ ဒီလောက်ကြံ့ကြံ့ခံနိုင်တာ မာမီ ဆိုသူ မိန်းမသားတွေအသဲကောင်းခဲ့လို့ပဲ….
မာမီစောရေ….မာမီစု နဲ့အတူ ထပ်တူဂုဏ်ပြုလိုက်ပါတယ်…..
………………………………………..
ကျွန်တော် ဆယ်တန်းနှစ်ရောက်တော့ ၁၉၉၈ မှာ အိမ်ကိုလွမ်းလွန်းလို့ဆိုပြီး ပြန်လာတယ်..
ဒီနေ့ရောက်ပြီး မကြာပါဘူး ထင်တဲ့အတိုင်းပါပဲ….
ဆရာ ခဏလောက်လိုက်ခဲ့ပါဦးဆိုပြီး ….ပါသွားတော့တာပါပဲ…
ပုသိမ်မြို့ တောင်ပေါ် ဆိုတာ စစ်တပ်နေရာလေ….အဲ့မှာခေါ်ပြီး တိုက်ပိတ်ပေါ့….
မျက်လုံးကို အ၀တ်စည်း…ရှေ့မှာတန်း ခေါင်းငုံ….ဒီဖက်ကွေ့ ဟိုဖက်ကွေ့…ဒီမှာထိုင်…
အခန်းထဲတစ်ယောက်တည်းထားထားပြီး တိတ်ဆိတ်ငြိမ်သက်….
အတော်လေးကြာမှ “ဒေါက် ဒေါက် ဒေါက်” နဲ့ စစ်ဖိနပ်ခွာသံပေး ရှေ့လျှောက်နောက်လျှောက်ခေါက်တုံ့ခေါက်ပြန်လုပ်ပြီး ဘာစကားမှမပြော
ဘာမှမမေးပဲ ပြန်ခေါ်သွား…..တိုက်ပြန်ပိတ်….
အိပ်ပျော်မယ်ကြံသေး ….ပြန်လာခေါ်….ရှေ့မှာတန်း ခေါင်းငုံ….ဒီဖက်ကွေ့ ဟိုဖက်ကွေ့…ဒီမှာထိုင်…
“ရသေ့ရဟန်းတောင် အနှောင့်အယှက်ကင်းကင်း တရားထိုင်ဖို့ ဂူနေရာရှာရသေးတယ် ငါ့နှယ်အဆင်သင့်လိုက်ပုံမှား တရားထိုင် ဘုရားရှိခိုးဖို့ နေရာကိုကျလို့……”
အော်….ဘိုးတော် ဘိုးတော်…အမတ်မင်းဖြစ်ရတာလည်း ဘုရားမရှိတရားမရှိသာဆို ကြောင်သွားလောက်တယ်….
…………………………..
“ဘာတတ်နိုင်သေးလဲ ပွဲကသိမ်းသွားပြီ NLD မြောင်းထဲရောက်သွားပြီ ၂၀၁၀ ရွေးကောက်ပွဲလဲပြီးသွားပြီ မင်းအဖေလည်းသွားပြီ”
ဘာမှပြန်မပြောဘူး….ပြောချင်စိတ်လည်းမရှိဘူး….
ဓမ္မ နဲ့ အဓမ္မ စီးချင်းထိုးနေတာ….
သူ ဟာ ခင်ဗျားပြောတဲ့ ခင်ဗျားလို အဖေမဟုတ်ဘူး….
ဓမ္မ အတွက် တိုက်ပွဲဝင်သူ…
သူဟာ ခင်ဗျားပြောတဲ့ ခင်ဗျားလို အဖေမဟုတ်ဘူး….
အများအတွက် အတ္တ စွန့်သူ….
သူဟာ ခင်ဗျားပြောတဲ့ ခင်ဗျားလို အဖေမဟုတ်ဘူး….
အာဏာရှင်ကို အာခံဝံ့သူ….
ထပ်ပြောလိုက်မယ် ခင်ဗျားကို….သေသေချာချာမှတ်ထား…..
