Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 1, 2015

မဲဆွယ်စည်းရုံးရေးကာလ ကုန်ဆုံးတော့မည်



၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးခွင့်ပြုကာလ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီမှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ သတ်မှတ်အချိန်ကာလ နှစ်လတာအတွင်း နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုမှာ ဘယ်လို လုံခြုံရေး အခက်အခဲတွေကြုံခဲ့ရသလဲ၊ နောက် ပါတီတွေအပေါ် ထောက်ခံခဲ့ကြသူ၊ ကန့်ကွက်ခဲ့ကြသူတွေကြား ဘယ်လိုတင်းမာမှု အခြေအနေတွေနဲ့ ကြုံခဲ့ရသလဲ၊ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းမီဒီယာ၊ အာဏာလုပ်ပိုင်ခွင့် စတာကို ဘယ်လိုအသုံးပြုပြီး မဲဆွယ်ခဲ့ကြပါသလဲ ဆိုတဲ့ အနေအထားတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးနဲ့ တိုင်းရင်းသားနယ်မြေတွေအသီးသီးမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၉ ရက်နေ့ မနက် ခြောက်နာရီကစလို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးခွင့်ကာလကို နိုဝင်ဘာလ ခြောက်ရက်နေ့ ည ၁၂ နာရီအထိ နောက်ဆုံးထားစည်းရုံးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ဒီလိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ မဲဆွယ်စည်းရုံးရေးခွင့် ပေးထားတဲ့ သတ်မှတ်ကာလအတွင်း မဲဆွယ် စည်းရုံးခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေကြား အပြန်အလှန် တရားစွဲဆိုမှုတွေ၊ ထောက်ခံသူနဲ့ ကန့်ကွက်သူကြား တင်းမာမှုတွေနဲ့ နိုင်ငံရေး ပါတီတွေကြား မဲဆွယ်စည်းရုံးစဉ် လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို ဖောက်ချက်ခဲ့တာတွေရှိတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကသုံးသပ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် အသစ်တိုးခန့်တဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေစဉ်။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)
စစ်ရေးတင်းမာမှုတွေရှိနေဆဲ နယ်မြေမတည်ငြိမ် မအေးချမ်းနိုင်သေးတဲ့ တိုင်းရင်းသားဒေသအချို့မှာ မဲဆွယ်စည်းရုံးခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ အဓိက ကြုံခဲ့ရတာကတော့ လုံခြုံရေးအခက်အခဲပဲဖြစ်ပါတယ်။ ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးကို ကိုယ့်ပါတီကပဲ ကိုယ်တာဝန်ယူခဲ့ရတဲ့ အနေအထားဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌဦးစိုင်းစောအောင်ကပြောပါတယ်။

“ကျနော်ကတော့ အဓိက-ကတော့ ကရင်ပြည်နယ်ဘက်ကိုသွားတဲ့အခါကျတော့ ကချင်ပြည်နယ်မှာတော့ ဘာမှ အခက်အခဲမရှိပါဘူး။ သို့သော်လည်းပဲ ဒီ လုံခြုံရေးတို့၊ ဘာရေးတို့ဆိုတာကတော့ ကိုယ့်ဟာကိုယ် ယူရတာချည့်ပဲ။ ကော်မရှင်ကနေပြီးတော့ စီစဉ်ပေးတာ မရှိပါဘူး။ သွားခဲ့တဲ့နေရာကတော့ ရှမ်းတိုင်းရင်းသားတွေရှိတဲ့နေရာပဲ အဓိကသွားပြီးတော့ စည်းရုံးတဲ့အတွက်ကြောင့် ရွေးကောက်ပွဲပေါ်မှာကတော့ အဓိက မဲထည့်ပုံထည့်နည်းပဲ အဓိက နားမလည်တဲ့အခါကျတော့ အဓိက နားမလည်ကြလို့၊ အဲဒါကိုပဲ စိတ်ရှည်လက်ရှည် ရှင်းပြရပါတယ်။”

မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီတွေကြား ကြုံတွေ့နေရတာတွေကို အဓိက မြင်တွေ့ကြားသိခဲ့ရတာတွေနဲ့ပတ်သက်လို့လည်း Myanmar Institute for Democracy က ဒါရိုက်တာဦးအောင်စိုးမင်းက အခုလိုပြောပြပါတယ်။

“ကျနော်တို့အနေနဲ့တော့ သတင်းအနေနဲ့ပဲ သိရတယ်။ သူတို့အချင်းချင်း တိုင်ကြားတာတွေ အများကြီးဖြစ်လာတာတွေ ကျနော်တို့ သိရတယ်။ နောက်ပြီးတော့ ဒီမှာ Code of Conduct တွေကို ချိုးဖောက်တယ်ဆိုတဲ့ ပုံစံမျိုးတွေကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို သတင်းတွေထဲကနေတဆင့် ကျနော်တို့ သိရတယ်ပေါ့နော်။ နောက်ပြီးတော့ တချို့ကိစ္စတွေမှာဆိုရင် ဥပဒေအရ ဖောက်ဖျက်မှုတွေကို ကျနော်တို့ တွေ့ရတယ်။ ဥပမာဆိုလို့ရှိရင် ဟိုတပတ်ကလည်း ကျနော်တို့ ပြောခဲ့တယ်ပေါ့နော်၊ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေ ဆင်းတဲ့အခါမှာ အစိုးရရဲ့ပိုင်ဆိုင်တဲ့အရာတွေကို - အစိုးရပိုင်တဲ့၊ နိုင်ငံတော်ပိုင်တဲ့ access တွေ၊ နောက်တခုက သူတို့ရဲ့အရှိန်အဝါတွေကို သုံးတာမျိုးတွေပေါ့။ အဲဒါမျိုးတွေကို ကျနော်တို့ တွေ့ရတာမျိုးတွေကို သတင်းတွေအရ သိရတာပေါ့နော်။”

မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း နိုင်ငံရေးပါတီတွေဘက်က ကျင့်သုံးရမယ့်ကျင့်ဝတ်တွေနဲ့ လိုက်နာခဲ့ခြင်းရှိမရှိဆိုတာနဲ့ မဲဆွယ်စည်းရုံးစဉ် ဘယ်လို အနေအထားမျိုးတွေရှိခဲ့တယ်ဆိုတာကိုလည်း မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

“ကိုယ်စားလှယ်လောင်းတွေကြားမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီ အချင်းချင်းကြားမှာပဲဖြစ်ဖြစ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း၊ အပြန်အလှန်အပုပ်ချတဲ့လုပ်ရပ်တွေပေါ့။ တနည်းအားဖြင့်တော့ တချို့ဖြစ်စဉ်တွေက ဥပဒေအရ ခွင့်ပြုမထားပေမယ့်လည်း ဥပဒေကို လက်တလုံးခြားလုပ်ပြီးတော့ တိုက်ခိုက်မှုတွေ၊ ပြစ်တင်ရှုတ်ချမှုတွေလုပ်တာကို တွေ့ရတယ်။ နောက်တစ်ခုတွေ့ရတာက ဘာလဲဆိုတော့ လက်ရှိ အာဏာရ ပါတီကနေပြီးတော့ အစိုးရနဲ့ပြည်သူပိုင်သတင်းစာကို အသုံးချပြီးတော့ မဲဆွယ်စည်းရုံးတဲ့ကိစ္စပေါ့၊ အစိုးရပိုင်၊ ပြည်သူပိုင်သတင်းစာမှာ ထည့်လာတာမျိုး၊ နောက်အာဏာရပါတီကို တဘက်စောင်းနင်း မဲဆွယ်ပေးတဲ့ဘက်ကို ဦးတည်တာကိုတွေ့ရတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ မဲဆန္ဒရှင်ပြည်သူလူထုအနေနဲ့ မည်သည့်ကိုယ်စားလှယ်လောင်းကို ဆန္ဒပြရမယ်ဆိုတာ စိတ် ဆုံးဖြတ်နိုင်ရန်အလို့ငှာ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီကစလို့ နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲပြီးတဲ့အထိ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးရေးတွေကို ရပ်နားရမယ်လို့ ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ၊ ပိုစတာတွေကိုလည်း နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီကစလို့ ဖြုတ်သိမ်းပေးရမှာဖြစ်ပါတယ်။ မဖြုတ်သိမ်းရင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီကို ဖြုတ်သိမ်းစေမှာဖြစ်ပြီး ဖြုတ်သိမ်းစဉ် ကုန်ကျစရိတ်ကို သက်ဆိုင်ရာကိုယ်စားလှယ်လောင်းက ပေးချေရမယ့်တာဝန်ဖြစ်တယ် ဆိုတာကိုလည်း ထုတ်ပြန်ထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

.........................................................

မဲဆြယ္စည်းရုံးရေးကာလ ကုန္ဆုံးတော့မည်

၂၀၁၅ ရြေးကောက္ပြဲအတြက် နိုင်ငံရေးပါတီတြေရဲ့ မဲဆြယ္စည်းရုံးရေးခြင့်ျပုကာလ နိုဝင္ဘာလ ၆ ရက်နေ့ ည ၁၂ နာရီမွာ အဆုံးသတ်တော့မျွာဖစ္ပါတယ်။ သတ္မွတ်အခိန္ကာလ နွစ္လတာအတြင်း နိုင်ငံရေးပါတီတြေ၊ တိုင်းရင်းသားပါတီတြေရဲ့ မဲဆြယ္စည်းရုံးမှုမွာ ဘယ္လို လုံခြုံရေး အခက်အခဲတြေကြုံခဲ့ရသလဲ၊ နောက် ပါတီတြေအေပါ် ထောက္ခံခဲ့ကြသူ၊ ကန့်ကြက္ခဲ့ကြသူတြေကြား ဘယ္လိုတင်းမာမှု အျေခအေနေတြနဲ့ ကြုံခဲ့ရသလဲ၊ က်င့်ဝတ္နဲ့မညီတဲ့ သတင်းမီဒီယာ၊ အာဏာလုပ္ပိုင္ခြင့် စတာကို ဘယ္လိုအသုံျးပုပြီး မဲဆြယ္ခဲ့ကြပါသလဲ ဆိုတဲ့ အေနအထားတြေကို မဆုမြန္က စုစည်းတင်ျပေပးထားပါတယ်။

မကြာခင် ရက္ပိုင်းအတြင်းမွာပဲ ၂၀၁၅ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးကောက္ပြဲကြီး က်င်းပေတာ့မျွာဖစ္ပါတယ်။ နိုဝင္ဘာလ ၈ ရက်နေ့မွာ က်င်းပမယ့် ရြေးကောက္ပြဲမွာ သက္ဆိုင်ရျာပည္နယ်၊ တိုင်းဒေသကြီးနဲ့ တိုင်းရင်းသားနယ်ျေမေတြအသီးသီးမွာ ပါဝင်ယွဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ္စားလွယ်လောင်းတြေနဲ့ တသီးပုဂ္ဂလကိုယ္စားလွယ်တြေ မဲဆြယ္စည်းရုံးရေးအတြက် မဲဆြယ္စည်းရုံးခြင့်ကာလကို စက္တင္ဘာလ ၉ ရက်နေ့ မနက်ျေခာက္နာရီကစလို့ ခြင့်ျပုခဲ့တျာဖစ္ပါတယ်။ မဲဆြယ္စည်းရုံးခြင့်ကာလကို နိုဝင္ဘာလျေခာက်ရက်နေ့ ည ၁၂ နာရီအထိ နောက္ဆုံးထားစည်းရုံးကြဖိျု့ပည်ထောင္စုရြေးကောက္ပြဲက္မောရွင္က ကြေညာထားပါတယ်။

ဒီလျိုပည်ထောင္စု ရြေးကောက္ပြဲက္မောရွင်ရဲ့ ခြင့်ျပုခ်က္နဲ့ မဲဆြယ္စည်းရုံးရေးခြင့် ပေးထားတဲ့ သတ္မွတ္ကာလအတြင်း မဲဆြယ် စည်းရုံးခဲ့ကြတဲ့ နိုင်ငံရေးပါတီတြေက ကိုယ္စားလွယ်လောင်းတြေကြား အျပန်အလွန် တရားစြဲဆိုမှုတြေ၊ ထောက္ခံသူနဲ့ ကန့်ကြက်သူကြား တင်းမာမှုတြေနဲ့ နိုင်ငံရေး ပါတီတြေကြား မဲဆြယ္စည်းရုံးစဉ် လိုက္နာက်င့်သုံးရမယ့် က်င့်ဝတ်တြေကို ဖောက္ခ်က္ခဲ့တာတြေရွိတယ္လို့ နိုင်ငံရေးပါတီတြေနဲ့ ရြေးကောက္ပြဲ စောင့်ကြည့်လေ့လာသူတြေကသုံးသပ္ပါတယ်။


လာမယ့်ရြေးကောက္ပဲအြတြက် အသစ္တိုးခန့်တဲ့ အထူးရဲတပ္ဖြဲ့ဝင်တြေကို သင္တန်းပေးနေစဉ်။ (အောက္တိုဘာ ၃၀၊ ၂၀၁၅)
စစ်ရေးတင်းမာမှုတြေရွိနေဆဲ နယ်ျေမမတည်ငြိမ် မေအးခ်မ်းနိုင်သေးတဲ့ တိုင်းရင်းသားဒေသအခို့မွာ မဲဆြယ္စည်းရုံးခဲ့ကြတဲ့ နိုင်ငံရေးပါတီတြေ အဓိက ကြုံခဲ့ရတာကေတာ့ လုံခြုံရေးအခက်အခဲပျဲဖစ္ပါတယ်။ ပါတီကိုယ္စားလွယ်လောင်းတြေရဲ့ လုံခြုံရေးကို ကိုယ့္ပါတီကပဲ ကိုယ္တာဝန်ယူခဲ့ရတဲ့ အေနအထာျးဖစ္တယ္လို့ SNLD ရွမ်းတိုင်းရင်းသားမ်ားဒီမိုကေရစီအဖြဲ့ခ်ုပ္ပါတီ ဒုဥက္ကဋ္ဌဦးစိုင်းစောအောင္ကျေပာပါတယ်။

“က်နော်ကေတာ့ အဓိက-ကေတာ့ ကရင်ျပည္နယ္ဘက္ကိုသြားတဲ့အခါက်တော့ ကခ်င်ျပည္နယ္မွာတော့ ဘာမွ အခက်အခဲမရွိပါဘူး။ သို့သ္လောည်းပဲ ဒီ လုံခြုံရေးတို့၊ ဘာရေးတို့ဆိုတာကေတာ့ ကိုယ့်ဟာကိုယ် ယူရတာခ်ည့်ပဲ။ က္မောရွင္ကေနပြီးတော့ စီစဉ်ပေးတာ မရွိပါဘူး။ သြားခဲ့တဲ့နေရာကေတာ့ ရွမ်းတိုင်းရင်းသားတြေရွိတဲ့နေရာပဲ အဓိကသြားပြီးတော့ စည်းရုံးတဲ့အတြက်ကြောင့် ရြေးကောက္ပြဲပေါ်မွာကေတာ့ အဓိက မဲထည့်ပုံထည့်နည်းပဲ အဓိက နားမလည္တဲ့အခါက်တော့ အဓိက နားမလည်ကြလို့၊ အဲဒါကိုပဲ စိတ်ရွည္လက်ရွည် ရွင်ျးပရပါတယ်။”

မဲဆြယ္စည်းရုံးရေးကာလအတြင်း နိုင်ငံရေးပါတီတြေကြား ကြုံတြေ့နေရတာတြေကို အဓိကျမင်တြေ့ကြားသိခဲ့ရတာတြေနဲ့ပတ်သက္လို့လည်း Myanmar Institute for Democracy က ဒါရိုက္တာဦးအောင္စိုးမင်းက အခုလိျုေပျာပပါတယ်။

“က်န္တောို့အေနနဲ့တော့ သတင်းအေနနဲ့ပဲ သိရတယ်။ သူတို့အခ်င်းခ်င်း တိုင်ကြားတာတြေ အမ်ားကြီျးဖစ္လာတာတြေ က်န္တောို့ သိရတယ်။ နောက်ပြီးတော့ ဒီမွာ Code of Conduct တြေကို ခိုးဖောက္တယ္ဆိုတဲ့ ပုံစံမိုးတြေကိုလည်း က်န္တောို့ တြေ့ရတယ်။ ဒါတြေကို သတင်းတြေထဲကေနတဆင့် က်န္တောို့ သိရတယ်ပေါ့နော်။ နောက်ပြီးတော့ တခို့ကိစ္စတြေမွာဆိုရင် ဥပေဒအရ ဖောက္ဖ်က္မှုတြေကို က်န္တောို့ တြေ့ရတယ်။ ဥပမာဆိုလို့ရွိရင် ဟိုတပတ္ကလည်း က်န္တောို့ျေပာခဲ့တယ်ပေါ့နော်၊ အစိုးရအဖြဲ့ဝင်တြေအေနနဲ့ မဲဆြယ္စည်းရုံးရေးတြေ ဆင်းတဲ့အခါမွာ အစိုးရရဲ့ပိုင္ဆိုင္တဲ့အရာတြေကို - အစိုးရပိုင္တဲ့၊ နိုင်ငံတ္ပောိုင္တဲ့ access တြေ၊ နောက္တခုက သူတို့ရဲ့အရွိန်အဝါတြေကို သုံးတာမိုးတြေပါ့။ အဲဒါမိုးတြေကို က်န္တောို့ တြေ့ရတာမိုးတြေကို သတင်းတြေအရ သိရတာပေါ့နော်။”

မဲဆြယ္စည်းရုံးစဥ္ကာလအတြင်း နိုင်ငံရေးပါတီတြေဘက္က က်င့်သုံးရမယ့်က်င့်ဝတ်တြေနဲ့ လိုက္နာချဲ့ခင်းရွိမရွိဆိုတာနဲ့ မဲဆြယ္စည်းရုံးစဉ် ဘယ္လို အေနအထားမိုးတြေရွိခဲ့တယ္ဆိုတာကိုလည်ျးမန္မာ့နိုင်ငံရေးအကဲခတ် ဒေါက္တာရန္မိုးသိမ်းက အခုလိုသုံးသပ္ပါတယ်။

“ကိုယ္စားလွယ်လောင်းတြေကြားမွာပျဲဖစ်ျဖစ်၊ နိုင်ငံရေးပါတီ အခ်င်းခ်င်းကြားမွာပျဲဖစ်ျဖစ် တိုက်ရိုက်သ္လောည်းကောင်း၊ သြယ်ဝိုက်သ္လောည်းကောင်း၊ အျပန်အလွန်အပုပ္ခ်တဲ့လုပ်ရပ်တြေပါ့။ တနည်းအာျးဖင့်တော့ တခိျု့ဖစ္စဉ်တြေက ဥပေဒအရ ခြင့်ျပုမထားပေမယ့်လည်း ဥပေဒကို လက္တလုံျးခားလုပ်ပြီးတော့ တိုက္ခိုက္မှုတြေ၊ျပစ္တင်ရှုတ္ခ်မှုတြေလုပ္တာကို တြေ့ရတယ်။ နောက္တစ္ခုတြေ့ရတာက ဘာလဲဆိုတော့ လက်ရွိ အာဏာရ ပါတီကေနပြီးတော့ အစိုးရနျဲ့ပည်သူပိုင်သတင်းစာကို အသုံးခ်ပြီးတော့ မဲဆြယ္စည်းရုံးတဲ့ကိစ္စပေါ့၊ အစိုးရပိုင်၊ျပည်သူပိုင်သတင်းစာမွာ ထည့်လာတာမိုး၊ နောက်အာဏာရပါတီကို တဘက်စောင်းနင်း မဲဆြယ်ပေးတဲ့ဘက္ကို ဦးတည္တာကိုတြေ့ရတယ်။”

ျပည်ထောင္စု ရြေးကောက္ပြဲက္မောရွင္ဘက္ကေတာ့ မဲဆန္ဒရွင်ျပည်သူလူထုအေနနဲ့ မည်သည့်ကိုယ္စားလွယ်လောင်းကို ဆန္ဒျပရမယ္ဆိုတာ စိတ် ဆုံျးဖတ်နိုင်ရန်အလို့ငွာ နိုဝင္ဘာ ၆ ရက်နေ့ ည ၁၂ နာရီကစလို့ နိုဝင္ဘာ ၈ ရက်နေ့ရြေးကောက္ပြဲပြီးတဲ့အထိ ရြေးကောက္ပြဲဆိုင်ရာစုဝေးဟေျာေပျာခင်းနဲ့ မဲဆြယ္စည်းရုံးရေးတြေကို ရပ္နားရမယ္လို့ ထုတ်ျပန္ထားတာပါ။ ဒါ့အျပင် မဲဆြယ္စည်းရုံးတဲ့ ကြော်ျငာ၊ ပိုစတာတြေကိုလည်း နိုဝင္ဘာ ၆ ရက်နေ့ ည ၁၂ နာရီကစလိျု့ဖုတ်သိမ်းပေးရမျွာဖစ္ပါတယ်။ မျဖုတ်သိမ်းရင် သက္ဆိုင်ရာ မြို့နယ်ရြေးကောက္ပြဲက္မောရွင္က သက္ဆိုင်ရာ မြို့တ္စောည္ပင်သာယာရေး က္မောတီကျိုဖုတ်သိမ်းစေမျွာဖစ်ပြီျးဖုတ်သိမ်းစဉ် ကုန္က်စရိတ္ကို သက္ဆိုင်ရာကိုယ္စားလွယ်လောင်းက ပေးခ်ေရမယ့်တာဝန်ျဖစ္တယ် ဆိုတာကိုလည်း ထုတ်ျပန္ထားပါတယ်။

မဆုမြန် / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment