Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 4, 2015

ႏုိင္ငံပိုင္ပစၥည္းမ်ားကို အေျပာင္ေရာင္းခ်ခဲ့သည့္ ပုဂၢလိကပိုင္ျပဳလုပ္ျခင္း

မဟာဗႏၶဳလပန္းၿခံအနီးတြင္ ၂၀၁၄ ႏွစ္ကုန္ပိုင္းက မီးေက်ာင္းကန္သပိတ္စခန္းဖြင့္လွစ္ ဆႏၵျပခဲ့စဥ္ (ဓာတ္ပံု − နစ္ကီ)
ျမန္မာႏုိင္ငံကို အုပ္စိုးေန သည့္ စစ္ဗိုလ္ခ်ဳပ္မ်ားက ၂၀၁၁ မွာအရပ္သားအစိုးရဆီကို အာဏာလႊဲေျပာင္းေပးခဲ့သည္။ သည္အ ေျပာင္းအလဲက အတိုက္အခံမ်ား ကို လႊတ္ေတာ္ထဲသို႔ ေရာက္ရွိေစ ၿပီး အာဏာတခ်ိဳ႕ တစ္စိတ္ကို အရပ္သားမ်ားထံ ပထမဆံုးအ ႀကိမ္ေပးခဲ့ျခင္းျဖစ္သည္။ (စစ္ တပ္ကေတာ့ အာဏာအမ်ားဆံုးရွိေနဆဲျဖစ္၏)။ သည္အျဖစ္က ျမန္မာႏုိင္ငံကို ကမၻာႀကီးဆီသို႔လမ္းဖြင့္ ေပးလိုက္ျခင္း ျဖစ္ၿပီး ႏုိင္ငံ၏ စီးပြားေရးမွာ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားရွိလာေစၿပီး လူေနမႈ အဆင့္အတန္းမ်ား ျမင့္မားေစဖို႔ အလားအလာမ်ားရွိလာသည္။

သို႔ေသာ္ အျခားအေျပာင္း အလဲလုပ္သည့္ ႏုိင္ငံမ်ားလိုပင္ ႏုိင္ငံေရး၊ စီးပြားေရးအေျခအေန က ျမန္မာႏုိင္ငံ၏ ပြင့္လင္းလာမႈ ကို ၿခိမ္းေျခာက္ေနသည္။ ယခင္အုပ္ခ်ဳပ္ခဲ့သည့္ စစ္ဗိုလ္ခ်ဳပ္မ်ား ဆီက ႏုိင္ငံပိုင္လုပ္ငန္းအေတာ္ မ်ားမ်ားကို ရရွိခဲ့ေသာ လက္ရွိ အစိုးရက ယခုအခါ ထိုပိုင္ဆုိင္မႈ မ်ားကို စီးပြားေရးလုပ္ငန္းရွင္ႀကီး မ်ားထံ ေအာက္ေဈးမ်ားျဖင့္ ေရာင္းခ်ေနသည္။ ထိုေလလံတင္ ေရာင္းခ်မႈမ်ားသည္ ပြင့္လင္းျမင္ သာမႈအနည္းငယ္သာရွိ၏။

စစ္တပ္၏ ေထာက္ခံမႈရွိမွ သာ ပုဂၢလိကစီးပြားေရးလုပ္ငန္း မ်ား လုပ္ကိုင္ႏုိင္ေသာ စစ္အစိုးရ အုပ္ခ်ဳပ္စဥ္ကာလက ခ႐ိုနီ (ေခၚ) စစ္အစိုးရႏွင့္ ေပါင္းစားေသာ လူ တန္းစားတစ္ရပ္ ေပၚေပါက္ခဲ့ သည္။ သာမန္အားျဖင့္ ႏုိင္ငံသား တုိင္းမွာ ထိုလုပ္ပိုင္ခြင့္အခြင့္အ ေရးမ်ား ရရွိခြင့္မရွိေပ။ စစ္အစိုး ရသည္ ထိုအခြင့္အေရးမ်ားကို စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ နီးနီးစပ္စပ္ ဆက္သြယ္မႈရွိေသာ၊ သူတုိ႔အုပ္ ခ်ဳပ္မႈကို ေထာက္ခံေသာ သီးသန္႔ ေရြးခ်ယ္ထားသည့္ စီးပြားေရး သမားအုပ္စုကိုသာ ေပးေလ့ရွိ၏။

ႏုိင္ငံပိုင္လုပ္ငန္းမ်ားႏွင့္ ပိုင္ ဆုိင္မႈမ်ားကို လက္သိပ္ထိုးေလ လံတင္ၿပီး စတင္ေရာင္းခ်ခဲ့သည့္ စစ္အုပ္ခ်ဳပ္ေရးကာလ ေနာက္ဆံုးႏွစ္မ်ားအထိ အဆိုပါလုပ္ငန္းရွင္ သူေဌးႀကီးမ်ား၏ ကံဇာတာမွာ ျမင့္ဆဲျဖစ္သည္။ သူတုိ႔၏ အာဏာ အုပ္ခ်ဳပ္မႈ အဆံုးသတ္ေတာ့မွာကို သိရွိသည့္ စစ္ဗိုလ္ခ်ဳပ္မ်ားက သူတို႔ယံုၾကည္ရသူမ်ားႏွင့္ ေနာက္ ေျပာင္းလဲလာသည့္ႏုိင္ငံသစ္မွာ သူတို႔ကို ဆက္လက္ေထာက္ခံ မည့္သူမ်ားကိုသာ ဩဇာအာဏာ ေပးခဲ့ဖို႔ႏွင့္ ခ်မ္းသာေအာင္ လုပ္ ေပးဖို႔ စိတ္အားထက္သန္ခဲ့ၾက သည္။

ထိုလုပ္ရပ္ေၾကာင့္ အစိုးရ ပိုင္ဆုိင္မႈမ်ားကို ေလလံေအာင္ခဲ့ သူမ်ားသည္ တကယ့္ကို တန္ဖိုး နည္းနည္းျဖင့္ ျပည္သူ႔ပိုင္ဆိုင္မႈ မ်ား ရခဲ့သည္ဟု ႏုိင္ငံတကာ သတင္းစာဆရာမ်ားက စြပ္စြဲမႈ မ်ားရွိလာသည္။ ထိုလက္ေျပာင္း လက္လႊဲမ်ားကလည္း ပြင့္လင္း ျမင္သာမႈမရွိသည့္အတြက္ အတိ အက်မသိႏုိင္ေပ။ လုပ္ငန္းရွင္ႀကီးမ်ားက တကယ့္အခ်က္အခ်ာပိုင္ ဆုိင္မႈမ်ားကို ရရွိလာသည့္အ တြက္ အစိုးရအရာရွိမ်ားကလည္း ဝင္ေငြေတြကို သူတို႔အိတ္ထဲထည့္ ၿပီး သူတို႔ေရြးေကာက္ပြဲလႈပ္ရွားမႈ မ်ားမွာသံုးရန္၊ ဝန္ထမ္းမ်ားကို လစာတုိးရန္ (သို႔မဟုတ္) ထိပ္ တန္းစစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ားအ တြက္ အၿငိမ္းစားလစာကို ထပ္တိုးျမႇင့္ရန္ အသံုးျပဳခဲ့ၾက၏။ အရပ္ သားေတြဆီက စစ္ဗိုလ္ခ်ဳပ္မ်ား သိမ္းခဲ့သည့္ လယ္ယာေျမမ်ားႏွင့္ အျခားပိုင္ဆိုင္မႈမ်ားကို ေရာင္းခ် ခဲ့ျခင္းသည္ ျပည္သူ၊ ျပည္သား မ်ားကို ေဒါသထြက္ေစသည္။ အထူးသျဖင့္ လူအမ်ားစုမွာ စိုက္ပ်ိဳးေရးႏွင့္ အသက္ေမြးဝမ္းေက်ာင္းျပဳေနေသာ ႏုိင္ငံမ်ိဳးတြင္ လယ္ယာသိမ္းမႈမ်ားသည္တကယ့္ျပႆနာႀကီးတစ္ခုျဖစ္သည္။

စစ္အာဏာရွင္စနစ္အဆံုး သတ္ၿပီးကတည္းက အစိုးရအ သစ္လက္ထက္မွာလည္း လုပ္ငန္းရွင္ႀကီးမ်ားကို ေရာင္းခ်မႈက ဆက္လုပ္ေနဆဲျဖစ္၏။ ထုိ႔ေၾကာင့္ စီးပြားေရးမွာ လုပ္ငန္းရွင္အသစ္ မ်ားေပၚလာမႈကို ဟန္႔တားေစၿပီး ႂကြယ္ဝမႈေတြကလည္း ယခင္လို ပင္ အစိုးရႏွင့္ နီးစပ္ေသာအခြင့္ ထူးခံ လူတန္းစားတစ္ခု၏ လက္ ထဲမွာသာရွိ၏။ ကမၻာ့ဘ႑ာေရး ေကာ္ပိုေရးရွင္းႏွင့္ အာရွဖြံ႕ၿဖိဳး ေရးဘဏ္ကဲ့သို႔ ႏုိင္ငံတကာအဖြဲ႕ အစည္းမ်ားက လုပ္ေဆာင္ေန သည့္ ဖြံ႕ၿဖိဳးမႈေရရွည္ထိန္းသိမ္း ေရး၊ ပြင့္လင္းျမင္သာမႈရွိေရး၊ ဆင္းရဲမြဲေတမႈတိုက္ဖ်က္ေရးႏွင့္ ေဒသေဆာင္ရြက္မႈစြမ္းအားတည္ ေဆာက္ေရးတုိ႔မွာ အေျပာင္းအလဲမ်ားေသာ ပုဂၢလိကပိုင္ျပဳလုပ္ေရးေၾကာင့္ မေအာင္ျမင္ဘဲျဖစ္ခဲ့ ရသည္။ စစ္အုပ္ခ်ဳပ္ေရးလက္ ေအာက္မွ နာမည္ႀကီးထင္ရွား လာေသာ စီးပြားေရးလုပ္ငန္းရွင္ ဦးေရ ႏွစ္ဒါဇင္ေလာက္မွာ စစ္ တပ္ႏွင့္ပတ္သက္မႈေၾကာင့္ အေမရိကန္ျပည္ေထာင္စုက ပိတ္ဆို႔ အေရးယူထားေသာ စာရင္းမွာ ပါေနသည္။ သူတုိ႔မွာ ႏုိင္ငံပိုင္ ပစၥည္းမ်ား ပုဂၢလိကပိုင္ ျပဳလုပ္ ေရး ေနာက္ဆံုးအခ်ီေရာင္းခ်မႈမွ လည္း အက်ိဳးအျမတ္မ်ား ရရွိ ထားၾကသည္။

ထိုပုဂၢလိကပိုင္ ျပဳလုပ္ ေရာင္းခ်မႈမ်ားမွာ အခ်က္အလက္နည္းငယ္ေလာက္ပဲရွိသျဖင့္ သည္ေရာင္းခ်မႈမ်ားသည္ ႏုိင္ငံ၏ ဂ်ီဒီ ပီ (ေခၚ) စုစုေပါင္း ျပည္တြင္း ထုတ္ကုန္ပမာဏ မည္မွ်ရွိမွန္း တြက္ခ်က္ဖို႔ခက္ခဲလွ၏။ သို႔ေသာ္ သည္ေရာင္းခ်မႈမ်ားက အခြင့္ထူး ခံစီးပြားေရးလုပ္ငန္းရွင္ လူနည္းစု ကို ဘဏ္မ်ား၊ ကားလမ္းမ်ား၊ လယ္ေျမမ်ား၊ ေလဆိပ္မ်ား၊ စက္ ႐ံုမ်ား၊ ဓာတ္ဆီဆိုင္မ်ား၊ ဆည္ မ်ား၊ ေက်ာက္တြင္းမ်ား၊ ဆိပ္ ကမ္းမ်ား၊ ဟိုတယ္မ်ား၊ ဆက္ သြယ္ေရးကန္ထ႐ိုက္မ်ားႏွင့္ ႏုိင္ငံ တစ္ဝန္းက အျခားအခ်က္အခ်ာ ပိုင္ဆုိင္မႈမ်ား ထိန္းခ်ဳပ္လုပ္ပိုင္ ခြင့္ရရွိသြားေစသည္။

ျမန္မာႏုိင္ငံက အထင္ရွား ဆံုးစီးပြားေရးလုပ္ငန္းရွင္တစ္ဦး ျဖစ္သည့္ ဦးေဇာ္ေဇာ္၏ ႀကီးပြား တိုးတက္လာမႈက ျမန္မာလူမ်ိဳး မ်ား သည္လိုကံဇာတာေတြ ျမင့္ မားေအာင္ မည္သို႔လုပ္ခဲ့ၾကသလဲ ဆုိတာကို ျပသေနသည္။ ဝီကီလိခ္အင္တာနက္ စာမ်က္ႏွာအရ ဦးေဇာ္ေဇာ္သည္ ၁၉၉၀ ျပည့္ႏွစ္ မ်ား အေစာပိုင္းမွာ ဂ်ပန္မွာေနခဲ့ ၿပီး ကားေဟာင္းမ်ားကို ျမန္မာသို႔ တင္သြင္းသည့္အလုပ္ကို စလုပ္ခဲ့ ၏။ ၁၉၉၄ မွာ သူက ျမန္မာျပည္ ကိုျပန္ၿပီး ထိပ္တန္း စစ္ဗိုလ္ခ်ဳပ္ ႀကီးမ်ားဆီက မ်က္ႏွာသာေပးမႈရ ေအာင္ ႀကိဳးစားခဲ့သည္။ သူသည္ စစ္ဗိုလ္ခ်ဳပ္မ်ား၏ မိသားစုမ်ား ႏွင့္ နဂိုကတည္းက ရင္းႏွီးသလား ဆိုတာကို ရွင္းရွင္းလင္းလင္းမသိ ရေသာ္လည္း သူသည္ စစ္အာ ဏာရွင္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴး ႀကီး သန္းေရႊ၏ ေျမးႏွင့္ အျခား အဓိကအစိုးရအဖြဲ႕ဝင္မ်ားကိုပါ နီးနီးကပ္ကပ္ရွိသည္ဟု လူသိ မ်ားသည္။

(၂၀၁၃ တြင္ သူႏွင့္ အစိုးရေခါင္းေဆာင္မ်ား၏ ရင္းႏွီးမႈကိုဦးေဇာ္ေဇာ္က အသိအမွတ္ျပဳဝန္ ခံခဲ့သည္။ ‘‘အစိုးရမွာပဲ စီမံကိန္းေတြရွိတာ။ သူတို႔နဲ႔ စီမံကိန္းမလုပ္ ရဘူးဆုိရင္ ကြၽန္ေတာ္က ဘယ္သူနဲ႔ သြားလုပ္ရမွာလဲ’’ဟု သတင္း ေထာက္တစ္ေယာက္အား သူက ေျပာၾကားခဲ့သည္။)

သူႏွင့္ စစ္ဗိုလ္ခ်ဳပ္မ်ား၏ ရင္းႏွီးမႈေၾကာင့္ ကားအေဟာင္း ႏွင့္ ေမာ္ေတာ္ဆုိင္ကယ္တင္သြင္း ခြင့္မ်ားကို သူတစ္ဦးတည္း ကန္ ထ႐ိုက္ရရွိသြားၿပီး ျမန္မာျပည္မွာ ကားသြင္းခြင့္ဆက္ရကာ ပိုၿပီးႀကီး ပြားခ်မ္းသာလာခဲ့သည္။ သူက ေဆာက္လုပ္ေရးလုပ္ငန္းကိုပါ တြဲဖက္ၿပီး စစ္အစိုးရ၏ မ်က္ႏွာ သာေပးမႈရေအာင္ အဓိကအစိုးရ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို ေဆာက္လုပ္ေပးခဲ့၏။ သူ၏ ကုမၸဏီမက္စ္ ျမန္မာသည္ ျမန္မာ ၏ ၿမိဳ႕ေတာ္သစ္ေနျပည္ေတာ္ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို လုပ္ေပးခဲ့သည့္အတြက္ ကားတင္သြင္းခြင့္လုိင္စင္ ၁၀ ခုရရွိခဲ့သည္။ ဦးေဇာ္ေဇာ္၏ ၂၀၁၃ တြင္ အစိုးရ အတြက္ ေဆာင္ရြက္ေပးမႈမ်ားအ တြက္ အေမရိကန္ဘ႑ာေရး ဌာနက သူ၏ကုမၸဏီမ်ားထဲက တစ္ခုကိုပါ အေရးယူပိတ္ဆုိ႔မႈ စာရင္းသြင္းခဲ့၏။

၂၀၁၀ မွာ စစ္ဗိုလ္ခ်ဳပ္မ်ား က ႏုိင္ငံပိုင္ဆုိင္မႈမ်ားကို ေရာင္းခ်သည့္အခါ၌ ဦးေဇာ္ေဇာ္ႏွင့္ သူ၏ ကုမၸဏီမက္စ္ျမန္မာက ေနာင္အ ခါမွာ ႏိုဗိုတယ္ဟုိတယ္ျဖစ္လာ မည့္ ေျမေနရာႏွင့္ စက္သံုးဆီ အေရာင္းဆုိင္ ၁၂ ခုကို ရရွိခဲ့၏။ ထို႔အျပင္ ယခင္က ဘဏ္အေတြ႕ အႀကံဳမရွိခဲ့ေသာ္လည္း ဦးေဇာ္ ေဇာ္ဘဏ္လုပ္ငန္းလုပ္ကိုင္ခြင့္ လုိင္စင္ရယူႏုိင္ခဲ့သည္။ ဦးေဇာ္ ေဇာ္က နဂိုကတည္းက ဝင္ေငြ အေျမာက္အျမားရရွိထားၿပီးျဖစ္ ၏။ သို႔ေသာ္လည္း ၂၀၁၁ ႏုိင္ငံ ေရး ေျပာင္းလဲလာကတည္းက အက်ိဳးအျမတ္ပိုရလာေစရန္ သူ ၏ အေနအထားကို ပါးနပ္စြာ ေျပာင္းလဲခဲ့သည္။ ေနာက္ႏွစ္မွာ လည္း မက္စ္ျမန္မာကုမၸဏီသည္ ဝင္ေငြႏွစ္ဆ တုိးလာခဲ့သည္။ ပုဂၢလိကပိုင္ ေျပာင္းလဲေရးလုပ္ငန္းဆက္လုပ္ေနသမွ် ဦးေဇာ္ေဇာ္၏ အင္ပါယာကလည္း ႀကီးထြားလာ၏။သူ၏ ပိုင္ဆုိင္မႈေတြက အ မ်ားအျပား ျဖစ္ေနသျဖင့္ ၂၀၁၄ တြင္ ေနျပည္ေတာ္သို႔ေရာက္လာ သည့္ အေမရိကန္ႏုိင္ငံျခားေရး ဝန္ႀကီး ဂြၽန္ကယ္ရီပင္ မေရွာင္ႏိုင္ ဘဲ သူ၏ဟိုတယ္မွာ တည္းခဲ့ရ ေသးသည္။ အခြင့္ထူးခံစီးပြားေရး သမားမ်ားထဲတြင္ ဦးေဇာ္ေဇာ္က နာမည္ေကာင္းအေတာ္အသင့္ရ သူျဖစ္သည္။ သူက သစ္တို႔၊ ေက်ာက္စိမ္းတုိ႔လို အမည္ပ်က္ ေနသည့္ လုပ္ငန္းမ်ားကို ေရွာင္ ရွားခဲ့၏။ ထို႔ေၾကာင့္ အေမရိကန္ ဖြံ႕ၿဖိဳးေရးရန္ပံုေငြကို လက္ခံထား သည့္ အဖြဲ႕အစည္းမ်ားပင္လွ်င္ သူ၏ မက္စ္ျမန္မာဟိုတယ္မ်ား ၌္ အခမ္းအနားမ်ား က်င္းပရန္ ခြင့္ျပဳျခင္းခံရသည္။

ပံုစံအသစ္ေျပာင္းလဲလာ သည့္ ျမန္မာႏုိင္ငံတြင္ ဦးေဇာ္ေဇာ္ က အေရးပါေသာ စီးပြားေရးလုပ္ ငန္းရွင္ႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရး သမားတစ္ဦးျဖစ္သည္။ သို႔ေသာ္ အစိုးရအေနျဖင့္ သူ႔လို အတြင္းလူ မဟုတ္ေသာ စီးပြားေရးသမား မ်ားကို သည္လိုစီးပြားေရးအခြင့္ အလမ္းမ်ားေပးခဲ့ျခင္းမရွိေပ။ ထို႔ အတြက္ ျမန္မာႏုိင္ငံကို ႏွစ္ေပါင္း မ်ားစြာ ဖိႏွိပ္အုပ္ခ်ဳပ္ခဲ့သည့္ စစ္ အစိုးရႏွင့္ နီးစပ္သူမ်ားသာလွ်င္ စီးပြားေရးပြင့္လင္းလာမႈကေန အခြင့္ထူးမ်ား ရရွိေနသည္။

အျခာ းဩဇာအာဏာႀကီး ေသာ စီးပြားေရး လုပ္ငန္းရွင္ ဦးေတဇ၏ ဇာတ္လမ္းကလည္း စစ္အစိုးရႏွင့္ ဆက္စပ္ပတ္သက္ မႈကေန ျဖစ္ေပၚလာျခင္းျဖစ္ သည္။ ဝီကီလိခ္အင္တာနက္စာ မ်က္ႏွာအရ ဦးေတဇသည္ ၁၉၉၀ တြင္ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္မ်ား အကူအညီျဖင့္ ျမန္မာဘီလီယံ အုပ္စုကို အစျပဳခဲ့သည္။ အစိုးရ လူႀကီးမ်ားကို ေဖ်ာ္ေျဖျခင္းႏွင့္ သူတုိ႔၏ သားသမီးမ်ားကို သူ၏ ကုမၸဏီမ်ားမွာ ခန္႔ထားေပးျခင္း ျဖင့္ ဦးေတဇက စစ္အစိုးရဆီမွ အခြင့္အေရးမ်ား ေပးျခင္းခံခဲ့ရ သည္။ သူက ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ၏ သားႏွင့္လည္း စီးပြား ေရးလုပ္ေဖာ္ကိုင္ဖက္ျဖစ္ခဲ့၏။ ဗဟိုအစိုးရကို ဆန္႔က်င္ေသာ ေန ရာေဒသမ်ားတြင္ သစ္ထုတ္လုပ္ ရန္ စစ္အစိုးရက ဦးေတဇကို လုပ္ ကိုင္ခြင့္ေပးခဲ့သည္။

ျမန္မာ့စီးပြားေရးတုိးတက္မႈ တြင္ ေခါင္းေဆာင္ေနရာကေနလုပ္ေဆာင္ႏိုင္ေအာင္ ၂၀၁၀ ၌ အစိုးရက ေရနံလုပ္ငန္းအသင္း၏ ဥကၠ႒ေနရာကို ဦးေတဇကို တင္ ေျမႇာက္ခဲ့၏။ ၂၀၀၁ မွာ ဦးေတဇ ၏ ကုမၸဏီျဖစ္သည့္ E-lite Tech ကို ဆက္သြယ္ေရးလုပ္ငန္း ကန္ ထ႐ိုက္ေပးခဲ့သည္။

၂၀၁၄ က ေဆာင္းပါးတစ္ ပုဒ္တြင္ သူ၏ စင္ကာပူမွာ ျမႇဳပ္ႏွံ ထားေသာကုမၸဏီကို ေျမာက္ကို ရီးယားႏွင့္ပတ္သက္ေနသည့္ ကုမၸဏီျဖင့္ ေဆာင္ရြက္သည္ဟု သံသယျဖင့္ သူ၏ ႏုိင္ငံျခားဘဏ္ အေကာင့္ကို အေမရိကန္အစိုးရ ပိတ္ဖို႔ ဖိအားေပးခဲ့သည္ဟု ဦးေတဇက စြပ္စြဲခဲ့သည္။ ဦးေတဇကို စီးပြားေရးလုပ္ငန္းသစ္ အခြင့္အ ေရးမ်ား ဆက္လက္ေပးအပ္ေန သည့္ အစိုးရ၏ဆံုးျဖတ္ခ်က္သည္ လက္နက္ကုန္သြယ္ျခင္းႏွင့္ သယံ ဇာတမ်ားကို ထုတ္လုပ္ေနသည့္ တုိင္းျပည္ကို နစ္နာေစသည့္ ခ႐ို နီစီးပြားေရးသမားမ်ားကို အျပစ္ ေပးရန္ စိတ္မဝင္စား ေၾကာင္းကို ျပသေနသည္။

ဦးေတဇ၏ စစ္ဗိုလ္ခ်ဳပ္မ်ား ႏွင့္ ရင္းႏွီးစြာပတ္သက္မႈႏွင့္ လက္နက္ကုန္သြယ္မႈတြင္ ပတ္သက္မႈ ေၾကာင့္ သူႏွင့္ သူ႔ကုမၸဏီထူးအုပ္ စုသည္ အေမရိကန္၏ အေရးယူ ပိတ္ဆို႔မႈစာရင္း၌ ရွိေနဆဲျဖစ္၏။

သမၼတဦးသိန္းစိန္ကေတာ့ ပုဂၢလိကပိုင္ျပဳလုပ္ေရးကေန အ က်ိဳးအျမတ္အမ်ားဆံုးရသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားကို မဖန္တီးေသာ္လည္း သူ၏လက္ ေအာက္မွာ သည္အခြင့္ထူးခံ စီးပြားေရးလုပ္ငန္းရွင္မ်ားသည္ အဖြဲ႕အစည္းမ်ားလို အင္အား ေကာင္းလာေစသည္။ ကမၻာ့ ဘဏ္၏အဆိုအရ ျမန္မာ၏စီးပြားေရးတုိးတက္မႈသည္ ၂၀၁၃ က စၿပီး တစ္ႏွစ္ကို ၈ ရာခိုင္ႏႈန္း ေက်ာ္ျဖင့္ ပံုမွန္တိုးတက္ေနသည္ ဟု ဆုိသည္။

ထိုးတိုးတက္မႈသည္ေဆာက္လုပ္ေရး၊ ထုတ္လုပ္မႈ၊ ဝန္ေဆာင္မႈ၊ သဘာဝဓာတ္ေငြ႕ ထုတ္လုပ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေၾကာင့္ ျဖစ္သည္။ က႑အားလံုး သည္ အစိုးရ၏ ပုဂၢလိကပိုင္ ျပဳလုပ္ေရးကေန အက်ိဳးအျမတ္ရ သူ ခ႐ိုနီေတြ၏ လက္ေအာက္ မွာပဲရွိသည္။ ထုိ႔ေၾကာင့္ လူနည္းစု စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ား က တိုးတက္လာေသာဝင္ေငြမ်ား ေၾကာင့္ အခြင့္အေရးျဖစ္ထြန္းေန ခ်ိန္တြင္ သာမန္ျပည္သူ၊ ျပည္သားမ်ားက အေနာက္မွာသာ က်န္ေနရစ္သည္။ ထို႔ေၾကာင့္ တုိင္းျပည္မွာ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ လမ္းဖြင့္ထားကတည္း က သူတုိ႔ဘဝမ်ား ေျပာင္းလဲသြား သည္ဟု မခံစားရေၾကာင္း ၿမိဳ႕ႀကီးျပႀကီးမ်ား၏ အေဝးမွာေနထိုင္သူ ျမန္မာမ်ားထံမွ ၾကားရေလ့ရွိ သည္။ ျမန္မာႏုိင္ငံသည္ အာရွအမွာ အဆင္းရဲဆံုးႏုိင္ငံျဖစ္ေနဆဲ ျဖစ္ၿပီး တစ္ဦးခ်င္းတစ္ႏွစ္ဝင္ေငြ မွာ ပ်မ္းမွ်အေမရိကန္ ၁,၁၀၅ ေဒၚလာခန္႔သာရွိ၏။

ထုိ႔အျပင္ ျမန္မာႏုိင္ငံတြင္တုိင္းရင္းသားလူနည္းစုကို ႏွိပ္စက္ျခင္း၊ ျပဳျပင္ေျပာင္းလဲမႈမ်ား ေနာက္ျပန္သြားျခင္း၊ အတိုက္အခံမ်ား စသည့္ အေရးႀကီးျပႆနာမ်ား လည္း ရွိေသးသည္။ သို႔ေသာ္ လည္း အစိုးရ၏ ႏုိင္ငံပိုင္ပစၥည္း မ်ားကို ပုဂၢလိကပိုင္ ျပဳလုပ္ျခင္း ႏွင့္ ျဖစ္ႏုိင္လာေသာ အက်ိဳးဆက္ မ်ားမွာ လူေတြ၏ အာ႐ံုစိုက္မႈကို ထိုက္သင့္သေလာက္ မရခဲ့ေပ။ သည္ကရလဒ္မ်ားအေပၚမွာ ရယူ ခဲ့သည့္ ဆံုးျဖတ္ခ်က္မ်ားသည္ ေနာက္ႏွစ္မ်ားစြာအထိ ျမန္မာ့ စီးပြားေရးတည္ေဆာက္မႈကို အ ဆံုးအျဖတ္ေပးႏုိင္ပါလိမ့္မည္။

ယခင္ဆုိဗီယက္ျပည္ေထာင္ စု ျပည္နယ္မ်ားကေတာ့ သည္ အရာအားလံုးကို ေကာင္းေကာင္း သိပါ၏။ အဆုိပါ စီးပြားေရးအုပ္ စုမ်ားသည္ အခ်ိန္ႏွင့္အမွ် ပိုၿပီး အားေကာင္းခိုင္မာလာသည္။ ခ်မ္းသာမႈကို လူတစ္စု၏ လက္ မွာထားျခင္းျဖင့္ ႏုိင္ငံေရးစနစ္ တစ္ခုေျပာင္းလဲေပၚေပါက္လာ ရန္မွာလည္း မျဖစ္လာႏုိင္ေတာ့ ပါ။

ထိုအရာမ်ားကို ျပဳျပင္ေျပာင္းလဲရန္ မီဒီယာမ်ား၊ ဖြံ႕ၿဖိဳး ေရးဘဏ္မ်ား၊ ႏုိင္ငံတကာအဖြဲ႕ အစည္းမ်ားႏွင့္ ႏုိင္ငံျခားအစိုးရ မ်ားသည္ ပြင့္လင္းျမင္သာမႈပိုမ်ား လာေရးအတြက္ ေတာင္းဆိုရ သည္။ ႏုိင္ငံတကာအသိုင္းအဝိုင္း အေနျဖင့္ သူ၏ ဩဇာအာဏာကို အသံုးခ်ၿပီး ပုဂၢလိကပိုင္ျပဳလုပ္ ေရးကေန ျဖစ္လာေသာ ျပႆနာ ကို ေျဖရွင္းဖို႔ လုပ္ေဆာင္ရမည္။ သို႔မဟုတ္ပါက ႏွစ္ေပါင္းမ်ားစြာ အာဏာရွင္စနစ္ကေနရလာ ေသာ ခ႐ိုနီစနစ္ကို မဟန္႔တားခဲ့ သည့္အတြက္ သူတုိ႔မွာလည္း အျပစ္ရွိပါလိမ့္မည္။

(Foreign Policy မဂၢဇင္းပါ ေဆာင္းပါးရွင္ Isabel Ruther-furd ၏ The Great Burmese Fire Sale ေဆာင္းပါးကို ထားထားျမင့္ ဘာသာျပန္ဆိုသည္။)

http://www.7daydaily.com/story/50159

.
Credit : 7Day News Journal
.......................
နိုင်ငံပိုင်ပစ္စည်းများကို အပြောင်ရောင်းချခဲ့သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း
********************************************************************
မြန်မာနိုင်ငံကို အုပ်စိုးနေ သည့် စစ်ဗိုလ်ချုပ်များက ၂၀၁၁ မှာအရပ်သားအစိုးရဆီကို အာဏာလွှဲပြောင်းပေးခဲ့သည်။ သည်အ ပြောင်းအလဲက အတိုက်အခံများ ကို လွှတ်တော်ထဲသို့ ရောက်ရှိစေ ပြီး အာဏာတချို့ တစ်စိတ်ကို အရပ်သားများထံ ပထမဆုံးအ ကြိမ်ပေးခဲ့ခြင်းဖြစ်သည်။ (စစ် တပ်ကတော့ အာဏာအများဆုံးရှိနေဆဲဖြစ်၏)။ သည်အဖြစ်က မြန်မာနိုင်ငံကို ကမ္ဘာကြီးဆီသို့လမ်းဖွင့် ပေးလိုက်ခြင်း ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရှိလာစေပြီး လူနေမှု အဆင့်အတန်းများ မြင့်မားစေဖို့ အလားအလာများရှိလာသည်။

သို့သော် အခြားအပြောင်း အလဲလုပ်သည့် နိုင်ငံများလိုပင် နိုင်ငံရေး၊ စီးပွားရေးအခြေအနေ က မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှု ကို ခြိမ်းခြောက်နေသည်။ ယခင်အုပ်ချုပ်ခဲ့သည့် စစ်ဗိုလ်ချုပ်များ ဆီက နိုင်ငံပိုင်လုပ်ငန်းအတော် များများကို ရရှိခဲ့သော လက်ရှိ အစိုးရက ယခုအခါ ထိုပိုင်ဆိုင်မှု များကို စီးပွားရေးလုပ်ငန်းရှင်ကြီး များထံ အောက်ဈေးများဖြင့် ရောင်းချနေသည်။ ထိုလေလံတင် ရောင်းချမှုများသည် ပွင့်လင်းမြင် သာမှုအနည်းငယ်သာရှိ၏။

စစ်တပ်၏ ထောက်ခံမှုရှိမှ သာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များ လုပ်ကိုင်နိုင်သော စစ်အစိုးရ အုပ်ချုပ်စဉ်ကာလက ခရိုနီ (ခေါ်) စစ်အစိုးရနှင့် ပေါင်းစားသော လူ တန်းစားတစ်ရပ် ပေါ်ပေါက်ခဲ့ သည်။ သာမန်အားဖြင့် နိုင်ငံသား တိုင်းမှာ ထိုလုပ်ပိုင်ခွင့်အခွင့်အ ရေးများ ရရှိခွင့်မရှိပေ။ စစ်အစိုး ရသည် ထိုအခွင့်အရေးများကို စစ်ဗိုလ်ချုပ်များနှင့် နီးနီးစပ်စပ် ဆက်သွယ်မှုရှိသော၊ သူတို့အုပ် ချုပ်မှုကို ထောက်ခံသော သီးသန့် ရွေးချယ်ထားသည့် စီးပွားရေး သမားအုပ်စုကိုသာ ပေးလေ့ရှိ၏။

နိုင်ငံပိုင်လုပ်ငန်းများနှင့် ပိုင် ဆိုင်မှုများကို လက်သိပ်ထိုးလေ လံတင်ပြီး စတင်ရောင်းချခဲ့သည့် စစ်အုပ်ချုပ်ရေးကာလ နောက်ဆုံးနှစ်များအထိ အဆိုပါလုပ်ငန်းရှင် သူဌေးကြီးများ၏ ကံဇာတာမှာ မြင့်ဆဲဖြစ်သည်။ သူတို့၏ အာဏာ အုပ်ချုပ်မှု အဆုံးသတ်တော့မှာကို သိရှိသည့် စစ်ဗိုလ်ချုပ်များက သူတို့ယုံကြည်ရသူများနှင့် နောက် ပြောင်းလဲလာသည့်နိုင်ငံသစ်မှာ သူတို့ကို ဆက်လက်ထောက်ခံ မည့်သူများကိုသာ ဩဇာအာဏာ ပေးခဲ့ဖို့နှင့် ချမ်းသာအောင် လုပ် ပေးဖို့ စိတ်အားထက်သန်ခဲ့ကြ သည်။

ထိုလုပ်ရပ်ကြောင့် အစိုးရ ပိုင်ဆိုင်မှုများကို လေလံအောင်ခဲ့ သူများသည် တကယ့်ကို တန်ဖိုး နည်းနည်းဖြင့် ပြည်သူ့ပိုင်ဆိုင်မှု များ ရခဲ့သည်ဟု နိုင်ငံတကာ သတင်းစာဆရာများက စွပ်စွဲမှု များရှိလာသည်။ ထိုလက်ပြောင်း လက်လွှဲများကလည်း ပွင့်လင်း မြင်သာမှုမရှိသည့်အတွက် အတိ အကျမသိနိုင်ပေ။ လုပ်ငန်းရှင်ကြီးများက တကယ့်အချက်အချာပိုင် ဆိုင်မှုများကို ရရှိလာသည့်အ တွက် အစိုးရအရာရှိများကလည်း ဝင်ငွေတွေကို သူတို့အိတ်ထဲထည့် ပြီး သူတို့ရွေးကောက်ပွဲလှုပ်ရှားမှု များမှာသုံးရန်၊ ဝန်ထမ်းများကို လစာတိုးရန် (သို့မဟုတ်) ထိပ် တန်းစစ်ဗိုလ်ချုပ်ဟောင်းများအ တွက် အငြိမ်းစားလစာကို ထပ်တိုးမြှင့်ရန် အသုံးပြုခဲ့ကြ၏။ အရပ် သားတွေဆီက စစ်ဗိုလ်ချုပ်များ သိမ်းခဲ့သည့် လယ်ယာမြေများနှင့် အခြားပိုင်ဆိုင်မှုများကို ရောင်းချ ခဲ့ခြင်းသည် ပြည်သူ၊ ပြည်သား များကို ဒေါသထွက်စေသည်။ အထူးသဖြင့် လူအများစုမှာ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းပြုနေသော နိုင်ငံမျိုးတွင် လယ်ယာသိမ်းမှုများသည်တကယ့်ပြဿနာကြီးတစ်ခုဖြစ်သည်။

စစ်အာဏာရှင်စနစ်အဆုံး သတ်ပြီးကတည်းက အစိုးရအ သစ်လက်ထက်မှာလည်း လုပ်ငန်းရှင်ကြီးများကို ရောင်းချမှုက ဆက်လုပ်နေဆဲဖြစ်၏။ ထို့ကြောင့် စီးပွားရေးမှာ လုပ်ငန်းရှင်အသစ် များပေါ်လာမှုကို ဟန့်တားစေပြီး ကြွယ်ဝမှုတွေကလည်း ယခင်လို ပင် အစိုးရနှင့် နီးစပ်သောအခွင့် ထူးခံ လူတန်းစားတစ်ခု၏ လက် ထဲမှာသာရှိ၏။ ကမ္ဘာ့ဘဏ္ဍာရေး ကော်ပိုရေးရှင်းနှင့် အာရှဖွံ့ဖြိုး ရေးဘဏ်ကဲ့သို့ နိုင်ငံတကာအဖွဲ့ အစည်းများက လုပ်ဆောင်နေ သည့် ဖွံ့ဖြိုးမှုရေရှည်ထိန်းသိမ်း ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် ဒေသဆောင်ရွက်မှုစွမ်းအားတည် ဆောက်ရေးတို့မှာ အပြောင်းအလဲများသော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကြောင့် မအောင်မြင်ဘဲဖြစ်ခဲ့ ရသည်။ စစ်အုပ်ချုပ်ရေးလက် အောက်မှ နာမည်ကြီးထင်ရှား လာသော စီးပွားရေးလုပ်ငန်းရှင် ဦးရေ နှစ်ဒါဇင်လောက်မှာ စစ် တပ်နှင့်ပတ်သက်မှုကြောင့် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူထားသော စာရင်းမှာ ပါနေသည်။ သူတို့မှာ နိုင်ငံပိုင် ပစ္စည်းများ ပုဂ္ဂလိကပိုင် ပြုလုပ် ရေး နောက်ဆုံးအချီရောင်းချမှုမှ လည်း အကျိုးအမြတ်များ ရရှိ ထားကြသည်။

ထိုပုဂ္ဂလိကပိုင် ပြုလုပ် ရောင်းချမှုများမှာ အချက်အလက်နည်းငယ်လောက်ပဲရှိသဖြင့် သည်ရောင်းချမှုများသည် နိုင်ငံ၏ ဂျီဒီ ပီ (ခေါ်) စုစုပေါင်း ပြည်တွင်း ထုတ်ကုန်ပမာဏ မည်မျှရှိမှန်း တွက်ချက်ဖို့ခက်ခဲလှ၏။ သို့သော် သည်ရောင်းချမှုများက အခွင့်ထူး ခံစီးပွားရေးလုပ်ငန်းရှင် လူနည်းစု ကို ဘဏ်များ၊ ကားလမ်းများ၊ လယ်မြေများ၊ လေဆိပ်များ၊ စက် ရုံများ၊ ဓာတ်ဆီဆိုင်များ၊ ဆည် များ၊ ကျောက်တွင်းများ၊ ဆိပ် ကမ်းများ၊ ဟိုတယ်များ၊ ဆက် သွယ်ရေးကန်ထရိုက်များနှင့် နိုင်ငံ တစ်ဝန်းက အခြားအချက်အချာ ပိုင်ဆိုင်မှုများ ထိန်းချုပ်လုပ်ပိုင် ခွင့်ရရှိသွားစေသည်။

မြန်မာနိုင်ငံက အထင်ရှား ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် ဦးဇော်ဇော်၏ ကြီးပွား တိုးတက်လာမှုက မြန်မာလူမျိုး များ သည်လိုကံဇာတာတွေ မြင့် မားအောင် မည်သို့လုပ်ခဲ့ကြသလဲ ဆိုတာကို ပြသနေသည်။ ဝီကီလိခ်အင်တာနက် စာမျက်နှာအရ ဦးဇော်ဇော်သည် ၁၉၉၀ ပြည့်နှစ် များ အစောပိုင်းမှာ ဂျပန်မှာနေခဲ့ ပြီး ကားဟောင်းများကို မြန်မာသို့ တင်သွင်းသည့်အလုပ်ကို စလုပ်ခဲ့ ၏။ ၁၉၉၄ မှာ သူက မြန်မာပြည် ကိုပြန်ပြီး ထိပ်တန်း စစ်ဗိုလ်ချုပ် ကြီးများဆီက မျက်နှာသာပေးမှုရ အောင် ကြိုးစားခဲ့သည်။ သူသည် စစ်ဗိုလ်ချုပ်များ၏ မိသားစုများ နှင့် နဂိုကတည်းက ရင်းနှီးသလား ဆိုတာကို ရှင်းရှင်းလင်းလင်းမသိ ရသော်လည်း သူသည် စစ်အာ ဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏ မြေးနှင့် အခြား အဓိကအစိုးရအဖွဲ့ဝင်များကိုပါ နီးနီးကပ်ကပ်ရှိသည်ဟု လူသိ များသည်။