“သူဟာ မက်မောလို့ အမတ်လုပ်ချင်နေတာမဟုတ် မတ်မတ်ရပ်ဝံ့လို့ အမတ်လုပ်ချင်နေတဲ့သူ…..”
………………………………
၂၀၁၂ မြောင်းမြအမတ်ကြီး ဦးမန်းဂျော်နီ အဖြစ် တစ်ဖြစ်လဲခဲ့ပြန်ပါပြီ…..
ဒက်ဒီဖားသား ဆယ်သိန်းစားပြီပေါ့……
ကောင်းစားပြီပေါ့….ထောပြီပေါ့…..
အဲ့ ဆယ်သိန်းစား စကား သူများပြောတာကြားရင် ကျွန်တော့်အမေပြောတာ သွားသွားသတိရမိတယ်….
“အမတ်မင်း….ဟုတ်စ….ဘာအမတ်မင်းလဲ…..စင်ကာပူမှာ အိမ်ဖော်သွားလုပ်တဲ့ အိမ်ဖော်လစာတောင်မမှီတာ…..ပြောတော့ တိုင်းပြည်ရဲ့အရေးလွှတ်တော်တက်ဆုံးဖြတ်သူတွေတဲ့ အိမ်ဖော်တောင်မမှီဘူး…..”
အဲ့ ရတဲ့ဆယ်သိန်းထဲက နှစ်သိန်းခွဲက အဖွဲ့ချုပ်ရန်ပုံငွေပြန်ထည့်ရသဗျ…..
ဟိုမြို့ ဒီမြို့နယ်လှည့်စည်းရုံးရေးဆင်းရင် ကားငှားခတို့ ဆိုင်ကယ်ငှားခတို့ စက်လှေငှားခတို့က အလကားရတာတစ်ခုမှမရှိ…..
ကို့အဖွဲ့ထဲ ဟိုလူဘာဖြစ် လှူပြန်ပြီ ဒီလူဘာဖြစ်လှူပြန်ပြီ…..
အမြီးနှုတ် ခေါင်းနှုတ် ….ဒီအမတ်မင်း လစာသာ စောင့်စားရင် ဒီတစ်မျိုးလုံးငတ်တာကြာလှပေါ့…….
အော်….ဒက်ဒီဖားသား ဒက်ဒီဖားသား….မက်မောလို့ အမတ်လုပ်နေတာမဟုတ် ရက်ရောလို့ အမတ်လုပ်နေတဲ့ ဒက်ဒီဖားသား….
……………………
တောက်…ဒက်ဒီဖားသားရေ….
ကြုံတောင့်ကြုံခဲ ဒက်ဒီဖားသားကို မဲပေးမဟဲ့ဆိုပြီး အားခဲထားတာ ကိုနေတဲ့ရပ်ကွက်အပိုင်မဲဆန္ဒနယ်က ဒက်ဒီဖားသားမဲဆန္ဒနယ်မဟုတ်လေတော့ ဒက်ဒီဖားသားကို မဲပေးခွင့်မရလိုက်တော့ဘူး……
ကြားတယ်…ကြားတယ်….အရမ်းပင်ပန်းနေပြီဆိုတာ..
အောင်နိုင်ရေးအတွက် အားဆေးတွေသွင်းပြီး နေပူမရှောင် မိုးရွာမရှောင် ရွှံ့ထဲ ဗွက်ထဲ ပါတီစည်းရုံးရေး ဟောပြောပွဲတွေ ဆက်တိုက်နေ့တိုင်းသွားနေတာ….
သိပါတယ်….သိပါတယ်….အဖေ့ကို သားတို့မပိုင်တော့ဘူးဆိုတာ….
အဖေ့ကို ပြည်သူပိုင်သိမ်းသွားပြီ….
အဖေ့ကို အများပိုင်သွားပြီ…..
ဒါပေမယ့်….ဒက်ဒီဖားသားရေ……….ဤခရီး ဤမှာ မဆုံးသေးပါ…..
