Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

ခ်င္ပန္ဇီကို ေဆးလိပ္ေသာက္ခြင္႔ျပဳထားတဲ႔ အပန္းေျဖစခန္း တရားစြဲခံရ



Candy အမည္ရွိတဲ႔ ခ်င္ပန္ဇီဟာ အပန္းေျဖစခန္းအတြင္းမွာ ေဆးလိပ္ေသာက္ေနၿပီး သူ႔ကို ေရမတိုက္ဘဲ၊ အခ်ိဳယမကာရည္ေတြ တိုက္ထားပါတယ္။ ဒီ႔အတြက္ တိရိစာၦန္ အခြင္႔အေရး အဖြဲ႔အစည္းတစ္ခုဟာ အပန္းေျဖစခန္းကို တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ ေလာ႔စ္အန္ဂ်လိစ္ရွိ Baton Rouge ပန္းျခံထဲက အရည္အေသြးမျပည္႔မီတဲ႔ ေလွာင္အိမ္ထဲမွာ Candy ကို တစ္ေကာင္တည္း ခြဲထားပါတယ္။ ေဘးမဲ႔ေနရာ တစ္ခုကို လႊတ္သင္႔ပါတယ္ လို႔ တိရိစာၦန္ တရားဝင္ကာကြယ္ေရး အဖြဲ႔အစည္းကေန တရားစြဲဆိုခ်က္အရ သိရပါတယ္။

"ျပည္သူေတြက Candy ရဲ႕ေလွာင္အိမ္ထဲကို စီးကရက္ေတြ လြတ္ပစ္ၾကၿပီး Candy ကလည္း ယူေသာက္တယ္။ ဒါကို တရားၿပိဳင္ေတြက ခြင္႔ျပဳထားတာ ဆယ္စုႏွစ္နဲ႔ခ်ီေနၿပီ။ လူသားေတြလိုပဲ၊ ခ်င္ပန္ဇီေတြအတြက္ ေဆးလိပ္ဟာ အႏၱရာယ္ရွိပါတယ္။" ဆိုၿပီး ေဆးလိပ္ေသာက္ခြင္႔ျပဳျခင္းက မ်ိဳးရင္းစုေတြအား အႏၱရာယ္ျပဳမႈ အက္ဥပေဒကို ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း တရားစြဲဆိုခ်က္မွာ ေဖာ္ျပထားပါတယ္။

Candy ကို Baton Rouge တိရိစာၦန္ရံုသို႔ အနားေပးရန္ ႀကိဳးစားခဲ႔မႈဟာ မေအာင္ျမင္ခဲ႔ေၾကာင္း တိေမြးကုဆရာဝန္တစ္ေယာက္ရဲ႕ စာတစ္ေစာင္ကိုလည္း ပူးတြဲေဖာ္ျပခဲ႔ပါေသးတယ္။

( Skyler )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)

#knowledge.thithtoolwin.com

Ref: AP

..........................................

ချင်ပန်ဇီကို ဆေးလိပ်သောက်ခွင့်ပြုထားတဲ့ အပန်းဖြေစခန်း တရားစွဲခံရ

Candy အမည်ရှိတဲ့ ချင်ပန်ဇီဟာ အပန်းဖြေစခန်းအတွင်းမှာ ဆေးလိပ်သောက်နေပြီး သူ့ကို ရေမတိုက်ဘဲ၊ အချိုယမကာရည်တွေ တိုက်ထားပါတယ်။ ဒီ့အတွက် တိရိစ္ဆာန် အခွင့်အရေး အဖွဲ့အစည်းတစ်ခုဟာ အပန်းဖြေစခန်းကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အန်ဂျလိစ်ရှိ Baton Rouge ပန်းခြံထဲက အရည်အသွေးမပြည့်မီတဲ့ လှောင်အိမ်ထဲမှာ Candy ကို တစ်ကောင်တည်း ခွဲထားပါတယ်။ ဘေးမဲ့နေရာ တစ်ခုကို လွှတ်သင့်ပါတယ် လို့ တိရိစ္ဆာန် တရားဝင်ကာကွယ်ရေး အဖွဲ့အစည်းကနေ တရားစွဲဆိုချက်အရ သိရပါတယ်။

"ပြည်သူတွေက Candy ရဲ့လှောင်အိမ်ထဲကို စီးကရက်တွေ လွတ်ပစ်ကြပြီး Candy ကလည်း ယူသောက်တယ်။ ဒါကို တရားပြိုင်တွေက ခွင့်ပြုထားတာ ဆယ်စုနှစ်နဲ့ချီနေပြီ။ လူသားတွေလိုပဲ၊ ချင်ပန်ဇီတွေအတွက် ဆေးလိပ်ဟာ အန္တရာယ်ရှိပါတယ်။" ဆိုပြီး ဆေးလိပ်သောက်ခွင့်ပြုခြင်းက မျိုးရင်းစုတွေအား အန္တရာယ်ပြုမှု အက်ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

Candy ကို Baton Rouge တိရိစ္ဆာန်ရုံသို့ အနားပေးရန် ကြိုးစားခဲ့မှုဟာ မအောင်မြင်ခဲ့ကြောင်း တိမွေးကုဆရာဝန်တစ်ယောက်ရဲ့ စာတစ်စောင်ကိုလည်း ပူးတွဲဖော်ပြခဲ့ပါသေးတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: AP

No comments:

Post a Comment