(၂၀၁၃ တွင် သူနှင့် အစိုးရခေါင်းဆောင်များ၏ ရင်းနှီးမှုကိုဦးဇော်ဇော်က အသိအမှတ်ပြုဝန် ခံခဲ့သည်။ ‘‘အစိုးရမှာပဲ စီမံကိန်းတွေရှိတာ။ သူတို့နဲ့ စီမံကိန်းမလုပ် ရဘူးဆိုရင် ကျွန်တော်က ဘယ်သူနဲ့ သွားလုပ်ရမှာလဲ’’ဟု သတင်း ထောက်တစ်ယောက်အား သူက ပြောကြားခဲ့သည်။)

သူနှင့် စစ်ဗိုလ်ချုပ်များ၏ ရင်းနှီးမှုကြောင့် ကားအဟောင်း နှင့် မော်တော်ဆိုင်ကယ်တင်သွင်း ခွင့်များကို သူတစ်ဦးတည်း ကန် ထရိုက်ရရှိသွားပြီး မြန်မာပြည်မှာ ကားသွင်းခွင့်ဆက်ရကာ ပိုပြီးကြီး ပွားချမ်းသာလာခဲ့သည်။ သူက ဆောက်လုပ်ရေးလုပ်ငန်းကိုပါ တွဲဖက်ပြီး စစ်အစိုးရ၏ မျက်နှာ သာပေးမှုရအောင် အဓိကအစိုးရ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆောက်လုပ်ပေးခဲ့၏။ သူ၏ ကုမ္ပဏီမက်စ် မြန်မာသည် မြန်မာ ၏ မြို့တော်သစ်နေပြည်တော် ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ပေးခဲ့သည့်အတွက် ကားတင်သွင်းခွင့်လိုင်စင် ၁၀ ခုရရှိခဲ့သည်။ ဦးဇော်ဇော်၏ ၂၀၁၃ တွင် အစိုးရ အတွက် ဆောင်ရွက်ပေးမှုများအ တွက် အမေရိကန်ဘဏ္ဍာရေး ဌာနက သူ၏ကုမ္ပဏီများထဲက တစ်ခုကိုပါ အရေးယူပိတ်ဆို့မှု စာရင်းသွင်းခဲ့၏။

၂၀၁၀ မှာ စစ်ဗိုလ်ချုပ်များ က နိုင်ငံပိုင်ဆိုင်မှုများကို ရောင်းချသည့်အခါ၌ ဦးဇော်ဇော်နှင့် သူ၏ ကုမ္ပဏီမက်စ်မြန်မာက နောင်အ ခါမှာ နိုဗိုတယ်ဟိုတယ်ဖြစ်လာ မည့် မြေနေရာနှင့် စက်သုံးဆီ အရောင်းဆိုင် ၁၂ ခုကို ရရှိခဲ့၏။ ထို့အပြင် ယခင်က ဘဏ်အတွေ့ အကြုံမရှိခဲ့သော်လည်း ဦးဇော် ဇော်ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရယူနိုင်ခဲ့သည်။ ဦးဇော် ဇော်က နဂိုကတည်းက ဝင်ငွေ အမြောက်အမြားရရှိထားပြီးဖြစ် ၏။ သို့သော်လည်း ၂၀၁၁ နိုင်ငံ ရေး ပြောင်းလဲလာကတည်းက အကျိုးအမြတ်ပိုရလာစေရန် သူ ၏ အနေအထားကို ပါးနပ်စွာ ပြောင်းလဲခဲ့သည်။ နောက်နှစ်မှာ လည်း မက်စ်မြန်မာကုမ္ပဏီသည် ဝင်ငွေနှစ်ဆ တိုးလာခဲ့သည်။ ပုဂ္ဂလိကပိုင် ပြောင်းလဲရေးလုပ်ငန်းဆက်လုပ်နေသမျှ ဦးဇော်ဇော်၏ အင်ပါယာကလည်း ကြီးထွားလာ၏။သူ၏ ပိုင်ဆိုင်မှုတွေက အ များအပြား ဖြစ်နေသဖြင့် ၂၀၁၄ တွင် နေပြည်တော်သို့ရောက်လာ သည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီပင် မရှောင်နိုင် ဘဲ သူ၏ဟိုတယ်မှာ တည်းခဲ့ရ သေးသည်။ အခွင့်ထူးခံစီးပွားရေး သမားများထဲတွင် ဦးဇော်ဇော်က နာမည်ကောင်းအတော်အသင့်ရ သူဖြစ်သည်။ သူက သစ်တို့၊ ကျောက်စိမ်းတို့လို အမည်ပျက် နေသည့် လုပ်ငန်းများကို ရှောင် ရှားခဲ့၏။ ထို့ကြောင့် အမေရိကန် ဖွံ့ဖြိုးရေးရန်ပုံငွေကို လက်ခံထား သည့် အဖွဲ့အစည်းများပင်လျှင် သူ၏ မက်စ်မြန်မာဟိုတယ်များ ၌် အခမ်းအနားများ ကျင်းပရန် ခွင့်ပြုခြင်းခံရသည်။

ပုံစံအသစ်ပြောင်းလဲလာ သည့် မြန်မာနိုင်ငံတွင် ဦးဇော်ဇော် က အရေးပါသော စီးပွားရေးလုပ် ငန်းရှင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး သမားတစ်ဦးဖြစ်သည်။ သို့သော် အစိုးရအနေဖြင့် သူ့လို အတွင်းလူ မဟုတ်သော စီးပွားရေးသမား များကို သည်လိုစီးပွားရေးအခွင့် အလမ်းများပေးခဲ့ခြင်းမရှိပေ။ ထို့ အတွက် မြန်မာနိုင်ငံကို နှစ်ပေါင်း များစွာ ဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ် အစိုးရနှင့် နီးစပ်သူများသာလျှင် စီးပွားရေးပွင့်လင်းလာမှုကနေ အခွင့်ထူးများ ရရှိနေသည်။

အခြာ းဩဇာအာဏာကြီး သော စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ ဇာတ်လမ်းကလည်း စစ်အစိုးရနှင့် ဆက်စပ်ပတ်သက် မှုကနေ ဖြစ်ပေါ်လာခြင်းဖြစ် သည်။ ဝီကီလိခ်အင်တာနက်စာ မျက်နှာအရ ဦးတေဇသည် ၁၉၉၀ တွင် ထိပ်တန်းစစ်ဗိုလ်ချုပ်များ အကူအညီဖြင့် မြန်မာဘီလီယံ အုပ်စုကို အစပြုခဲ့သည်။ အစိုးရ လူကြီးများကို ဖျော်ဖြေခြင်းနှင့် သူတို့၏ သားသမီးများကို သူ၏ ကုမ္ပဏီများမှာ ခန့်ထားပေးခြင်း ဖြင့် ဦးတေဇက စစ်အစိုးရဆီမှ အခွင့်အရေးများ ပေးခြင်းခံခဲ့ရ သည်။ သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားနှင့်လည်း စီးပွား ရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့၏။ ဗဟိုအစိုးရကို ဆန့်ကျင်သော နေ ရာဒေသများတွင် သစ်ထုတ်လုပ် ရန် စစ်အစိုးရက ဦးတေဇကို လုပ် ကိုင်ခွင့်ပေးခဲ့သည်။

မြန်မာ့စီးပွားရေးတိုးတက်မှု တွင် ခေါင်းဆောင်နေရာကနေလုပ်ဆောင်နိုင်အောင် ၂၀၁၀ ၌ အစိုးရက ရေနံလုပ်ငန်းအသင်း၏ ဥက္ကဋ္ဌနေရာကို ဦးတေဇကို တင် မြှောက်ခဲ့၏။ ၂၀၀၁ မှာ ဦးတေဇ ၏ ကုမ္ပဏီဖြစ်သည့် E-lite Tech ကို ဆက်သွယ်ရေးလုပ်ငန်း ကန် ထရိုက်ပေးခဲ့သည်။

၂၀၁၄ က ဆောင်းပါးတစ် ပုဒ်တွင် သူ၏ စင်ကာပူမှာ မြှုပ်နှံ ထားသောကုမ္ပဏီကို မြောက်ကို ရီးယားနှင့်ပတ်သက်နေသည့် ကုမ္ပဏီဖြင့် ဆောင်ရွက်သည်ဟု သံသယဖြင့် သူ၏ နိုင်ငံခြားဘဏ် အကောင့်ကို အမေရိကန်အစိုးရ ပိတ်ဖို့ ဖိအားပေးခဲ့သည်ဟု ဦးတေဇက စွပ်စွဲခဲ့သည်။ ဦးတေဇကို စီးပွားရေးလုပ်ငန်းသစ် အခွင့်အ ရေးများ ဆက်လက်ပေးအပ်နေ သည့် အစိုးရ၏ဆုံးဖြတ်ချက်သည် လက်နက်ကုန်သွယ်ခြင်းနှင့် သယံ ဇာတများကို ထုတ်လုပ်နေသည့် တိုင်းပြည်ကို နစ်နာစေသည့် ခရို နီစီးပွားရေးသမားများကို အပြစ် ပေးရန် စိတ်မဝင်စား ကြောင်းကို ပြသနေသည်။

ဦးတေဇ၏ စစ်ဗိုလ်ချုပ်များ နှင့် ရင်းနှီးစွာပတ်သက်မှုနှင့် လက်နက်ကုန်သွယ်မှုတွင် ပတ်သက်မှု ကြောင့် သူနှင့် သူ့ကုမ္ပဏီထူးအုပ် စုသည် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုစာရင်း၌ ရှိနေဆဲဖြစ်၏။

သမ္မတဦးသိန်းစိန်ကတော့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကနေ အ ကျိုးအမြတ်အများဆုံးရသည့် စီးပွားရေးလုပ်ငန်းရှင်များကို မဖန်တီးသော်လည်း သူ၏လက် အောက်မှာ သည်အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များသည် အဖွဲ့အစည်းများလို အင်အား ကောင်းလာစေသည်။ ကမ္ဘာ့ ဘဏ်၏အဆိုအရ မြန်မာ၏စီးပွားရေးတိုးတက်မှုသည် ၂၀၁၃ က စပြီး တစ်နှစ်ကို ၈ ရာခိုင်နှုန်း ကျော်ဖြင့် ပုံမှန်တိုးတက်နေသည် ဟု ဆိုသည်။

ထိုးတိုးတက်မှုသည်ဆောက်လုပ်ရေး၊ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ကြောင့် ဖြစ်သည်။ ကဏ္ဍအားလုံး သည် အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကနေ အကျိုးအမြတ်ရ သူ ခရိုနီတွေ၏ လက်အောက် မှာပဲရှိသည်။ ထို့ကြောင့် လူနည်းစု စီးပွားရေးလုပ်ငန်းရှင်ကြီးများ က တိုးတက်လာသောဝင်ငွေများ ကြောင့် အခွင့်အရေးဖြစ်ထွန်းနေ ချိန်တွင် သာမန်ပြည်သူ၊ ပြည်သားများက အနောက်မှာသာ ကျန်နေရစ်သည်။ ထို့ကြောင့် တိုင်းပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းဖွင့်ထားကတည်း က သူတို့ဘဝများ ပြောင်းလဲသွား သည်ဟု မခံစားရကြောင်း မြို့ကြီးပြကြီးများ၏ အဝေးမှာနေထိုင်သူ မြန်မာများထံမှ ကြားရလေ့ရှိ သည်။ မြန်မာနိုင်ငံသည် အာရှအမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်နေဆဲ ဖြစ်ပြီး တစ်ဦးချင်းတစ်နှစ်ဝင်ငွေ မှာ ပျမ်းမျှအမေရိကန် ၁,၁၀၅ ဒေါ်လာခန့်သာရှိ၏။

ထို့အပြင် မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူနည်းစုကို နှိပ်စက်ခြင်း၊ ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်သွားခြင်း၊ အတိုက်အခံများ စသည့် အရေးကြီးပြဿနာများ လည်း ရှိသေးသည်။ သို့သော် လည်း အစိုးရ၏ နိုင်ငံပိုင်ပစ္စည်း များကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း နှင့် ဖြစ်နိုင်လာသော အကျိုးဆက် များမှာ လူတွေ၏ အာရုံစိုက်မှုကို ထိုက်သင့်သလောက် မရခဲ့ပေ။ သည်ကရလဒ်များအပေါ်မှာ ရယူ ခဲ့သည့် ဆုံးဖြတ်ချက်များသည် နောက်နှစ်များစွာအထိ မြန်မာ့ စီးပွားရေးတည်ဆောက်မှုကို အ ဆုံးအဖြတ်ပေးနိုင်ပါလိမ့်မည်။

ယခင်ဆိုဗီယက်ပြည်ထောင် စု ပြည်နယ်များကတော့ သည် အရာအားလုံးကို ကောင်းကောင်း သိပါ၏။ အဆိုပါ စီးပွားရေးအုပ် စုများသည် အချိန်နှင့်အမျှ ပိုပြီး အားကောင်းခိုင်မာလာသည်။ ချမ်းသာမှုကို လူတစ်စု၏ လက် မှာထားခြင်းဖြင့် နိုင်ငံရေးစနစ် တစ်ခုပြောင်းလဲပေါ်ပေါက်လာ ရန်မှာလည်း မဖြစ်လာနိုင်တော့ ပါ။

ထိုအရာများကို ပြုပြင်ပြောင်းလဲရန် မီဒီယာများ၊ ဖွံ့ဖြိုး ရေးဘဏ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် နိုင်ငံခြားအစိုးရ များသည် ပွင့်လင်းမြင်သာမှုပိုများ လာရေးအတွက် တောင်းဆိုရ သည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် သူ၏ ဩဇာအာဏာကို အသုံးချပြီး ပုဂ္ဂလိကပိုင်ပြုလုပ် ရေးကနေ ဖြစ်လာသော ပြဿနာ ကို ဖြေရှင်းဖို့ လုပ်ဆောင်ရမည်။ သို့မဟုတ်ပါက နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကနေရလာ သော ခရိုနီစနစ်ကို မဟန့်တားခဲ့ သည့်အတွက် သူတို့မှာလည်း အပြစ်ရှိပါလိမ့်မည်။

(Foreign Policy မဂ္ဂဇင်းပါ ဆောင်းပါးရှင် Isabel Ruther-furd ၏ The Great Burmese Fire Sale ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

http://www.7daydaily.com/story/50159

.
Credit : 7Day News Journal

No comments:

Post a Comment