ဒက်ဒီဖားသား ဆက်လျှောက်ပေတော့…..
အမတ်မင်းနောက်မှာ သားတွေ တစ်ပြုံ ကြီးရှိတယ်………….
အမတ်မင်း ဘ၀င်မြင့်ရင်တော့ သားတွေအကြောင်းသိတယ်နော်…..
(ဇာနည်မောင်မောင်ကျော်)
.........................
သုံးမတ် ဘိုးတော် ဦးမန်းဂေ်္နာီ(၁၉၉၀ အမတ်၊ ၂၀၁၂ အမတ်၊ ၂၀၁၅ အမတ်)”
…………………………………………………..။…………………………………………….
(ဤစာစုဖြင့် ဂုဏ်ပြုအပ္ပါသည်။)
ဂုဏ်ယူတာလား ဂုဏ်ပြုတာလား…..
ဂုဏ်ယူစြာ နွင့် ဂုဏ်ပြုလိုက္ပါတယ် ဒက္ဒီ ဖာသား ဦးမန်းဂေ်္နာီ……..
ဖားသားကြီးရေ…. ဖားသားကြီး သားအငယ္ဆုံးကောင်တောင် အခုဆို လူလတ္ပိုင်း သုံးဆယ်ကော််ရောက်နေပြီဆိုတော့ ဒီတိုက္ပြဲကို နောက္မဆုတ္တမ်း မယိမ်းမယိုင် တိုက္ခဲ့တာ သားတို့ တစ်သက္လို့ဆိုရမွာပေါ့….
မွတ္မိနေသးတယ်….ဟိုး ၁၉၉၀ ရြေးကောက္ပြဲအလြန္ကာလေတြကို…
ဖာသားကြီးနိုင္တယ် အမတ္မင်းဖြစ္ပဟဲ့ဆိုပြီး ဟဲဟဲ ဟဲဟဲနဲ့ အိမ္ကိုရောက္လာတဲ့ မုန့်ဘုံးတြေ…
“ဆရာ... ဆရာ…ဆရာ”
လိုတာပြော မလိုတာလဲပြော ပြောခ်င္တာသာပြော ပြောပြောမေပြာပြော တပည့်တို့က ဆရာ့အတြက် အသင့်ပဲဆိုသူတစ္ခို့ကိုလည်း တြေ့ခဲ့ဘူးတယ်….
ဖမ်းဆီးမှုတြေကြား မွာ “နင့်အေဖအဖမ်းခံရတယ္ဆို” ဆို တဲ့အေမးကို ရင်ကော့ခေါင်းမော့လို့
“ငါ့အေဖက အမွန္တရားအတြက် အဖမ်းခံရတာ” လို့ ဂုဏ်ယူစြာ တုံ့ပြန္ခဲ့ဘူးတယ်….
အမွန် အမွား ဘာမွန်းသေခ်ာမသိသေးပေမဲ့ မတရားဘူး ဆိုတဲ့အသိတော့ ရင္ထဲအေသအခ်ာရွိခဲ့တယ်……
…………………………………………………..
“ဗော်က်အိုး….. ဖောက္လိုက်ပြီဟဲ့…..ဗော်က်အိုး”
“ဖောင်း ဖောင်း ဖောင်း နဲ့”
သူမ်ားကေလးတြေလည်းဖောက္တယ်….ကိုလည်းဖောက္တယ် ဘာထူးဆန်းလို့လဲ ရေးကြီးခြင္က်ယ္လုပ္လို့..
“မင်း အေဖ ဘာကောင္လဲ မင်းမသိဘူးလား….”
“မသိဘူးဗ်ာ မသိဘူး သူမ်ားတြေလည်း ဖောက္တယ် ကိုယ္လည်းဖောက္တယ် ဖမ်းခ်င်အကုန္ဖမ်းပေါ့ ဘယ့်နွယ့် ကိုဖောက္မွ ကို့တစ်ယောက္တည်းကြက်ပြီးဖမ်းမယ္ဆိုလို့ ရမလား လက္မခံဘူး”
လေကြီးလေက်ယ်ပြန်ပြောတာကိုပဲ သေဘာတြေ့တာလား ဘာကိုသေဘာက်လို့ဘာဖြစ္မွန်းတော့မသိဘူး
ရိုက္မယ္လို့ထင္ထားတာ မရိုက္ဘူးဗ်…….အင်း…ခက်တော့လည်း ခက်သားပဲ ….
