Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 24, 2015

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ခရီးသြား သတိေပးခ်က္ ထုတ္ျပန္


အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနသည္ ႏိုဝင္ဘာ ၂၃ ရက္၊ တနလၤာေန႔က ထုတ္ျပန္ခဲေသာ ကမၻာလံုးဆိုင္ရာ ခရီးသြား သတိေပးခ်က္ျဖင့္ ျပည္ပ ခရီးသြားမည့္ အေမရိကန္ႏိုင္ငံသားမ်ားကို အသိေပးေၾကညာလိုက္ပါသည္။ ISIS ေခၚ အစၥလာမ္ႏိုင္ငံေတာ္ အမည္ရွိ အၾကမ္းဖက္အဖြဲ႕၏ ေနရာအႏွံ႔အျပား ၿခိမ္းေျခာက္မႈမ်ား သို႔မဟုတ္ ပံုတူအတုခိုး ျပဳလုပ္မည့္ ဗံုးခြဲသူမ်ား၏ အႏၲရာယ္ကို အေမရိကန္ ခရီးသည္မ်ားအား သတိေပးျခင္း ျဖစ္သည္။

အေမရိကန္ေလဆိပ္တစ္ခုတြင္ လံုျခံဳေရးဝန္ထမ္းမ်ား တင္းက်ပ္စြာ စစ္ေဆးရွာေဖြေနပံု ျဖစ္ပါသည္။ (ပံုႀကီးၾကည့္ရန္ ကလစ္ခ္ လုပ္ပါ။)အေမရိကန္ေလဆိပ္တစ္ခုတြင္ လံုျခံဳေရးဝန္ထမ္းမ်ား တင္းက်ပ္စြာ စစ္ေဆးရွာေဖြေနပံု ျဖစ္ပါသည္။ (ပံုႀကီးၾကည့္ရန္ ကလစ္ခ္ လုပ္ပါ။)အယ္လ္ခိုင္ဒါ၊ ဘိုကိုဟာရမ္ႏွင့္ ISIL အၾကမ္းဖက္အဖြဲ႕အစည္းမ်ား၏ ၿခိမ္းေျခာက္မႈမ်ား တိုးျမင့္လာေနေၾကာင္း သတိေပးခ်က္တြင္ ေဖာ္ျပထားပါသည္။ အေမရိကန္ ျပည္ေထာင္စုအစိုးရသည္ IS ေခၚ ISIS အဖြဲ႕ကို ISIL ဟူ၍ တရားဝင္ သံုးႏႈန္းပါသည္။ အီရတ္ႏွင့္ လီဗင့္ေဒသ အစၥလာမ္ႏိုင္ငံေတာ္ဟု အဓိပၸာယ္ရ၍ လီဗင့္ေဒသသည္ ဆီးရီးယား၊ ဆိုက္ပရပ္စ္၊ လက္ဘႏြန္၊ ေဂ်ာ္ဒန္၊ အစၥေရးလ္စေသာ ႏိုင္ငံမ်ား ပါဝင္သည္။ ISIL သည္ လူ ၁၃၀ ေသဆံုး၍ ၃၅၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ေသာ ပဲရစ္စ္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား က်ဴးလြန္ခဲ့ေသာ ဘာသာေရးအစြန္းေရာက္အဖြဲ႕ ျဖစ္၏။

အထက္ေဖာ္ျပပါ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ မပတ္သက္ေသာ အျခားအဖြဲ႕အစည္းမ်ားသည္လည္း မၾကာမီက ျပင္သစ္၊ ႏိုင္ဂ်ီးရီးယား၊ ဒိန္းမတ္၊ တူရကီႏွင့္ မာလီႏိုင္ငံမ်ားတြင္ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ စိတ္အားထက္သန္ႏိုင္ဖြယ္ ရွိေၾကာင္း သတိေပးခ်က္တြင္ ေဖာ္ျပထားသည္။

Thanksgiving Day ေခၚ ေက်းဇူးေတာ္ေန႔ အားလပ္ရက္ရွည္တြင္ အေမရိကန္ႏိုင္ငံသားမ်ား ခရီးသြားရန္ ျပင္ဆင္ေနခ်ိန္ႏွင့္ ကမၻာေက်ာ္ ေမစီ၏ ေက်းဇူးေတာ္ေန႔ စီတန္းလွည့္လည္ပြဲအတြက္ တာဝန္ရွိသူမ်ား လံုျခံဳေရး တိုးျမႇင့္ေနခ်ိန္တြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ သတိေပးခ်က္ ထုတ္ျပန္လိုက္ျခင္း ျဖစ္သည္။

