Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 15, 2015

တစ်နိုင်ငံလုံး၌ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူထားမှု ၃၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်

 Published on Sun, 11/15/2015 - 18:59
တစ်နိုင်ငံလုံးတွင် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူထားမှု အမှု ၃၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အမှုပေါင်း ၁၇ မှုဖြင့် အရေးယူမှု အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယင်းဥပဒေဖြင့် အမှုဖွင့်ထားသည့် မြို့နယ်များမှာ လှိုင်သာယာမြို့နယ်တွင် လေးမှု၊ မှော်ဘီမြို့နယ်တွင် သုံးမှု၊ ဒဂုံ(တောင်)မြို့နယ်တွင် နှစ်မှုနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့ နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့ နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့တွင် တစ်မှုစီ အမှုဖွင့်ထားကြောင်း သိရသည်။

ယခုနိုဝင်ဘာအတွင်း အဆိုပါ ဥပဒေဖြင့် အမှုဖွင့်မှုခြောက်မှု ရှိခဲ့ပြီး ဖြစ်စဉ်အချို့မှာ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာ၊ သီရိရပ်ကွက်၊ ပတ္တမြားလမ်းနေ ကို.....နှင့် မ.....(၂၄)နှစ်တို့မှာ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ တရားဝင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး နှစ်နှစ်အရွယ် သမီးတစ်ဦး ထွန်းကားခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ ကို.....မှ ကြာကန်ကျေးရွာနေ မ....နှင့် ထပ်မံ၍ တရားမ၀င်ပေါင်း သင်းနေထိုင်ကြောင်း သိရသဖြင့် ၎င်း၏ တရားဝင်ဇနီးဖြစ်သူ မ....(၂၄)နှစ်က အမှုဖွင့် တိုင်ကြားခဲ့သဖြင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ် ၁၃ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီခန့်က မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်နေ ဦး...(၄၆)နှစ်သည် ဆေးသုတ်လုပ်ငန်း လုပ်ကိုင်နေစဉ် ၎င်း၏အစ်မဖြစ်သူမှ ဖုန်းဆက်၍ “နင့်သမီး မ....(၁၇)နှစ်ကို ဈေးဝယ်ခိုင်းလိုက်တာ အိမ်ပြန်မလာတော့ဘူး” ဟု အကြောင်းကြားသဖြင့် အိမ်သို့ပြန်၍ သမီးဖြစ်သူအား လိုက်လံ ရှာဖွေသော်လည်း မတွေ့ရှိ ခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာ ၅ ရက်တွင် မ..... မှ ဖုန်းဆက်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ကို......(၃၃)နှစ်နှင့် မ.....(၁၇)နှစ်တို့မှာ ဒဂုံ (တောင်)မြို့နယ်တွင် ပေါင်းသင်း နေထိုင်နေကြောင်း အကြောင်းကြား သဖြင့် သွားရောက်ခေါ်ယူခဲ့ရကြောင်း၊ ထို့နောက် ဦး....(၄၆)နှစ် က အိမ်ထောင်ရှိလျက်နှင့် သမီးဖြစ်သူအား ခေါ်ဆောင်ပေါင်းသင်းနေ ထိုင်သူ ကို......(၃၃)နှစ်အား အရေးယူပေးရန် တိုင်ကြားသောကြောင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၇ ရက် က ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ် ကွက်၊ စကားဝါလမ်းတွင် နေထိုင်သည့် မ.....(၂၄)နှစ်သည် ခင်ပွန်း ဖြစ်သူမှာ အခြားအမျိုးသမီးတစ်ဦး နှင့် လူမှုရေး ဖောက်ပြန်မှု ကျူးလွန်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဒဂုံ ဆိပ်ကမ်းရဲစခန်းသို့ သွားရောက်တိုင် တန်းခဲ့သဖြင့် ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကို.....(၂၉)နှစ် နှင့်မ....(၃၂)နှစ်တို့သည် တရားဝင် လက်ထပ်ပေါင်းသင်းနေခဲ့ရာမှ အသက်ကိုးနှစ်အရွယ်နှင့် သုံးလသားအရွယ် သားနှစ်ဦး ထွန်းကားချိန်တွင် ကို.....(၂၉)နှစ်သည် မ.....(၃၂)အား မပေါင်းသင်းနိုင်တော့ဘဲ နောက်အိမ်ထောင်ပြုမည် ဖြစ်ကြောင်းပြောဆိုကာနေအိမ်မှ ထွက်သွားခဲ့ကြောင်း၊ ယင်းနောက်ကို..... (၂၉)နှစ်မှာ နေအိမ်သို့ ပြန်မလာသဖြင့် မ.....(၃၂) နှစ်မှ လိုက်လံစုံစမ်းရာ ၎င်းင်း၏အမျိုးသားမှာ အခြားအမျိုးသမီးတစ်ဦးနှင့် လှိုင်သာယာမြို့နယ် (၆) ရပ်ကွက်ရှိ အဆောင်တစ်ခု၌ ပေါင်းသင်းနေထိုင် လျက်ရှိသည်ကိုသိရ၍ လှိုင်သာယာ မြို့မရဲစခန်းတွင် သွားရောက်တိုင် တန်းခဲ့သဖြင့်  ရဲစခန်းမှ အောက်တို ဘာ ၈ ရက်တွင် ကို.... (၂၉)နှစ်အား တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ထို့အတူ ကမာရွတ်မြို့နယ်တွင်လည်း နိုင်ငံခြားသို့သွားနေသော ဇနီးဖြစ်သူ ပြန်ရောက်လာ ချိန်တွင် ခင်ပွန်းမှာ အခြားအမျိုးသမီးတစ်ဦးနှင့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သည်ကို သိရှိခဲ့ရသဖြင့် မိမိအား တရားဝင်ကွာရှင်း ပေးရန်ပြောခဲ့သော်လည်း ခင်ပွန်းဖြစ်သူက မကွာရှင်းပေးသည့်အတွက် ကမာရွတ် မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းမှ အောက်တိုဘာ ၁၁ ရက်တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ပေး ခဲ့ကြောင်းသိရသည်။

ယင်းဥပဒေဖြင့် စတင်အမှု ဖွင့် အရေးယူမှုအနေဖြင့် အောက်တိုဘာ ၂ ရက်တွင် ပြည်မြို့နယ် ပေါင်းတည် နယ်မြေရဲစခန်းတွင် စတင်၍ လာရောက် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး  ဖြစ်စဉ်မှာ ပြည်မြို့နယ်၊ ပေါင်းတည်မြို့ရှိ မြောင်းဆုံ ကျေးရွာ နေ မ...(၂၁)နှစ်သည် ၂၀၁၂ ခုနှစ်ခန့်က အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ကလေးတစ်ဦးရရှိခဲ့ကြောင်း၊ ၎င်းအမျိုးသားသည် စက်တင်ဘာတွင် အလုပ်လုပ်ရန် ခရီးထွက်သွားရာမှ နေအိမ်သို့ ပြန်မလာတော့ဘဲ ပြည်မြို့အရှေ့ပေါက်တော ကျေးရွာတွင် နေထိုင်သည့် အသက် (၂၇)နှစ်ရွယ် အမျိုးသမီးတစ်ဦးနှင့် ပြည်မြို့ ဆံတော် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး နေထိုင်ခဲ့ကြောင်း သိရသဖြင့် မြောင်းဆုံ ကျေးရွာနေ မ...(၂၁)နှစ်မှ ရဲစခန်းတွင် လာရောက် တိုင်တန်းခဲ့သဖြင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။

အလားတူ အောက်တိုဘာ ၈ ရက်တွင်လည်း ပြည် မြို့မရဲစခန်း၌ အသက် ၂၃ နှစ်အရွယ် အမျိုးသားနှင့် အမျိုးသမီးတို့အား တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင် ရာ ဥပဒေဖြင့် အရေးယူမှုရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က  ၂၀၁၅ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

ယင်း တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခံရလျှင် ခုနစ်စ်ထက်မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

Writer:
သီဟအောင်၊ သန့်ဇင်ကျော်
EMG
..................
တစ်နိုင်ငံလုံး၌ တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာ ဥပေဒျဖင့် အေရးယူထားမှု ၃၀ ကော််ရွိပြီး ရန္ကုန္တိုင်းဒေသကြီးတြင် အမ်ားဆုံျးဖစ်

 Published on Sun, 11/15/2015 - 18:59
တစ်နိုင်ငံလုံးတြင် တစ္လင် တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာ ဥပေဒျဖင့် အေရးယူထားမှု အမှု ၃၀ ကော််ရွိပြီး ရန္ကုန္တိုင်းဒေသကြီးတြင် အမှုပေါင်း ၁၇ မျှုဖင့် အေရးယူမှု အမ်ားဆုံျးဖစ်ကြောင်း ရန္ကုန္တိုင်းဒေသကြီး ရဲတပ္ဖြဲ့ခြဲ မွူးရုံးမွ စုံစမ်းသိရွိရသည်။

ရန္ကုန္တိုင်းဒေသကြီးတြင် ယင်းဥပေဒျဖင့် အမှုဖြင့်ထားသည့် မြို့နယ္မ်ားမွာ လှိုင်သာယာမြို့နယ္တြင် လေးမှု၊ မွေ္ဘာီမြို့နယ္တြင် သုံးမှု၊ ဒဂုံ(တောင်)မြို့နယ္တြင် နွစ္မှုနွင့် ဒဂုံဆိပ္ကမ်းမြို့နယ်၊ ကမာရြတ်မြို့နယ်၊ ကြည့်ျမင္တိုင်ျမို့ နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့ နယ်၊ ကော်က္တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ ရျွှေပည်သာမြို့နယ္တို့တြင် တစ္မှုစီ အမှုဖြင့်ထားကြောင်း သိရသည်။

ယခုနိုဝင္ဘာအတြင်း အဆိုပါ ဥပေဒျဖင့် အမှုဖြင့်မှျုေခာက္မှု ရွိခဲ့ပြီျးဖစ္စဉ်အခို့မွာ ကော်က္တန်းမြို့နယ်၊ မဂင်္လြန်းကေ်းရြာ၊ သီရိရပ္ကြက်၊ ပတ္တျမားလမ်းနေ ကို.....နွင့် မ.....(၂၄)နွစ္တို့မွာ လြန္ခဲ့သည့် ၂၀၁၁ ခုနွစ္မွစ၍ တရားဝင် လင္မယားအျဖစ် ပေါင်းသင်းနေထိုင္ခဲ့ပြီး နွစ်နွစ်အရြယ် သမီးတစ်ဦး ထြန်းကားခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၅ ခုနွစ်၊ အောက္တိုဘာလအတြင်း၌ ကို.....မွ ကြာကန်ကေ်းရြာနေ မ....နွင့် ထပ္မံ၍ တရားမ၀င်ပေါင်း သင်းနေထိုင်ကြောင်း သိရသျဖင့် ၎င်း၏ တရားဝင္ဇနီျးဖစ်သူ မ....(၂၄)နွစ္က အမှုဖြင့် တိုင်ကြားခဲ့သျဖင့် တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာ ဥပေဒပုဒ် ၁၃ျဖင့် အမှုဖြင့်ခဲ့ကြောင်း သိရသည်။

နိုဝင္ဘာ ၂ ရက် နံနက် ၁၀ နာရီခန့်က မရမ်းကုန်းမြို့နယ် ၇ ရပ္ကြက်နေ ဦး...(၄၆)နွစ်သည် ဆေးသုတ္လုပ်ငန်း လုပ္ကိုင်နေစဉ် ၎င်း၏အစ္မျဖစ်သူမွ ဖုန်းဆက်၍ “နင့်သမီး မ....(၁၇)နွစ္ကို စေ်းဝယ္ခိုင်းလိုက္တာ အိမ်ျပန္မလာတော့ဘူး” ဟု အေကြာင်းကြားသျဖင့် အိမ်သိျု့ပန်၍ သမီျးဖစ်သူအား လိုက္လံ ရွာဖြေသ္လာည်း မေတြ့ရွိ ခဲ့ကြောင်း၊ ယင်းနောက် နိုဝင္ဘာ ၅ ရက္တြင် မ..... မွ ဖုန်းဆက်ပြီး ၎င်း၏ ခင္ပြန်ျးဖစ်သူ ကို......(၃၃)နွစ်နွင့် မ.....(၁၇)နွစ္တို့မွာ ဒဂုံ (တောင်)မြို့နယ္တြင် ပေါင်းသင်း နေထိုင်နေကြာင်း အေကြာင်းကြား သျဖင့် သြားရောက်ခေါ်ယူခဲ့ရေကြာင်း၊ ထို့နောက် ဦး....(၄၆)နွစ် က အိမ်ထောင်ရွိလ်က်နွင့် သမီျးဖစ်သူအား ခေါ်ဆောင်ပေါင်းသင်းနေ ထိုင်သူ ကို......(၃၃)နွစ်အား အေရးယူပေးရန် တိုင်ကြားသောကြောင့် တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာ ဥပေဒျဖင့် အမှုဖြင့်ခဲ့ကြောင်း သိရသည်။

ထိျု့ပင် အောက္တိုဘာ ၇ ရက် က ဒဂုံဆိပ္ကမ်းမြို့နယ် ၈၈ ရပ် ကြက်၊ စကားဝါလမ်းတြင် နေထိုင်သည့် မ.....(၂၄)နွစ်သည် ခင္ပြန်ျးဖစ်သူမွာ အျခားအမိုးသမီးတစ်ဦး နွင့် လူမှုရေး ဖောက်ျပန္မှု က်ူးလြန်နေသည္ကို တြေ့ရွိခဲ့သျဖင့် ဒဂုံ ဆိပ္ကမ်းရဲစခန်းသို့ သြားရောက္တိုင် တန်းခဲ့သျဖင့် ဒဂုံဆိပ္ကမ်း မြို့မရဲစခန်းက တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာ ဥပေဒျဖင့် အမှုဖြင့်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကို.....(၂၉)နွစ် နွင့်မ....(၃၂)နွစ္တို့သည် တရားဝင် လက္ထပ်ပေါင်းသင်းနေခဲ့ရာမွ အသက္ကိုးနွစ်အရြယ်နွင့် သုံးလသားအရြယ် သားနွစ်ဦး ထြန်းကားခိန္တြင် ကို.....(၂၉)နွစ်သည် မ.....(၃၂)အား မေပါင်းသင်းနိုင်တော့ဘဲ နောက်အိမ်ထောင်ျပုမည်ျဖစ်ကြောင်ျးေပာဆိုကာနေအိမ္မွ ထြက်ြသားခဲ့ကြောင်း၊ ယင်းနောက္ကို..... (၂၉)နွစ္မွာ နေအိမ်သိျု့ပန္မလာသျဖင့် မ.....(၃၂) နွစ္မွ လိုက္လံစုံစမ်းရာ ၎င်းင်း၏အမိုးသားမွာ အျခားအမိုးသမီးတစ်ဦးနွင့် လှိုင်သာယာမြို့နယ် (၆) ရပ္ကြက်ရွိ အေဆာင္တစ္ခု၌ ပေါင်းသင်းနေထိုင် လ်က်ရွိသည္ကိုသိရ၍ လှိုင်သာယာ မြို့မရဲစခန်းတြင် သြားရောက္တိုင် တန်းခဲ့သျဖင့်  ရဲစခန်းမွ အောက္တို ဘာ ၈ ရက္တြင် ကို.... (၂၉)နွစ်အား တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာဥပေဒျဖင့် အမှုဖြင့် အေရးယူခဲ့ကြောင်း သိရသည်။

ထို့အတူ ကမာရြတ်မြို့နယ္တြင္လည်း နိုင်ငျံခားသို့သြားနေသာ ဇနီျးဖစ်သျူပန်ရောက္လာ ခိန္တြင် ခင္ပြန်းမွာ အျခားအမိုးသမီးတစ်ဦးနွင့် လင္မယားအျဖစ် ပေါင်းသင်းနေထိုင်သည္ကို သိရွိခဲ့ရသျဖင့် မိမိအား တရားဝင္ကြာရွင်း ပေးရန်ျေပာခဲ့သ္လောည်း ခင္ပြန်ျးဖစ်သူက မကြာရွင်းပေးသည့်အတြက် ကမာရြတ် မြို့မရဲစခန်းသို့ သြားရောက္တိုင္တန်းခဲ့ရာ ရဲစခန်းမွ အောက္တိုဘာ ၁၁ ရက္တြင် တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာ ဥပေဒျဖင့် အမှုဖြင့်ပေး ခဲ့ကြောင်းသိရသည်။

ယင်းဥပေဒျဖင့် စတင်အမှု ဖြင့် အေရးယူမှုအေနျဖင့် အောက္တိုဘာ ၂ ရက္တြင်ျပည်မြို့နယ် ပေါင်းတည် နယ်ျေမရဲစခန်းတြင် စတင်၍ လာရောက် အမှုဖြင့်ချဲ့ခင်ျးဖစ်ပြီျးဖစ္စဥ္မျွာပည်မြို့နယ်၊ ပေါင်းတည်မြို့ရွိျေမာင်းဆုံ ကေ်းရြာ နေ မ...(၂၁)နွစ်သည် ၂၀၁၂ ခုနွစ္ခန့်က အမိုးသားတစ်ဦးနွင့် လက္ထပ္ခဲ့ပြီး ကေလးတစ်ဦးရရွိခဲ့ကြောင်း၊ ၎င်းအမိုးသားသည် စက္တင္ဘာတြင် အလုပ္လုပ်ရန် ခရီးထြက်ြသားရာမွ နေအိမ်သိျု့ပန္မလာတော့ဘျဲပည်မြို့အေရွ့ပေါက်တော ကေ်းရြာတြင် နေထိုင်သည့် အသက် (၂၇)နွစ်ြရယ် အမိုးသမီးတစ်ဦးနွင့်ျပည်မြို့ ဆံတော် ရပ္ကြက် အုပ္ခ်ုပ်ရေးမွူးရုံးတြင် နွစ်ဦးသေဘာတူ လက္မွတ်ရေးထိုးပြီး နေထိုင္ခဲ့ကြောင်း သိရသျဖင့်ျေမာင်းဆုံ ကေ်းရြာနေ မ...(၂၁)နွစ္မွ ရဲစခန်းတြင် လာရောက် တိုင္တန်းခဲ့သျဖင့် တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာ ဥပေဒပုဒ္မ ၁၃ျဖင့် အမှုဖြင့်ခဲ့ကြောင်းသိရသည်။

အလားတူ အောက္တိုဘာ ၈ ရက္တြင္လည်ျးပည် မြို့မရဲစခန်း၌ အသက် ၂၃ နွစ်အရြယ် အမိုးသားနွင့် အမိုးသမီးတို့အား တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင် ရာ ဥပေဒျဖင့် အေရးယူမှုရွိခဲ့ ကြောင်း သိရသည်။
အဆိုပါ တစ္လင္တစ္မယား စနစ္က်င့်သုံျးခင်းဆိုင်ရာ ဥပေဒကျိုပည်ထောင္စုလွှတ်တ္ကော  ၂၀၁၅ ခုနွစ် သြဂုတ် ၃၁ ရက္တြင်ျပဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက လက္မွတ်ရေးထိုး အတည်ျပုခဲ့သည်။

ယင်း တစ္လင္တစ္မယားစနစ် က်င့်သုံျးခင်းဆိုင်ရာ ဥပေဒအရျပစ္မှုထင်ရွား စီရင္ခံရလ်ွင် ခုနစ္စ္ထက္မပိုသည့် ထောင္ဒဏ်အျပင် ငြေဒဏ္လည်း ခ်မွတ်နိုင်သည်ဟျုပဋ္ဌာန်းထားကြောင်း သိရသည်။

Writer:
သီဟေအာင်၊ သန့်ဇင်ကော််
EMG

No comments:

Post a Comment