Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 18, 2015
နန်ချန်း ၊ ၁၈-၁၁-၂၀၁၅
တရုတ်နိုင်ငံ ရှေးဟောင်း သုတေသီ များသည် နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ခန့်က ရှားပါးရွှေဒင်္ဂါး များကို ယမန်နေ့တွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။
#PyiChitThar
.................................................
တရုတ်နိုင်ငံအရှေ့ပိုင်းတွင် နှစ်ပေါင်း ၂၀၀၀ ခန့်က ရွှေဒင်္ဂါးများ ရှာဖွေတွေ့ရှိ
နန်ချန်း ၊ ၁၈-၁၁-၂၀၁၅
တရုတ်နိုင်ငံ ရှေးဟောင်း သုတေသီ များသည် နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ၌ လွန်ခဲ့သည့် နှစ်ပေါငး် ၂ဝဝဝ ခန့်က ရှားပါးရွှေဒင်္ဂါး များကို ယမန်နေ့တွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။
သုတေသီ များသည် အဆိုပါ ရွှေဒင်္ဂါးများကို ကျန်းရှီး ပြည်နယ်ရှိ မင်းမျိုးမင်းနွှယ် တစ်ဦး၏ အုတ်ဂူ အတွင်းမှ ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ဒင်္ဂါး အရေအတွက်မှာ ရ၅ ပြားရှိကြောင်း၊ ၄င်းတို့အနက် ၂၅ ပြားမှာ ခွာပုံသဏ္ဌာန် ရှိပြီး အခြား ဒင်္ဂါးအပြား ၅ဝ မှာ ဟန်မင်းဆက် လက်ထက်မှ ရှာဖွေတွေ့ရှိ ခဲ့သည့် ဒင်္ဂါးများထက် အရွယ်အစား အားဖြင့် ပိုမို ကြီးမားကြောင်း ဖော်ပြချက် တွင် ပါရှိသည်။ အဆိုပါ ဒင်္ဂါးတစ်ခု စီ၏ အလေးချိန်သည် ဂရမ် ၂၅ဝ ရှိပြီး ခွာပုံသဏ္ဌာန် ရှိဒဂါင်္း များမှာမူ ဂရမ် ၄ဝ မှ၂၅ဝ သာ ရှိသည်။
သုတေသီ များသည် အဆိုပါ ဒင်္ဂါးများကို အုတ်ဂူ အတွင်းရှိ အိပ်ရာအောက် တွင်ရှိသော သေတ္တာ သုံးလုံး အတွင်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်း သုတေသန ပညာရှင်များသည် အဆိုပါ အုတ်ဂူကို ၂ဝ၁၁ ခုနှစ်မှစ၍ တူးဖော်ခဲ့ခြင်း ဖြစ်ပြီး ဒင်္ဂါးများ ရှာဖွေ မတွေ့ရှိမီ အချိန်ထိ ကွန်ဖြူးရှပ်၏ ပန်းချီကား တစ်ချပ်၊ စာများ ရေးသားထားသော သစ်သား ၃ဝဝဝ ခန့်၊ ရွှေနှင့် ကျောက်စိမ်း အသုံးအဆောင် များကို ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment