Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 18, 2015

တရုတ္နဲ႔ဆက္ဆံေရး အထူး အေလးေပးမယ္လုိ႔ ေဒၚေအာင္ဆန္း စုၾကည္ေျပာ

ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္သံအမတ္ႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ႏိုဝင္ဘာလ ၁၈ ရက္ေန႔က ေနျပည္ေတာ္မွာ ေတြ႕ဆံုၾကစဥ္။ Photo: NLD Chairperson Facebook

 ေရြးေကာက္ပြဲမွာအႏိုင္ရတဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရဖြဲ႔ၿပီး ႏုိင္ငံ့အာဏာကို လႊဲေျပာင္းရယူခ်ိန္မွာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ရင္းႏွီးခ်စ္ၾကည္စြာ အတူယွဥ္တြဲေနထိုင္ေရး ႏိုင္ငံျခားေရးမူဝါဒကိုပဲ ဆက္လက္ က်င့္သံုးသြားမွာျဖစ္ၿပီး တရုတ္ႏုိင္ငံနဲ႔ဆက္ဆံေရးကို အထူးအေလးေပးသြားမွာျဖစ္ေၾကာင္း NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ေျပာၾကားလိုက္ပါတယ္။

တရုတ္အစိုးရပိုင္ ဆင္ဟြာသတင္းဌာနနဲ႔ ဒီကေန႔ ေနျပည္ေတာ္မွာ သီးသန္႔ေတြ႔ဆံုေမးျမန္းရာစဥ္ ေဒၚေအာင္ဆန္း စုၾကည္က အခုလို ေျပာလိုက္တာျဖစ္ပါတယ္။

"တရုတ္ျပည္ဆိုတာ က်မတို႔ရဲ႕ အိမ္နီးျခင္းႏိုင္ငံျဖစ္တယ္ဆိုတာ အားလံုးသိၿပီးသားပါ၊ အိမ္နီးျခင္းႏိုင္ငံမ်ားရဲ႕ ဆက္ဆံေရးဆုိတာ အေဝးႏိုင္ငံမ်ားရဲ႕ ဆက္ဆံေရးထက္ အမ်ားႀကီးပိုၿပီးသိမ္ေမြ႕ပါတယ္၊ သိမ္ေမြ႕တဲ့အေလွ်ာက္ က်မတို႔ဟာ ဒီဆက္ဆံေရးကို သိပ္ၿပီးေတာ့အေလးထားၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ ထိထိေရာက္ေရာက္ တိတိက်က် က်မတို႔ဆက္ဆံသြားမွာပါ၊ မိတ္ျဖစ္ေဆြျဖစ္ဆိုတာ ဟိုဘက္ဒီဘက္ႏွစ္ဖက္စလံုးက လိုလားလို႔ရွိရင္ မျဖစ္ႏိုင္စရာ လံုးဝမရွိပါဘူး"

ျမန္မာႏုိင္ငံအေနနဲ႔ တည္ၿငိမ္မႈရွိႏုိင္ၿပီး မွန္ကန္တဲ့ ျပည္သူလူထုရဲ့ဆႏၵကို အေကာင္ထည္ေဖာ္မယ့္ စနစ္ အရ ႏိုင္ငံကိုတုိးတက္ေအာင္လုပ္မယ္ဆုိတာကုိ ပြင့္လင္းျမင္သာစြာနဲ႔ ထင္ထင္ရွားရွားျပႏိုင္ရင္ ႏုိင္ငံတကာက ယံုၾကည္မႈရွိလာၿပီး ႏိုင္ငံျခားရင္းႏွီးျမဳွပ္ႏွံမႈေတြ တိုးတက္လာမွာ ျဖစ္တယ္လုိ႔လည္း ေတြ႔ဆံုေမးျမန္းခန္း မွာ ေဒၚေအာင္ဆန္းစုၾကည္က ေျဖၾကားခဲ့ပါတယ္။

ဒီေန႔ ေတြ႔ဆံုေမးျမန္းခ်က္ဟာ ေရြးေကာက္ပြဲအၿပီး တရုတ္အစိုးရပုိင္ သတင္းမီဒီယာနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ့ ပထမဆံုး ေတြ႔ဆံုေမးျမန္းမႈလည္း ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

...............................

တရုတ်နဲ့ဆက်ဆံရေး အထူး အလေးပေးမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော


 ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီး နိုင်ငံ့အာဏာကို လွှဲပြောင်းရယူချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ရေး နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်လက် ကျင့်သုံးသွားမှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို အထူးအလေးပေးသွားမှာဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနနဲ့ ဒီကနေ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းရာစဉ် ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

"တရုတ်ပြည်ဆိုတာ ကျမတို့ရဲ့ အိမ်နီးခြင်းနိုင်ငံဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ၊ အိမ်နီးခြင်းနိုင်ငံများရဲ့ ဆက်ဆံရေးဆိုတာ အဝေးနိုင်ငံများရဲ့ ဆက်ဆံရေးထက် အများကြီးပိုပြီးသိမ်မွေ့ပါတယ်၊ သိမ်မွေ့တဲ့အလျှောက် ကျမတို့ဟာ ဒီဆက်ဆံရေးကို သိပ်ပြီးတော့အလေးထားပြီးတော့ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် တိတိကျကျ ကျမတို့ဆက်ဆံသွားမှာပါ၊ မိတ်ဖြစ်ဆွေဖြစ်ဆိုတာ ဟိုဘက်ဒီဘက်နှစ်ဖက်စလုံးက လိုလားလို့ရှိရင် မဖြစ်နိုင်စရာ လုံးဝမရှိပါဘူး"

မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်မှုရှိနိုင်ပြီး မှန်ကန်တဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အကောင်ထည်ဖော်မယ့် စနစ် အရ နိုင်ငံကိုတိုးတက်အောင်လုပ်မယ်ဆိုတာကို ပွင့်လင်းမြင်သာစွာနဲ့ ထင်ထင်ရှားရှားပြနိုင်ရင် နိုင်ငံတကာက ယုံကြည်မှုရှိလာပြီး နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုတွေ တိုးတက်လာမှာ ဖြစ်တယ်လို့လည်း တွေ့ဆုံမေးမြန်းခန်း မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံမေးမြန်းချက်ဟာ ရွေးကောက်ပွဲအပြီး တရုတ်အစိုးရပိုင် သတင်းမီဒီယာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းမှုလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment