Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 7, 2015

ဥစားခြင်းက စိတ်ဖောက်ပြန်မှုကို ကာကွယ်နိုင်





( Skyler )




Ref: Daily Mail
......................

ဥစားရင် မှတ်ဉာဏ်ဆုံးရှုံးတာ၊ စိတ်ဖောက်တာတွေကို တားဆီးနိုင်၊ မတားဆီးနိုင်ဆိုတဲ့ အချက်ကို သိပ္ပံပညာရှင်တွေက စစ်ဆေးလေ့လာနေပါတယ်။

လေ့လာမှုမှာ ပါ၀င်ကူညီသူတွေဟာ ၆လအတွင်း ဥ တစ်နေ့၂လုံး စားရမှာဖြစ်ပြီး ဥမစားဘဲ နေတဲ့သူတွေနဲ့ လေ့လာနှိုင်းယှဉ်မှာပါ။

အုပ်စုနှစ်စုလုံးကို မှတ်ဉာဏ်၊ ကျိုးကြောင်းဆက်စပ် စဉ်းစားမှု၊ နှုတ်သွက်မှု နဲ့  အချိန်ကြာ အာရုံစိုက်နိုင်မှု စတာတွေကို တိုင်းတာပြီး လေ့လာနှိုင်းယှဉ်မှာဖြစ်ပါတယ်။

ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ lutein နဲ့ zeaxanthin တို့ ပါ၀င်မှုအများဆုံး အစားအစာတွေထဲမှာ ဥဟာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ အာရုံကြော အားကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပေါ့။
အမေရိက တက္ကသိုလ် တစ်ခုဖြစ်တဲ့ Tufts က သုတေသီတွေ လေ့လာမှာဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Daily Mail  

No comments:

Post a Comment