“ဘာကောင္လဲဗ်ာ ဘာကောင္လဲ ငါ့အေဖက ဘာကောင်ကြီးလဲ…..”
……………………………………………….
အေကာင်တော့ အေကာင္ပဲ
ကို့မ်က္လုံးထဲမေတာ့ သာမန္ပါပဲ….သူတို့မ်က္လုံးထဲမေတာ့ မ်က္စိအောက္က အေပ်ာက္မခံနိုင်လောက်အောင္ကို ကြီးတဲ့ ဒိန်းဂ်ား ဂေ်္နာီဝါကားကြီးပဲ….
ရပ္ကြက္ထဲမလည်း စပိုင်ရွိသဗ်…မယုံမရွိနဲ့…သူခိုးမေကြာက်ရဘူး အေစာင့်အေရွာက်တြေနဲ့ နေခဲ့ရတာ..
ကျန်ြတ္တောို့မြို့မွာ စစ်အထူးထောက္လွမ်းရေး မြင့်ကေ်္ဆာိုတာရွိသဗ်…အားလုံးက ဆရာမြင့်ကော်် ဆရာမြင့်ကေ်္နာဲ့….သူတို့ခေတ္ကိုးဗ်…ပြည်သူ့အခ်စ်တော်ကြီးပေါ့ဗ်ာ…..
ရပ္ကြက္ထဲ စအဖ မောင်မြင့်ကော််လေး မြေးထားတဲ့ အရိုးအရင်းလောက္ကိုက်ရတာကို ဂုဏ်ယူနေတဲ့ အသားထဲလောက္ထြက်လေးကလည်း တစ်နေ့တစ်နေ့ အိမ်ရွေ့ကို အသြားအပြန်ဖြတ်ဖြတ်လွော်က်ပြီး ဆရာဦးမန်းဂေ်္နာီ အိမ္မွာ ရွိသေးရဲ့လား ရွိသေးရဲ့လား နဲ့ စောင်းငန်းစောင်းငန်း လာလာခော်င်းရတာလည်း အေမာပဲ….
တစ္ခါတစ်လေ နေမေကာင်းလို့ အိမ္ထဲကအိမ်ပြင္မထြက္တဲ့နေ့မ်ား ဆရာဂေ်္နာီ အရိပ်ေအယာင် မေတြ့တော့ဘူးဆို အရမ်းတ္တောဲ့ထောက္လွမ်းရေးတြေက ကိုယ်တြေ မသိတဲ့သူစိမ်းတစ်ယောက္ကိုလွှတ်ပြီး
“ဆရာရွိလား ဆရာရွိလား…..” နဲ့ ပုံမွားလာရိုက်ကြပါလေရာ
ဘယ်သူလဲ နာမည္ဘယ္လိုခေါ်လဲ ဘာလုပ္မလို့လဲ ပြောစရာရွိရင်ပြောဆို ….
ဟိုလိုလို ဒီလိုလို ဟိုဒင်းလိုလို ဟိုဟာလိုလို နဲ့လစ်ရော….
သူတို့အလုပ္ကလည်း နေ့တိုင်းသတင်းပို့ရတာကိုးဗ်….
ဆရာမန်းဂေ်္နာီ မနက် အိမ္က ဘယ်နွစ္နာရီထြက် ဘယ်သူနဲ့တြေ့…..ဘာတြေလုပ်….အဲ့ဒါတြေကို အစီရင္ခံရတဲ့ဟာက သူတို့အလုပ်…..
ပော်က်ြသားပြီ….ဘယ်ြသားလဲ ဘာလုပ္လဲ အထက္ကို မပို့နိုင်ရင် သူတို့မွာလည်း တစ္ဒုတ္ခ…
က်ုံပော််မြို့ ဆေးရုံရွေ့ ဆိုက္ကားဂိတ္က ဆိုက္ကားသမားတြေကိုလည်း နယ္ထိန်း အဲ့ခေတ္ကေတာ့ ဦးထြန်းဝေပေါ့ဗ်ာ….ဆရာထြန်းဝေ ဆရာထြန်းဝေလို့ခေါ်ကြတယ္ဗ်…..
အဲ့ဆရာထြန်းဝေက ဆေးလိပ်လေးတိုက် လက္ဖက်လေးကျြေး ထန်းလ်ွက်လေးကျြေး အပိုင်ပေါင်းထားပြီး ဆရာ မန်းဂေ်္နာီ ဘယ်အခိန်အိမ္ကထြက္တယ် ဘယ်အခိန် ပြန္တယ္ဆိုတာကို ဆိုက္ကားသမားကတစ္ဆင့် သတင်းယူသဗ်….
ဆရာ မန်းဂေ်္နာီ က်ုံပော််မြို့မွာပဲ ရွိနေဖို့က သူတို့ရဲ့ အဓိကအေရးအကြီးဆုံးတာဝန္ပဲလေ….
……………………………….
“သားလေး ထထ အေဖ့ကိုလိုက္ပို့ဦး….”
က်ုံပော််ကေန ရန္ကုန္ကို သြားတဲ့ ခေတ္မွီဆိုတဲ့ကားရွိတယ်…..
အဲ့ကားက မနက် အေစာပိုင်း ၃ နာရီ ခြဲလောက် က်ုံပော််ကေနထြက္တာ….
ဆရာမန်းဂေ်္နာီတို့ ကြောက္တတ္လိုက္ပုံမ်ား….ကားစီးမွာကို ထိုင္ခုံရေအာင် ကားလတ္မွတ် ကြိုတင်ဖြတ္ပါတော့လား….မဖြတ္ဘူးဗ်ာ…
လက္မွတ်ကြိုဖြတ္ထားပြီဆို မသြားအောင် အတားခံရပြီသာမွတ်ပေတာ့…..
အဲ့ဒါဆိုလည်း ကို့ရဲ့ရပ္ကြက္ထိပ္က စောင့်ပြီး အသာလေးတားစီးလည်းရတဲ့ဟာကို မစီးဘူးဗ်ာ…
တမင္တကာ မပင္ပန်း ပင္ပန်းအောင္စတန့်ထြင္လိုက္ပုံမ်ား ရပ္ကြက်နောက်ကော်လမ်းကေန လွည့်ထြက်ပြီး စက္ဘီးနဲ့လိုက္ပို့ပေးရသဗ်…..
ကျန်ြတ္တောို့မြို့မွာ ကုန်းဖြူလေး လို့ခေါ်တဲ့နေရာရွိသဗ်….မြို့ကေနစက္ဘီးနင်းရင် ဆယ္မိနစ်ကော််လောက်တော့ နင်းရမယ် ….အဲ့ ကုန်းဖြူလေးမွာ မန္က်ည်းပင်ကြီးကလည်း ကြင်းလည်ခေါင်ခေါင္မွာ သရဲလိုမိုးထီးထီးကြီးရွိတယ်….အမ်ားအေပြာကေတာ့ မိန်းမတစ်ယောက် အဲ့မန်းက်ည်းပင္မွာ ဇြဲကြိုးခ်သေဖူးတယ်…လွ်ာထုတ်ပြတယ် သရဲရွိတယ္ဆိုလားဗ်ာ ….ပြောကြတာပဲ
အဲ့နေရာကြီးကိုဗ်ာ…..လိုက္ပို့ရတာ…..
ခေတ္မွီကားကြီး ရောက္လာ…..ဖားသားကြီးက ကားကိုတား ကားပေါ်တက်…..
ဒီကလည်း သူရဲကောင်းကြီးဆိုတော့ လွ်ာထုတ္မပြခင်မြန်မြန္လစ္မွဆိုပြီး လွည့်ကိုမကြည့်ပဲ သုတ်တော့တာပဲ….
“အော်….သူတို့ကြောက္တာ အဲ့ဒါ ….သူတို့ကြောက္တာ အဲ့ဒါ…..”
“အဖြဲ့ခ်ုပ် အစည်းအေ၀း….အဖြဲ့ခ်ုပ် စုစည်းမှု….အဖြဲ့ခ်ုပ် ရပ္တည္မှု”
သူတို့ရဲ့အဓိက ဦးတည္ခ်က္ကေတာ့
“အဖြဲ့ခ်ုပ် ကစဉ့်ကလ်ားဖြစ်ပြီး မရပ္တည်နိုင်ရေး အမာခံပါတီဝင္ဆိုသူတြေ လွော့်ပါးပြီး အလုံးစုံ ပ်က်သုဉ်းရေး” ဆိုတာပါပဲ……
…………………………………………..
ကြာခဲ့ပါပြီ ဆိုပေမယ့်…ဦးဏွောက္ဆိုတဲ့အမိုးက တယ္လဲမွတ္မိတာပဲ…
ရန္ကုန္ကို အစည်းအေ၀းဆိုပြီး ကိုယ်တြေ ရွစ္တန်းပြီးခါစေလာက္ထဲကထြက်ြသားလိုက္တာ ဒေါ်အောင္ဆန်းစုကြည်အိမ္မွာ သောင္တင်နေပါရောလား…
စ အ ဖ ဆရာ မောင်မြင့်ကော််လေးလည်းသူတတ်ေသလာက် မွတ်ေသလာက္ကူညီတာ ကျန်ြတော့်အေမလည်း အထက္တန်းပြဆရာမ အလုပ်ပြုတ္ကေရာပဲ….
ဘိုးတော် အဲ့လိုပြုတ်အောင္လုပ်နိုင္လို့ ကို့ကိုကို သိပ်အထင်ကြီးမေနနဲ့….
တ္လောိုက္ပုံမ်ား….မိန်းမေတြေတ္လာာရင် တိုင်းပြည္မေပြာနဲ့ မိသားစုတောင်အစည်းမေပြဘူး….
ဒီမိုမေမတို့ မ်က်ရည်သိမ်းပြီး တိုက္ပြဲဝင္ခဲ့ပုံမ်ား သြခ်လောက္တယ်…
“မင်း အေဖက အမတ်ဖြစ္ခ်င္တာကိုးကြ….”
“တောက်…..”
ဒေါသထြက္လိုက္တာ…..
အော်….မာမီ…မာမီ….အမတ္ကေတ်ာဖြစ္ခ်င္လို့မ်ား လုပ္ခဲ့မယ္ဆို မာမီတစ်ယောက် ဒက္ဒီဖားသားနဲ့ကြဲတာကြာပေါ့…..
ဒီရေရွည္တိုက္ပြဲ ဒီလောက်ကြံ့ကြံ့ခံနိုင္တာ မာမီ ဆိုသူ မိန်းမသားတြေအသဲကောင်းခဲ့လို့ပဲ….
မာမီစောရေ….မာမီစု နဲ့အတူ ထပ္တူဂုဏ်ပြုလိုက္ပါတယ်…..
………………………………………..
ကျန်ြတော် ဆယ္တန်းနွစ်ရောက်တော့ ၁၉၉၈ မွာ အိမ္ကိုလြမ်းလြန်းလို့ဆိုပြီး ပြန္လာတယ်..
ဒီနေ့ရောက်ပြီး မကြာပါဘူး ထင္တဲ့အတိုင်းပါပဲ….
ဆရာ ခဏေလာက္လိုက္ခဲ့ပါဦးဆိုပြီး ….ပါသြားတော့တာပါပဲ…
ပုသိမ်မြို့ တောင်ပေါ် ဆိုတာ စစ္တပ်နေရာလေ….အဲ့မွာခေါ်ပြီး တိုက္ပိတ်ပေါ့….
မ်က္လုံးကို အ၀တ္စည်း…ရွေ့မွာတန်း ခေါင်းငုံ….ဒီဖက်ကြေ့ ဟိုဖက်ကြေ့…ဒီမွာထိုင်…
အခန်းထဲတစ်ယောက္တည်းထားထားပြီး တိတ္ဆိတ်ငြိမ်သက်….
အေတ်ာလေးကြာမွ “ဒေါက် ဒေါက် ဒေါက်” နဲ့ စစ္ဖိနပ္ခြာသံပေး ရွေ့လွော်က်နောက်လွော်က်ခေါက္တုံ့ခေါက်ပြန္လုပ်ပြီး ဘာစကားမွမေပြာ
ဘာမွမေမးပဲ ပြန်ခေါ်သြား…..တိုက်ပြန္ပိတ်….
အိပ်ပေ်္မာယ်ကြံသေး ….ပြန္လာခေါ်….ရွေ့မွာတန်း ခေါင်းငုံ….ဒီဖက်ကြေ့ ဟိုဖက်ကြေ့…ဒီမွာထိုင်…
“ရေသ့ရဟန်းတောင် အေနွာင့်အယွက္ကင်းကင်း တရားထိုင္ဖို့ ဂူနေရာရွာရေသးတယ် ငါ့နွယ်အဆင်သင့်လိုက္ပုံမွား တရားထိုင် ဘုရားရွိခိုးဖို့ နေရာကိုက်လို့……”
အော်….ဘိုးတော် ဘိုးတော်…အမတ္မင်းဖြစ်ရတာလည်း ဘုရားမရွိတရားမရွိသာဆို ကြောင်ြသားလောက္တယ်….
…………………………..
“ဘာတတ်နိုင်သေးလဲ ပြဲကသိမ်းသြားပြီ NLD မြောင်းထဲရောက်ြသားပြီ ၂၀၁၀ ရြေးကောက္ပြဲလဲပြီးသြားပြီ မင်းအေဖလည်းသြားပြီ”
ဘာမွပြန္မေပြာဘူး….ပြောခ်င္စိတ္လည်းမရွိဘူး….
ဓမ္မ နဲ့ အဓမ္မ စီးခ်င်းထိုးနေတာ….
သူ ဟာ ခင္ဗ်ားပြောတဲ့ ခင္ဗ်ားလို အေဖမဟုတ္ဘူး….
ဓမ္မ အတြက် တိုက္ပြဲဝင်သူ…
သူဟာ ခင္ဗ်ားပြောတဲ့ ခင္ဗ်ားလို အေဖမဟုတ္ဘူး….
အမ်ားအတြက် အတ္တ စြန့်သူ….
သူဟာ ခင္ဗ်ားပြောတဲ့ ခင္ဗ်ားလို အေဖမဟုတ္ဘူး….
အာဏာရွင္ကို အာခံဝံ့သူ….
ထပ်ပြောလိုက္မယ် ခင္ဗ်ားကို….သေသခ်ာခ်ာမွတ္ထား…..
“သူဟာ မက်မောလို့ အမတ္လုပ္ခ်င်နေတာမဟုတ် မတ္မတ်ရပ်ဝံ့လို့ အမတ္လုပ္ခ်င်နေတဲ့သူ…..”
………………………………
၂၀၁၂ မြောင်းမြအမတ်ကြီး ဦးမန်းဂေ်္နာီ အဖြစ် တစ်ဖြစ္လဲခဲ့ပြန္ပါပြီ…..
ဒက္ဒီဖားသား ဆယ်သိန်းစားပြီပေါ့……
ကောင်းစားပြီပေါ့….ထောပြီပေါ့…..
အဲ့ ဆယ်သိန်းစား စကား သူမ်ားပြောတာကြားရင် ကျန်ြတော့်အေမေပြာတာ သြားသြားသတိရမိတယ်….
“အမတ္မင်း….ဟုတ္စ….ဘာအမတ္မင်းလဲ…..စင္ကာပူမွာ အိမ်ဖော်သြားလုပ္တဲ့ အိမ်ဖ္လောစာတောင္မမွီတာ…..ပြောတော့ တိုင်းပြည်ရဲ့အေရးလွှတ်တ္တောက္ဆုံးဖြတ်သူတြေတဲ့ အိမ်ဖော်တောင္မမွီဘူး…..”
အဲ့ ရတဲ့ဆယ်သိန်းထဲက နွစ်သိန်းခြဲက အဖြဲ့ခ်ုပ်ရန္ပုံငြေပြန္ထည့်ရသဗ်…..
ဟိုမြို့ ဒီမြို့နယ္လွည့်စည်းရုံးရေးဆင်းရင် ကားငွားခတို့ ဆိုင္ကယ်ငွားခတို့ စက်လွေငွားခတို့က အလကားရတာတစ္ခုမွမရွိ…..
ကို့အဖြဲ့ထဲ ဟိုလူဘာဖြစ် လွူပြန်ပြီ ဒီလူဘာဖြစ္လွူပြန်ပြီ…..
အမြီးနှုတ် ခေါင်းနှုတ် ….ဒီအမတ္မင်း လစာသာ စောင့်စားရင် ဒီတစ္မိုးလုံးငတ္တာကြာလွေပါ့…….
အော်….ဒက္ဒီဖားသား ဒက္ဒီဖားသား….မက်မောလို့ အမတ္လုပ်နေတာမဟုတ် ရက်ရောလို့ အမတ္လုပ်နေတဲ့ ဒက္ဒီဖားသား….
……………………
တောက်…ဒက္ဒီဖားသားရေ….
ကြုံတောင့်ကြုံခဲ ဒက္ဒီဖားသားကို မဲပေးမဟဲ့ဆိုပြီး အားခဲထားတာ ကိုနေတဲ့ရပ္ကြက်အပိုင္မဲဆန္ဒနယ္က ဒက္ဒီဖားသားမဲဆန္ဒနယ္မဟုတ်လေတာ့ ဒက္ဒီဖားသားကို မဲပေးခြင့်မရလိုက်တော့ဘူး……
ကြားတယ်…ကြားတယ်….အရမ်းပင္ပန်းနေပြီဆိုတာ..
အောင်နိုင်ရေးအတြက် အားဆေးတြေသြင်းပြီး နေပူမေရွာင် မိုးရြာမေရွာင် ရွှံ့ထဲ ဗြက္ထဲ ပါတီစည်းရုံးရေး ဟောပြောပြဲတြေ ဆက္တိုက်နေ့တိုင်းသြားနေတာ….
သိပါတယ်….သိပါတယ်….အေဖ့ကို သားတို့မပိုင်တော့ဘူးဆိုတာ….
အေဖ့ကို ပြည်သူပိုင်သိမ်းသြားပြီ….
အေဖ့ကို အမ်ားပိုင်ြသားပြီ…..
ဒါပေမယ့်….ဒက္ဒီဖားသားရေ……….ဤခရီး ဤမွာ မဆုံးသေးပါ…..
ဒက္ဒီဖားသား ဆက်လွော်က်ပေတာ့…..
အမတ္မင်းနောက္မွာ သားတြေ တစ်ပြုံ ကြီးရွိတယ်………….
အမတ္မင်း ဘ၀င်မြင့်ရင်တော့ သားတြေအေကြာင်းသိတယ်နော်…..

(ဇာနည်မောင်မောင်ကျော်)

NLD အဖွဲ့ ဝင်တွေဘယ်လိုဖြတ်သန်းခဲ့ကြရတယ်ဆိုတာဖခင်ဖြစ်သူအကြောင်းကို သားတစ်ယောက်ကခပ်ရွှင်ရွှင်ရေးထားတာ လေးပါ။ပြန်လည်မျှ ဝေလ...
Posted by The Melting Pot 4 U on Tuesday, 10 November 2015

No comments:

Post a Comment