"အေမရိကန္ႏိုင္ငံသားမ်ားသည္ အမ်ားျပည္သူႏွင့္ဆိုင္ေသာ ေနရာမ်ားတြင္ ေရာက္ရွိစဥ္၊ သယ္ယူပို႔ေဆာင္ေရးမ်ား အသံုးျပဳစဥ္တြင္ သတိဝီရိယ ရွိၾကပါ။ မိမိအနီးမွာ ကပ္ခ်က္ရွိသည့္ ပတ္ဝန္းက်င္ကို သတိျပဳပါ။ လူအုပ္ႀကီးမ်ား သို႔မဟုတ္ လူထူထပ္ေသာ ေနရာမ်ားကို ေရွာင္ရွားပါ။ အားလပ္ရက္ရာသီႏွင့္ အားလပ္ရက္ ပြဲလမ္းအခမ္းအနားမ်ားကို အထူးသျဖင့္ သတိထားၾကပါ" ဟူ၍ သတိေပးခ်က္တြင္ ေဖာ္ျပထားသည္။

အေမရိကန္အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ခရီးသြားသတိေပးခ်က္မ်ားသည္ ေယဘုယ်အားျဖင့္ တိုင္းျပည္ သို႔မဟုတ္ အေၾကာင္းအရာကို သတ္သတ္မွတ္မွတ္ ေဖာ္ျပ၍ ထုတ္ျပန္ေလ့ရွိပါသည္။ ဥပမာ၊ အာဖဂန္နစၥတန္ႏိုင္ငံတြင္ အၾကမ္းဖက္ အႏၲရာယ္၊ ဟြန္ဒူးရပ္စ္ႏိုင္ငံတြင္ ရာဇဝတ္မႈ ထူေျပာျခင္း၊ ဆီရာရားလီယြန္ႏိုင္ငံတြင္ အီဘိုလာေရာဂါ ကူးစက္ျဖစ္ပြားမႈ၊ နိေပါလ္တြင္ ငလ်င္ေဘးဒဏ္ စသည္ျဖင့္ သတ္မွတ္ သတိေပးတတ္၏။

ယခုကဲ့သို႔ ကမၻာအႏွံ႔ အၾကမ္းဖက္အႏၲ႐ယ္ ခရီးသြားသတိေပးခ်က္မ်ိဳးမွာ အလြန္ ျဖစ္ေတာင့္ျဖစ္ခဲ ရွားပါးလွၿပီး ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလက တစ္ႀကိမ္ ထုတ္ျပန္ခဲ့ဖူးပါသည္။

http://kabarthit.com/index.php?option=com_content&view=article&id=804:2015-11-24-19-10-57&catid=8:2013-10-13-17-09-02&Itemid=214

..........................................

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ခရီးသွား သတိပေးချက် ထုတ်ပြန်

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် နိုဝင်ဘာ ၂၃ ရက်၊ တနင်္လာနေ့က ထုတ်ပြန်ခဲသော ကမ္ဘာလုံးဆိုင်ရာ ခရီးသွား သတိပေးချက်ဖြင့် ပြည်ပ ခရီးသွားမည့် အမေရိကန်နိုင်ငံသားများကို အသိပေးကြေညာလိုက်ပါသည်။ ISIS ခေါ် အစ္စလာမ်နိုင်ငံတော် အမည်ရှိ အကြမ်းဖက်အဖွဲ့၏ နေရာအနှံ့အပြား ခြိမ်းခြောက်မှုများ သို့မဟုတ် ပုံတူအတုခိုး ပြုလုပ်မည့် ဗုံးခွဲသူများ၏ အန္တရာယ်ကို အမေရိကန် ခရီးသည်များအား သတိပေးခြင်း ဖြစ်သည်။

အမေရိကန်လေဆိပ်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းများ တင်းကျပ်စွာ စစ်ဆေးရှာဖွေနေပုံ ဖြစ်ပါသည်။ (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)အမေရိကန်လေဆိပ်တစ်ခုတွင် လုံခြံုရေးဝန်ထမ်းများ တင်းကျပ်စွာ စစ်ဆေးရှာဖွေနေပုံ ဖြစ်ပါသည်။ (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)အယ်လ်ခိုင်ဒါ၊ ဘိုကိုဟာရမ်နှင့် ISIL အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ တိုးမြင့်လာနေကြောင်း သတိပေးချက်တွင် ဖော်ပြထားပါသည်။ အမေရိကန် ပြည်ထောင်စုအစိုးရသည် IS ခေါ် ISIS အဖွဲ့ကို ISIL ဟူ၍ တရားဝင် သုံးနှုန်းပါသည်။ အီရတ်နှင့် လီဗင့်ဒေသ အစ္စလာမ်နိုင်ငံတော်ဟု အဓိပ္ပာယ်ရ၍ လီဗင့်ဒေသသည် ဆီးရီးယား၊ ဆိုက်ပရပ်စ်၊ လက်ဘနွန်၊ ဂျော်ဒန်၊ အစ္စရေးလ်စသော နိုင်ငံများ ပါဝင်သည်။ ISIL သည် လူ ၁၃၀ သေဆုံး၍ ၃၅၀ ကျော် ဒဏ်ရာရရှိခဲ့သော ပဲရစ်စ် အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သော ဘာသာရေးအစွန်းရောက်အဖွဲ့ ဖြစ်၏။

အထက်ဖော်ပြပါ အကြမ်းဖက်အဖွဲ့များနှင့် မပတ်သက်သော အခြားအဖွဲ့အစည်းများသည်လည်း မကြာမီက ပြင်သစ်၊ နိုင်ဂျီးရီးယား၊ ဒိန်းမတ်၊ တူရကီနှင့် မာလီနိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စိတ်အားထက်သန်နိုင်ဖွယ် ရှိကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

Thanksgiving Day ခေါ် ကျေးဇူးတော်နေ့ အားလပ်ရက်ရှည်တွင် အမေရိကန်နိုင်ငံသားများ ခရီးသွားရန် ပြင်ဆင်နေချိန်နှင့် ကမ္ဘာကျော် မေစီ၏ ကျေးဇူးတော်နေ့ စီတန်းလှည့်လည်ပွဲအတွက် တာဝန်ရှိသူများ လုံခြံုရေး တိုးမြှင့်နေချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

"အမေရိကန်နိုင်ငံသားများသည် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ရောက်ရှိစဉ်၊ သယ်ယူပို့ဆောင်ရေးများ အသုံးပြုစဉ်တွင် သတိဝီရိယ ရှိကြပါ။ မိမိအနီးမှာ ကပ်ချက်ရှိသည့် ပတ်ဝန်းကျင်ကို သတိပြုပါ။ လူအုပ်ကြီးများ သို့မဟုတ် လူထူထပ်သော နေရာများကို ရှောင်ရှားပါ။ အားလပ်ရက်ရာသီနှင့် အားလပ်ရက် ပွဲလမ်းအခမ်းအနားများကို အထူးသဖြင့် သတိထားကြပါ" ဟူ၍ သတိပေးချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခရီးသွားသတိပေးချက်များသည် ယေဘုယျအားဖြင့် တိုင်းပြည် သို့မဟုတ် အကြောင်းအရာကို သတ်သတ်မှတ်မှတ် ဖော်ပြ၍ ထုတ်ပြန်လေ့ရှိပါသည်။ ဥပမာ၊ အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက် အန္တရာယ်၊ ဟွန်ဒူးရပ်စ်နိုင်ငံတွင် ရာဇဝတ်မှု ထူပြောခြင်း၊ ဆီရာရားလီယွန်နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှု၊ နိပေါလ်တွင် ငလျင်ဘေးဒဏ် စသည်ဖြင့် သတ်မှတ် သတိပေးတတ်၏။

ယခုကဲ့သို့ ကမ္ဘာအနှံ့ အကြမ်းဖက်အန္တရယ် ခရီးသွားသတိပေးချက်မျိုးမှာ အလွန် ဖြစ်တောင့်ဖြစ်ခဲ ရှားပါးလှပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးပါသည်။

http://kabarthit.com/index.php?option=com_content&view=article&id=804:2015-11-24-19-10-57&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment